Skip to main content

ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ (27.7.21)



1.🚩🚩🚩 အခု covid က 21 ပေ အထိ ပြန့်နိုင်တယ်ဆိုတာ ဟုတ်ပါသလား။

2.🚩🚩🚩 ခုပိုးကလေထဲကနေကူးနိူင်လားရှင့် တယောက်နဲ့တယောက်ဘယ်လောက်အကွာကနေဆိုစိတ်ချရလဲ

ဖြေ - ကိုဗစ်သည် ၂၁ပေအထိ ပြန့်နိုင်သည်ဆိုသည်မှာ #မဟုတ်ပါ။ CDC ၏ ဂျူလိုင် ၂၀၂၀ ထုတ် ဂျာနယ်တစ်ခုတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့၊ Huoshenshan ဆေးရုံတွင်ပြုလုပ်သည့် ဆေးရုံအတွင်း ကိုဗစ်ပြန့်ပွားမှုကိုသိရှိရန် ပြုလုပ်သော လေ့လာမှုတစ်ခုအရ ကိုဗစ်ပိုးသည် လေထဲတွင် ၁၃ပေထိပြန့်နိုင်သည်ဟုခန့်မှန်းကြသည်။ သို့သော် ထိုလေ့လာမှုသည် မျက်နှာပြင်များပေါ်တွင် အသက်ရှင်နေသောပိုးကောင်ရေပမာဏမည်မျှရှိသည်ကိုမရှာဖွေနိုင်သလို ကိုဗစ်ပိုးပြန့်နိုင်သည့် အကွာအဝေး အတိအကျကိုလည်း မပြောနိုင်ပါ။ 

ကိုဗစ်ကိုကာကွယ်ရန် ယခုအသိအမှတ်ပြုထားသော ခပ်ခွာခွာနေရမည့်အကွာအဝေးမှာ #၆ပေအကွာဖြစ်ပါသည်။

3.🚩🚩🚩 Positiveဖြစ်ပြီး ကောင်းသွားရင်ရော carrierဖြစ်နိုင်ပါသလားရှင်။

4.🚩🚩🚩 မင်္ဂလာပါရှင် ကိုဗစ်က ဖြစ်ပီးသွားသူက နောက်တချိန် ထပ်မံကူးစပ်ခံရနိုင်တယ်.. ဒါပေမဲ့ နောက်တကြိမ်ကြရင် ပထမအကြိမ်က ဝေဒနာလောက်မခံစားရတော့ဘူးဆိုတာမှန်ပါသလားရှင်.. သေဆုံးနိုင်တဲ့အထိရော မဖြစ်နိုင်တော့လားသိပါရစေ

5.🚩🚩🚩 အိမ်မှာ တမိသားစုလုံး ဖြစ်ပြီး တဲ့သူတွေ ရှိသလို ဖြစ်နေဆဲလူတွေရှိပါတယ် သီးသန့်လဲ နေလို့ အဆင်မပြေကြတော့ပါဘူး ကျမမှာ ကလေး ၁နှစ် ၃လသားလေးရှိလို့ပါ ကျမကတော့၁၆ရက် ကလေးနဲ့ ခွဲနေပြီး အခုအတူပြန်နေနေပါပြီ ကလေးကလဲ ၂ရက်လား ဖျားပြီးပါပြီ အိမ်ကလူတွေကနေတဆင့် ကလေးကို ထပ်ကူးနိုင်လားရှင့် ဘယ်လိုလုပ်ဆောင်ရမလဲ ရှင့်

6.🚩🚩🚩 ကျွန်မ သည် ၂-၇-၂၀၂၁ တွင်အနံပျောက်ပါသည် အိမ်တွင် ၁၄ ရက် isolate လုပ်ပြီးနေပါသည် ယခုထိ အခန်းသီးသန့်ခွဲနေပါသည် အခန်းအပြင်ထွက်ပါက marks တပ်ပါသည် ယခု ကျွန်မအမေ ၈၁ နှစ် သည် ၂၂-၇-၂၀၂၁ မှစချောင်းဆိုး နှာမွန်ပါသည် မဖျားပါ ယနေ့ထိအနံမပျောက်ပါ အမေ ကို ကူးစက်မှုရှိနိုင်ခြင်းရှိမရှိသိချင်လို့ပါဆရာ

ဖြေ - CDC ၏အဆိုအရ ကိုဗစ်ဖြစ်ပြီးပြန်ကောင်းလာသူများသည် အခြားသူများကို ပြန်လည် #မကူးစက်စေနိုင်တော့ပါ။

သို့သော် ပြန်ကောင်းလာသူများသည် နောက်တစ်ကြိမ်ပြန်လည်ကူးစက်နိုင်ခြေနည်းသော်လည်း ပြန်လည်ကူးစက်သည့်ဖြစ်စဉ်များရှိပါသည်။ ထို့သို့ ပြန်လည်ကူးစက်ခံရပါက အခြားသူများသို့ ထပ်ဆင့်ကူးစက်နိုင်ပါသည်။

ထို့ကြောင့် ပြန်လည်ကောင်းမွန်လာသူများသည်လည်း mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ၆ပေခွာနေခြင်း၊ လက်ဖြင့် မျက်စိ နှာခေါင်း ပါးစပ်တို့ကို မထိတွေ့ခြင်း၊ လူထူထပ်သောနေရာ အလုံပိတ်သောနေရာများကို တတ်နိုင်သမျှရှောင်ကြဉ်ခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါသည်။

နောက်တစ်ကြိမ် ကိုဗစ်ရောဂါကူးစက်ခံရပါက ပထမအကြိမ်ထက် ရောဂါပြင်းထန်မှုရှိမရှိသည် ကိုယ်ခံစွမ်းအားပေါ်မူတည်ပါသည်။

ကိုဗစ်ဖြစ်နေသူများမှတစ်ဆင့် ကလေးအားမကူးစက်စေရန် 

 -ကလေးအား နို့တိုက်စဉ်တွင် မိခင်သည် mask တပ်ရန်

-ကလေးကို မကိုင်တွယ်ခင်နှင့် ကိုင်တွယ်ပြီးတိုင်းတွင် လက်သေချာဆေးရန်

 -ကလေးထားမည့် နေရာများနှင့် အသုံးအဆောင်များကို သန့်ရှင်းရေးသေချာလုပ်ရန်

 -ကိုဗစ်ဖြစ်နေသူများသည် အတတ်နိုင်ဆုံး ကလေးနှင့် ၆ပေခွာနေရန် လိုအပ်ပါသည်။

7.🚩🚩🚩 covid ပိုးဟာ ရေထဲကနေတစ်ဆင့်ကူးပါသလား ဥပမာ covid ရောဂါရှိသူက ရေကန်ထဲဆင်းကူးပြီး တံတွေး နှပ် သလိပ် ဆီးစွန့်ထုတ်မိပြီး ရေကန်ထဲအတူရေကူးနေသူရဲ့ ပါးစပ် မျက်လုံးကနေ ၎င်းရေဝင်သွားရင် ကူးစက်နိုင်ပါသလား

ဖြေ - ယနေ့အထိ ကိုဗစ်သည် #ရေမှတစ်ဆင့်ကူးစက်သည်ဟုမတွေ့ရှိသေးပါ။ သို့သော် ရေကူးကန်၊ ရေကန်တို့တွင် လူထူထပ်နေပါက (သို့မဟုတ်) ကိုဗစ်ပိုးရှိသူနှင့် ရေကူးကန်၊ ရေကန်တို့တွင် #အနီးကပ်နေမိပါက လေထဲမှတစ်ဆင့် ကူးစက်နိုင်ပါသည်။

#CovidTransmission

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...