Skip to main content

ကိုဗစ်ကာကွယ်ခြင်းနှင့်Vaccineမေးခွန်းများ (27.7.21)



🚩🚩🚩1. ဆံပင်မှာ ရောဂါကပ်နိုင်သလား သိချင်ပါတယ်။

- ဆံပင်တွင် ကပ်ငြိသော ကိုဗစ်ပိုးမှတစ်ဆင့် ကူးစက်ဖို့ရာ မဖြစ်နိုင်သလောက် ဖြစ်ပါသည်။

- ကိုဗစ်ပိုးသည် ခန္ဓာကိုယ်အပြင်ဘက်၊ သက်မဲ့အရာပေါ် ရောက်သွားပြီးသည်နှင့် အားပျော့သွားပြီ ဖြစ်ပါသည်။

- စိတ်ပူတတ်လျှင် အပြင်မှ ပြန်လာတိုင်း ရေချိုးခေါင်းလျှော်ပါ၊ ဒါမှမဟုတ် အပြင်သွားသည့်အချိန်တွင် ခေါင်းစွပ် (#surgical cap) ဆောင်းပါ။

🚩🚩🚩2. Covid positive တစ်အိမ်လုံး ဖြစ်ခဲ့ပါတယ်၊ Covid ဖြစ်ပြီး Day 18 ပါ၊ အခု တစ်အိမ်လုံး negative ပြန်ဖြစ်ပါပြီ၊ အိမ်ကို ပိုးသတ်ဆေးဖျန်းစရာလိုသေးလား သိချင်ပါတယ်၊ လိုတယ်ဆိုလျှင် day ဘယ်လောက်မှာ ဖျန်းရမလဲ သိချင်ပါတယ် ရှင့်။

- #လူနာပြုစုခြင်းပြီးဆုံးပါက (သီးသန့်နေဖို့ ရက်ပြည့်သွားပြီးပါက) နေအိမ်တစ်ခုလုံး ပိုးသတ်သန့်စင် သန့်ရှင်းရေး ဆောင်ရွက်သင့်ပါသည်။

- နေအိမ်ပိုးသတ်သန့်ရှင်းပုံကို ဤပိုစ့် မေးခွန်း ၅ တွင် အသေးစိတ် ဖတ်ရှုပေးပါ။

https://www.facebook.com/ckcmohnugmm/posts/117989200553335 

🚩🚩🚩3. ဒါဆိုရင် ကျုပ်တို့တိုက်မှာ ပိုးသေမယ်ထင်ပြီး ဓာတ်လှေခါးထဲ ခြင်ဆေးတွေ ဖျန်းနေကြတာ၊ ကိုဗစ်ပိုး မသတ်နိုင်ဘူးပေါ့နော်? သိရင် ရှင်းပြပေးစေချင်ပါတယ်

- ကိုဗစ်ပိုးသတ်ရန် ခြင်ဆေးဖျန်းခြင်းကို ကျွမ်းကျင်ပညာရှင်များမှ ညွှန်းဆိုထားခြင်း မရှိပါ။

❌ ဓာတ်လှေခါးထဲ ခြင်ဆေးဖျန်းလျှင် ခြင်ဆေးငွေ့ရှူရှိုက်မိရာမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်နိုင်သောကြောင့် ထိုသို့ #မလုပ်ရပါ။

👉 #လက်တွေ့ပြုလုပ်ရန်မှာ လူအများ မကြာခဏ ထိတွေ့မှုများသော ဓာတ်လှေကားခလုတ်နှင့် လက်ရန်းများကို အနည်းဆုံး Alcohol 70% ပါသည့် အရက်ပြန်ဖြင့် ပိုးသတ်သန့်စင်နိုင်ပါသည်။ (ဖြစ်နိုင်လျှင် ၂ နာရီလျှင် ၁ ကြိမ် ပြုလုပ်ပေးပါ)

🚩🚩🚩4. Hand Gel မသုံးဘဲ အရာဝတ္ထုကိုင်ပြီးတိုင်း အရက်ပြန်လေးနဲ့ ခဏခဏ ဆေးလို့ ရလား ရှင့်?

- အရက်ပြန်တွင် Alcohol 70% ပါဝင်လေ့ ရှိပြီး ရေမလိုလက်သန့်ဆေးရည်ခေါ် hand gel တွင် Alcohol 60% ပါ ပါသည်။

- ထို့သို့ အရက်ပြန်တွင် Alcohol ပါဝင်မှုရာခိုင်နှုန်း ပိုများသောကြောင့် လက်ကို အရက်ပြန်ဖြင့် မကြာခဏဆေးပါက အရေပြား ခြောက်သွေ့ခြင်း၊ လောင်ခြင်း၊ ပျက်စီးခြင်း ဖြစ်စေတတ်ပါသည်။ #အရေပြားပျက်စီးပါက နောက်ဆက်တွဲအနေဖြင့် အရေပြားမှ တစ်ဆင့် ရောဂါပိုး ဝင်ရောက်နိုင်ပါသည်။

- ထို့ကြောင့် အရက်ပြန်ကို အနာဆေးထည့်ရန်နှင့် သက်မဲ့မျက်နှာပြင်များ ပိုးသတ်ရန်သာ သုံးသင့်ပါသည်။

#CovidPrevention

#ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (27.7.21)

=================================

🚩🚩🚩1. ကာကွယ်ဆေးထိုးပြီးအရက်ဘီယာသောက်လို့ရပါသလား။ 

 ✓ ဖြေ။ အရက်သည် ကိုဗစ်ကာကွယ်ဆေးကြောင့် ရရှိမည့် ခုခံအားထွက်ပေါ်ခြင်းကို ဟန့်တားနိုင်သည်ဆိုသော အထောက်အထားများ မရှိဟု ကျွမ်းကျင်ပညာရှင်များက ဆိုပါတယ်။ သို့ရာတွင် အရက်စွဲသူများတွင် အခြားကာကွယ်ဆေးများ၏ အာနိသင်လျော့နည်းမှု ရှိကြောင်း လေ့လာမှုတစ်ချို့က ဆိုပါတယ်။ ထို့ပြင် အရက်အလွန်အကျွံသောက်ခြင်းကြောင့် ခံစားရသည့် အရက်နာကျခြင်း လက္ခဏာများနှင့် ကာကွယ်ဆေးထိုးပြီးခါစတွင် ဖြစ်လေ့ရှိသော ကိုယ်ပူခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းများ ရောထွေးမှု ရှိနိုင်သဖြင့် ကာကွယ်ဆေးထိုးပြီးချိန်တွင် အရက်ဘီယာ အလွန်အကျွံ မသောက်ဖို့ရန် အကြံပြုထားပါတယ်။ 

🚩🚩🚩2. ကိုဗစ်ဆေးထိုးထားပြီးရင် ဘယ်လိုဆိုးကျိူးကောင်းကျိုးတွေဖြစ်တတ်သလဲခင်ဗျ။ 

✓ ဖြေ။ လေ့လာတွေ့ရှိချက်များအရ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိစေပါတယ်။

👉 ကိုဗစ်-၁၉ ရောဂါကြောင့် ပြင်းထန်စွာနာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းများ လျော့ကျ စေခြင်း၊

👉 ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းနှင့် အခြားသူများကို ကူးစက်စေခြင်းများ လျော့ကျခြင်း၊

👉 ကိုဗစ်-၁၉ မျိုးကွဲများမှ ကာကွယ်ပေးခြင်း၊

သို့ရာတွင် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးထားသော်လည်း အနည်းစုသောလူတွေ မှာ ရောဂါဖြစ်နိုင်ပါတယ်။ ဒါကို “Vaccine breakthrough cases” လို့ခေါ်ပါတယ်။ မည်သည့် ကာကွယ်ဆေးမဆို ရောဂါကို (၁၀၀) ရာခိုင်နှုန်း မကာကွယ်နိုင်ပါဘူး။ ဘယ်ကာကွယ်ဆေးမဆို လူရဲ့ အသက်အရွယ်၊ ရောဂါအခံရှိ/မရှိ၊ ကိုယ်ခံအားစနစ် စတာတွေအပေါ်မူတည်ပြီး Breakthrough infection တွေရှိတတ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးနောက်တွင်လည်း တစ်ကိုယ်ရည်ကာကွယ်ခြင်းနည်းလမ်းများ ဖြစ်သည့် လက်ဆေးခြင်း၊ Mask ကို စနစ်တကျတပ်ခြင်း၊ Social distancing နည်းလမ်းများ လိုက်နာခြင်းတို့ကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။

ဘေးထွက်ဆိုးကျိုးအနေဖြင့် ကာကွယ်ဆေးထိုးပြီးခါစတွင် ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း၊ နီရဲခြင်းနှင့်ရောင်ယမ်းခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။ အများစုမှာ မပြင်းထန်ဘဲ ၂ ရက်ကျော်လျှင် သက်သာသွားလေ့ရှိကြောင်း တွေ့ရပါတယ်။

ကာကွယ်ဆေး မထိုးသင့်သူများနှင့် ပတ်သက်၍ အောက်ပါပို့စ်မှ မေးခွန်း ၅ အဖြေကို ဖတ်ရှုပေးပါ။  https://www.facebook.com/ckcmohnugmm/posts/114728104212778 

#CovidVaccine

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...