Skip to main content

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (9.7.21)



🚩🚩🚩1. "Covid ရှိ/မရှိ ကိုယ်တိုင် test kit နဲ့ ဘယ်လိုစစ်လို့ရပါသလဲ? ဘယ်နှကြိမ် ဘယ်နှရက်ခြားစစ်ရပါသလဲ? 
- ပုံမှန်အားဖြင့် Antigen test kit များသည် ရောဂါလက္ခဏာ ရှိသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
- လက္ခဏာရှိပြီး test kit အဖြေ positive ထွက်လျှင် သော်လည်းကောင်း၊ test kit အဖြေ negative ဖြစ်ပြီး PCR test တွင် positive ထွက်လျှင် သော်လည်းကောင်း ပိုးတွေ့လူနာအဖြစ် ကုသမှုခံယူရပါမည်။
- Test kit နှင့် PCR negative ဖြစ်သော်လည်း လက္ခဏာရှိနေပါက ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၅ ရက်မှ ၇ ရက် ခြားတစ်ခါ ထပ်မံစစ်ဆေးမှု ပြုလုပ်ရပါသည်။
- လက္ခဏာမရှိသူများ အနေဖြင့် Test kit တွင် negative ပြသော်လည်း ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့မှု ရှိပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၃ရက်ခြားမှ ၇ရက်ခြား တစ်ခါ ထပ်မံစစ်ဆေးနိုင်ပါသည်။

🚩🚩🚩2. SD Biosensor က ထုတ်တဲ့ Standard Q test kit နှာခေါင်းထဲ ထိုးတဲ့ဟာနဲ့ စစ်ထားဖူးပါတယ်၊ စစ်ဆေးပုံ မှန်ကန်မှု အတိအကျလေးသိချင်လို့ပါရှင်"
- Antigen test kit နှင့် စစ်ဆေးရာတွင် နှာခေါင်းတို့ဖတ်အား ကျန်းမာရေးဆိုင်ရာပညာရှင်မှ ယူပေးပြီးစစ်ဆေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ စစ်ဆေးရာတွင် ပတ်ဝန်းကျင်သို့ ပိုးပျံ့နှံ့ခြင်းမရှိစေရန် ပိုးသတ်ခြင်း၊ စနစ်တကျစွန့်ပစ်ခြင်း၊ swab တို့ဖတ်ယူသူမှ အကာအကွယ်အပြည့်အဝ ဝတ်ဆင်ရခြင်းစသည့် အချက်များ ပါဝင်ရပါမည်။
- အောက်ပါ youtube video တွင်ကြည့်ရှုနိုင်ပါသည်ခင်ဗျ။



🚩🚩🚩3. 19.6.2021 covid-19 positive ပါ။ ဘာမှထူးထူးခြားခြားမခံစားရပါဘူး၊ 3.7.2021 အာခေါင်တို့ဖတ်အဖြေ negative. 7.7.2021 အာခေါင်တို့ဖတ်အဖြေ Positive. ဘာကြောင့်လဲဆိုတာ မသိလို့ ရှင်းပြပေးလို့ရပါသလား ခင်ဗျ?
- ရောဂါသက်သာပျောက်ကင်းသွားသူများတွင် PCR test negative ဖြစ်ပြီးမှ နောက်တစ်ကြိမ် စစ်ဆေးရာတွင် positive ဖြစ်တတ်ပါသည်။ Repositive သို့မဟုတ် Redetection ဟုခေါ်ပါသည်။
- တရုတ်နိုင်ငံဝူဟန်မြို့တွင် လေ့လာခဲ့သောသုတေသနအရ ရောဂါပိုးကူးစက်ခံရသူများ၏ ၉ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ အာခေါင်တို့ဖတ် PCR အဖြေ positive ထပ်မံဖြစ်နိုင်ကြောင်း တွေ့ရှိပြီးဖြစ်ပါသည်။ ထိုသို့တွေ့ရှိရခြင်းမှာ ဗိုင်းရပ်စ်ပိုး၏ အပိုင်းအစကလေးများ မူလနေရာမှ ရွေ့လျားလာမှုကြောင့် ဖြစ်နိုင်သည်ဟု ဆိုပါသည်။ အဆိုပါ လူနာများတွင် သက်ရှိဗိုင်းရပ်စ်အား မတွေ့ရှိရသည့်အပြင် အတူနေမိသားစုဝင်များကိုလည်း မကူးစက်နိုင်ကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။
- သို့သော် ယခုကဲ့သို့ ကူးစက်မှုများပြားသည့် ကာလတွင် မကြာခဏလက်ဆေးခြင်း၊ နှာခေါင်းစည်း mask တပ်ဆင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းတို့ကို လူတိုင်း မဖြစ်မနေ လိုက်နာသင့်ပါသည်။

🚩🚩🚩4. Covid positive နှစ်​ယောက်နဲ့ထိ​တွေ့ထားပါတယ်။ စစ်ကြည့်လိုက်တာ negative ထွက်ပါတယ်၊ စစ်ပြီး ၂ ရက်​အကြာမှ ကိုယ်လက်​တွေ ကိုက်ပြီး လူကနုံး​နေပါတယ်၊ ​ရောဂါရှိ​နေတာလား သိချင်ပါတယ်၊ အခု ၂ ပတ်​စောင့်ကြည့်ပြီး ပြန်စစ်ရမယ်လို့ ဆရာဝန်က​ ပြောပါတယ်။
- Primary contact များကို ထိတွေ့မှု ဖြစ်ပြီးနောက် ငါးရက်မှ ခုနှစ်ရက်အတွင်း စစ်ဆေးခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။
- ရောဂါလက္ခဏာပေါ်ချိန် စစ်ဆေးခြင်းသည်လည်း ပို၍ အဖြေမှန်ရစေနိုင်ပါသည်။
- Negative ပိုးမတွေ့ဟု အဖြေထွက်သော်လည်း ရောဂါလက္ခဏာမှာ ထိတွေ့မှုဖြစ်ပြီး ၁၄ ရက် ကြာသည်အထိ ကြာမြင့်နိုင်သဖြင့် ထိုအတောအတွင်း သီးသန့်ခွဲနေရန် လိုအပ်ပါသည်။
- ထိုအတောအတွင်း‌ ရောဂါလက္ခဏာပေါ်ပေါက်ပါက ကျန်းမာရေးပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။
- ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ နှုန်းခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အနံ့အရသာပျောက်သွားခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းသွားခြင်းတို့ ဖြစ်ပါသည်။

Source - ကိုဗစ်-၁၉ ဗဟုသုတစင်တာ

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...