Skip to main content

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)



🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။

ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။

အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။

https://www.facebook.com/104312615254327/posts/113818450970410/?d=n

🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။

🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။

ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေးလိပ်မသောက်သင့်ပါဘူး။ ဆေးလိပ်သောက်တဲ့သူနဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတဲ့သူတွေမှာ ကျန်းမာရေး ထိခိုက်မှုတွေ ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာရောဂါ၊နှလုံးရောဂါ၊လေဖြတ်ခြင်း၊အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ဆီးချိုသွေးချိုရောဂါ၊နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ စတဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ 

🚩🚩🚩3. မေး-ကိုဗစ်ဖြစ်ပြီး Day 26 ရက်ရှိပါပြီ။ အောက်ဆီဂျင် ၉၀ %၉၁% ပတ်ဝန်းကျင်ဖြစ်နေပါတယ်။ အောက်ဆီဂျင်တက်အောင် ဘယ်လိုလုပ်ရမလဲ။ (ဥပမာ - ဆေး၊ အစားအသောက်၊ အနေအထိုင်)။

ဖြေ- အောက်ဆီဂျင်တက်အောင်ပေးရတဲ့ ဆေး ရယ်လို့မရှိပါဘူး။ အောက်ဆီဂျင်ကျတဲ့ သူတွေအတွက် လိုအပ်တဲ့ ကုသမှုအနေနဲ့ ဆေးဝါးတွေ နဲ့ ကုသပေးတာပဲရှိပါတယ်။ 

အစားအသောက်အနေနဲ့ လည်း အာဟာရ ပြည့်ဝအောင် အသားငါးအသီးအရွက်ပဲအမျိုးမျိုးကို စုံစုံလင်လင် စားသင့်ပါတယ်။ 

အောက်ဆီဂျင်ကျတဲ့ သူတွေအတွက် ကုသမှုတစ်ခုဖြစ်တဲ့ ပုံမှန် ပက်လက်အိပ်သည့် အနေအထားမျိုး မဟုတ်ဘဲ နိုးနေစဉ်မှောက်လျက်နေခြင်းနည်း (awake proning position)ဖြင့် နေရန် ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။

အောက်ပါလင့်ခ်တွင် ပုံနှင့်တကွကြည့်ရှုပေးပါ။

https://www.facebook.com/104312615254327/posts/113818450970410/?d=n

🚩🚩🚩4. မေး- လက်ရှိကိုဗစ်ကုသဆေးထဲမှာ အကောင်းဆုံးဆေးက ဘာပါလဲ။

ဖြေ- ကိုဗစ်ရောဂါကို ကုသရန် တိကျသောဆေးဝါးမရှိသေးပါ။ ကုသဆေးရရှိဖို့အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဦးဆောင်ပြီး အစွမ်းကုန်ကြိုးစားနေပါတယ်။ သို့ရာတွင် ကိုဗစ်ရောဂါအတွက် ကာကွယ်ဆေး (vaccine)ရရှိနေပါပြီ။

ကိုဗစ်ရောဂါကို ကုသနိုင်သည်ဟုဆိုကာ အနောက်တိုင်းဆေးပညာ၊တိုင်းရင်းဆေး၊ အိမ်တွင်းဆေး အမျိုးမျိုး ပေါ်ထွက်နေသော်လည်း လက်ရှိအခြေအနေတွင် ခိုင်မာသော သက်သေ အထောက်အထားများမရှိသေးပါ။

သို့ရာတွင် သက်ဆိုင်ရာ ဆေးရုံများ၏ treatment guideline များအတိုင်းဆေးရုံတွင် သေချာ စွာ ကုသမှု ခံယူပါက လူနာများအသေအပျောက်နည်း၍ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာမည်ဖြစ်သည်။

အားဆေးများဖြစ်သော Multivitamin၊ Vitamin C အစရှိသော ဆေးများသည် ဖြည့်စွက်ဓာတ်စာသဘောသာ ဖြစ်ပါသည်။ ကိုဗစ်ကာကွယ်နိုင်တယ်လို့ တိတိပပ အထောက်အထား မရှိသောကြောင့် သောက်ခြင်း၊ မသောက်ခြင်းသည် မိမိသဘောသာ ဖြစ်ပါသည်။

ပုံမှန်အားဖြင့် အစာအာဟာရဓာတ်စုံလင်မျှတစွာ စားနိုင်သူတစ်ယောက်အဖို့ အားဆေးမလိုအပ်ပါ။ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အာဟာရဓာတ်ချို့တဲ့သူများ၊ ရောဂါကြောင့် အူလမ်းကြောင်းမှ အာဟာရဓာတ် ကောင်းစွာ မစုပ်ယူနိုင်သူများသာ အားဆေးလိုအပ်ပါသည်။

ကိုဗစ်ရောဂါကူးစက်ခံရသည့်တိုင် ကိုယ်ခံအားကောင်းမွန်သူသည် ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားရသည့်အဆင့်သို့ ရောက်နိုင်ခြေနည်းပါးပြီး ပြန်လည်ကောင်းမွန်ရန် အခွင့်အရေးများပါသည်။

ကိုယ်ခံအားကောင်းစေရန် အိပ်ရေးဝဝအိပ်ပါ၊ အသား၊ငါး၊အသီးအရွက်တို့ကို အာဟာရဓာတ် စုံလင်မျှတအောင် စားပါ၊ ရေများများသောက်ပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ၊ စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ။

🚩🚩🚩5. မေး-လူကြီးတစ်ယောက်အနေနဲ့ ဆီးချိုရောဂါ က ကိုဗစ် 19 အပေါ်ဘယ်လောက်သက်ရောက်မှုရှိပါသလဲ ခင်ဗျ။

ဖြေ- American diabetes association က ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေမှာ ကိုဗစ်ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ပိုပြီး ခံစားရတယ် ဆိုပါတယ်။ အဲဒီ့အထဲကမှ အမျိုးအစား၁ ဆီးချိုသွေးချိုရောဂါသမားတွေနဲ့ ကိုယ်ဝန်ဆောင် ဆီးချိုသွေးချို ရောဂါသမားတွေက ပိုပြီးတော့ ခံစားရတတ်ပါတယ်။  

ဗိုင်းရပ်စ် ပိုးကူးစက်ခံရတာဖြစ်တဲ့အတွက်ကြောင့် အမျိုးအစား၁ ဆီးချိုသွေးချိုရောဂါသမားတွေမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ Diabeteic Ketoacidosis (DKA)လည်း ဖြစ်နိုင်ချေပိုများတာတွေ့ရပါတယ်။

ဆီးချို ရောဂါရှိတဲ့သူတွေမှာ ကိုဗစ်ရောဂါလက္ခဏာ ပေါ်ပေါက်လာတဲ့အခါ ဆရာဝန်နဲ့အမြန်ဆုံးဆွေးနွေးတိုင်ပင်သင့်ပါတယ်။ မိမိရဲ့ ဆီးချိုသွေးချိုပမာဏ ၊ ketone ပမာဏ၊ အရည် သောက်သုံးမှုပမာဏ၊ ခံစားနေရတဲ့ ဝေဒနာ အသေးစိတ်၊ ဆီးချိုသွေးချိုကို ဘယ်လို ထိန်းမလဲ စတာတွေကို ဆွေးနွေးသင့်ပါတယ်လို့ အကြံပြုထားပါတယ်။

#CovidTreatment

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (9.7.21)

🚩🚩🚩 1. "Covid ရှိ/မရှိ ကိုယ်တိုင် test kit နဲ့ ဘယ်လိုစစ်လို့ရပါသလဲ? ဘယ်နှကြိမ် ဘယ်နှရက်ခြားစစ်ရပါသလဲ?  - ပုံမှန်အားဖြင့် Antigen test kit များသည် ရောဂါလက္ခဏာ ရှိသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ - လက္ခဏာရှိပြီး test kit အဖြေ positive ထွက်လျှင် သော်လည်းကောင်း၊ test kit အဖြေ negative ဖြစ်ပြီး PCR test တွင် positive ထွက်လျှင် သော်လည်းကောင်း ပိုးတွေ့လူနာအဖြစ် ကုသမှုခံယူရပါမည်။ - Test kit နှင့် PCR negative ဖြစ်သော်လည်း လက္ခဏာရှိနေပါက ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၅ ရက်မှ ၇ ရက် ခြားတစ်ခါ ထပ်မံစစ်ဆေးမှု ပြုလုပ်ရပါသည်။ - လက္ခဏာမရှိသူများ အနေဖြင့် Test kit တွင် negative ပြသော်လည်း ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့မှု ရှိပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၃ရက်ခြားမှ ၇ရက်ခြား တစ်ခါ ထပ်မံစစ်ဆေးနိုင်ပါသည်။ 🚩🚩🚩 2. SD Biosensor က ထုတ်တဲ့ Standard Q test kit နှာခေါင်းထဲ ထိုးတဲ့ဟာနဲ့ စစ်ထားဖူးပါတယ်၊ စစ်ဆေးပုံ မှန်ကန်မှု အတိအကျလေးသိချင်လို့ပါရှင်" - Antigen test kit နှင့် စစ်ဆေးရာတွင် နှာခေါင်းတို့ဖတ်အား ကျန်းမာရေးဆိုင်ရာပညာရှင်မှ ယူပေးပြီးစစ်ဆေးခ...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (24.8.21)

🚩🚩🚩1. သိုင်းရိုက် ရောဂါအခံရှိသူရော အခုထိုးပေးတဲ့ဆေး ထိုးလို့ရပါသလား။  💉ဖြေ။ Pfizer/BioNTech, Oxford/AstraZeneca နှင့် Moderna ကိုဗစ်ကာကွယ်ဆေးများအတွက် သိုင်းရွိုက်ဆိုင်ရာဖော်ပြချက်များကို တွေ့ရသော်လည်း Sinopharm, Sinovac ကိုဗစ်ကာကွယ်ဆေးများနှင့် ပတ်သက်၍ သိုင်းရွိုက်ဆိုင်ရာ ဖော်ပြချက်များကို မတွေ့ရှိရပါ။  အဆိုပါ ဖော်ပြချက်များအရ မိမိကိုယ်ခံအားမှ မိမိအား တန်ပြန်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ရောဂါ (Autoimmune thyroid disease) နှင့် သိုင်းရွိုက်ကင်ဆာကဲ့သို့သော ရောဂါများတွင် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများအား ကောင်းစွာထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိပါက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးမီ မိမိအား ကုသမှုပေးနေသည့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။  Ref: https://www.thyroid.org/.../coronavirus-frequently.../....       https://www.btf-thyroid.org/covid-19-and-vaccines  🚩🚩🚩2. လေဖြတ်ထားတဲ့သူအခုတော့နဲနဲသက်သာနေပါပြီ။ ကာကွယ်ဆေးထိုးလို့ရလားရှင့်ဖြေပေးပါနော်။...