Skip to main content

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)



🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။ 

 ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခဲပိတ်ဆို့ခြင်း၊ အဆုတ်တစ်ရှူးများ ပျက်စီး၍ အမာရွတ်ထင်ကျန်ရစ်ခြင်း စသည်တို့ ဖြစ်ပါတယ်။ 

#CovidClinicalFeatures

#ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (17.8.21)

=================================

🚩🚩🚩1. ဆရာရှင့်... ကိုဗစ်test kid စစ်တာ..10 မိနစ်အတွင်းတော့ တစ်ကြောင်း ပဲပေါ်ပါတယ်.အမေက မသိပဲ အရက်ပြန်ဖြန်းမိသွားတာ..နာရီဝက်ကြာတဲ့အထိ တစ်ကြောင်းပဲပေါ်တာ....ပြန်စစ်စရာလို မလိုသိချင်ပါတယ်..အရက်ပြန်ဖြန်းလို့မပေါ်တာ ဖြစ်နေမှာဆိုးလို့ပါ

ဖြေ။ ပြန်စစ်ဖို့လိုပါသည်။ အဘယ်ကြောင့်ဆိုသော် Antigen Test kit 

နှစ့်စစ်ပြီးရင် အနည်းဆုံး ၁၅မိနစ်မှ နာရီဝက် ကြာသည်အထိ စောင့်ဆိုင်းပြီးမှ အဖြေကိုဖတ်ရပါမည်။အဖြေပေါ်ချိန် အထိ မစောင့်ဘဲ  အရက်ပြန်ဖြန်းသည့်အတွက် Test kit ၏  နဂိုလုပ်ဆောင်နိုင်စွမ်းကို  ထိခိုက်နိုင်သည်ဟု ယူဆရပါသည်။

#CovidInvestigation

#ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (17.8.21)

=================================

🚩🚩🚩1. ကိုဗစ်ဖြစ်ပီး ၂၁နောက်ပိုင်းကိုယ်တွေခြေထောက်တွေလက်တွေထုံကျင်လာတယ်ညဆိုရင်ထုံကျင်လာတယ်ချွေးလည်းအရမ်းထွက်တယ်အဲလိုဖစ်ရင်လူလဲနေလို့ထိုင်လို့မကောင်း ကုတင်ပေါ်မှာလဲလှဲနေရတယ်ဖျားလည်းမဖျားဘူးဘယ်လိုလုပ်ရမယ်မသိလို့ သိတဲ့သူများရှိရင်နည်းလမ်းပြောပြပါအုံး

ဖြေ- ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း နောက်ဆက်တွဲအနေနဲ့ ခံစားရတဲ့ ဝေဒနာတွေ အများကြီးရှိပါတယ်။ လူတစ်ဦးချင်းစီ မှာ ခံစားရတဲ့ ဝေဒနာတွေ က တစ်ယောက်နဲ့ တစ်ယောက် မတူညီ နိုင်ပါဘူး။ လက်တွေ ခြေတွေ ထုံကျင်တာကတော့ အဓိကအားဖြင့်အာရုံကြောနဲ့ ဆိုင်ပြီး ဖြစ်နိုင်ချေရှိတဲ့ ရောဂါတွေ ကအများကြီးပါ။ ယခင်က ဖြစ်ဖူးတဲ့ ရောဂါတချို့ကြောင့်လည်းကောင်း ရောဂါအခံကြောင့်သော်လည်းကောင်း (ဥပမာ- ဆီးချိုသွေးချိုရောဂါ) ခြေလက်တွေ ထုံကျင်တာ ဖြစ်တတ်ပါတယ်။ #နီးစပ်ရာဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သော စမ်းသပ်မှု သွေးစစ်ဆေးမှုတွေ ပြုလုပ်ပြီး ကုသမှုခံယူသင့်ပါတယ်။

အထွေထွေရောဂါများအတွက် နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ အောက်ပါလင့်ခ်မှ တဆင့်လည်း ဆရာဝန်နှင့် တိုက်ရိုက်ပြသနိုင်ပါတယ်။ 

https://doxy.me/telehealthmm 

#CovidTreatment

#ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ (17.8.21)

=================================

🚩🚩🚩1. မင်္ဂလာပါဆရာ။ ကိုဗစ်ပိုးဟာ ရေထဲမှာ အသက်ရှင်နိုင်ပါလား။ ဘယ်လောက်ကြာကြာရှင်သန်နိုင်ပါသလဲ ခင်ဗျာ။

ဖြေ - ယခုအချိန်ထိ ကိုဗစ်ပိုးသည် သောက်ရေ၊ သုံးရေများတွင် ရှင်သန်နိုင်သည်ဆိုသည့် သက်သေ အထောက်အထားများမရှိသေးပါ။ ကိုဗစ်ပိုးသည် ကိုရိုနာဗိုင်းရပ်စ် ( Coronaviruses  ) အုပ်စုဝင်ဖြစ်သည်။ အခြားကိုရိုနာဗိုင်းရပ်စ်များသည်လည်း ရေထဲတွင် 20°C အပူချိန်၌ ၂ရက်အထိရှိနိုင်သည်ဟုဆိုသော်လည်း ရေမှတစ်ဆင့်မကူးစက်တတ်ပါ။ ထို့အပြင် ကိုရိုနာဗိုင်းရပ်စ်များသည် chlorine ဖြင့် လျှင်မြန်စွာသေစေနိုင်သည့်အတွက် သောက်ရေ၊ သုံးရေများကို chlorine ခတ်၍ သုံးနိုင်ပါသည်။

#CovidTransmission

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...