Skip to main content

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ အပိုင်း (၂) (30.7.21)



🚩🚩🚩1. ကာကွယ်ဆေးမထိုးခင် Covid Positive ဟုတ် မဟုတ်စစ်ဆေးဖို့လိုပါသလား။ တကယ်လို့ Pဖြစ်နေယင်ကာကွယ်ဆေးထိုးလို့ရပါသလား။ အခုလူတွေကဘာမှမစစ်ဘဲကာကွယ်ဆေးထိုးနေကြလို့ ရ မရသိချင်ပါတယ်။

  → ဖြေ။ ကာကွယ်ဆေးမထိုးခင် Covid Positive ဟုတ်၊မဟုတ် #ဓာတ်ခွဲစစ်ဆေးဖို့မလိုအပ်ပါ။ အကယ်၍ ကိုဗစ်ရောဂါ လက္ခဏာများ လက်ရှိခံစားနေရခြင်း သို့မဟုတ် ကိုဗစ်ရောဂါပိုး တွေ့ရှိရသူများတွင် ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းရမည့် အချိန်နှင့် ပတ်သက်၍ ဖော်ပြပါပိုစ့်၏ မေးခွန်း (၂) အဖြေတွင် ဖတ်ရှုပေးပါ။ https://www.facebook.com/ckcmohnugmm/posts/113457701006485 

ကိုဗစ်ရောဂါရှိသူများနှင့် ထိတွေ့မှုရှိသူများသည်လည်း #သီးခြားခွဲနေထိုင်ရမည့်ကာလကျော်လွန်မှသာ ကာကွယ်ဆေး သွားရောက်ထိုးနှံရပါမယ်။ သီးခြားနေထိုင်ရမည့်ကာလကို အောက်ပါအတိုင်းသတ်မှတ်ထားပါတယ်။ လက္ခဏာရှိသူ၏ မိသားစုဝင် (သို့မဟုတ်) လက္ခဏာရှိသူနှင့် ထိတွေ့ထားသူအတွက် လက္ခဏာ မပြသေးသော်လည်း (၁၀) ရက် သီးခြားနေထိုင်ရပါမည်။ ထိုရက်များအတွင်း လက္ခဏာပေါ်ပေါက်လာပါက ပေါ်လာသည့်နေ့ရက်မှ စတင်၍ (၁၀) ရက် သီးခြားနေထိုင်ရန် လိုအပ်ပါသည်။

🚩🚩🚩2. Covid ဖြစ်ပြီးတဲ့သူတွေ ဘယ်နှလကြာမှ ကာကွယ်ဆေးထိုးသင့်ပါသလဲရှင့်။ 

  → ဖြေ။ ကိုဗစ်ရောဂါ ခံစားရဖူးသူများတွင် ကာကွယ်ဆေးထိုးဖို့ စောင့်ဆိုင်းရမည့် အချိန်ကို ဖော်ပြပါပိုစ့်၏ မေးခွန်း (၂) အဖြေကို ကျေးဇူးပြု၍ ဖတ်ရှုပေးပါ။

https://www.facebook.com/ckcmohnugmm/posts/113457701006485 

🚩🚩🚩3. Covishield ကို 25.1.2021တစ်ကြိမ်ထိုးထားတယ်။ ဒုတိယအကြိမ်မထိုးဖြစ်ဘူး။

အခု ပြန်ထိုးမယ်ဆိုရင် Covishieldမရရင် တခြားကာကွယ်ဆေးထိုးလို့ရမလား။ တခြားကာကွယ်ဆေးက တရုတ်ဆေးဆိုရင် ထိုးရမလားသိချင်ပါတယ်။

🚩🚩🚩 Covishield တကြိမ်ထိုးထားတာ 6 လပြည့်ပါပြီ။ ခု sinopharm ထိုးလို့ရလားရှင့်။ covishield ပြန်ထိုးဖို့မလွယ်လို့ပါ။ 

 →  ဖြေ။ Covishield မရနိုင်တော့ပါက အခြားစိတ်ချရသော ကာကွယ်ဆေးဖြင့် ထိုးနှံရပါမယ်။ Sinopharm (Beijing Institute of Biological Products Co-Ltd) ကိုဗစ်ကာကွယ်ဆေးကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ #အရေးပေါ်အသုံးပြုခြင်းဆိုင်ရာခွင့်ပြုချက်ထုတ်ပေးပြီး ဖြစ်ပါတယ်။ Sinopharm (Wuhan Institute of Biological Products Co Ltd) ကာကွယ်ဆေးကိုမူ #အသိအမှတ်မပြုထားသေးပါ။ 

ထို့ပြင်ကာကွယ်ဆေး၏ အရည်အသွေးစိတ်ချရမှု ရှိ/မရှိ၊ စနစ်တကျ သိုလှောင်ထားမှု ရှိ/မရှိ၊ ဆေးထိုးရန် စနစ်တကျ စီစဉ်ထားမှု ရှိ/မရှိ၊ ဆေးထိုးပေးမည့်သူများ၏ စိတ်ချရမှုရှိ/မရှိ စသည်တို့ပေါ်မူတည်၍ ယုံကြည်ရနိုင်ပါက ထိုးနှံနိုင်ပါတယ်။

🚩🚩🚩4. အခု ထိုးပေးနေတဲ့ Sinopharm Vero Cell ကာကွယ်ဆေး ဟာ China only approve ဆိုတာ ဟုတ်ပါသလား ၊ ထိုးသင့်ပါသလား။ 

 → ဖြေ။ Beijing Institute of Biological Products Co-Ltd မှ ထုတ်လုပ်သော Sinopharm ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ #အရေးပေါ်အသုံးပြုခြင်းဆိုင်ရာခွင့်ပြုချက်ထုတ်ပေးပြီး ဖြစ်ပါတယ်။ Wuhan Institute of Biological Products Co Ltd မှ ထုတ်လုပ်သော Sinopharm ကိုဗစ်ကာကွယ်ဆေးကိုမူ  #အသိအမှတ်မပြုထားသေးပါ။ 

ထို့ပြင်ကာကွယ်ဆေး၏ အရည်အသွေးစိတ်ချရမှု ရှိ/မရှိ၊ စနစ်တကျ သိုလှောင်ထားမှု ရှိ/မရှိ၊ ဆေးထိုးရန် စနစ်တကျ စီစဉ်ထားမှု ရှိ/မရှိ၊ ဆေးထိုးပေးမည့်သူများ၏ စိတ်ချရမှုရှိ/မရှိ စသည်တို့ပေါ်မူတည်၍ ယုံကြည်ရနိုင်ပါက ထိုးနှံနိုင်ပါတယ်။

🚩🚩🚩5. ခန္ဓာကိုယ်အစိတ်အပိုင်း ခွဲစိတ်အစားထိုးထားသူများ ကိုဗစ်ကာကွယ်ဆေး ထိုးလို့မရဘူးလို့ သိထားလို့ပါ။ ဟုတ်ပါသလားခင်ဗျ။

 →  ဖြေ။ မဟုတ်ပါ။ ခန္ဓာကိုယ်အစိတ်အပိုင်း ခွဲစိတ်အစားထိုးထားသူများတွင် ကိုယ်ခံအားနည်းစေသော ဆေးများ ပေးထားရသဖြင့် ကာကွယ်ဆေးပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်မှု အားနည်းနေနိုင်သဖြင့် ကာကွယ်ဆေး၏အာနိသင်မှာ လျော့နည်းကောင်းလျော့နည်းနိုင်ပါတယ်။ သို့သော် ၎င်းတို့တွင် ကိုဗစ်ရောဂါဖြစ်ပွားပါက ပြင်းထန်စွာခံစားရနိုင်သဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ရန် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက အကြံပြုထားပါတယ်။ ၎င်းနှင့် အတူနေမိသားစုဝင်များကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးရန် အကြံပြုထားပါတယ်။ ကာကွယ်ဆေးထိုးပြီးသည့်နောက်ပိုင်းတွင်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာ ၆ ပေခြားနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ခြင်းစသည်တို့ကို လိုက်နာရမှာ ဖြစ်ပါတယ်။  

🚩🚩🚩6. Covid ကာကွယ်ဆေး တခုခုထိုးထားရင် တချို့တွေပြောကြတာ တကယ်လို့ covidဖြစ်ခဲ့ရင်တောင် အရမ်းမပြင်းထန်ဘူးလို့ပြောနေကြတာတွေ့လို့ပါ။ ဖြစ်နိုင်လားရှင့်။

 → ဖြေ။ ဖော်ပြပါ ပို့စ်မှ မေးခွန်း (၁) ၏ အဖြေကို ကျေးဇူးပြု၍ ဖတ်ပေးပါ။ https://www.facebook.com/ckcmohnugmm/posts/108203494865239 

🚩🚩🚩7. ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင် ကွမ်းယာရှောင်ဖို့လိုသလားဗျ။

 →  ဖြေ။ ထိုကဲ့သို့ ရှောင်ရှားရမည့် အကြံပြုချက်၊ လမ်းညွှန်ချက်များ မရှိသေးပါ။ 

🚩🚩🚩8. ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားပါ။ အခုက ကိုဗစ်ဖြစ်တာ ၁၈ ရက်ရှိပါပြီ။ လူက အကုန်လုံးပြန်လည်ကောင်းမွန်နေပါပြီ။ မေးချင်တာက ကိုဗစ်ပျောက်သွားလို့ရှိရင် အရင်ထိုးထားတဲ့ကာကွယ်ဆေးက အာနိသင်ဆက်ရှိဦးမှာလားသိချင်ပါတယ်။

 → ဖြေ။ ယခင်ထိုးခဲ့သော ကာကွယ်ဆေးကြောင့် ခုခံအား တစ်စုံတစ်ရာရှိနိုင်သော်လည်း ရောဂါပိုးဝင်ရောက်ခြင်းကို အပြည့်အဝမခုခံနိုင်သဖြင့် ယခုကဲ့သို့ ကူးစက်ခံရခြင်းဖြစ်ပါတယ်။ သို့ရာတွင် ကာကွယ်ဆေးထိုးထားသူများ၌ ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေနည်းကြောင်း တွေ့ရှိရပါတယ်။ ထို့ကြောင့် ယခင်ထိုးထားခဲ့သော ကာကွယ်ဆေးမှာ ယခုကူးစက်ခံရသော ဗိုင်းရပ်စ်မျိုးကွဲအတွက်ဆိုပါက ကူးစက်ခြင်းကို ကာကွယ်နိုင်သည့် အာနိသင် မရှိတော့ဟု ဆိုချင်ပါတယ်။ ထို့ကြောင့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာ ၆ ပေခြားနေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရပါမယ်။

#CovidVaccine

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...