Skip to main content

ရောဂါလက္ခဏာများနှင့်ပတ်သက်သောမေးခွန်းနှင့်အဖြေများ (27.7.21)



🚩🚩🚩1. ကိုဗစ်ရဲ့နောက်ဆက်တွဲရောဂါတွေအကြောင်း သိချင်လို့ပါ။ အမေကကိုဗစ်ပျောက်သွားပြီမှ ဆီးချိုတွေအရမ်းတတ်လာပါတယ်။ အရင်ကလုံးဝမရှိတာပါ။ 

 >>> ဖြေ။ ကိုဗစ်ရောဂါ ခံစားရသူအများစုမှာ သီတင်းပတ် အနည်းငယ်အတွင်း သက်သာသွားလေ့ရှိပါတယ်။ နောက်ဆက်တွဲရောဂါလက္ခဏာများ ခံစားရနိုင်မှုကာလမှာ တစ်ဦးနှင့် တစ်ဦး မတူကွဲပြားပါတယ်။ အချို့မှာ ၃ လခန့်တွင် သက်သာသွားလေ့ရှိပြီး အခြားသူများမှာ ထို့ထက်ပို၍ ကြာနိုင်ပါတယ်။ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များမှ ၎င်းတို့နှင့် ပတ်သက်၍ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါမှ သက်သာလာသော်လည်း အောက်ပါလက္ခဏာများကို #တစ်လနှင့်အထက်  ခံစားရပါက ဆရာဝန်နှင့် တိုင်ပင် ပြသသင့်ပါတယ်။ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ခံစားရတဲ့ လက္ခဏာတွေအနေနဲ့ အလွန်အမင်း နွမ်းနယ်ခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် တင်းကြပ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အိပ်မပျော်ခြင်း၊ ရင်တုန်ခြင်း၊ ခေါင်းမူးခြင်း၊ ခြေလက်များ ကျဉ်ခြင်း၊ အဆစ်အမြစ်များ ကိုက်ခဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်လှုပ်ရှားမှုများခြင်း၊ နားထဲမှ လေထွက်ခြင်း၊ နားကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်ပူတက်ခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့နှင့်အရသာ ခံစားမှု ပြောင်းလဲခြင်း၊ အရေပြားတွင် အနီကွက်များထခြင်းနှင့် အမျိုးသမီးများတွင် ဓမ္မတာရာသီစက်ဝန်းပြောင်းလဲခြင်းတို့ ခံစားရနိုင်ပါတယ်။ 

ရောဂါပြင်းထန်စွာ ခံစားခဲ့ရသူတချို့တွင် နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အရေပြားနှင့် ဦးနှောက်စသည့် ကိုယ်တွင်းအင်္ဂါများစွာ ထိခိုက်ခြင်းနှင့် မိမိကိုယ်ခံအားကြောင့် မိမိအားတန်ပြန်ထိခိုက်ခံရခြင်းရောဂါများ ဖြစ်ပေါ်နိုင်ပါတယ်။ ထိုကဲ့သို့သော အခြေအနေများကြောင့် ယခင်က မဖြစ်ဖူးခဲ့သော နှလုံး၊ သွေးတိုး၊ ဆီးချို စသည့် ရောဂါများ ခံစားလာရနိုင်ပါတယ်။

🚩🚩🚩2. ဒီလ20ရက်နေ့က အနံပျောက်သွားတာခုတော့အနံ့ပြန်ရနေပါပြီ။ လမ်းလျှောက်ရင်အရမ်းမောတယ်။ ချွေးအရမ်းထွက်တယ်။ အဲဒါဘာကြောင့်လဲရှင့်။ 

🚩🚩🚩 အသက် ၃၁နှစ်ပါ။  covid positive ဖြစ်တာ အခုဆို Day8 ရှိပါပြီ။ ခုထိအဖျားတက်လိုက်ကျလိုက်နဲ့ ကိုယ်ပူဖျားနေတာ ၈ရက်ရှိပါပြီ။SpO2 ကပုံမှန်ပါ။အဖျားရက်ရှည်နေလို့ စိတ်ပူလို့မေးကြည့်ချင်တာပါ။ 

🚩🚩🚩 မင်္ဂလာပါရှင်။ ကိုဗစ် positive စတွေ့ပြီး ပထမရက်ကတည်းက အဖျား က99.6ပတ်ချာလည် ဖြစ်နေတာ ၅ရက်မြောက် တဲ့ ထိပါပဲရှင်။ အစား လဲ ပုံမှန်စား လို့ရနေ ပါတယ်။ ခေါင်းလဲ မကိုက် ပါဖူး။ အနံ့လဲမပျောက် ပါဖူး။ ပိုလှုပ်ရှားမိရင်မောတယ်။ နုံးတယ် အနေ ထားတော့ရှိနေပါတယ်။ ပထမ ၂/၃ရက် ဝမ်း တပြစ် ပြစ် သွားပြီး ခုတော့ ဝမ်းမသွား တော့ပါဖူး။ ညည လည်း တအားကြီးအိပ်မပျော်တာမရှိပါဖူး။ ဆရာဝန်ညွှန်းတဲ့ဆေးသောက်ပါတယ်။ Favipiravir ဒုတိယရက် ထဲက သောက် ပါတယ်။ ကျန်တဲ့ဆေးတွေကသာမန် အဖျားကျဆေး ချောင်းဆိုး လည်ချောင်းနာ ဆေးတွေပါရှင်။ ခုလိုအဖျား က တချိန်လူံး ငွေ့ငွေ့ ရှိနေတာ ဘာများ ဖြစ်လို့ပါ လဲရှင်။ ဘယ် ချိန်တိုင်းတိုင်း ရှိနေ ပါတယ်၊ အဲ့လောက်က။  ခုလိုမေးခွင့်ရတာ ကျေးဇူးပါ။ အသက်က ၃၅အမျိုးသားပါ ရှင်။

🚩🚩🚩 ဒီနေ့က ကိုဗစ်ဖြစ်တာ ၈ ရက်မြောက်နေ့ပါလူနာက ယောက်ျားလေး/ အသက် ၆၂ ပါအဖျားသက်သာပေမယ့် ဝမ်းလျှောပါတယ် (ဝမ်းအရောင်- သံချေးရောင်)အရင်ရက်တွေထက်စာရင် သိသိသာသာလန်းလာပါတယ်အစားအသောက်ပျက်ပေမယ့် အသီးအနှံစားနိုင်ပါတယ်၅ ရက်မြောက်နဲ့ ၇ ရက်မြောက်နေ့မှာ နှာစေးပီး ချွဲသလိပ် ညိုညစ်ညစ်ထွက်ပါတယ် သွေးမပါပါ၈ရက်မြောက်နေ့မှာ နှာမစေးတော့ပါ ချွဲမထွက်တော့ပါနောက်ဆက်တွဲ ပြဿနာ ဘာဖြစ်နိုင်သလဲရောဂါပိုးကြောင့် အတွင်းကလီစာတွေပျက်စီးသွားတဲ့ လက္ခဏာ ဘာတွေရှိပါသလဲ(ဟိုးအရင်တုန်းက ဆေးလိပ်သောက်တဲ့ အခံရှိလို့ပါ/ အလွန်အကျွံမဟုတ်ပါ)ခုလို ၈ရက်မြောက်နေ့မှာ သက်သာလာတာ စိတ်ချရပါသလား ဖြေပေးပါရှင့် ကျေးဇူးတင်ပါတယ်။ 

>>> ဖြေ။ ရောဂါကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာပြပြီး တစ်ပတ် ဆယ်ရက်အတွင်း သက်သာလာလေ့ရှိသော်လည်း အချို့သူများမှာ ထို့ထက်ပို၍ ရောဂါလက္ခဏာများ ခံစားရနိုင်ပါတယ်။ အချို့သူများတွင် ဒုတိယအပတ်မှ စတင်ပြီး ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်သဖြင့် အခြားရောဂါလက္ခဏာများ ရှိမရှိ၊ အောက်ဆီဂျင် လျော့နည်းခြင်း ရှိမရှိတို့ကို ဂရုစိုက်ရဦးမှာ ဖြစ်ပါတယ်။

🚩🚩🚩3. အခုဖြစ်နေတဲ့ ပိုးသစ်တွေရဲ့ လက္ခဏာတွေကို သိချင်ပါတယ်။ 

>>> ဖြေ။ လေ့လာမှုများအရ လက်ရှိမျိုးကွဲ Delta variantမှာ ယခင်မျိုးကွဲများထက် ၆၀ ရာခိုင်နှုန်း ကူးစက်မှုနှုန်း ပိုမိုများတာ တွေ့ရပါတယ်။ အများစု ရောဂါလက္ခဏာများမှာ တူညီပါတယ်။ အချို့လေ့လာမှုများတွင် နှာရည်ကျခြင်း၊ လည်ချောင်းနာခြင်းများ ပိုမိုခံစားရကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ ရောဂါလက္ခဏာများအကြောင်းကို https://www.facebook.com/ckcmohnugmm/posts/106839781668277   တွင် ဖတ်ပေးပါ။ 

🚩🚩🚩4. ဘယ်အချိန်မှ အမောသက်သာမလဲရှင်။ D 16 မှာလည်း မောတုန်းပါရှင်။ 

🚩🚩🚩 ကိုဗစ်ဖြစ်တာ 19ရက်ရှိပါပီ အစားလည်းစားနိုင်ပါတယ်။ အဖျားကငွေ့ငွေ့လေးပြန် ဖြစ်နေတယ်။ လူကတုန်နေတယ်။ လက်တေကော နှလုံးကတုန်နေပါတယ်။ မပျောက်ဘူး။ ခေါင်းကနောက်နေတယ်။ အောက်စီဂျင်လည်းမကျပါဘူး။ အဲဒါဘာဖြစ်လို့ပါလဲ။ ဖြေပေးပါ။ ညဘက်တေလည်းအိပ်မပျော်ဘူး။ ကျေးဇူးပြု၍‌ဖြေပေးပါရှင့်။ အသက်29နှစ်ပါ။ ဘယ်လောက်ကြာဦးမှာလဲ။ ဘယ်တော့လောက်မှပျောက်မှာလဲ။ ကိုဗစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေခံစားနေရတာလားရှင့်။ 

>>> ဖြေ။ ရောဂါကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာပြပြီး  တစ်ပတ်မှ နှစ်ပတ်အထိ ရောဂါလက္ခဏာများ ခံစားရနိုင်သော်လည်း အချို့သူများမှာ နောက်ဆက်တွဲ ရောဂါလက္ခဏာများအဖြစ် ဆက်လက်ခံစားရနိုင်ပါတယ်။ မေးခွန်း ၁ ရဲ့ အဖြေကို ဖတ်ပေးပါ။ 

🚩🚩🚩5. Covidဖြစ်ပြီး ချောင်းတချက်မှ မဆိုးတာက အဆုတ်ကိုအရမ်းမထိခိုက်လို့လို့  ပြောလို့ရလားခင်ဗျာ။

>>> ဖြေ။ ကိုဗစ်ရောဂါတွင် ရောဂါလက္ခဏာခံစားရပုံများမှာ တစ်ဦးနှင့်တစ်ဦး တူညီမှု မရှိပါ။ ချောင်းမဆိုးခြင်းသည် အဆုတ်ကို လွန်စွာ မထိခိုက်ခြင်းဟု တသမတ်တည်း မဆိုနိုင်ပါ။ အဆုတ်ထိခိုက်သူအချို့တွင် ချောင်းမဆိုးသော်လည်း သွေးတွင်းအောက်ဆီဂျင်ကျခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်းစသည်တို့လည်း ခံစားရနိုင်ပါတယ်။ 

🚩🚩🚩6. ရေချိုးမှားပြီး အကောင်းအတိုင်းကနေ ရောဂါအခြေအနေ ပိုဆိုးသွားတယ်။ O2 ကျသွားတယ်ဆိုတာတွေ့ရတာများလာလို့ ကိုဗစ်ဖြစ်ရင် ရေချိုးလို့ရမရ သိချင်ပါတယ်။ 

>>> ဖြေ။ ရေချိုး၍ ရောဂါအခြေအနေဆိုးသွားရခြင်း မဟုတ်ပါ။ ရောဂါ၏ ဖြစ်စဉ်သဘောသဘာဝအရ အောက်ဆီဂျင်ကျဆင်းသွားရခြင်း ဖြစ်ပါတယ်။ အချို့သူများတွင် အောက်ဆီဂျင်လျော့နည်းနေသည်ကို သတိမပြုမိဘဲ လှုပ်လှုပ်ရှားရှား ပြုလုပ်မိပါက အောက်ဆီဂျင် ပိုမိုကျဆင်းခြင်းနှင့်လည်း ကြုံတွေ့ရနိုင်ပါတယ်။ ထို့ကြောင့် လှုပ်ရှားသည့်အခါ မောခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အောက်ဆီဂျင်ကျဆင်းခြင်းများ မရှိပါက ရေချိုးခြင်း၊ ကိုယ်လက်သန့်စင်ခြင်း စသည့် တကိုယ်ရည်သန့်ရှင်းရေးများကို ပုံမှန်ပြုလုပ်နိုင်ပါတယ်။ 

#CovidClinicalFeatures

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...