Skip to main content

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (24.8.21)




🚩🚩🚩1. သိုင်းရိုက် ရောဂါအခံရှိသူရော အခုထိုးပေးတဲ့ဆေး ထိုးလို့ရပါသလား။ 

💉ဖြေ။ Pfizer/BioNTech, Oxford/AstraZeneca နှင့် Moderna ကိုဗစ်ကာကွယ်ဆေးများအတွက် သိုင်းရွိုက်ဆိုင်ရာဖော်ပြချက်များကို တွေ့ရသော်လည်း Sinopharm, Sinovac ကိုဗစ်ကာကွယ်ဆေးများနှင့် ပတ်သက်၍ သိုင်းရွိုက်ဆိုင်ရာ ဖော်ပြချက်များကို မတွေ့ရှိရပါ။ 

အဆိုပါ ဖော်ပြချက်များအရ မိမိကိုယ်ခံအားမှ မိမိအား တန်ပြန်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ရောဂါ (Autoimmune thyroid disease) နှင့် သိုင်းရွိုက်ကင်ဆာကဲ့သို့သော ရောဂါများတွင် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများအား ကောင်းစွာထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိပါက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးမီ မိမိအား ကုသမှုပေးနေသည့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။ 

Ref: https://www.thyroid.org/.../coronavirus-frequently.../.... 

     https://www.btf-thyroid.org/covid-19-and-vaccines 

🚩🚩🚩2. လေဖြတ်ထားတဲ့သူအခုတော့နဲနဲသက်သာနေပါပြီ။ ကာကွယ်ဆေးထိုးလို့ရလားရှင့်ဖြေပေးပါနော်။ 

💉ဖြေ။ လေဖြတ်ထားသူများတွင် ကိုဗစ်ရောဂါဖြစ်ပွားပါက ရောဂါပြင်းထန်နိုင်သဖြင့် ကိုဗစ်ကာကွယ်ဆေး ဦးစားပေး ထိုးနှံရမှာ ဖြစ်ပါတယ်။ 

Ref: https://www.stroke.org.uk/.../stroke-and-coronavirus...? 

      https://strokefoundation.org.au/.../Information-for-the... 

🚩🚩🚩3. ကိုဗစ်ဖြစ်ပီး ဘယ်နှစ်လလောက်ကြာရင် သွေးလှုလို့ရလဲ ခင်ဗျ။ ကိုဗစ်ကာကွယ်ဆေးထိုးထားရင်ရော သွေးလှုလို့ရလား ခင်ဗျ။

💉ဖြေ။ ကိုဗစ်ဖြစ်ပြီး၍ ရောဂါလက္ခဏာများ ခံစားရခြင်းမရှိတော့သောအချိန်၊ အခြားသူများသို့ ရောဂါကူးစက်နိုင်ခြင်း မရှိတော့သောအချိန်နှင့် ကျန်းမာရေးကောင်းမွန်လာပြီဟု မိမိကိုယ်တိုင်ခံစားရချိန်တို့တွင် သွေးလှူဒါန်းခြင်း ပြုလုပ်နိုင်ပါတယ်။ 

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများတွင် သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ အချိန်အတိအကျ မသတ်မှတ်ထားသော်လည်း ကိုဗစ်ကာကွယ်ဆေး အမျိုးအစားများပေါ်မူတည်၍ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကို အစွမ်းမဲ့အောင်ပြုလုပ်၍ ထုတ်လုပ်ထားသော ကိုဗစ်ကာကွယ်ဆေးများနှင့် ဗိုင်းရပ်စ်ဗီဇကို အသုံးပြု၍ ထုတ်လုပ်ထားသော ကိုဗစ်ကာကွယ်ဆေးများအတွက်မူ သွေးလှူဒါန်းရန်အတွက် အချိန်စောင့်ဆိုင်းရန် မလိုအပ်သော်လည်း ဗိုင်းရပ်စ်ပိုးအရှင်ကို အသုံးပြုထားသော ကိုဗစ်ကာကွယ်ဆေးများ (သို့မဟုတ်) မည်သည့်ကာကွယ်ဆေးအား ထိုးခဲ့ခြင်း မသိရှိသူများအတွက်မူ ဆေးထိုးပြီး ၁၄ ရက်အကြာမှ သွေးလှူဒါန်းရန် အကြံပြုထားပါတယ်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ယခုအချိန်ထိ ခွင့်ပြုထားသော မည်သည့်ကိုဗစ်ကာကွယ်ဆေးတွင်မှ ကိုဗစ်ဗိုင်းရပ်စ်ပိုးအရှင်ကို အသုံးပြုထားခြင်း မရှိပါ။ 

Ref: https://www.redcrossblood.org/.../coronavirus--covid-19... 

🚩🚩🚩4. အသည်းကင်ဆာသမားရော ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါလား။ 

💉ဖြေ။ အသည်းကင်ဆာခံစားနေရသူများ အပါအဝင် နာတာရှည်အသည်းရောဂါခံစားနေရသူများတွင် ကိုဗစ်ရောဂါဖြစ်ပွားပါက ရောဂါပြင်းထန်မှု ဖြစ်ပွားနိုင်သဖြင့် ဦးစားပေးကာကွယ်ဆေးထိုးသင့်ပါတယ်။ သို့ရာတွင် ၎င်းတို့၌ ကိုယ်ခံအားနည်းနေနိုင်သဖြင့် ကိုဗစ်ကာကွယ်ဆေးပေါ် ခုခံအားစနစ်၏ တုံ့ပြန်မှုလျော့နည်းနိုင်သောကြောင့် ကာကွယ်ဆေး၏ အာနိသင်လျော့နည်းနိုင်ဖွယ် ရှိပါတယ်။ ထို့ကြောင့် ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် နှာခေါင်းနှင့် ပါးစပ်စည်း စနစ်တကျတပ်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေအသုံးပြု၍ စက္ကန့် ၂၀ ကြာ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေခြား ပြောဆိုဆက်ဆံခြင်း၊ လူစုလူဝေးရှောင်ခြင်းတို့ကို မဖြစ်မနေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ 

Ref: https://www.journal-of-hepatology.eu/.../S0168.../fulltext 

🚩🚩🚩5.  ကာကွယ်ဆေးထိုးပြီး ရှောင်ရမယ့် အစားအသောက်များ သိချင်ပါတယ် ပြောပြပေးပါနော်။

💉ဖြေ။ ကာကွယ်ဆေးထိုးပြီးပါက ရှောင်ရမည့် အစားအသောက်ဟူ၍ မရှိပါ။ ပုံမှန် စားနေကျဖြစ်သော အာဟာရပြည့်ဝစေမည့် အစားအစာများကို မျှတအောင် စားရန် အကြံပေးလိုပါတယ်။ မိမိတွင် ယခင်က အစားအစာနှင့် ပတ်သက်သည့် ဓာတ်မတည့်ခြင်းများ ရှိခဲ့ဖူးပါက ၎င်းအစားအစာများကိုတော့ သတိထား ရှောင်ကြဉ်သင့်ပါတယ်။ 

Ref: https://www.who.int/.../coronavirus-disease-(covid-19...)&gclid=Cj0KCQjwsZKJBhC0ARIsAJ96n3USWad4ZPh3_K_GK4a0Zrl55D9o2Cf3_b3LOPeacj0YXSTxBiW7egoaAnRSEALw_wcB 

#CovidVaccine

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...