Skip to main content

SARS-CoV-2 Antibody Test Kits အကြောင်း



1. Antibody ကို ဘယ်အချိန်မှာစစ်မလဲ။
အမေရိကန် CDC Guidelines အရ ကိုဗစ်ပိုးစဝင်ပြီး (ဖျားနာတာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာပေါ်ပြီး သို့မဟုတ် Antigen Test kit နဲ့စစ်လို့ (+) ဖြစ်ပီး ၁ ပါတ် ကနေ ၃ ပါတ်မှာ antibody စစ်လို့ရပါမယ်။ (ကျွန်တော့်တစ်ကိုယ်ရေ အမြင်အရတော့ အနည်းဆုံး ၂ ပါတ်ကြာမှ စစ်ပါ။ ဘာလို့လည်းဆိုတော့ အခုအတွေ့အကြုံအရ Antibody ထွက်တာ အစောဆုံး ၁၄ ရက်မှမြင်ဖူးလို့ပါ။) 
2. Test Kit နဲ့စစ်တိုင်း Antibody ပေါ်လား။
ကိုဗစ် လက္ခဏာဘယ်လောက်ပြင်းထန်စွာခံစားခဲ့ရလည်းပေါ်မူတည်ပြီး Antibody ပေါ်ပါတယ်။ ဆိုလိုချင်တာက ကိုဗစ်လက္ခဏာများပြင်းထန်စွာခံစားခဲ့ရပါက ကိုယ်ခန္ဓာကပိုမိုတုံ့ပြန်ပေးပြီး Antibody များများနဲ့မြန်မြန်ထွက်လို့ Antibody Test kit နဲ့စစ်ရင် Test kit မှာထင်းနေတာမြင်ရမှာပါ။
3. ကိုဗစ်ပိုးဝင်ပြီး သို့မဟုတ် Covid−19 (+) ဖြစ်ပြီး Antibody စစ်ကြည့်တာ မပေါ်တာ ဘာကြောင့်လည်း။
(၃) ခုဖြစ်နိုင်ပါတယ်။
၁။ Test kit ကမှားယွင်းတာ သို့မဟုတ် စစ်ပုံစစ်နည်းမှားယွင်းတာဖြစ်နိုင်ပါတယ်။
၂။ ကိုယ်ခန္ဓာက Antibody မထွက်သေးချိန်စစ်မိလို့လည်းဖြစ်နိုင်ပါတယ်။
၃။ တစ်ချို့လူတွေမှာ Seroreversion ဆိုတာဖြစ်တတ်ပါတယ်။ Seroreversion ဆိုတာဘာလည်းဆိုတော့ လွယ်လွယ်ပြောရရင် ကိုယ်ခန္ဓာမှာ Antibody ထွက်ပေမယ့် ကြာကြာမခံပဲ ပြန်ပျက်သွားတာမျိုးပါ။ ကိုဗစ်ပိုးဝင်ပြီး ရောဂါလက္ခဏာသိပ်မခံစားရပဲ နေပြန်ကောင်းသွားတဲ့သူတွေမှာဖြစ်နိုင်ပါတယ်။
4. Antibody က ကိုယ်ခန္ဓာထဲ ဘယ်လောက်ကြာကြာထိရှိမလဲ။ ဘယ်အချိန်ထိစစ်လို့ရလဲ။
အဲ့တာကတော့ အားလုံးလေ့လာနေကြတုန်းပဲရှိပါသေးတယ်။ ဘယ်သူမှတော့တိတိကျကျမသိကြသေးပါ။
5. Test kit မှာပါတဲ့ C G M တွေကဘာတွေလဲ။
C ဆိုတာ Control ရဲ့အတိုကောက်ပါ။ သူ့ဘေးမှာ စစ်တိုင်းစစ်တိုင်းအနီကြောင်းလေးပေါ်နေရပါမယ်။ မပေါ်ဘူးဆိုရင် Test Kit Error ပါ။
G ဆိုတာက Antibody IgG ကိုအတိုကောက် ပြောတာပါ။ တကယ်လို့သူ့ဘေးမှာအနီလိုင်းလေးပေါ်နေမယ်ဆိုရင် အကြမ်းဖျဥ်းအားဖြင့် ကိုဗစ်ပိုးနဲ့ လွန်ခဲ့တဲ့ ၂ပါတ်မှ တစ်နှစ်အတွင်းထိတွေမှုရှိခဲ့တယ်လို့ယူဆပြီး Antibody ရှိတယ်လို့ မှတ်ယူရမှာပါ။
M ဆိုတာကတော့ Antibody IgM ကိုအတိုကောက် ပြောတာပါ။ သူ့ဘေးမှာ အနီလိုင်းလေးပေါ်နေမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၂ပါတ် မှ ၃ပါတ်အတွင်း ကိုဗစ်ပိုးနဲ့ထိတွေ့မှုရှိတယ်လို့ ယူဆရပါမယ်။ Antibody ရှိတယ်လို့ မှတ်ယူရမှာပါ။ ဒီနေရာမှာတစ်ခုမှတ်ယူရမှာက IgM သည်ခဏပဲခံပြီး IgG အဖြစ်ပြောင်းပါတယ်။ များသောအားဖြင့် စစ်လို့မမိတတ်ပါ။ 
ဆိုလိုချင်တာက C နဲ့ G မှာ အနီရောင် (၂)ကြောင်းပေါ်လျှင် မိမိကိုယ်ခန္ဓာမှာ ခုခံအား Antibody ရပီလို့ ယူဆိလို့ရပါပြီ။
6. Antibody ဆိုတော့ ကိုဗစ်ပိုးကို အပြည့်အဝကာကွယ်နိုင်ပီလား။
အခုဖြစ်နေတဲ့ကပ်ရောဂါ ကိုဗစ်ဆိုတာက အရမ်းမာယာများပါတယ်။ Antibody ထွက်ပြီးတိုင်းလည်း ကိုဗစ်ကိုအပြည့်အဝကာကွယ်နိုင်ပြီလို့ လုံးဝ မယူဆနိုင်ပါ။ သို့သော် Antibody မရှိတဲ့သူများထက်တော့ရောဂါပြန်ဖြစ်ဖို့ရာခိုင်နှုန်းပိုနည်းပါတယ်။ ထို့ကြောင့် နေပြန်ကောင်းပြီး Antibody ရပြီးလည်း အခြားသူများကဲ့သို့ ကိုဗစ်ကာကွယ်ရေးစည်းမျဥ်းစည်းကမ်းများကို အတိအကျလိုက်နာဖို့လိုအပ်ပါတယ်။
7. Antigen Test Kit or Antibody Test kit ဘယ် Test Kit ကိုရွေးချယ်ရမလဲ။
Antigen Test Kit ကို အများသောအားဖြင့် နှာခေါင်းတို့ပတ်ယူပြီးစစ်တာလို့ လူသိများပါတယ်။ (ခြွင်းချက် − တံတွေးကနေစစ်တာလည်းရှိပါတယ်။ စိတ်တော့မချရသေးပါ)။
Antibody Test Kit ကို အများသောအားဖြင့် သွေးကစစ်တာလို့ လူသိကြပါတယ်။
ဆိုလိုချင်တာက −
မိမိသည် စစဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း Covid ပိုးကြောင့် ဟုတ်မဟုတ်စစ်လိုလျှင် Antigen Kit (နှာခေါင်းတို့ပတ်ယူပြီးစစ်) ကိုရွေးချယ်ရပါမယ်။ ( အဲ့အချိန်မှာ Antibody Kit ကို မသုံးပါနက်။ ထိရောက်မှုမရှိပါ)
ကိုဗစ်ကြောင့်နာလန်ပြန်ထပြီး သို့မဟုတ် Covid (+) ဖြစ်ပြီး အနည်းဆုံး (၁၄) ရက်နေမှ မိမိ၏ ကိုယ်ခန္ဓာတွင် Antibody ထွက်မထွက်သိချင်ပါက Antibody Test Kit ကိုသုံးရပါမယ်။
နောက်တစ်ခုက Covid-19 ကာကွယ်ဆေးထိုးထားသူများ ကာကွယ်ဆေးအလုပ်မလုပ် ၊ Antibody ထွက်မထွက် သိချင်လျှင် antibody test kit ကိုသုံးလို့ရပါတယ်။
8. Test Kit တွေနဲ့ပဲ ကိုဗစ်ကို စစ်လို့ရတာလား။
အခုပြောတဲ့ Test kit တွေနဲ့စစ်တဲ့နည်းကို RDT ( Rapid Diagnostic Test) လို့ခေါ်ပြီး အလွယ်တကူ စစ်လို့ရတာပါ။ များသောအားဖြင့် Test kit ကွာလတီကောင်းတာတွေက ကိုဗစ်ပိုးကို သိရှိနိုင်မှု (Sensitivity 85-93%) နဲ့ တိကျမှန်ကန်မှု (Specificity 90-95%) လောက်ထိကိုရှိပါတယ်။ သို့သော် False Negative လို့ခေါ်တဲ့ မှားယွင်းပြီး ကိုဗစ်ပိုးမရှိပါဘူးလို့လည်းထွက်နိုင်တာကိုလည်း သတိထားရမှာပါ။
Dr. Thein Kyaw Oo

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (9.7.21)

🚩🚩🚩 1. "Covid ရှိ/မရှိ ကိုယ်တိုင် test kit နဲ့ ဘယ်လိုစစ်လို့ရပါသလဲ? ဘယ်နှကြိမ် ဘယ်နှရက်ခြားစစ်ရပါသလဲ?  - ပုံမှန်အားဖြင့် Antigen test kit များသည် ရောဂါလက္ခဏာ ရှိသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ - လက္ခဏာရှိပြီး test kit အဖြေ positive ထွက်လျှင် သော်လည်းကောင်း၊ test kit အဖြေ negative ဖြစ်ပြီး PCR test တွင် positive ထွက်လျှင် သော်လည်းကောင်း ပိုးတွေ့လူနာအဖြစ် ကုသမှုခံယူရပါမည်။ - Test kit နှင့် PCR negative ဖြစ်သော်လည်း လက္ခဏာရှိနေပါက ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၅ ရက်မှ ၇ ရက် ခြားတစ်ခါ ထပ်မံစစ်ဆေးမှု ပြုလုပ်ရပါသည်။ - လက္ခဏာမရှိသူများ အနေဖြင့် Test kit တွင် negative ပြသော်လည်း ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့မှု ရှိပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၃ရက်ခြားမှ ၇ရက်ခြား တစ်ခါ ထပ်မံစစ်ဆေးနိုင်ပါသည်။ 🚩🚩🚩 2. SD Biosensor က ထုတ်တဲ့ Standard Q test kit နှာခေါင်းထဲ ထိုးတဲ့ဟာနဲ့ စစ်ထားဖူးပါတယ်၊ စစ်ဆေးပုံ မှန်ကန်မှု အတိအကျလေးသိချင်လို့ပါရှင်" - Antigen test kit နှင့် စစ်ဆေးရာတွင် နှာခေါင်းတို့ဖတ်အား ကျန်းမာရေးဆိုင်ရာပညာရှင်မှ ယူပေးပြီးစစ်ဆေးခ...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (24.8.21)

🚩🚩🚩1. သိုင်းရိုက် ရောဂါအခံရှိသူရော အခုထိုးပေးတဲ့ဆေး ထိုးလို့ရပါသလား။  💉ဖြေ။ Pfizer/BioNTech, Oxford/AstraZeneca နှင့် Moderna ကိုဗစ်ကာကွယ်ဆေးများအတွက် သိုင်းရွိုက်ဆိုင်ရာဖော်ပြချက်များကို တွေ့ရသော်လည်း Sinopharm, Sinovac ကိုဗစ်ကာကွယ်ဆေးများနှင့် ပတ်သက်၍ သိုင်းရွိုက်ဆိုင်ရာ ဖော်ပြချက်များကို မတွေ့ရှိရပါ။  အဆိုပါ ဖော်ပြချက်များအရ မိမိကိုယ်ခံအားမှ မိမိအား တန်ပြန်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ရောဂါ (Autoimmune thyroid disease) နှင့် သိုင်းရွိုက်ကင်ဆာကဲ့သို့သော ရောဂါများတွင် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများအား ကောင်းစွာထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိပါက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးမီ မိမိအား ကုသမှုပေးနေသည့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။  Ref: https://www.thyroid.org/.../coronavirus-frequently.../....       https://www.btf-thyroid.org/covid-19-and-vaccines  🚩🚩🚩2. လေဖြတ်ထားတဲ့သူအခုတော့နဲနဲသက်သာနေပါပြီ။ ကာကွယ်ဆေးထိုးလို့ရလားရှင့်ဖြေပေးပါနော်။...