Skip to main content

Posts

Showing posts from July, 2021

Happy Hypoxia (Silent Hypoxia) အောက်စီဂျင် ကျသော်လည်း သိပ်မမောခြင်း

 ကိုဗစ်ရဲ့ အရေးကြီးချိန်  Happy Hypoxia (Silent Hypoxia) အကြောင်း   (အောက်စီဂျင် ကျသော်လည်း သိပ်မမောခြင်း)  ဒီအဖြစ်အပျက်လေးကို အရင်ဆုံးလေ့လာကြည့်ပါ။ ကျမတို့ ဆရာဝန်တွေအားလုံး နေ့စဉ်တွေ့နေရတဲ့ အဖြစ်တွေပါ။ လူနာက Viber Video Call ဖြင့် ကုသမှု ခံယူနေပါတယ်။ အိမ်သားတစ်ယောက်က ပြောတယ်။  "ဆရာမရေ လူနာက ကိုဗစ် ပေါ့စတစ် ဖြစ်တာ ၁ ပတ်ရှိပြီ။ အခု အောက်စီဂျင်တိုင်းထားတာ ၈၀ လောက်ထိပဲ ကျသေးတယ်။ မောလည်း မမောဘူး ဆရာမ။ ပုံမှန် စားနိုင်တယ်။ စကားလည်းပြောတယ်။ အိမ်သာထသွားပြီးမှ အရမ်းမောသွားတယ်။ သိပ်တော့ မဆိုးသေးပါဘူးနော်။"  ဒီဘက်က ဆရာဝန်ကတော့ အရမ်းကိုစိတ်ပူနေရပြီ။ သူတို့ကတော့ အရှေ့မှာ ဂျောက်ကြီးကြီး တစ်ခု ဘွားကနဲ ပေါ်လာလိမ့်မယ် ဆိုတာ လုံးဝမသိရှာဘူး။ "ဒါကို "Happy Hypoxia" or Silent Hypoxia"လို့ခေါ်ကြတယ်။ ဆိုလိုတဲ့ Happy အဓိပ္ပါယ်က မမောလို့၊ မစိုးရိမ်သေးဘဲ "အေးအေးဆေးဆေး ပျော်နေတုန်း"........ သို့သော်လည်း ဆရာဝန်က Happy မဖြစ်နိုင်ဘဲ စိုးရိမ်စိတ် အရမ်းဖြစ်နေရပြီ။ နောက်ကျနေပြီလို့ မပြောရက်ပါဘူး။ ပိုဆိုးတာက ဘယ်ဆေးရုံ တက်ခိုင်းရမလဲ။ ဘယ်လို ညွှန်ကြား ပေးရမလဲ။ ဒါဟာ ကိုဗစ်ရဲ့ ထူးခြ

မှောက်အိပ်တယ်ဆိုတာ

လူကောင်းတယောက် ပက်လက်အိပ်တဲ့အခါ လျှာက အနောက်ဘက်ကို လျှောကျပြီး အသက်ရှုလမ်းကြောင်း ကျဉ်းသွားတယ်။ အဲဒီအခါ ဟောက်သံထွက်လာလို့ ကိုယ်လည်း အသက်ရှုမဝ၊ ဘေးလူလည်း အိပ်မရ ဖြစ်တယ်။  (sleep apnoea) နေမကောင်းတဲ့ နှာစေးချောင်းဆိုးဖြစ်တဲ့အခါ ပက်လက်အိပ်ရင် နှာခေါင်းထဲက အရည်က အတွင်းဘက် အောက်ဖက်ကို စီးကျတယ်။ Posteria Nasal Drop လို့ခေါ်တယ်။ အဲဒီအခါ ချောင်းဆိုးတော့ အိပ်မရပြန်ဘူး။ နေကောင်းသည်ဖြစ်စေ နေမကောင်းသည်ဖြစ်စေ ကျွန်တော်က မှောက်အိပ်တတ်တဲ့ အကျင့် ရှိပြီးသားပါ။ စံနစ်တကျ အိပ်တတ်ရင် အဆင်ပြေပါတယ်။ ခု Covid လူနာကို မှောက်အိပ်ခိုင်းတော့ အဆင်မပြေ မအိပ်တတ် အုန်းလွဲတယ်ဆိုတာတွေ တွေ့ရတယ်။ ခေါင်းအုံးကို ရင်ဘတ်အောက်တည့်တည့် ထားရပါတယ်။ "ဗိုက်နေရာအထိ မရောက်ရပါဘူး'။  ရင်ဘတ်က မြင့်ပြီး ဗိုက်က နိမ့်ရပါတယ်။ ဒါမှ ဝမ်းတွင်းကလီစာတွေဟာ အောက်ဘက်ကို ရွေ့သွားပြီး ရင်ခေါင်းမြှေး Diaphragm ကို အပေါ်ဘက် တွန်းမထားနိုင်တော့ပါ။ အဆုတ်ရဲ့ လွတ်လပ်စွာ ကျယ်ပြန်နိုင်ခွင့် ပိုရပါတယ်။ (ပက်လက်မှာ ကလီစာ viscera တွေဟာ သွေးပြန်ကြောမကြီး inferior vena cava ကို ဖိထားတာမို့ မှောက်ထားရင် ဒီဖိအား သက်သာပါတယ်။) နောက်ခေါင်းအုံးတခုကိုတော့ နဖူးန

SARS-CoV-2 Antibody Test Kits အကြောင်း

1. Antibody ကို ဘယ်အချိန်မှာစစ်မလဲ။ အမေရိကန် CDC Guidelines အရ ကိုဗစ်ပိုးစဝင်ပြီး (ဖျားနာတာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာပေါ်ပြီး သို့မဟုတ် Antigen Test kit နဲ့စစ်လို့ (+) ဖြစ်ပီး ၁ ပါတ် ကနေ ၃ ပါတ်မှာ antibody စစ်လို့ရပါမယ်။ (ကျွန်တော့်တစ်ကိုယ်ရေ အမြင်အရတော့ အနည်းဆုံး ၂ ပါတ်ကြာမှ စစ်ပါ။ ဘာလို့လည်းဆိုတော့ အခုအတွေ့အကြုံအရ Antibody ထွက်တာ အစောဆုံး ၁၄ ရက်မှမြင်ဖူးလို့ပါ။)  2. Test Kit နဲ့စစ်တိုင်း Antibody ပေါ်လား။ ကိုဗစ် လက္ခဏာဘယ်လောက်ပြင်းထန်စွာခံစားခဲ့ရလည်းပေါ်မူတည်ပြီး Antibody ပေါ်ပါတယ်။ ဆိုလိုချင်တာက ကိုဗစ်လက္ခဏာများပြင်းထန်စွာခံစားခဲ့ရပါက ကိုယ်ခန္ဓာကပိုမိုတုံ့ပြန်ပေးပြီး Antibody များများနဲ့မြန်မြန်ထွက်လို့ Antibody Test kit နဲ့စစ်ရင် Test kit မှာထင်းနေတာမြင်ရမှာပါ။ 3. ကိုဗစ်ပိုးဝင်ပြီး သို့မဟုတ် Covid−19 (+) ဖြစ်ပြီး Antibody စစ်ကြည့်တာ မပေါ်တာ ဘာကြောင့်လည်း။ (၃) ခုဖြစ်နိုင်ပါတယ်။ ၁။ Test kit ကမှားယွင်းတာ သို့မဟုတ် စစ်ပုံစစ်နည်းမှားယွင်းတာဖြစ်နိုင်ပါတယ်။ ၂။ ကိုယ်ခန္ဓာက Antibody မထွက်သေးချိန်စစ်မိလို့လည်းဖြစ်နိုင်ပါတယ်။ ၃။ တစ်ချို့လူတွေမှာ Seroreversion ဆိုတာဖြစ်တတ်

ရောဂါလက္ခဏာများနှင့်ပတ်သက်သောမေးခွန်းနှင့်အဖြေများ (30.7.21)

🚩🚩🚩1. Covid ဖြစ်ပြီးရင် နောက်ဆက်တွဲအနေနဲ့ မျက်လုံးကို ထိခိုက်မှုတွေ ဘာရှိနိုင်လဲရှင်။  Δ ဖြေ။ လေ့လာမှုများအရ မျက်စိအပေါ်ယံအမြှေးပါးအလွှာ ခြောက်သွေ့ခြင်းပြဿနာကို ကြုံတွေ့ရနိုင်ကြောင်းဆိုပါတယ်။ ၎င်း၌ မျက်စိယားယံခြင်း၊ ခို့လို့ခုလု ခံစားရခြင်း၊ မျက်စိနီရဲခြင်း၊ အလင်းရောင်ကို မခံနိုင်ခြင်း တို့ ခံစားရတတ်ပါတယ်။  ရောဂါပြင်းထန်စွာ ခံစားခဲ့ရပြီး စတီးရွိုက်ဆေးများဖြင့် ကုသမှု ခံယူခဲ့ရသူများတွင် ရောဂါမှ သက်သာပြီး ၁၂ ရက်မှ ၁၅ ရက်အကြာ၌ မျက်စိ၊ နှာခေါင်းနှင့် နားအတွင်းတို့၌ ရှားပါးမှိုစွဲသည့် ရောဂါခံစားရတတ်ကြောင်း အိန္ဒိယရှိ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ၎င်း၌ နှာခေါင်းပိတ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ မျက်လုံး ရောင်ခြင်း၊ နာကျင်ခြင်း၊ အပေါ်ဘက်မျက်ခွံတွဲကျခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မျက်စိကွယ်ခြင်းတို့ ခံစားရတတ်ပါတယ်။  အချို့သူများတွင် မျက်လုံးအမြင်လွှာသို့ ထောက်ပံ့သော သွေးကြောမွှာလေးအတွင်း သွေးခဲမှုကြောင့် အမြင်အာရုံဆုံးရှုံးမှု ဖြစ်နိုင်ကြောင်းလည်း တွေ့ရှိရပါတယ်။ 🚩🚩🚩2. မိသားစု 4 ယောက် 2ရက် အားလုံးဖျားကြတာ နောက်ရက်ကြတော့ အနံ့‌တွေအားလုံး မရတော့ပါ။ နောက် 4ရက်မြောက်နေ့မှာtest စစ်ကြည့်တော့ Positive က

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ အပိုင်း (၁) (30.7.21)

🚩🚩🚩1. ခွေးရူးကာကွယ်ဆေးထိုးနေရလို့ ပြီးရင်ဘယ်လောက်အကြာမှာ COVID ကာကွယ်ဆေးထိုးလို့ရပါသလဲရှင်။   →  ဖြေ။ ကိုဗစ်ကာကွယ်ဆေးကို အခြားကာကွယ်ဆေးများနှင့် အတူတကွ #တချိန်တည်းထိုးနှံနိုင်ကြောင်း ပညာရှင်များက အကြံပြုထားပါတယ်။ ဒါကြောင့် ခွေးရူးကာကွယ်ဆေးထိုးနေစဉ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးရမည့် အလှည့်နှင့်ကြုံပါက ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံနိုင်ပါတယ်။ အကယ်၍ ကိုဗစ်ကာကွယ်ဆေးထိုးပြီးခါစတွင် ခွေးရူးကိုက်ခံရပါကလည်း ခွေးရူးကာကွယ်ဆေးထိုးနှံနိုင်ပါတယ်။ 🚩🚩🚩2. ခုထိုးပေးနေတဲ့ Covid vaccine Sinovac or Sinopharm ကို အသက် ၆၀ နှစ်အထက် နှလုံးသွေးကြော ချဲ့ထားသောသူနဲ့ နှလုံးသွေးကြောကျဉ်း၊ သွေးတိုး ရောဂါ အခံရှိသူ ထိုးလို့ရပါသလားရှင့်။   →  ဖြေ။ အသည်းရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ အစရှိတဲ့သူများသာမက အသက် ၆၅ နှစ်အထက်ရှိတဲ့ သူတွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ပါက နောက်ဆက်တွဲဆိုးကျိုးများ ပြင်းထန်စွာ ခံစားရနိုင်တဲ့အတွက် ကိုဗစ်ကာကွယ်ဆေး #ဦးစားပေးထိုးဖို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါတယ်။ - ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ (ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း၊ ရောင်ယမ်းခြင်း၊ ဖျားခြ

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ အပိုင်း (၂) (30.7.21)

🚩🚩🚩1. ကာကွယ်ဆေးမထိုးခင် Covid Positive ဟုတ် မဟုတ်စစ်ဆေးဖို့လိုပါသလား။ တကယ်လို့ Pဖြစ်နေယင်ကာကွယ်ဆေးထိုးလို့ရပါသလား။ အခုလူတွေကဘာမှမစစ်ဘဲကာကွယ်ဆေးထိုးနေကြလို့ ရ မရသိချင်ပါတယ်။   → ဖြေ။ ကာကွယ်ဆေးမထိုးခင် Covid Positive ဟုတ်၊မဟုတ် #ဓာတ်ခွဲစစ်ဆေးဖို့မလိုအပ်ပါ။ အကယ်၍ ကိုဗစ်ရောဂါ လက္ခဏာများ လက်ရှိခံစားနေရခြင်း သို့မဟုတ် ကိုဗစ်ရောဂါပိုး တွေ့ရှိရသူများတွင် ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းရမည့် အချိန်နှင့် ပတ်သက်၍ ဖော်ပြပါပိုစ့်၏ မေးခွန်း (၂) အဖြေတွင် ဖတ်ရှုပေးပါ။ https://www.facebook.com/ckcmohnugmm/posts/113457701006485  ကိုဗစ်ရောဂါရှိသူများနှင့် ထိတွေ့မှုရှိသူများသည်လည်း #သီးခြားခွဲနေထိုင်ရမည့်ကာလကျော်လွန်မှသာ ကာကွယ်ဆေး သွားရောက်ထိုးနှံရပါမယ်။ သီးခြားနေထိုင်ရမည့်ကာလကို အောက်ပါအတိုင်းသတ်မှတ်ထားပါတယ်။ လက္ခဏာရှိသူ၏ မိသားစုဝင် (သို့မဟုတ်) လက္ခဏာရှိသူနှင့် ထိတွေ့ထားသူအတွက် လက္ခဏာ မပြသေးသော်လည်း (၁၀) ရက် သီးခြားနေထိုင်ရပါမည်။ ထိုရက်များအတွင်း လက္ခဏာပေါ်ပေါက်လာပါက ပေါ်လာသည့်နေ့ရက်မှ စတင်၍ (၁၀) ရက် သီးခြားနေထိုင်ရန် လိုအပ်ပါသည်။ 🚩🚩🚩2. Covid ဖြစ်ပြီးတဲ့သူတွေ ဘယ်နှလကြာမှ ကာကွယ်ဆေးထိုးသင့်ပါသလဲရှင့်။ 

ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ (30.7.21)

🚩🚩🚩1. Day 21 ကျော်လို့ isolated လုပ်ပြီးတဲ့အခါ အပြင်ထွက်ရင် ကိုယ့်ဆီက အခြားသူကိုမကူးတော့ပေမယ့် ကိုယ့်ဆီဝင်ခဲ့တဲ့ပိုးနဲ့မတူဘဲ Covid မျိုးကွဲဆိုလျှင် ထပ်ကူးစက်ခြင်းခံရမလားသိချင်ပါတယ် immunity ရနေနိုင်ပြီလား ကာလဘယ်လောက်အထိခံနိုင်မှာလဲ အဲ့ဒီ immunity ဟာ ကိုယ်တိုင်ကူးစက်ခံရတဲ့ Covid မျိုးကွဲ တစ်ခုတည်းအတွက်သာ ခံနိုင်ရည်ရှိမှာလား ဆိုတာလေးတွေ သိပါရစေရှင် ဖြေ - ကိုဗစ်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသူများတွင် ပြန်လည်ကူးစက်ခြင်းနည်းသော်လည်း ပြန်လည်ကူးစက်သည့်ဖြစ်စဥ်များရှိပါသည်။ တောင်အာဖရိကတွင်ပြုလုပ်သော လေ့လာမှုတစ်ခုတွင် ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာသူများ၏ ၂% သည် ထိုနိုင်ငံတွင်ဖြစ်နေသော ကိုဗစ်မျိုးကွဲအသစ် ထပ်မံကူးစက်ခံရကြောင်း တွေ့ရှိရသည်။  ကိုဗစ်ဖြစ်ပြီးနောက် ထွက်ပေါ်လာသော ကိုယ်ခံစွမ်းအား၏ ကြာချိန်နှင့် ဆောင်ရွက်နိုင်စွမ်းသည် တစ်ဦးနှင့်တစ်ဦးမတူညီပါ။ အများအားဖြင့် ကိုဗစ်ဖြစ်ပြီး ဖြစ်ပေါ်လာသောကိုယ်ခံစွမ်းအားသည် #၆လကြာရှိတတ်သည်ဟုဆိုသည်။ အချို့တွင် လအနည်းငယ်ပဲ ရှိတတ်သည်။  ထို့ကြောင့် ကိုဗစ်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသူများသည်လည်း mask တပ်ခြင်း၊ မကြာခဏလက်ဆေးခြင်း၊ ၆ပေခွာနေထိုင်ခြင်း၊ လက်ဖြင့် မျက်စိ

ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (30.7.21)

  #Isolation&Quarantine ================================= 🚩🚩🚩1. "အချိန်ရရင် ဖြေ ပေးပါရှင်။ ခု ပြောဆိုငြင်းခုန်နေကြ တဲ့ ကြက်ပေါင်း၊ ငှက်သိုက် ကိစ္စလေးပါ။ ဘာမှ စားမဝင်တဲ့ လူနာတွေကို Brand ကြက်ပေါင်း ငှက်သိုက် အများစုက တိုက် ကြတာပေါ့၊ သဘာဝ ကြက်ပေါင်းကို ပေါင်းချိန်မရလို့လည်းကောင်း၊ ပေါင်းမဲ့သူမရှိတာလည်း ဖြစ်နိုင်တာမို့ မျိုချရအလွယ်ဆုံး အနည်းဆုံးပမာဏမို့ အားကိုးတကြီး တိုက်ကြပါတယ်။ ထို ကြက်ပေါင်း ငှက်သိုက်များသည် လူနာမှာ ဘယ်လို အာနိသင်အကျိူး မရနိုင်တာလား? သို့တည်းမဟုတ် ဝေဒနာသည်အတွက် အာဟာရအနည်းငယ် ဖြစ်စေနိုင်လား ဆိုတာလေး သိပါရစေရှင်။ ဘာအကျိုးမှ သက်ရောက်မှု မရှိဘူးလို့ ဝေဖန်သံတွေ ဆူညံနေလို့ပါ ဆရာ။ အယူဆအလွဲတွေများဖြစ်ရင် ရှင်းပြပေးပါရှင်။" - အဆင်သင့်ပေါင်းပြီး လာတဲ့ ကြက်ပေါင်းဘူး၊ ငှက်သိုက်များတွင် အာဟာရဓာတ်များ များစွာ ပါသည်မှာ မှန်ပါသည်။ သို့သော် အလားတူ အာဟာရများကို ကိုယ်တိုင်ပေါင်းသော ကြက်ပေါင်း၊ အရိုးပြုတ်ရည်နှင့် နေ့စဥ် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်နေသည့် ဟင်းလျာများမှ ရရှိနိုင်သည်ကိုလည်း သတိပြုရပါမည်။ #ဈေးတန်ဖိုးလည်းကြီးမားလှသောကြောင့် မလိုအပ်ဘဲ ဆေးအတွက် မလေးစေချင်ပါ။ -

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (30.7.21)

🚩🚩🚩1. covid ဖြစ်ပြီးတာ ၂၁ရက် ကျော်သွားပါပြီ အလုပ်အတွက် ဆေးပြန်စစ်ရမှာပါ  ဘယ်နရက်  ဆို negative ပြန်ဖြစ်လဲ သိလိုပါတယ် ခင်ဗျာ ဖြေ။ ကိုဗစ် ၁၉ ရှိသည်ဟု အဖြေထွက်ပြီးနောက် ရောဂါမှ သက်သာ၍ ပြန်လည် ကောင်းမွန်သူများတွင် အများစုမှာ ၁၀ ရက်ခန့်တွင် PCR အဖြေ negative ဖြစ်သွားကြသည်ဟု ဆိုပါသည်။သို့ရာတွင် ၃၀ ရာခိုင်နှုန်းခန့် ရှိသောသူများတွင် ရက်သတ္တပတ်  #၃ပတ်မြောက်အထိ PCR အဖြေ positive ဖြစ်နေနိုင်ပြီး အနည်းငယ်သော လူများမှာ လပိုင်းအထိ positive ဖြစ်နေနိုင်သေးသည်ဟု ဆိုကြပါသည်။ ထိုသူများမှာ ရောဂါပိုး မပျောက်ကင်း၍ မဟုတ်ဘဲ #ဗိုင်းရပ်အပိုင်းအစလေးများကို တွေ့ရှိနေခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။ တခြားသူများကို #မကူးစက်နိုင်တော့သည့်အပြင် ထိုသူများတွင် သက်ရှိဗိုင်းရပ်စ်ကိုပါ မတွေ့ရှိရပါ။ 🚩🚩🚩2. Oxygen တိုင်းတဲ့စက်က ဘယ်လိုစက်ဆိုရင် model ပိုကောင်းပါသလဲ အဖြေမှန်ပိုထွက်ပါသလဲ oximeter စက်အမျိုးမျိုးရှိလို့ ဆိုင်မှာ model ဘယ်လိုပြောပြီး ဝယ်ရမှာလဲ ဘယ်စက်အမျိုးအစားက ပိုမှန်ပါသလဲဆိုတာ  ပြောပြပေးပါလား ဖြေ။ မေးခွန်းအတွက်အဖြေအား အောက်ဖော်ပြပါ လင့်၏ မေးခွန်းနံပါတ် ၄ တွင် ဖတ်ရှုပေးပါခင်ဗျ။ https://www.facebook.com/104312615

ရောဂါလက္ခဏာများနှင့်ပတ်သက်သောမေးခွန်းနှင့်အဖြေများ (27.7.21)

🚩🚩🚩1. ကိုဗစ်ရဲ့နောက်ဆက်တွဲရောဂါတွေအကြောင်း သိချင်လို့ပါ။ အမေကကိုဗစ်ပျောက်သွားပြီမှ ဆီးချိုတွေအရမ်းတတ်လာပါတယ်။ အရင်ကလုံးဝမရှိတာပါ။   >>> ဖြေ။ ကိုဗစ်ရောဂါ ခံစားရသူအများစုမှာ သီတင်းပတ် အနည်းငယ်အတွင်း သက်သာသွားလေ့ရှိပါတယ်။ နောက်ဆက်တွဲရောဂါလက္ခဏာများ ခံစားရနိုင်မှုကာလမှာ တစ်ဦးနှင့် တစ်ဦး မတူကွဲပြားပါတယ်။ အချို့မှာ ၃ လခန့်တွင် သက်သာသွားလေ့ရှိပြီး အခြားသူများမှာ ထို့ထက်ပို၍ ကြာနိုင်ပါတယ်။ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များမှ ၎င်းတို့နှင့် ပတ်သက်၍ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါမှ သက်သာလာသော်လည်း အောက်ပါလက္ခဏာများကို #တစ်လနှင့်အထက်  ခံစားရပါက ဆရာဝန်နှင့် တိုင်ပင် ပြသသင့်ပါတယ်။ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ခံစားရတဲ့ လက္ခဏာတွေအနေနဲ့ အလွန်အမင်း နွမ်းနယ်ခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် တင်းကြပ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အိပ်မပျော်ခြင်း၊ ရင်တုန်ခြင်း၊ ခေါင်းမူးခြင်း၊ ခြေလက်များ ကျဉ်ခြင်း၊ အဆစ်အမြစ်များ ကိုက်ခဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်လှုပ်ရှားမှုများခြင်း၊ နားထဲမှ လေထွက်ခြင်း၊ နားကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း၊ အစား

ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ (27.7.21)

1.🚩🚩🚩 အခု covid က 21 ပေ အထိ ပြန့်နိုင်တယ်ဆိုတာ ဟုတ်ပါသလား။ 2.🚩🚩🚩 ခုပိုးကလေထဲကနေကူးနိူင်လားရှင့် တယောက်နဲ့တယောက်ဘယ်လောက်အကွာကနေဆိုစိတ်ချရလဲ ဖြေ - ကိုဗစ်သည် ၂၁ပေအထိ ပြန့်နိုင်သည်ဆိုသည်မှာ #မဟုတ်ပါ။ CDC ၏ ဂျူလိုင် ၂၀၂၀ ထုတ် ဂျာနယ်တစ်ခုတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့၊ Huoshenshan ဆေးရုံတွင်ပြုလုပ်သည့် ဆေးရုံအတွင်း ကိုဗစ်ပြန့်ပွားမှုကိုသိရှိရန် ပြုလုပ်သော လေ့လာမှုတစ်ခုအရ ကိုဗစ်ပိုးသည် လေထဲတွင် ၁၃ပေထိပြန့်နိုင်သည်ဟုခန့်မှန်းကြသည်။ သို့သော် ထိုလေ့လာမှုသည် မျက်နှာပြင်များပေါ်တွင် အသက်ရှင်နေသောပိုးကောင်ရေပမာဏမည်မျှရှိသည်ကိုမရှာဖွေနိုင်သလို ကိုဗစ်ပိုးပြန့်နိုင်သည့် အကွာအဝေး အတိအကျကိုလည်း မပြောနိုင်ပါ။  ကိုဗစ်ကိုကာကွယ်ရန် ယခုအသိအမှတ်ပြုထားသော ခပ်ခွာခွာနေရမည့်အကွာအဝေးမှာ #၆ပေအကွာဖြစ်ပါသည်။ 3.🚩🚩🚩 Positiveဖြစ်ပြီး ကောင်းသွားရင်ရော carrierဖြစ်နိုင်ပါသလားရှင်။ 4.🚩🚩🚩 မင်္ဂလာပါရှင် ကိုဗစ်က ဖြစ်ပီးသွားသူက နောက်တချိန် ထပ်မံကူးစပ်ခံရနိုင်တယ်.. ဒါပေမဲ့ နောက်တကြိမ်ကြရင် ပထမအကြိမ်က ဝေဒနာလောက်မခံစားရတော့ဘူးဆိုတာမှန်ပါသလားရှင်.. သေဆုံးနိုင်တဲ့အထိရော မဖြစ်နိုင်တော့လားသိပါရစေ 5.🚩🚩🚩 အိမ်မှာ တမိသားစုလု

ကိုဗစ်ကာကွယ်ခြင်းနှင့်Vaccineမေးခွန်းများ (27.7.21)

🚩🚩🚩1. ဆံပင်မှာ ရောဂါကပ်နိုင်သလား သိချင်ပါတယ်။ - ဆံပင်တွင် ကပ်ငြိသော ကိုဗစ်ပိုးမှတစ်ဆင့် ကူးစက်ဖို့ရာ မဖြစ်နိုင်သလောက် ဖြစ်ပါသည်။ - ကိုဗစ်ပိုးသည် ခန္ဓာကိုယ်အပြင်ဘက်၊ သက်မဲ့အရာပေါ် ရောက်သွားပြီးသည်နှင့် အားပျော့သွားပြီ ဖြစ်ပါသည်။ - စိတ်ပူတတ်လျှင် အပြင်မှ ပြန်လာတိုင်း ရေချိုးခေါင်းလျှော်ပါ၊ ဒါမှမဟုတ် အပြင်သွားသည့်အချိန်တွင် ခေါင်းစွပ် (#surgical cap) ဆောင်းပါ။ 🚩🚩🚩2. Covid positive တစ်အိမ်လုံး ဖြစ်ခဲ့ပါတယ်၊ Covid ဖြစ်ပြီး Day 18 ပါ၊ အခု တစ်အိမ်လုံး negative ပြန်ဖြစ်ပါပြီ၊ အိမ်ကို ပိုးသတ်ဆေးဖျန်းစရာလိုသေးလား သိချင်ပါတယ်၊ လိုတယ်ဆိုလျှင် day ဘယ်လောက်မှာ ဖျန်းရမလဲ သိချင်ပါတယ် ရှင့်။ - #လူနာပြုစုခြင်းပြီးဆုံးပါက (သီးသန့်နေဖို့ ရက်ပြည့်သွားပြီးပါက) နေအိမ်တစ်ခုလုံး ပိုးသတ်သန့်စင် သန့်ရှင်းရေး ဆောင်ရွက်သင့်ပါသည်။ - နေအိမ်ပိုးသတ်သန့်ရှင်းပုံကို ဤပိုစ့် မေးခွန်း ၅ တွင် အသေးစိတ် ဖတ်ရှုပေးပါ။ https://www.facebook.com/ckcmohnugmm/posts/117989200553335  🚩🚩🚩3. ဒါဆိုရင် ကျုပ်တို့တိုက်မှာ ပိုးသေမယ်ထင်ပြီး ဓာတ်လှေခါးထဲ ခြင်ဆေးတွေ ဖျန်းနေကြတာ၊ ကိုဗစ်ပိုး မသတ်နိုင်ဘူးပေါ့နော်? သိရင် ရှင်းပြပေးစေချင်ပ

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (27.7.21)

🚩🚩🚩1. ဟုတ်ကဲ့ ကျေးဇူးပါ။ Delta variant ကလေ covid test kit နဲ့ စစ်လည်း False negative ပြတယ်ဆိုတာ တကယ်လားဗျ။ ဓာတ်မှန်ရိုက်မှ တွေ့ရတယ်လို့ fb မှာ ဖတ်နေရလို့ပါ။ ကျနော့် symptom က Delta နဲ့ဆင်နေသလားလို့။ Test kit မှာထားတာ ရောက်ရင် စစ်မလို့ပါ။ ဖြေ။ Delta variant ဆိုသည်မှာ viral mutation ခေါ်  ကိုရိုနာ ဗိုင်းရပ်၏ ဗီဇအသွင်သ ဏ္ဍန်ပြောင်းလဲ၍အိန္ဒိယ နိုင်ငံတွင် စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်ပါသည်။Delta variant ကူးစက်ခံရခြင်း၏လက္ခဏာမှာ ကိုဗစ် ၁၉ တခြားမျိုးကွဲများနှင့် #ကွာခြားမှုမရှိလှပါ။ False negative ရောဂါရှိလျက်နှင့် negative ပြနိုင်သည်ဟု ယူဆကြသော်လည်း အိန္ဒိယ နိုင်ငံတွင်စစ်ဆေးချက်များအရ RT-PCR ဖြင့်စစ်ဆေးရာတွင် false negative အရေအတွက်မှာ #အလွန်နည်းပါး၍ လက်ရှိစစ်ဆေးနေသော RT PCR နှင့် rapid antigen test kit များဖြင့်ပင် #ဆက်လက်စစ်ဆေးနိုင်သည်ဟုဆိုပါသည်။ WHO အပါအဝင် အမေရိကန် FDA, CDC တို့မှလည်း rapid antigen test kit ဖြင့်စစ်ဆေးခြင်းကို တားမြစ်ထားခြင်းမရှိပါ။ထို့ကြောင့် Rapid Antigen test kit ဖြင့်စစ်ဆေးနိုင်ပါသည်ဟုဖြေကြားလိုပါသည်။လက္ခဏာပေါ်သူများတွင်စစ်ဆေးလျှင် false negative အဖြေမှားမှု ပို၍ နည်းပ

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (27.7.21)

1.🚩🚩🚩 ကျန်တာကတော့မရှိတော့ဘူး စစ်ကြည့်တာ‌တော့ အဆုတ်မှာ virus ၀င်သွားလို့တော့ပြောတယ် Oxygen တော့ပေးထားရတယ် recovery ပြန်ဖြစ်ဖို့ဘယ်လောက်ကြာနိုင်လဲဗျ။ အသက်80ပါ။ 2..🚩🚩🚩  Oxygen level ကျတာက ဘယ်လောက်ကြာမှပြန်ပီးပုံမှန်ပြန်ဖြစ်တာလဲသိချင်ပါတယ်။ ဆေးတိုက်ရတာပေါ်မူတည်လား လူနာရဲ့ကိုယ်ခံအားပေါ်မူတည်တာပါလား။ ဖြေ - အောက်စီဂျင်လိုအပ်သော ကိုဗစ်လူနာများတွင် ပြန်လည်ကောင်းမွန်သက်သာလာမည့်အချိန်သည် လူနာ၏ အခြေအနေပေါ်မူတည်၍ မတူညီပါ။ ကိုဗစ်ဖြစ်သောလူနာများတွင် အဆုတ်သည် ကိုဗစ်ပိုးကြောင့် အဆုတ်ရောင်နမိုးနီးယား ( COVID 19 Pneumonia ) ဖြစ်ခြင်း၊ ARDS ဖြစ်ခြင်း၊ သွေးတွင်းကိုဗစ်ပိုးပြန့်ခြင်းကြောင့် အတွင်းအင်္ဂါအစိတ်အပိုင်းများ ထိခိုက်ခြင်း ( Sepsis )၊ ဘတ်တီးရီးယားပိုးထပ်ဝင်ခြင်း တို့ကြောင့် အဆုတ်ထိခိုက်ခြင်းဖြစ်သည်။ ကိုဗစ်ကြောင့် အဆုတ်ထိခိုက်မှု ပြင်းထန်ခြင်း ရှိမရှိသည် အောက်ပါ အချက် ၃ ချက်ပေါ်မူတည်ပါသည်။ ( ၁ ) #ရောဂါပြင်းထန်ခြင်းရှိမရှိ - ကိုဗစ်သိပ်မပြင်းထန်သော လူနာများတွင် အဆုတ်တစ်ရှူးများ၌ အမာရွတ် ကျန်နိုင်ခြေနည်းသည်။ ( ၂ ) #လူနာ၏ကျန်းမာရေးအခြေအနေ - နာတာရှည်လေပြွန်ကျဉ်းရောဂါ ( COPD ) ရှိသူ၊ နှလုံးရောဂါရှိသူ

Covid အလွန်

 Covid တော့ ပျောက်ပီ (ပြန်မကောင်းနိုင်ဘူး)  🔴အဲ့မေးခွန်းက ဖြစ်ပီးတဲ့ လူတိုင်း မေးနေကြပါတယ် ???? ▪️ချောင်းဆက်ဆိုးတယ် ချွဲကျန်တယ် ▫️ဆက်ပီးမောနေတယ် ▪️စားရတာ အရသာ မရှိဘူး ▫️ဘာစားစား စားမဝင်ဘူး ▪️ခေါင်းကိုက်တယ် မှတ်ဉာဏ် သိပ်မကောင်းတော့ဘူး အစရှိသဖြင့် ဖြစ်ကျန်တတ်ကြပါတယ် 🔸ဒီ လက္ခဏာတွေဟာ တယောက်နဲ့ တယောက် အနဲအများသာ ကွာမယ် အကုန်လုံးမှာ ဖြစ်ကြတာပါ ☑️ပထမ အဓိက ကတော့ စိတ်က အားအင် ကုန်သွားတာပါ ဒါ့ကြောင်​့ ပြန်နားလန် ထူစ အချိန်မှာ စိတ်ဓာတ်စာ လေးတွေ များများကျွေးရပါမယ်  🟢ဥပမာ Social Media မသုံးပဲ နေနိုင်သလောက် နေပါ ရုပ်ရှင်ကြည့်ပါ စာဖတ်ပါ မိသားစုတွေနဲ့ စကားပြောပါ သူငယ်ချင်းတွေနဲ့ စကားပြောပါ အခုလိုမျိုး ရောဂါဆိုးကြီးကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပေးနိုင်အောင် ကူညီခဲ့တဲ့ သားသမီး မိဘ သူငယ်ချင်း တို့ကို ကျေးဇူးတင်ပါ မိမိကိုယ်ကိုလဲ ဂုဏ်ယူပါ ကိုယ်ခံစားခဲ့ရသလို ခံစားနေရတဲ့ လူတွေက်ို စာနာပါ ထောက်ပံ့ပါ  ( ဆဲသင့်သော လူများကိုလဲ အားရပါးရ ဆဲပါ) အိပ်ရေး ဝလင်အောင် အိပ်ရပါမယ်  အလုပ်ကို တတ်နိုင်သမျှ အနားယူရပါမယ် ☑️☑️ဒုတိယ ခန္ဓာကိုယ် အတွက်ပါ Covid ဖြစ်ပီးတဲ့ လူတယောက်ရဲ့ အဆုတ်ဟာ တော်ရုံပျက်စီးထားတာ မဟုတ်ပါဘူး Oxyg

Covid နဲ့ ပိုက်ဆံ

 မြန်မာမှာ အိမ်ထဲက အိမ်‌အပြင်မထွက် တဲ့ ကျွန်တော့် ဆရာကြီး တစ်ဦး positive ဖြစ်တယ်။ ဆရာကြီး ထင်တာကတော့ delivery ကလို့ ထင်တယ်။ ကျွန်တော်တွေးမိတာ အခုမြန်မာပြည်ထဲမှာ အိမ်တိုင်းအားလုံးနီးနီး ဖြစ်ကြရ‌တဲ့ အကြောင်းအရင်း တစ်ခုက Cash ပိုက်ဆံအရွက်လိုက် ကိုင်သုံးရလို့ အဓိက အကြောင်းအရင်း ဖြစ်မယ်။ ဘဏ်မှာ တန်းစီးကြရတုန်းကလည်း ကူးခဲ့ကြ၊ ဖြန့်ခဲ့ကြ။ တစ်ခါ ဘဏ်ကို မယုံတော့ ရှိသမျှ ပိုက်ဆံကိုထုတ်၊ ပိုက်ဆံကို အရွက်လိုက်ကိုင်ကြရ။ ပိုက်ဆံဆိုတာ သူတောင်းစားကနေ ချမ်းသာသူထိ အကုန်လုံးရောက်တာဆိုတော့ အဲကနေပြန့်တာလည်း ဖြစ်နိုင်ချေ အတော်များတယ်။ နိုင်ငံတကာမှာ ကိုဗစ်ဖြစ်တော့ အတော်များများက Cash မသုံးပဲ mobile banking ကို ရာနှုန်းပြည့် လူတိုင်းနီးနီး ပြောင်းသုံးကြတယ်။ ကိုယ်က Cash သွားပေးရင်တောင် မျက်လုံးစိမ်းနဲ့ အကြည့်ခံရတယ်။ ပြီးတော့ သူတို့က လက်နဲ့ မထိဘူး။ ဗူးတစ်ခုပေးထားတယ်။ အဲဗူးထဲ ထည့်ခိုင်းတယ်။ အမ်းရမယ်ဆိုရင်လည်း ကိုယ့်ဘာသာကိုယ် အမ်းငွေကို ဗူးထဲကပဲ ကိုယ်တိုင်ပြန်ယူရတယ်။ ကိုယ်လှည့်ထွက်သွားရင် အဲပိုက်ဆံတွေကို အိတ်ကြီးတစ်ခုထဲ ထည့်ထားလိုက်တယ်။ နောက်တော့ ပိုးသတ်တယ် ထင်ပါရဲ့။ ပိုက်ဆံကနေ ကူးတဲ့ Transmission Model ဟာ မြန်မာ

Covid Management guideline

Covid Management guideline July 2021 version (NUG_MOH)ထဲကနေ .. အများပြည်သူတွေ သိဖို့လိုတဲ့အချက်လေးတွေ ကောက်နှုတ်ဘာသာပြန်ပေးချင်ပါတယ်ဗျ။ ကိုဗစ်လက္ခဏာတွေကတော့ ဖျား၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာခေါင်းပိတ်၊ အသက်ရှူမဝ၊ နုံး၊ ကြွက်သားနာ၊ ခေါင်းကိုက်၊ ခံတွင်းပျက်၊ ပျို့အန်၊ ဝမ်းလျှော၊ အနံ့ပျောက်၊ အရသာပျောက်၊  အာရုံမစိုက်နိုင် ခေါင်းရှုပ်ထွေး ကိုဗစ်ဖြစ်ခဲ့ရင် ဒီလူတွေမှာတော့ပိုဆိုးနိုင်ပါတယ်။ (Risk Factors) -အသက် ၆၀ကျော် - အခြားရောဂါအခံရှိသူ ၊ သွေးတိုး၊ ဆီးချို၊ နှလုံး ၊နာတာရှည် အဆုတ်ရောဂါ၊ ကျောက်ကပ်၊ လေဖြတ်၊ ကိုယ်ခံအားကျဆေးသောက်နေရသူ ကင်ဆာ ဝေဒနာရှင်များ -ဆေးလိပ်သောက်သူ -အဝလွန်သူ ဖြစ်ခဲ့ရင် -- #Mild case (  အပျော့စား) ဖြစ်တဲ့သူများကတော့ -အပေါ်မှာပြထားတဲ့ လက္ခဏာတွေဖြစ်ပြီး. ( ဖျား၊ ချောင်းဆိုး၊ မောပန်း၊ အသက်ရှုမြန်)  ဆိုတဲ့ နမိုးနီးယား လက္ခဏာ ၄ခု တပြိုင်တည်း ပေါ်တဲ့သူကို ခေါ်ပါတယ်။ #Moderate ( အတန်အသင့် ပြင်းထန် တဲ့သူများကတော့ -ဖျား၊ချောင်းဆိုး၊ မောပန်း၊ အသက်ရှူမြန်ဆိုတဲ့ နမိုးနီးယား လက္ခဏာ #ပေါ်တဲ့သူတွေကိုခေါ်ပါတယ်။ #Severe ( ပြင်းထန်တဲ့သူများကတော့ -ဖျား၊ချောင်းဆိုး၊ မောပန်း၊ အသက်ရှူမြန် တဲ့

𝐑𝐚𝐩𝐢𝐝 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐢𝐬 𝐀𝐧𝐭𝐢𝐠𝐞𝐧 𝐓𝐞𝐬𝐭𝐢𝐧𝐠 𝐨𝐟 𝐂𝐎𝐕𝐈𝐃-𝟏𝟗 𝑯𝒐𝒘 𝒊𝒕 𝒘𝒐𝒓𝒌𝒔 𝒂𝒏𝒅 𝒉𝒐𝒘 𝒕𝒐 𝑰𝒏𝒕𝒆𝒓𝒑𝒓𝒆𝒕 𝒕𝒉𝒆 𝒓𝒆𝒔𝒖𝒍𝒕𝒔?

COVID-19 ကိုtest လုပ်တဲ့နေရာမှာအဓိက available method (၃) မျိုးရှိပါတယ်။ 1.Molecular/Genomic testing 2.Antigen testing 3.Serology testing ▶️Molecular testing ဆိုတာ NAAT(nucleic acid amplification  test)အလွယ်ပြောရရင်သူက rRT-PCR testing method ကိုဆိုလိုတာပါ  swabယူပြီး အဲ့ထဲမှာ virus ရဲ့ genetic material တကယ်ရှိမရှိကိုစစ်တာဖြစ်တယ်  diagnosis အတွက် most accurate methodဖြစ်တယ် laboratory မှာပဲလုပ်လို့ရတယ် several days လောက်ထိကြာနိုင်ပါတယ် အဲ့တာကြောင့် ဒီtestက high sensitivity and specificityလဲဖြစ်တယ် ဒီtestအကြောင်းကိုကျွန်တော်postတခုလုပ်ပြီးအရင်နှစ်ကပြောပြထားပါတယ် အားနည်းချက်က အသေချာဆုံး method ဖြစ်ပေမယ့် အချိန်ယူရတော့ တကယ့် pandemic ဖြစ်လာပီဆို လူတိုင်းကို ဒီtestတမျိုးထဲအားပြုပီးစစ်ဖို့မဖြစ်နိုင်တော့ပါဘူး စစ်ရမဲ့ caseအရေအတွက်နဲ့ laboratory ရဲ့ capacityကြားမှာgapဖြစ်လာပါတယ် အဲ့တော့ နောက် method ရဲ့ value ကပေါ်လာပါတယ်  ဒီpostမှာအဓိက empahsizeလုပ်ပြီးပြောမဲ့ methodက ဒုတိယ method​ဖြစ်တဲ့ Antigen testing ပါ  Antigen ဆိုတာimmine responseကိုဖြစ်စေတဲ့ pathogen(virus) ရဲ့ အစိတ်အပိုင်းတခုဖြစ်တယ် ဒီန