တရုတ်ပြည် Sinopharm က BBIBP-CorV ဆိုပြီး ပုလင်းပေါ်မှာ CNBG တံဆိပ်နဲ့ထုတ်ပါတယ်။
WHO က အသိအမှတ်ပြုထားပြီပြီလား❓
ပြီးခဲ့တဲ့မေလ ၇ ရက်နေ့တုန်းက အသိအမှတ်ပြုခဲ့ပါတယ်။ ဝမ်းသာစရာပါ။
#ဘယ်အပိုင်းကိုအရင်ဆုံးသိထားသင့်တာလဲ
ဘယ်ကာကွယ်ဆေးပဲထိုးထိုး ထုတ်လုပ်မှုအပိုင်းကို #သိကိုသိထားရပါမယ်။
တရုတ်ပြည်ထုတ် Sinoparm, SinoVac နဲ့ အိန္ဒိယပြည်ထုတ် Covaxin တို့ဟာ inactivated vaccine တွေအဖြစ် နည်းပညာတူကြပါတယ်။
အရင်ဆုံး Covid-19 ကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်နမူနာကို အာဖရိကန်မျောက် African green monkey 🐒 ရဲ့ ကျောက်ကပ်ဆဲလ်တွေထဲမှာ အများကြီးရအောင် ပွားများမွေးမြူပါတယ်။
အဲ့ဒီရလာတဲ့ ဗိုင်းရပ်စ်တွေကို filter ဇကာနဲ့ စစ်ထုတ်လိုက်ပြီး BPL bea-propiolactone (ဘီတာပရိုပီရိုလက်တုန်း) ထဲမှာ နှစ်ချလိုက်ပါတယ်။
🦠 ဗိုင်းရပ်စ်ပိုးတွေ #သေသွားအောင်လုပ်တာပါ။
ပြီးတဲ့အခါမှာ aluminum-based adjuvant နဲ့ရောပါတယ်။
adjuvant ဘာလို့ရောရတာလဲဆိုတော့ ကိုယ်ခန္ဓာရဲ့ ရောဂါခုခံအားတုန့်ပြန်မှုအားပေးစေတဲ့ပစ္စည်းဖြစ်လို့ပါ။
ပြီးရင် excipients ရောလေ့ရှိပါတယ်။ ဆေးထုထည်ပမာဏကိုတိုးစေပြီး မပျက်စီးပဲ တည်ငြိမ်မှုရှိစေဖို့ပါ။
အပေါ်ကနှစ်ချက်ကိုသိပြီဆိုရင် အောက်ပါအချက်များကိုဆွေးနွေးပါမယ်။
တရုတ်ကာကွယ်ဆေးတွေဟာ ရေသာသာပဲ ထိုးလည်းဘာမှမထူးဘူးလို့ပြောကြတာဟုတ်သလား❓
#မမှန်ပါ။ အကျိုးအာနိသင်တစ်ခုတော့ရှိပါတယ်။
ရောဂါပိုးကူးစက်မှုကို (အတိုင်းအတာတစ်ခုအထိ) တော့လျော့ကျစေပါတယ်။
ကာကွယ်ဆေးထိုးထားလို့ ရောဂါကူးစက်ခဲ့ရင်လည်း လူသေဆုံးစေနိုင်တဲ့အထိ ရောဂါပြင်းထန်မှုကိုလည်း (အတိုင်းအတာတစ်ခုအထိ) လျော့ကျစေပါတယ်။
အတိုင်းအတာတစ်ခုလို့ ထည့်ပြောထားတာကို သတိပြုပါ။
ဒါဆိုရင် အကိုဆိုရင် Sinoparm ကို #ထိုးမှာလား❓
ကျနော့်အတွက်ဆိုရင် ကျနော်ဟာ Sinopharm ကိုမထိုးခင် ကျနော် #ကိုယ့်ဟာကိုယ်မကူးအောင်ပဲနေပြီး အရင်စောင့်ပါမယ်။
အကိုက ဘာကိုစောင့်ချင်တာလဲ❓
Sinoparm ကို ဥရောပသမဂ္ဂ 🇪🇺 EMA ကအသိအမှတ်ပြုတဲ့အထိပါ။
ဘာလို့အဲ့ဒီ EMA အသိအမှတ်ပြုမှုကို စောင့်ကြည့်တာလဲ❓
(၁) WHO က အသိအမှတ်ပြုတယ်ဆိုတာက တင်တဲ့စာရွက်စာတမ်း dossier ကိုအဓိကစစ်တာပါ။
ကာကွယ်ဆေးထုတ်တဲ့စက်ရုံမှာ ဘေးအန္တရာယ်ကင်းရှင်းမှုပိုင်းအတွက် ဘယ်လောက်ထဲထဲဝင်ဝင် လက်တွေ့စစ်ဆေးခဲ့သလဲဆိုတာ #မရှင်းလင်းတဲ့အတွက်ဖြစ်ပါတယ်။
အကယ်လို့ FDA နဲ့ EMA ကသာခွင့်ပြုခဲ့ရင် သူတို့က သေချာစစ်ဆေးတာမို့ ယုံကြည်တာဖြစ်ပါတယ်။
ကိုယ်တိုင်ကွာလတီစစ်ဆေးသူဖြစ်လို့ တင်ပြတဲ့စာရွက်ထဲမှာနဲ့ လက်တွေ့ကွင်းဆင်းစစ်ဆေးတာ ရလဒ်မတူတတ်တာကို သိလို့ဖြစ်ပါတယ်။
(၂) တရုတ်ကာကွယ်ဆေး Sinopharm ရော SinoVac ရော public trial data ကိုလူသိရှင်ကြား #သေသေချာချာချမပြတာဟာ ကျနော့်ရဲ့ confident level ယုံကြည်မှုကိုလွန်စွာလျော့စေပါတယ်။
Sinopharm ရဲ့ အဲ့ဒီကာကွယ်ဆေးကရမယ့် #အာနိသင်ထိရောက်မှုနဲ့ ကာကွယ်ဆေးကြောင့်ရလာမယ့်အန္တရာယ်ကို ကျနော်သေချာနှိုင်းယှဉ်စိစစ်ဖို့ခက်နေတဲ့အတွက် ကိုယ့်အတွက်ကိုယ်ထိုးမှာ မဟုတ်သေးပါ။
ဒီနေရာမှာ Public Heath ပြည်သူ့ကျန်းမာရေးဌာနကလူတွေက လူများများထိုးပါလို့တိုက်တွန်းကြသလား❓
ကျနော်သာ Public Health ပြည်သူ့ကျန်းမာရေးဌာနကဝန်ထမ်းသာဖြစ်နေရင် ထိုးပါလို့ ပြော "ရ" မှာပါ။ "ရ" ထည့်ရေးတာကို ဂရုပြုပါ။
ကာကွယ်ဆေးဆိုတာ Herd Immunity လို့ခေါ်တဲ့ လူအုပ်စုလိုက်ရောဂါခုခံအားကို ရရှိဖို့အရေးကြီးပါတယ်။
အဲ့ဒီတော့ Public Health သမားတွေအနေနဲ့ လူများများကာကွယ်ဆေးထိုးပြီးဖို့က သူတို့ရဲ့အဓိကတာဝန်ပါ။ အထက်ကဖိအားက သူတို့မှာအမြဲရှိနေတာပါ။
အလွယ်လေးပါ။ WHO ကကာကွယ်ဆေးအသိအမှတ်ပြုထုတ်ပေးခဲ့သူတွေ #သူတို့ကိုယ်တိုင်ကျဘယ်ကာကွယ်ဆေးကိုထိုးသလဲ❓
အပေါ်ကမေးခွန်းကို သေချာစဉ်းစားပါ။
အဲ့ဒါကြောင့် Public Health အမြင်နဲ့တာဝန်အရပြောတာနဲ့ ကိုယ့်အတွက်ကိုယ်လုပ်တာတူချင်မှတူမယ်ဆိုတာ သိထားဖို့လိုလို့ ထည့်ရှင်းပြတာဖြစ်ပါတယ်။
Sinoparm ကာကွယ်ဆေးက #ဘယ်လောက်အာနိသင်ရှိသလဲ❓
စမ်းသပ်တဲ့နိုင်ငံပေါ်မူတည်ပြီး အမျိုးမျိုးကွဲနေပါတယ်။ စမ်းသပ်မှုအားလုံးက WHO ကလိုအပ်တဲ့ ၅၀% အထက်မှာရှိပါတယ်။
Sinopharm ကာကွယ်ဆေးနဲ့ပတ်သက်လို့ WHO က #ဘာပြောထားတာရှိသေးသလဲ❓
Due to low participation in studies, WHO experts expressed very low confidence in the safety of BBIBP-CorV for people with comorbidities, pregnant women and the elderly, while being confident in its overall efficacy.
👉 WHO ကျွမ်းကျင်ပညာရှင်တွေက Sinopharm ရဲ့ကာကွယ်ဆေးကို
▪️ကိုယ်ဝန်ရှိသူတွေ၊
▪️အသက် ၆၀ နဲ့အထက်တွေ၊
▪️ comorbidities လို့ခေါ်တဲ့ ရောဂါတစ်မျိုးထက်ပိုရှိနေသူတွေ (ဥပမာ - ဆီးချိုရော သွေးတိုးရောဂါပါရှိသူ)
အဲ့ဒီလူတွေမှာထိုးဖို့ Safety #ဘေးကင်းလုံခြုံစိတ်ချရမှုအတွက် #အလွန်နည်းပါးတဲ့ယုံကြည်စိတ်ချရမှုရှိပါတယ်လို့ ဆိုပါတယ်။
ယေဘူယျအာနိသင်သက်ရောက်မှုမှာ ယုံကြည်လက်ခံတယ်လို့ဆိုထားပါတယ်။
ကျနော်ပြောသလို ဒေတာပြဿနာပါ။
WHO ကမေလ ၇ ရက်နေ့ကထုတ်ပြန်တဲ့စာထဲမှာ အသက် ၆၀ နဲ့အထက်မှာ Sinopharm ကာကွယ်ဆေးရဲ့အာနိသင်ကို မမှန်းဆနိုင်ဘူးလို့ ရေးထားပါတယ်။
ကျနော်သိချင်တဲ့အပိုင်းက ကာကွယ်ဆေးမှာ inactivated process (ဗိုင်းရပ်စ်ပိုးတွေအကုန်တကယ်သေအောင် လုပ်တဲ့လုပ်ငန်းစဉ်) မှာ ဘယ်လောက်သေချာသလဲကိုသိချင်ပါတယ်။
Inactivated process confirmation က အမျိုးမျိုးရှိပါတယ်။ ဆိုကြပါစို့ ခွေးရူးကာကွယ်ဆေးမှာ - ခွေးရူးရောဂါဗိုင်းရပ်စ်အသေကို Vero cells တွေထဲထည့်ပြီး immunoflurescence နည်းနဲ့ virus antigen ကိုပြန်စစ်ဆေးတာပါ။
နောက်တစ်နည်းက ထုတ်လုပ်ထားတဲ့ virus-cell mixture ကိုကြွက်ရဲ့ဦးနှောက်ထဲထိုးထည့်ပြီး နှစ်ပတ်စောင့်ကြည့်တာပါ။ ကြွက်မှာရောဂါဖြစ်ရင် inactivation process မအောင်မြင်ဘူးလို့ပြောလို့ရပါတယ်။
မအောင်မြင်ရင်ဘာဖြစ်မလဲ❓အကြီးအကျယ်အသက်အန္တရာယ်ရှိတာပေါ့။
ကာကွယ်ဆေးလောကမှာ Cutter Incident ဟာနာမည်ကြီးပါ။ မနှစ်ကရေးဖူးလို့ထပ်မရေးတော့ပါ။
ဒါ့အပြင် အာရုံကြောကိုထိခိုက်စေတတ်တဲ့ Guillian-Barré Syndrome ပြဿနာတွေကလည်းရှိတတ်ပါတယ်။
ဘာလို့ဖြစ်တတ်တာလဲဆိုတော့ ကာကွယ်ဆေးကလူရဲ့ကိုယ်ခံအားစနစ်ကိုပြုပြင်တာပါ။ အဲ့ဒီမှာ ကိုယ်ခံအားကစနစ်မှားယွင်းပြီး ပြန်တိုက်တတ်တဲ့ပြဿနာရှိပါတယ်။
ဒါကြောင့်ကာကွယ်ဆေးထုတ်လုပ်မှုမှာ အာနိသင်အပြင် Safety ဘေးကင်းရေးဟာအလွန်အရေးပါပါတယ်။
ဘာလို့ဒီလောက်ကျနော်ဂရုစိုက်တာလဲဆိုရင် kinetics of inactivation တိုင်းတာရေးဟာအရေးကြီးလို့ပါ။
အခု Sinopharm က beta-propiolactone နဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကိုသတ်ရာမှာ ဗိုင်းရပ်စ်တွေကချက်ချင်း အကုန်လုံးသေသွားတာမဟုတ်ပါ။
အစပိုင်းမှာအကောင်တွေသေတာမြန်ပြီး ဂရပ်မျဉ်းတစ်ခုနဲ့ ကျသွားတာပါ။
ဒါကြောင့် every last vial ပုလင်းတိုင်းပုလင်းတိုင်းမှာ ပိုးသေသလားဆိုတာ သေချာစစ်ဆေးထားဖို့လိုပါတယ်။
ပုလင်းတိုင်းပုလင်းတိုင်းဟာ လူတစ်ယောက်စီရဲ့ အသက်နဲ့ဆိုင်နေလို့ဖြစ်ပါတယ်။
👉 အဲ့ဒီတော့ ကျနော်ကတော့ အထူးသဖြင့် ရောဂါနှစ်မျိုးနဲ့အထက်ရှိနေသူတွေ၊ အသက် (၆၀) ကျော်တွေမှာ သေချာစဉ်းစားပါ။
ကလေးတွေကိုထိုးပေးဖို့မလောပါနဲ့ ကလေးတွေမှာရမယ့်အကျိုးကျေးဇူးနဲ့ Risk က သေချာမကွဲပြားသေးဘူးလို့မြင်တဲ့ ပညာရှင်တွေရှိနေပါတယ်။
WHO ရဲ့ Sinopharm ရဲ့ BBIBP-CorV အတွက် ထောက်ခံချက်ပါရေးသားချက်အရ ...
#ကိုယ်ဝန်ဆောင်တွေမှာ အာနိသင်ထိရောက်မှုနဲ့ ကာကွယ်ဆေးက သန္ဓေလွယ်မှုကိုထိနိုင်မှု risk ကိုမသိရသေးပါတဲ့။
တိရိစ္ဆာန်တွေမှာ DART studies လုပ်ရာမှာ သန္ဓေဆောင်မှုကို ထိခိုက်မှုတစ်စုံတရာမတွေ့ရပါတဲ့။
#နို့တိုက်မိခင်တွေမှာ အကျိုးသက်ရောက်မှုက သာမန်လူတွေနဲ့အတူတူပဲလို့ဆိုပါတယ်။ နို့စို့ကလေးပေါ်မှာတော့ ဒေတာမရှိသေးပါ။
HIV ရောဂါရှိသူအတွက် လုံလောက်တဲ့ဒေတာမရှိသေးပါ။ ထိုးချင်ရင်ထိုး သာမန်လူတွေထက် အာနိသင်လျော့နိုင်တယ်လို့ WHO ကဆိုပါတယ်။
ကိုယ်ခံအားနဲ့ပတ်သက်တဲ့ Immunocompromised သမားတွေမှာ ထိုးချင်ရင်ထိုး သာမန်လူတွေထက် အာနိသင်လျော့နိုင်တယ်။ ဒေတာမရှိသေးလူးလို့ဆိုပါတယ်။
အရင်တုန်းက Covid ဖြစ်ဖူးသူတွေအတွက် ထိုးချင်ရင်ထိုးလို့ရတယ်။ မထိုးခင် Test လုပ်စရာမလို။ သို့သော် Positive ဖြစ်ဖူးထားရင် အခုရရှိထားတဲ့ဒေတာတွေအရ ၆ လလောက်ခုခံအားရထားနိုင်တာမို့ သိပ်လောစရာမလိုပါတဲ့။
အခု Covid ဖြစ်နေသူတွေအတွက်ကတော့ သေချာပြန်ကောင်းတော့မှ ထိုးချင်ရင်ထိုးပါ။ ရောဂါကသက်သာပြီး ဘယ်လောက်ကြာရင် ကာကွယ်ဆေးထိုးရမလဲဆိုတာ သေချာမသိရသေးပါတဲ့။
အရင်က Covid အတွက် passive antibody therapy ကုထုံးရယူထားဖူးသူတွေအတွက် ဘေးကင်းမှုနဲ့ အာနိသင်ထိရောက်မှုကို ဒေတာမရှိပါ။
အဲ့ဒီတော့ သူတို့အနေနဲ့ Sinopharm ပဲဖြစ်ဖြစ်အခြားကာကွယ်ဆေးထိုးရင်ဖြစ်ဖြစ် ကုထုံးနဲ့ကာကွယ်ဆေးအနှောင့်အယှက်မဖြစ်အောင် အနည်းဆုံးရက် (၉၀) ခွာပြီးမှထိုးပါတဲ့။
ဒီနေရာမှာ ကမ္ဘာ့နိုင်ငံတွေမှာ Sinopharm ထိုးထားပြီး outbreak ပြန်ဖြစ်နေတဲ့ သတင်းတွေကို လတ်တလောထည့်စဉ်းစားမနေပါနဲ့။
အဓိကက ဘေးအန္တရာယ်ကင်းရှင်းမှုကိုကျနော်ကပိုစိတ်ဝင်စားပါတယ်။
လူငယ်လူရွယ်ဖြစ်တယ်။ လုံးဝကျန်းမာသန်စွမ်းတယ်။ #မိမိဘာဖြစ်ဖြစ် အကျိုဆက်တနေ့တွေ့လာခဲ့ရင် ခံမယ်လို့ဆုံးဖြတ်ထားရင်၊ လူအများစု herd immunity နည်းသည်ဖြစ်စေများသည်ဖြစ်စေရရင် ကျေနပ်တယ်လို့ ယူဆထားရင် ထိုးပါလို့ပြောလိုပါတယ်။
ဈေးကတော့ပြည်ပထက်မြန်မာပြည်မှာကပိုများနေတာစိတ်မကောင်းပါ။ မြန်မာပြည်ကိုပို့တာနဲ့ ကမ္ဘာ့အခြားနိုင်ငံတွေကိုပို့တာနဲ့ ကွာလတီတူမတူမသိပါ။
SinoVac လည်းအကြမ်းဖျင်း ဒီသဘောပါပဲ။

Comments
Post a Comment