Skip to main content

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (24.8.21)




🚩🚩🚩1. သိုင်းရိုက် ရောဂါအခံရှိသူရော အခုထိုးပေးတဲ့ဆေး ထိုးလို့ရပါသလား။ 

💉ဖြေ။ Pfizer/BioNTech, Oxford/AstraZeneca နှင့် Moderna ကိုဗစ်ကာကွယ်ဆေးများအတွက် သိုင်းရွိုက်ဆိုင်ရာဖော်ပြချက်များကို တွေ့ရသော်လည်း Sinopharm, Sinovac ကိုဗစ်ကာကွယ်ဆေးများနှင့် ပတ်သက်၍ သိုင်းရွိုက်ဆိုင်ရာ ဖော်ပြချက်များကို မတွေ့ရှိရပါ။ 

အဆိုပါ ဖော်ပြချက်များအရ မိမိကိုယ်ခံအားမှ မိမိအား တန်ပြန်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ရောဂါ (Autoimmune thyroid disease) နှင့် သိုင်းရွိုက်ကင်ဆာကဲ့သို့သော ရောဂါများတွင် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများအား ကောင်းစွာထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိပါက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးမီ မိမိအား ကုသမှုပေးနေသည့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။ 

Ref: https://www.thyroid.org/.../coronavirus-frequently.../.... 

     https://www.btf-thyroid.org/covid-19-and-vaccines 

🚩🚩🚩2. လေဖြတ်ထားတဲ့သူအခုတော့နဲနဲသက်သာနေပါပြီ။ ကာကွယ်ဆေးထိုးလို့ရလားရှင့်ဖြေပေးပါနော်။ 

💉ဖြေ။ လေဖြတ်ထားသူများတွင် ကိုဗစ်ရောဂါဖြစ်ပွားပါက ရောဂါပြင်းထန်နိုင်သဖြင့် ကိုဗစ်ကာကွယ်ဆေး ဦးစားပေး ထိုးနှံရမှာ ဖြစ်ပါတယ်။ 

Ref: https://www.stroke.org.uk/.../stroke-and-coronavirus...? 

      https://strokefoundation.org.au/.../Information-for-the... 

🚩🚩🚩3. ကိုဗစ်ဖြစ်ပီး ဘယ်နှစ်လလောက်ကြာရင် သွေးလှုလို့ရလဲ ခင်ဗျ။ ကိုဗစ်ကာကွယ်ဆေးထိုးထားရင်ရော သွေးလှုလို့ရလား ခင်ဗျ။

💉ဖြေ။ ကိုဗစ်ဖြစ်ပြီး၍ ရောဂါလက္ခဏာများ ခံစားရခြင်းမရှိတော့သောအချိန်၊ အခြားသူများသို့ ရောဂါကူးစက်နိုင်ခြင်း မရှိတော့သောအချိန်နှင့် ကျန်းမာရေးကောင်းမွန်လာပြီဟု မိမိကိုယ်တိုင်ခံစားရချိန်တို့တွင် သွေးလှူဒါန်းခြင်း ပြုလုပ်နိုင်ပါတယ်။ 

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများတွင် သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ အချိန်အတိအကျ မသတ်မှတ်ထားသော်လည်း ကိုဗစ်ကာကွယ်ဆေး အမျိုးအစားများပေါ်မူတည်၍ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကို အစွမ်းမဲ့အောင်ပြုလုပ်၍ ထုတ်လုပ်ထားသော ကိုဗစ်ကာကွယ်ဆေးများနှင့် ဗိုင်းရပ်စ်ဗီဇကို အသုံးပြု၍ ထုတ်လုပ်ထားသော ကိုဗစ်ကာကွယ်ဆေးများအတွက်မူ သွေးလှူဒါန်းရန်အတွက် အချိန်စောင့်ဆိုင်းရန် မလိုအပ်သော်လည်း ဗိုင်းရပ်စ်ပိုးအရှင်ကို အသုံးပြုထားသော ကိုဗစ်ကာကွယ်ဆေးများ (သို့မဟုတ်) မည်သည့်ကာကွယ်ဆေးအား ထိုးခဲ့ခြင်း မသိရှိသူများအတွက်မူ ဆေးထိုးပြီး ၁၄ ရက်အကြာမှ သွေးလှူဒါန်းရန် အကြံပြုထားပါတယ်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ယခုအချိန်ထိ ခွင့်ပြုထားသော မည်သည့်ကိုဗစ်ကာကွယ်ဆေးတွင်မှ ကိုဗစ်ဗိုင်းရပ်စ်ပိုးအရှင်ကို အသုံးပြုထားခြင်း မရှိပါ။ 

Ref: https://www.redcrossblood.org/.../coronavirus--covid-19... 

🚩🚩🚩4. အသည်းကင်ဆာသမားရော ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါလား။ 

💉ဖြေ။ အသည်းကင်ဆာခံစားနေရသူများ အပါအဝင် နာတာရှည်အသည်းရောဂါခံစားနေရသူများတွင် ကိုဗစ်ရောဂါဖြစ်ပွားပါက ရောဂါပြင်းထန်မှု ဖြစ်ပွားနိုင်သဖြင့် ဦးစားပေးကာကွယ်ဆေးထိုးသင့်ပါတယ်။ သို့ရာတွင် ၎င်းတို့၌ ကိုယ်ခံအားနည်းနေနိုင်သဖြင့် ကိုဗစ်ကာကွယ်ဆေးပေါ် ခုခံအားစနစ်၏ တုံ့ပြန်မှုလျော့နည်းနိုင်သောကြောင့် ကာကွယ်ဆေး၏ အာနိသင်လျော့နည်းနိုင်ဖွယ် ရှိပါတယ်။ ထို့ကြောင့် ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် နှာခေါင်းနှင့် ပါးစပ်စည်း စနစ်တကျတပ်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေအသုံးပြု၍ စက္ကန့် ၂၀ ကြာ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေခြား ပြောဆိုဆက်ဆံခြင်း၊ လူစုလူဝေးရှောင်ခြင်းတို့ကို မဖြစ်မနေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ 

Ref: https://www.journal-of-hepatology.eu/.../S0168.../fulltext 

🚩🚩🚩5.  ကာကွယ်ဆေးထိုးပြီး ရှောင်ရမယ့် အစားအသောက်များ သိချင်ပါတယ် ပြောပြပေးပါနော်။

💉ဖြေ။ ကာကွယ်ဆေးထိုးပြီးပါက ရှောင်ရမည့် အစားအသောက်ဟူ၍ မရှိပါ။ ပုံမှန် စားနေကျဖြစ်သော အာဟာရပြည့်ဝစေမည့် အစားအစာများကို မျှတအောင် စားရန် အကြံပေးလိုပါတယ်။ မိမိတွင် ယခင်က အစားအစာနှင့် ပတ်သက်သည့် ဓာတ်မတည့်ခြင်းများ ရှိခဲ့ဖူးပါက ၎င်းအစားအစာများကိုတော့ သတိထား ရှောင်ကြဉ်သင့်ပါတယ်။ 

Ref: https://www.who.int/.../coronavirus-disease-(covid-19...)&gclid=Cj0KCQjwsZKJBhC0ARIsAJ96n3USWad4ZPh3_K_GK4a0Zrl55D9o2Cf3_b3LOPeacj0YXSTxBiW7egoaAnRSEALw_wcB 

#CovidVaccine

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

ကိုဗစ်ကူးစက်ခြင်းနှင့်ကုသခြင်းဆိုင်ရာမေးခွန်းများ (6.8.21)

🚩🚩🚩1. Pဖြစ်နေတဲ့လူကနေ တိလေးတွေကိုကူးစက်နိုင်ပါသလား။ ကူးစက်ခံရရင် တိလေးတွေသေဆုံးတဲ့အထိပြင်းထန်ပါသလား။ ဖြေ - ကိုဗစ်သည် လင်းနို့ကဲ့သို့​သော တိရစ္ဆာန်မှ စဖြစ်သည် ဖြစ်​သော်လည်း ​လေ့လာတွေ့ရှိချက် အချို့အရ တိရစ္ဆာန်မှ လူသို့ ကူးနိုင်နှုန်းဟာ အလွန်နည်းပြီး တိကျ​သော သက်​သေများ မရှိ​သေးပါ။ - လူမှတစ်ဆင့်တိရစ္ဆာန်သို့ အချို့အ​​ခြေအ​နေများတွင်ကူးစက်နိုင်ပါသည်။ ဥပမာ - ကိုဗစ်ပိုးရှိသူမှ တိရစ္ဆာန်များနှင့် အနီးကပ် ထိ​တွေ့သည့်အခါ ကူးစက်နိုင်ပါသည်။ - ထို့​ကြောင့် ​​ရောဂါရှိသူများသည် တိရစ္ဆာန်များနှင့် ထိ​တွေ့ခြင်းမှ​ ရှောင်ကြဥ်ရန် CDC (Center for disease control and prevention) မှ အကြံပြုထားပါသည်။ 🚩🚩🚩2. D 19 မှာ Antibody မပေါ်ခဲ့ပါဘူး. D 22 မှာ အဖျားတက်ကိုယ်လက်တွေကိုက်ခဲပါတယ်။ D 23 မှာ Antibody ထပ်စစ်တော့လဲ Control ဘဲပေါ်ပါတယ်။ Test kits မှာ Positive ပြန်ပေါ်လာပါတယ်. သီးသန့်ခွဲနေရအုန်းမလား အခြားသူကိုကောထပ်ကူးန်ိုင်လား။ ပြန်ကူးခံရတာလားပြောပြပေးပါအုန်းရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ ဖြေ - ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာသူ အချို့တွင် ရောဂါလက္ခဏာစပေါ်သည့်ရက်မှစ၍ ရက်ပေါင်း ၉၀ထိ ဗိုင်းရပ်စ်အစိတ်အပိုင်းများ  ...

Oxygen , oxygen therapy နှင့် Covid-19 ( အပိုင်း ၅ )

6). Awake Prone Position- မျက်နှာမှောက်ရက် အနေအထား အကြောင်း  Position အရေးကြီးတာကို ရှင်းပြပြီးပါပြီ။ အခု အဲ့ထဲက   Awake Prone Position- မျက်နှာမှောက်ရက် အနေအထား အကြောင်း ထပ်ပြောပြပါ့မယ်။ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကြီးရော တခြား US အပါအဝင် နိုင်ငံအများစုရဲ့ guidelines တွေမှာ လုပ်ဖို့ အဆင်ပြေတဲ့ လူနာ တွေကို လုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။ စနစ်တကျ အနေအထားမှန်မှန် လုပ်နိုင်ရင် ရောဂါ ပိုသက်သာတယ် အမောလည်း သက်သာတယ် ပိုမဆိုးအောင်တောင် ကာကွယ်နိုင်တယ်လို့ တချို့ လေ့လာချက်တွေမှာ တွေ့ပါတယ်။ ကိုယ့် နိုင်ငံ အတွက် အများကြီး အသုံးဝင်ပါတယ်။ Contraindications - ဘယ်သူတွေမလုပ်သင့်ဘူးလဲ။ (၁)လူနာကမလုပ်လိုရင်မလုပ်သင့်ပါ။ (၂) သတိမကောင်းတဲ့သူတွေမလုပ်သင့်ပါဘူး။ (၃) သွေးပေါင်ကျနေလျှင်မလုပ်သင့်ပါ။ (၄) မကြာခင်ကမှ ဗိုက်ခွဲထားသူများ မလုပ်သင့်ပါ။  (၅) ခါးရိုးခိုက်မိထားသူများ အရိုးကျိုးထားသူများ လှည့်ပြောင်းရမလွယ်သူများမလုပ်သင့်ပါ။ (၆) အစာစား ပြီး ၁ နာရီ အတွင်း မလုပ်သင့်ပါ။  လုပ်နည်း -  စလုပ်ရင် မိနစ်၃၀နဲ့စပြီး ဆက်နေနိုင်ရင်တော့ ၃-၄နာရီနေပြီး  ၁နာရီနား  ပြီးရင်ပြန်မှောက်  ပ...

Covid နဲ့ အဖျား

 လူနာတွေရဲ့ မဆုံးနိုင်သော complaint က အဖျားမကျဘူးဆိုတာပါပဲ အဖျားတက်ရတယ်ဆိုတာက ခန္ဓာကိုယ်ထဲ ဝင်နေတဲ့ပိုးနဲ့ ကိုယ်ခံအားတို့ တိုက်ကြရာကနေ ထွက်လာတဲ့ ပဋိပစ္စည်းတွေကြောင့် ဖြစ်ရတဲ့ လက္ခဏာပါ။ အဖျားပဲ မဟုတ်ဘူး ချောင်းဆိုးတာ လည်ချောင်းနာတာ ကိုယ်လက်ကိုက်ခဲတာ စတဲ့ လက္ခဏာတွေ အားလုံးက အဲ့ဒါကြောင့်ပဲ ဖြစ်တာ။ ကျနော်တို့သောက်ခိုင်းနေတဲ့ဆေးတွေက အဲ့လက္ခဏာတွေ သက်သာအောင်ပေးတာပါ။ ဥပမာ Paracetamol သည် အဖျားကျဆေးပါ အဖျားပျောက်ဆေး မဟုတ်ပါ ဖျားတဲ့အချိန်သောက်ရင် အဖျားကျပါမယ် ပြီးရင်တော့ ပြန်တက်ပါမယ်။ အချို့တွေက ဆေးထိုးလို့ရလား မေးပါတယ်။ ဟုတ်ကဲ့ ထိုးလိုက်တဲ့အချိန် အဖျားကျပါမယ် ပြီးရင်.ပြန်တက်ပါမယ် ထိုးတာများလွန်းရင် အစာအိမ်နာတာပါ အဆစ်ရပါမယ်။ ထမင်းစားလို့ အဖျားတက်တယ်ဆိုတာလဲ မဟုတ်ပါဘူး။ မယုံရင် ဘာမှမစားပဲနေကြည့်ပါ အဖျားတက်ရမယ့်အချိန်ရောက်ရင် တက်လာပါလိမ့်မယ်။ သူများတွေ ဟိုဆေးဒီဆေးသောက်တာ ပျောက်သွားတယ်ဆိုတာ ဆေးကြောင့် ပျောက်တာမဟုတ်ပဲ သူ့ကိုယ်ခံအားက ကောင်းလို့ ပျောက်တာပါ။ ဆိုတော့ကာ အဲ့လက္ခဏာတွေအားလုံး ဘယ်အချိန်သက်သာမလဲဆိုတော့ ပိုးကို သတ်နိုင်တဲ့ အချိန်မှာ သက်သာပါမယ်။ ကိုဗစ်က ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါဖြစ်တဲ့...