Skip to main content

Happy Hypoxia (Silent Hypoxia) အောက်စီဂျင် ကျသော်လည်း သိပ်မမောခြင်း

 ကိုဗစ်ရဲ့ အရေးကြီးချိန် 
Happy Hypoxia (Silent Hypoxia) အကြောင်း  
(အောက်စီဂျင် ကျသော်လည်း သိပ်မမောခြင်း) 
ဒီအဖြစ်အပျက်လေးကို အရင်ဆုံးလေ့လာကြည့်ပါ။ ကျမတို့ ဆရာဝန်တွေအားလုံး နေ့စဉ်တွေ့နေရတဲ့ အဖြစ်တွေပါ။ လူနာက Viber Video Call ဖြင့် ကုသမှု ခံယူနေပါတယ်။ အိမ်သားတစ်ယောက်က ပြောတယ်။ 
"ဆရာမရေ လူနာက ကိုဗစ် ပေါ့စတစ် ဖြစ်တာ ၁ ပတ်ရှိပြီ။ အခု အောက်စီဂျင်တိုင်းထားတာ ၈၀ လောက်ထိပဲ ကျသေးတယ်။ မောလည်း မမောဘူး ဆရာမ။ ပုံမှန် စားနိုင်တယ်။ စကားလည်းပြောတယ်။ အိမ်သာထသွားပြီးမှ အရမ်းမောသွားတယ်။ သိပ်တော့ မဆိုးသေးပါဘူးနော်။" 
ဒီဘက်က ဆရာဝန်ကတော့ အရမ်းကိုစိတ်ပူနေရပြီ။ သူတို့ကတော့ အရှေ့မှာ ဂျောက်ကြီးကြီး တစ်ခု ဘွားကနဲ ပေါ်လာလိမ့်မယ် ဆိုတာ လုံးဝမသိရှာဘူး။ "ဒါကို "Happy Hypoxia" or Silent Hypoxia"လို့ခေါ်ကြတယ်။ ဆိုလိုတဲ့ Happy အဓိပ္ပါယ်က မမောလို့၊ မစိုးရိမ်သေးဘဲ "အေးအေးဆေးဆေး ပျော်နေတုန်း"........
သို့သော်လည်း ဆရာဝန်က Happy မဖြစ်နိုင်ဘဲ စိုးရိမ်စိတ် အရမ်းဖြစ်နေရပြီ။ နောက်ကျနေပြီလို့ မပြောရက်ပါဘူး။ ပိုဆိုးတာက ဘယ်ဆေးရုံ တက်ခိုင်းရမလဲ။ ဘယ်လို ညွှန်ကြား ပေးရမလဲ။
ဒါဟာ ကိုဗစ်ရဲ့ ထူးခြားချက်ပါပဲ။ ကိုဗစ် ရောဂါ ခံစားရသူတွေမှာ တွေ့ရတဲ့ အလွန်ထူးခြားပြီး mechanism အသေးစိတ် မရှင်းပြနိုင်သေးတဲ့ တွေ့ရှိချက်တစ်ခု ဖြစ်ပါတယ်။ 
နာမည်က ဘာလို့ "Happy"လို့ ခေါ်သလဲ ဆိုတာ အထက်မှာ ပြထားတဲ့လူနာရဲ့ နမူနာ ဖြစ်စဉ်ကို လေ့လာလိုက်ရင် သိလောက်ပါတယ်။ တကယ်တော့ Hypoxia ရဲ့ လက္ခဏာတွေ ဖြစ်တဲ့ မောတဲ့ခံစားချက်တွေဟာ warning sign for a life threatening condition အရေးကြီးတဲ့ အချက်ပေးခေါင်းလောင်းတစ်ခုပင် ဖြစ်ပါတယ်။ 
တွေ့နေကျ အခြားရောဂါတွေမှာ..... ဥပမာ နှလုံးရောဂါ ၊ ပန်းနာ ၊ အဆုပ်ရောဂါတွေမှာ မောရင် SPO2 ၉၄% အောက် ၊ ၉၀% အောက်ကျရုံနဲ့ မောတဲ့လက္ခဏာတွေကို လူတိုင်းတွေ့မြင်နိုင်တယ်။ ဟောဟဲ ဟောဟဲ ဆိုပြီး အသက်ရှူနှုန်း မြန်မယ်၊ အသက်ကိုအားစိုက် ပင့်ရှူနေမယ်၊ လည်ပင်းကြောတွေထောင်နေတဲ့အထိ ဆွဲရှူနေရမယ်၊ လူနာက ရုန်းကန်ရင်း သိပ်မောတယ် လို့ ပြောတာတွေ တွေ့ရှိရပါမယ်။
ဥပမာ ။။ အောက်စီဂျင် ၉၄% အောက်ကျပြီဆိုရင် အသက်ရှူနှုန်းကလည်း တစ်မိနစ်မှာ ၂၄ ကြိမ် ထက် ပိုမြန်နေတာ တွေ့ရမယ်။ ဒါက ထုံးစံပါ ။ ဒါဆိုရင် မောတာနဲ့ အောက်စီဂျင်ကျတာက ကိုက်ညီမှုရှိတယ်။
ကိုဗစ်ရောဂါမှာ ကျတော့ အောက်စီဂျင် SPO2 (၈၀%) လောက်ကျနေချိန်မှာ အသက်ရှူနှုန်းကတော့ တစ်မိနစ်မှာ ၂၄ ကြိမ် မကျော်ဘူး။ ပုံမှန်နီးပါး စကားတွေ ဆက်တိုက်ပြောနေနိုင်တာ အချို့တွေ့ရလိမ့်မယ်။ ဖုန်းပွတ်ကောင်းတုန်း တွေ့ရမယ်။ စက်များ မှားနေမလား ဆိုပြီး ထင်မိတတ်တယ်။ 
ဒါကို Happy Hypoxia လို့ခေါ်ပါတယ်။
*********************************
Happy hypoxia ကဘာလို့အရေးကြီးတာလဲ 
အောက်စီဂျင်ကျသော်လည်း မမောသေးဘူး။ မမောတော့ warning ခေါင်းလောင်းမတီးတော့ဘူး။ ဒါကြောင့် မီးအကြီးကြီး လောင်မှ ထလုပ်ကြတဲ့ အဖြစ်မျိုးလိုပါပဲ။ စ Action ယူတာ၊ စကုတာ နောက်ကျတတ်တယ်။ စောစော အောက်စီဂျင်ကျမှန်းသိမှ သိပ်မဆိုးသွားခင် အချိန်မှီ လုပ်နိုင်ပါမယ်။ 
*********************************
Happy Hypoxia ဖြစ်နေတာ သိဖို့ အရေးကြီးပါတယ်။ ဘယ်လိုသိရှိအောင်လုပ်ရမလဲ။
အောက်စီဂျင်ကျမှန်း ဘယ်လိုသိနိုင်မလဲ ဆိုတော့ pulse oximeter လို့ခေါ်တဲ့ ကိရိယာလေးကို လက်ထိပ်မှာ တပ်ကြည့်ရင် ပေါ်လာတဲ့ အဖြေကို အလွယ်တကူ ဖတ်ကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။ ဒီစက်လေးမှာ နှလုံးခုန်နှုန်း ကိုလည်း သိရပါမယ်။ ပုံမှန်က တော့ ၉၅% နဲ့ အထက်မှာရှိရပါမယ်။ 
ဒါကြောင့် မမောလဲ မကြာခဏ တိုင်း ကြည့်နေရမယ်။ အသက်ကြီးသူတွေ အရမ်း မှိန်းပြီး အအိပ်များနေရင် တိုင်းကြည့်ပါ။ လူက နေကောင်းနေပုံ ရရင်လည်းတိုင်းနေရမယ်။ ၂-၄ နာရီခြား တိုင်းပါ။ နားနေစဉ် ကောင်းရင်လည်း ဒီထက်စောစောသိချင်ရင် အခန်းထဲမှာ လမ်း၁ ပတ်လောက် လျှောက်ပြီတာနဲ့ တိုင်းကြည့်ပါ။ ကျတာကို ပိုပြီးစောစောသိရပါမယ်။  
၉၄% အောက်ကျရင် စပြီးလိုအပ်တဲ့ အရေးကြီးတဲ့ဆေးတွေ အထူးသဖြင့် အယောင်ကျဆေးတွေ ပေးရမယ်။ လူမောတာမကြည့်ဘဲ တိုင်းစက်က အဖြေကိုသာအရင်စောင့်ကြည့်ပါ။ ဒီအချက်က အလွန်အရေးကြီးပါတယ်။ ၉၄% အောက်ဆို အရေးကြီးပြီ ဆိုတာမသိကြဘူး။ တဖြည်းဖြည်း ၈၀% အောက်ကျလာပြီး ရုတ်တရက် သေသွားတတ်ပါတယ်။ 
ဘယ်အချိန် ဆရာဝန်ဆီ အကြောင်းကြားသင့်သလဲ 
အောက်စီဂျင် ၉၄% အောက် ကျခါစ ၊ ၉၀% ထက်အောက်မကျခင် စောစော အကြောင်းကြားရပါမယ်။ အဆုပ်ယောင် သက်သာဆေးတွေ အချိန်မှီပေးကြည့်နိုင်ပါတယ်။ 
Hypoxia ရဲ့ အမောဖောက်ခြင်း အပြင်အခြားအရေးကြီးတဲ့ လက္ခဏာတွေ သိထားသင့်ပါတယ်။ သွေးခုန်နှုန်း သိပ်မြန်တာ၊ သိပ်နှေးသွားတာ၊ မမှန်တာတွေ တွေ့ရမယ်။ သွေးပေါင် တက်မယ်၊ နောက်တော့ ကျမယ်။ ချွေးအရမ်း ပျံမယ်။ ခြေဖျားလက်ဖျား ပြာလာမယ်။ အရေပြားမှာ အနီ၊ ခရမ်း အကွက်ကြားတွေပေါ်လာမယ် ။ သိပ်မှိန်းမယ်၊ အားမရှိဘူး ဖြစ်မယ်။ ဒီလက္ခဏာတွေရှိရင် လူနာက သိပ်မောမနေရင်လည်း သွေး အောက်စီဂျင်တိုင်း ကြည့်ပေးရပါမယ်။ 
အားလုံး Happy hypoxia (silent hypoxia) ကို အထူးသတိထားပြီး ရှာဖွေနိုင်ခြင်းဖြင့် လူနာတွေကိုကယ်တင်နိုင်ကြပါစေ။ 
Prof Dr Than Than Aye.

Comments

Popular posts from this blog

Oထygen concentrator များနှင့်ပတ်သတ်၍

 Oxygen concentrator တွေကို +positive သမား တစ်ယောက် သုံးထားပြီး သားရူပြီး သား စက် ကိုနောက်ထပ် တစ်ယောက်  ရှု ရင် စက်ကို ပြန် သန့်စင် ဖို့လိုပါသလားဗျ။ စက်သန့်ရှင်းရေး ဘယ်လို လုပ်ရပါသလဲခင်ဗျာ။ နားလည် သူများ တစ်ချက်လောက်ဖြေပေးပါလာခင်ဗျာ။ ဆရာတစ်ယောက် ဖြေပေးထားတဲ့ ဟာ လေးပါ တစ်စုတည်း ဖတ်လို့ရအောင် edit ပေးထားပါတယ်။ Oxygen Concentrator စက်အားပိုးသန့်စင်ခြင်း Oxygen concentrator မှာ ပိုးသန့်စင်ရန်စဉ်းစားဖို့ (၁) စက်အပြင်ပိုင်း၊ (၂) လေစစ်ဇကာ filters များ၊ (၃) mask နဲ့ လေရှုပြွန် cannula and tubing (၄) ရေအိုး water trap humidifiers (၅) စက်အတွင်းပိုင်း ဆိုပြီး (၅) ပိုင်းခွဲစဉ်းစားပါမယ်။ ပထမတစ်ယောက်သုံးပြီး နောက်တစ်ယောက်မသုံးခင်မှာဖြစ်စေ၊ အခြားနေရာကသယ်ယူလာတာဖြစ်စေ #ပိုးသတ်ပြီးမှသုံးစွဲသင့်ပါတယ်။ ပိုးသန့်စင်မယ့်သူဟာ #လူနဲ့ဝေးရာမှာ mask နဲ့လက်အိတ်သေချာဝတ်ပြီးမှ ပိုးသန့်စင်သင့်ပါတယ်။ (၁) စက်အပြင်ပိုင်းကို အစွန်းချွတ်ဆေးမပါတဲ့ဆပ်ပြာရည်စိမ်ထားတဲ့အဝတ်နဲ့သုတ်နိုင်ပါတယ်။ ပြီးတာနဲ့ kitchen tower စက္ကူလိပ်နဲ့ရေပြန်သုတ်နိုင်ပါတယ်။ စက်ကိုအသုံးပြုနေစဉ်မှာ ရေစိုအဝတ်နဲ့သန့်စင်ခြင်း #မပြုလုပ်ပါန...

Management of COVID-19 patients

Symptoms တွေက အားလုံးသိပြီးသားဆိုတော့ အဲ့အတိုင်းပဲ... Isolation Guide (WHO) Symptomatic patients with suspected or confirmed case ဆို symptoms စတဲ့ရက်ကနေ 10 days & အနည်းဆုံး symptoms free 3 days... Family/contact (no symptom) ဆိုရင် 10 days (symptom စခဲ့ရင် ထုံးစံအတိုင်း စတဲ့ရက်ကနေ next 10 days) isolation လုပ်ရမယ်... ခုအနေအထားနဲ့တော့ ကိုယ့်အသိစိတ်နဲ့ကိုယ် Home Q ပါတဲ့... Investigation Optional ပဲ... facilities ရှိရင်လုပ် မရှိရင် မလုပ်နဲ့...လုပ်မယ်ဆိုရင်... Rapid test / PCR CXR (mild ဆို မရိုက်လည်းရ... moderate-severe ဆို ရိုက်သင့်.. ARDS or bacterial pneumonia ဆိုးနေပြီလား သိရအောင်) Basic blood test တွေ FBC RBS CRP Creatinine ဖောက်... Fever ဖြစ်တဲ့အတွက် Malaria & Dengue ကိုလည်း လွတ်မသွားအောင် ထည့်စဥ်းစားသင့် Treatment Mild ဆိုရင် supportive & symptomatic ပဲ... Supportive မှာ nutrition & hydration က အရေးကြီး *highlight နာမည်​ကြီးနေတဲ့ Vitamins အားဆေးတွေ လိုလားဆို... nutrition သာကောင်းရင် မလိုဘူး.. သောက်ချင်လည်း သောက်လို့ရ... no problem... Symptomatic အတွက်က fever cough m...

မှောက်အိပ်တယ်ဆိုတာ

လူကောင်းတယောက် ပက်လက်အိပ်တဲ့အခါ လျှာက အနောက်ဘက်ကို လျှောကျပြီး အသက်ရှုလမ်းကြောင်း ကျဉ်းသွားတယ်။ အဲဒီအခါ ဟောက်သံထွက်လာလို့ ကိုယ်လည်း အသက်ရှုမဝ၊ ဘေးလူလည်း အိပ်မရ ဖြစ်တယ်။  (sleep apnoea) နေမကောင်းတဲ့ နှာစေးချောင်းဆိုးဖြစ်တဲ့အခါ ပက်လက်အိပ်ရင် နှာခေါင်းထဲက အရည်က အတွင်းဘက် အောက်ဖက်ကို စီးကျတယ်။ Posteria Nasal Drop လို့ခေါ်တယ်။ အဲဒီအခါ ချောင်းဆိုးတော့ အိပ်မရပြန်ဘူး။ နေကောင်းသည်ဖြစ်စေ နေမကောင်းသည်ဖြစ်စေ ကျွန်တော်က မှောက်အိပ်တတ်တဲ့ အကျင့် ရှိပြီးသားပါ။ စံနစ်တကျ အိပ်တတ်ရင် အဆင်ပြေပါတယ်။ ခု Covid လူနာကို မှောက်အိပ်ခိုင်းတော့ အဆင်မပြေ မအိပ်တတ် အုန်းလွဲတယ်ဆိုတာတွေ တွေ့ရတယ်။ ခေါင်းအုံးကို ရင်ဘတ်အောက်တည့်တည့် ထားရပါတယ်။ "ဗိုက်နေရာအထိ မရောက်ရပါဘူး'။  ရင်ဘတ်က မြင့်ပြီး ဗိုက်က နိမ့်ရပါတယ်။ ဒါမှ ဝမ်းတွင်းကလီစာတွေဟာ အောက်ဘက်ကို ရွေ့သွားပြီး ရင်ခေါင်းမြှေး Diaphragm ကို အပေါ်ဘက် တွန်းမထားနိုင်တော့ပါ။ အဆုတ်ရဲ့ လွတ်လပ်စွာ ကျယ်ပြန်နိုင်ခွင့် ပိုရပါတယ်။ (ပက်လက်မှာ ကလီစာ viscera တွေဟာ သွေးပြန်ကြောမကြီး inferior vena cava ကို ဖိထားတာမို့ မှောက်ထားရင် ဒီဖိအား သက်သာပါတယ်။) နောက်ခေါင်းအုံးတခုကိုတော့ နဖူးန...