Skip to main content

Covid အလွန်

 Covid တော့ ပျောက်ပီ (ပြန်မကောင်းနိုင်ဘူး) 
🔴အဲ့မေးခွန်းက ဖြစ်ပီးတဲ့ လူတိုင်း မေးနေကြပါတယ် ????
▪️ချောင်းဆက်ဆိုးတယ် ချွဲကျန်တယ်
▫️ဆက်ပီးမောနေတယ်
▪️စားရတာ အရသာ မရှိဘူး
▫️ဘာစားစား စားမဝင်ဘူး
▪️ခေါင်းကိုက်တယ် မှတ်ဉာဏ် သိပ်မကောင်းတော့ဘူး
အစရှိသဖြင့် ဖြစ်ကျန်တတ်ကြပါတယ်
🔸ဒီ လက္ခဏာတွေဟာ တယောက်နဲ့ တယောက် အနဲအများသာ ကွာမယ် အကုန်လုံးမှာ ဖြစ်ကြတာပါ
☑️ပထမ အဓိက ကတော့ စိတ်က အားအင် ကုန်သွားတာပါ ဒါ့ကြောင်​့ ပြန်နားလန် ထူစ အချိန်မှာ စိတ်ဓာတ်စာ လေးတွေ များများကျွေးရပါမယ် 
🟢ဥပမာ Social Media မသုံးပဲ နေနိုင်သလောက် နေပါ ရုပ်ရှင်ကြည့်ပါ စာဖတ်ပါ မိသားစုတွေနဲ့ စကားပြောပါ သူငယ်ချင်းတွေနဲ့ စကားပြောပါ
အခုလိုမျိုး ရောဂါဆိုးကြီးကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပေးနိုင်အောင် ကူညီခဲ့တဲ့ သားသမီး မိဘ သူငယ်ချင်း တို့ကို ကျေးဇူးတင်ပါ မိမိကိုယ်ကိုလဲ ဂုဏ်ယူပါ ကိုယ်ခံစားခဲ့ရသလို ခံစားနေရတဲ့ လူတွေက်ို စာနာပါ ထောက်ပံ့ပါ 
( ဆဲသင့်သော လူများကိုလဲ အားရပါးရ ဆဲပါ)
အိပ်ရေး ဝလင်အောင် အိပ်ရပါမယ် 
အလုပ်ကို တတ်နိုင်သမျှ အနားယူရပါမယ်
☑️☑️ဒုတိယ ခန္ဓာကိုယ် အတွက်ပါ
Covid ဖြစ်ပီးတဲ့ လူတယောက်ရဲ့ အဆုတ်ဟာ
တော်ရုံပျက်စီးထားတာ မဟုတ်ပါဘူး
Oxygen ကျခဲ့သည် ဖြစ် မကျခဲ့သည် ဖြစ်စေ
လေ့ကျင့်ခန်း လုပ်ဖို့ လိုပါတယ်
🔴ဒီမှာပြောစရာရှိတာက Oxygen ဆက်ရှူဖို့ လိုသလားဆိုတာပါပဲ
မရှူပဲနေနိုင်လေ ကောင်းလေပါ 
လိုအပ်လို့ရှူရင်တောင် တတ်နိုင်သမျှ လေးကျင့်ခန်း လုပ်ရက်နဲ့ ရှူပါ
👇 အောက်မှာ ပုံလေးတွေ ဆွဲထားပေးပါတယ်
ပုံမှန် လေ့ကျင်းခန်းကနေ စကျင့်ပါ
ပီးရင် ပြင်းထန် လေ့ကျင့်ခန်း လုပ်ပါ
🔶ပြင်းထန် ဆိုပေမဲ့ အရမ်းကြောက်စရာ မလိုပါဘူး အသက်ရှူ အောင့် ချိန် ၂/၃ second ပိုတာတခုပါပဲ 
ချွဲကပ်ရင်လဲ လေ့ကျင့်ခန်း သက်သက် လုပ်ရပါမယ်
နေပုံထိုင်နည်းလေးတွေ ပါပါမယ်






♥️Oxford က Patient  information Leaflet ကိုမှီးပြီး ပြန်ရေးထားပေးတာပါ 
Crd : Dr. Oak Kaung Zan
Ref

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...