🚩🚩🚩1. "Covid ရှိ/မရှိ ကိုယ်တိုင် test kit နဲ့ ဘယ်လိုစစ်လို့ရပါသလဲ? ဘယ်နှကြိမ် ဘယ်နှရက်ခြားစစ်ရပါသလဲ?
- ပုံမှန်အားဖြင့် Antigen test kit များသည် ရောဂါလက္ခဏာ ရှိသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
- လက္ခဏာရှိပြီး test kit အဖြေ positive ထွက်လျှင် သော်လည်းကောင်း၊ test kit အဖြေ negative ဖြစ်ပြီး PCR test တွင် positive ထွက်လျှင် သော်လည်းကောင်း ပိုးတွေ့လူနာအဖြစ် ကုသမှုခံယူရပါမည်။
- Test kit နှင့် PCR negative ဖြစ်သော်လည်း လက္ခဏာရှိနေပါက ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၅ ရက်မှ ၇ ရက် ခြားတစ်ခါ ထပ်မံစစ်ဆေးမှု ပြုလုပ်ရပါသည်။
- လက္ခဏာမရှိသူများ အနေဖြင့် Test kit တွင် negative ပြသော်လည်း ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့မှု ရှိပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၃ရက်ခြားမှ ၇ရက်ခြား တစ်ခါ ထပ်မံစစ်ဆေးနိုင်ပါသည်။
🚩🚩🚩2. SD Biosensor က ထုတ်တဲ့ Standard Q test kit နှာခေါင်းထဲ ထိုးတဲ့ဟာနဲ့ စစ်ထားဖူးပါတယ်၊ စစ်ဆေးပုံ မှန်ကန်မှု အတိအကျလေးသိချင်လို့ပါရှင်"
- Antigen test kit နှင့် စစ်ဆေးရာတွင် နှာခေါင်းတို့ဖတ်အား ကျန်းမာရေးဆိုင်ရာပညာရှင်မှ ယူပေးပြီးစစ်ဆေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ စစ်ဆေးရာတွင် ပတ်ဝန်းကျင်သို့ ပိုးပျံ့နှံ့ခြင်းမရှိစေရန် ပိုးသတ်ခြင်း၊ စနစ်တကျစွန့်ပစ်ခြင်း၊ swab တို့ဖတ်ယူသူမှ အကာအကွယ်အပြည့်အဝ ဝတ်ဆင်ရခြင်းစသည့် အချက်များ ပါဝင်ရပါမည်။
- အောက်ပါ youtube video တွင်ကြည့်ရှုနိုင်ပါသည်ခင်ဗျ။
🚩🚩🚩3. 19.6.2021 covid-19 positive ပါ။ ဘာမှထူးထူးခြားခြားမခံစားရပါဘူး၊ 3.7.2021 အာခေါင်တို့ဖတ်အဖြေ negative. 7.7.2021 အာခေါင်တို့ဖတ်အဖြေ Positive. ဘာကြောင့်လဲဆိုတာ မသိလို့ ရှင်းပြပေးလို့ရပါသလား ခင်ဗျ?
- ရောဂါသက်သာပျောက်ကင်းသွားသူများတွင် PCR test negative ဖြစ်ပြီးမှ နောက်တစ်ကြိမ် စစ်ဆေးရာတွင် positive ဖြစ်တတ်ပါသည်။ Repositive သို့မဟုတ် Redetection ဟုခေါ်ပါသည်။
- တရုတ်နိုင်ငံဝူဟန်မြို့တွင် လေ့လာခဲ့သောသုတေသနအရ ရောဂါပိုးကူးစက်ခံရသူများ၏ ၉ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ အာခေါင်တို့ဖတ် PCR အဖြေ positive ထပ်မံဖြစ်နိုင်ကြောင်း တွေ့ရှိပြီးဖြစ်ပါသည်။ ထိုသို့တွေ့ရှိရခြင်းမှာ ဗိုင်းရပ်စ်ပိုး၏ အပိုင်းအစကလေးများ မူလနေရာမှ ရွေ့လျားလာမှုကြောင့် ဖြစ်နိုင်သည်ဟု ဆိုပါသည်။ အဆိုပါ လူနာများတွင် သက်ရှိဗိုင်းရပ်စ်အား မတွေ့ရှိရသည့်အပြင် အတူနေမိသားစုဝင်များကိုလည်း မကူးစက်နိုင်ကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။
- သို့သော် ယခုကဲ့သို့ ကူးစက်မှုများပြားသည့် ကာလတွင် မကြာခဏလက်ဆေးခြင်း၊ နှာခေါင်းစည်း mask တပ်ဆင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းတို့ကို လူတိုင်း မဖြစ်မနေ လိုက်နာသင့်ပါသည်။
🚩🚩🚩4. Covid positive နှစ်ယောက်နဲ့ထိတွေ့ထားပါတယ်။ စစ်ကြည့်လိုက်တာ negative ထွက်ပါတယ်၊ စစ်ပြီး ၂ ရက်အကြာမှ ကိုယ်လက်တွေ ကိုက်ပြီး လူကနုံးနေပါတယ်၊ ရောဂါရှိနေတာလား သိချင်ပါတယ်၊ အခု ၂ ပတ်စောင့်ကြည့်ပြီး ပြန်စစ်ရမယ်လို့ ဆရာဝန်က ပြောပါတယ်။
- Primary contact များကို ထိတွေ့မှု ဖြစ်ပြီးနောက် ငါးရက်မှ ခုနှစ်ရက်အတွင်း စစ်ဆေးခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။
- ရောဂါလက္ခဏာပေါ်ချိန် စစ်ဆေးခြင်းသည်လည်း ပို၍ အဖြေမှန်ရစေနိုင်ပါသည်။
- Negative ပိုးမတွေ့ဟု အဖြေထွက်သော်လည်း ရောဂါလက္ခဏာမှာ ထိတွေ့မှုဖြစ်ပြီး ၁၄ ရက် ကြာသည်အထိ ကြာမြင့်နိုင်သဖြင့် ထိုအတောအတွင်း သီးသန့်ခွဲနေရန် လိုအပ်ပါသည်။
- ထိုအတောအတွင်း ရောဂါလက္ခဏာပေါ်ပေါက်ပါက ကျန်းမာရေးပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။
- ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ နှုန်းခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အနံ့အရသာပျောက်သွားခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းသွားခြင်းတို့ ဖြစ်ပါသည်။
Source - ကိုဗစ်-၁၉ ဗဟုသုတစင်တာ

Comments
Post a Comment