Skip to main content

မှောက်အိပ်တယ်ဆိုတာ



လူကောင်းတယောက် ပက်လက်အိပ်တဲ့အခါ လျှာက အနောက်ဘက်ကို လျှောကျပြီး အသက်ရှုလမ်းကြောင်း ကျဉ်းသွားတယ်။ အဲဒီအခါ ဟောက်သံထွက်လာလို့ ကိုယ်လည်း အသက်ရှုမဝ၊ ဘေးလူလည်း အိပ်မရ ဖြစ်တယ်။ 
(sleep apnoea)
နေမကောင်းတဲ့ နှာစေးချောင်းဆိုးဖြစ်တဲ့အခါ ပက်လက်အိပ်ရင် နှာခေါင်းထဲက အရည်က အတွင်းဘက် အောက်ဖက်ကို စီးကျတယ်။
Posteria Nasal Drop လို့ခေါ်တယ်။ အဲဒီအခါ ချောင်းဆိုးတော့ အိပ်မရပြန်ဘူး။
နေကောင်းသည်ဖြစ်စေ နေမကောင်းသည်ဖြစ်စေ ကျွန်တော်က မှောက်အိပ်တတ်တဲ့ အကျင့် ရှိပြီးသားပါ။
စံနစ်တကျ အိပ်တတ်ရင် အဆင်ပြေပါတယ်။
ခု Covid လူနာကို မှောက်အိပ်ခိုင်းတော့ အဆင်မပြေ မအိပ်တတ် အုန်းလွဲတယ်ဆိုတာတွေ တွေ့ရတယ်။
ခေါင်းအုံးကို ရင်ဘတ်အောက်တည့်တည့် ထားရပါတယ်။
"ဗိုက်နေရာအထိ မရောက်ရပါဘူး'။ 
ရင်ဘတ်က မြင့်ပြီး ဗိုက်က နိမ့်ရပါတယ်။
ဒါမှ ဝမ်းတွင်းကလီစာတွေဟာ အောက်ဘက်ကို ရွေ့သွားပြီး
ရင်ခေါင်းမြှေး Diaphragm ကို အပေါ်ဘက် တွန်းမထားနိုင်တော့ပါ။
အဆုတ်ရဲ့ လွတ်လပ်စွာ ကျယ်ပြန်နိုင်ခွင့် ပိုရပါတယ်။
(ပက်လက်မှာ ကလီစာ viscera တွေဟာ သွေးပြန်ကြောမကြီး inferior vena cava ကို ဖိထားတာမို့ မှောက်ထားရင် ဒီဖိအား သက်သာပါတယ်။)
နောက်ခေါင်းအုံးတခုကိုတော့ နဖူးနား နှာခေါင်းအလွတ်နေရာမှာ  ခေါက်ထားပါတယ်။ ပုံအတိုင်းပေါ့။ 
နှာခေါင်းဟာ ဖိမိမနေတဲ့အတွက် nasal pronge, mask တို့ ပုံမပျက်ဘဲ အောက်စီဂျင် ရှုနိုင်ပါတယ်။ ခေါင်းစောင်းစရာ မလိုလို့ အုန်းလွဲတာ မဖြစ်သလို posteria Nasal Drop လည်း မရှိတော့ပါ။
လက်ကတော့ အပေါ်ဘက် ခေါင်းအုန်းပေါ်ဖြစ်ဖြစ် ခေါင်းအုန်းဘေးဖြစ်ဖြစ်  ထားတဲ့အခါ ပုခုန်း shoulder joint ဟာ ပုံမှန် သက်တောင့်သက်သာ ဖြစ်ပါတယ်။ 
တခ်ိျန်တည်းမှာ လက်ကို မြေှာက်ထားတဲ့အတွက် total lung capacity ကြီးလာတယ်။ အဆုတ်ကျယ်ပြန့်မှုရှိလို့ လေဝင်ဧရိယာ ပိုကောင်းလာပါတယ်။
ဘေးကို မြှောက်ပြီး ကားထားလို့ ရပါတယ်။ ဒီ၂ခုမှာ ကိုယ်သက်တောင့် သက်သာဖြစ်ဖို့ ကြွက်သားတွေ တင်းမနေဘဲ ဖြေလျော့နေတဲ့ အနေအထားကို စိတ်ကြိုက် ပြင်ယူနိုင်ပါတယ်။
ဆန့်ပြီး ဘေးချထားတာကတော့ anatomical position မဟုတ်လို့ အဆင်မပြေပါ။ total lung capacity လည်း များမလာပါဘူး။
ခါးဘေးအထိ ဆန့်ပြီး ချထားတဲ့အခါ လက်ဖမိုး မှောက်သည်ဖြစ်စေ လှန်သည်ဖြစ်စေ ထားရတာမို့ လက်လိမ်နေတဲ့ အနေအထားမှာ  ကြွက်သားတွေ တင်းပြီး အချိန်အနည်းငယ်အတွင်းမှာ disconfort ရတတ်ပါတယ်။
ဖြေထောက်မှာ ထားရတဲ့ ခေါင်းအုန်းက ဒူးခေါင်း အနည်းငယ်ကွေးစေဖို့ပါ။ ဒူးခေါင်းက အဆန့်နေရတဲ့အခါ ခန္ဓာကိုယ် တည်ဆောက်ပုံအရ အနည်းငယ်လည်ပြီး lock position ဖြစ်တယ်။ ကြာရင် ဒူးနာပါတယ်။ 
အနည်းငယ်ကွေးထားတဲ့အခါ unlock posionဖြစ်ပြီး သက်သာသလို ခြေဖျားတွေဟာ ဘေးကို လိမ်ပြီး ချထားသလို မဖြစ်ဘဲ အလိုက်သင့် ဖြေလျှော့နေတဲ့ position ပါ။
လူတယောက် အိပ်တယ်ဆိုတာ ရှိတဲ့ ကြွက်သားတွေ ဖြေလျှော့တဲ့ အနေအထား resting position မှ အိပ်ပျော်တာပါ။
ကိုယ်တိုင် မှောက်အိပ်ကြည့်လိုက်စမ်းပါ။
Credit Dr. Maung Maung Myint

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...