Skip to main content

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (30.7.21)



🚩🚩🚩1. covid ဖြစ်ပြီးတာ ၂၁ရက် ကျော်သွားပါပြီ အလုပ်အတွက် ဆေးပြန်စစ်ရမှာပါ  ဘယ်နရက်  ဆို negative ပြန်ဖြစ်လဲ သိလိုပါတယ် ခင်ဗျာ

ဖြေ။ ကိုဗစ် ၁၉ ရှိသည်ဟု အဖြေထွက်ပြီးနောက် ရောဂါမှ သက်သာ၍ ပြန်လည် ကောင်းမွန်သူများတွင် အများစုမှာ ၁၀ ရက်ခန့်တွင် PCR အဖြေ negative ဖြစ်သွားကြသည်ဟု ဆိုပါသည်။သို့ရာတွင် ၃၀ ရာခိုင်နှုန်းခန့် ရှိသောသူများတွင် ရက်သတ္တပတ်

 #၃ပတ်မြောက်အထိ PCR အဖြေ positive ဖြစ်နေနိုင်ပြီး အနည်းငယ်သော လူများမှာ လပိုင်းအထိ positive ဖြစ်နေနိုင်သေးသည်ဟု ဆိုကြပါသည်။ ထိုသူများမှာ ရောဂါပိုး မပျောက်ကင်း၍ မဟုတ်ဘဲ #ဗိုင်းရပ်အပိုင်းအစလေးများကို တွေ့ရှိနေခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။ တခြားသူများကို #မကူးစက်နိုင်တော့သည့်အပြင် ထိုသူများတွင် သက်ရှိဗိုင်းရပ်စ်ကိုပါ မတွေ့ရှိရပါ။

🚩🚩🚩2. Oxygen တိုင်းတဲ့စက်က ဘယ်လိုစက်ဆိုရင် model ပိုကောင်းပါသလဲ အဖြေမှန်ပိုထွက်ပါသလဲ oximeter စက်အမျိုးမျိုးရှိလို့ ဆိုင်မှာ model ဘယ်လိုပြောပြီး ဝယ်ရမှာလဲ ဘယ်စက်အမျိုးအစားက ပိုမှန်ပါသလဲဆိုတာ  ပြောပြပေးပါလား

ဖြေ။ မေးခွန်းအတွက်အဖြေအား အောက်ဖော်ပြပါ လင့်၏ မေးခွန်းနံပါတ် ၄ တွင် ဖတ်ရှုပေးပါခင်ဗျ။

https://www.facebook.com/104312615254327/posts/117977913887797

🚩🚩🚩3. ကျနော်က covid ဖြစ်တာ ဒီနေ့ ၂၁ ရက်မြောက်နေ့ပါစဖျားတဲ့နေ့ကနေ ၄ ရက်မြောက်နေ့မှာ text kit နဲ့အိမ်မှာကို့ယ်ဘာသာစစ်တာ positive ပြပါတယ်ရောဂါဖြစ်တာ ၁၄ ရက်မြောက်နေ့မှာ စစ်တော့Negative ပါ၁၈ ရက်မြောက်နေ့မှာတခါထပ်စစ်တော့ positive ပြနေပါတယ် အဲ့ဒါဘာလို့ပါလဲခင်ဗျာလူကနေကောင်းနေပါပီ။

ဖြေ။ အမေရိကန် ရောဂါထိန်းချုပ်ရေး အဖွဲ့ကြီး (CDC)မှ ကိုဗစ် ၁၉ ပိုးတွေ့လူနာများအား ရောဂါပိုး ပျောက်မပျာက် #ပြန်လည်စစ်ဆေးစရာမလို ဟုဆိုပါသည်။ကိုယ်ခံအားကျနေသူများကိုသာ ပြန်လည်စစ်ဆေးသင့်သည်ဟုဆိုပါသည်။Test kit အများစုမှာ လက္ခဏာပြပြီး ၅ရက်မှ ၇ရက်အတွင်းတွင်စစ်ဆေးပါက ပိုမိုမှန်ကန်ဖို့ အခွင့်အလမ်းများပါသည်။PCR test တွင်တော့ #အချိန်အတော်ကြာသည်အထိ test positive ဖြစ်နိုင်ပါသည်။မေးခွန်း နံပါတ် (၁) တွင် အကျယ်ဖတ်ရှုပါ။သတိပြုရန်မှာ မည်သည့် test မှ #၁၀၀ရာခိုင်နှုန်းမှန်ကန်မှုမရှိ သည်ကို သတိပြုစေလိုပါသည်ခင်ဗျာ။

🚩🚩🚩4. အောက်ဆီဂျင်တိုင်းရင် စစချင်းပေါ်တာကိုယူရတာလား

ဖြေ။ လက်ခလယ် သို့မဟုတ် လက်ညှိုးကို oximeter တွင်ညှပ်ပြီးနောက် တစ်မိနစ်ခန့် လက်ငြိမ်ငြိမ်ထားပါ။ သွေးခုန်နှုန်း လှိုင်းကလေးများပီပီပြင်ပြင်ပေါ်လာ၍ အောက်ဆီဂျင် SPO2 နှင့် သွေးခုန်နှုန်း Pulse rate  (PR )ဟူ၍ ပျှမ်းမျှအားဖြင့် ဂဏန်းနှစ်ခုပေါ်လာပါလိမ့်မည်။အများအားဖြင့် အောက်ဆီဂျင် ပမာဏကို ပို၍ အရွယ်ကြီးသောဂဏန်းဖြင့်ပြတတ်ပါသည်။စတိုင်းတိုင်းချင်းတွင် SPO2 ဂဏန်းများမတည်မငြိမ်ပေါ်နေတတ် ‌သည်။ခဏ စောင့်၍ ဂဏန်းတစ်ခု ကြာကြာပေါ်သည့်အချိန်ထိစောင့်ရပါမည်။ #၅စက္ကန့်ကြာသည်အထိ မပြောင်းလဲဘဲပေါ်နေသည့် SPO2 ဂဏန်းကိုယူရပါမည်။ 

🚩🚩🚩5. antibody စစ်တာရဲ့ ရလဒ်အဖြေကတွေက ဘာကိုဆိုလိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိချင်ပါတယ်။ positive ဖြစ်ထားပြီး ပြန်လဲကောင်းနေပြီ(အစထဲကလဲ ဖျားတာမရှိပါ။ အနံ့ပျောက်တာနဲ့ နှာပိတ်၊လည်ချောင်းယားတာပဲရှိပါတယ်) ကို antibody မပြတာ ဘာလို့ပါလဲ။

ဖြေ။ ကိုဗစ်ကူးစက်ခံရဖူးသူများတွင်Antibody test စစ်ပါက positive ဖြစ်တတ်ပါသည်။ကူးစက်ခံရသော်လည်း antibody စစ်ဆေး၍ ရလောက် အောင် မပေါ်သည့်လူနာများလည်းရှိပါသည်။စစ်ဆေးသည့်Test kit ၏ အမျိုးအစားပေါ်တွင်လည်း မူတည်သလိုလက္ခဏာပြပြီးမည်သည့်ရက်တွင် စစ်ဆေးသည်ဆိုသည်မှာလည်းအရေးကြီးပါသည်။ M ဟုခေါ်သော IgM မှာ  ရောဂါလက္ခဏာပေါ်ပြီး ၅ရက်ခန့်တွင် သွေးထဲတွင်

တွေ့ရတတ်ပြီး မည်သည့်အချိန်တွင် ပျောက်သွားမှန်းသေချာမသိပါ။ တချို့က၂ပတ် မှ ၃ပတ်အထိ ကြာသည်ဟုပြောကြပါသည်။ လက္ခဏာပြပြီး ၁၀ရက် မှ ၁၄ရက် ခန့်မှစ၍ နောက်ပိုင်းတွင်IgG ကိုတွေ့ရတတ်ပါသည်။ လက္ခဏာပြပြီး ၂၈ရက်မြောက်တွင်

IgG level မှာ အမြင့်ဆုံးဟုဆိုပါသည်။ထို IgG ၏ သက်တမ်းမှာ  ၃လ မှ ၆လ ထိ ရှိနိုင်သည်ဟုဆိုပါသည်။ Antibody များနှင့်ပတ်သက်၍ သုတေသနများဆက်လက်လုပ်ဆောင်နေကြဆဲပင်ဖြစ်ပါသည်။ Antibody ပေါ်ခြင်းသည် ကိုဗစ် ၁၉ ကူးစက်ခံရဖူး

သည်ဆိုသည်ကိုသာပြသခြင်းဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါရှာဖွေရာတွင်အသုံးပြုရန်မဟုတ်ပါ။ Antibody ပေါ်သည့်အတွက် ထပ်မံမကူးစက်နိုင်တော့ဟု တစ်ထစ်ချ ယူဆ၍ မရပါ။ Antibody ရှိနေသော်လည်း ကိုဗစ် ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်ကျင့်သုံး

ရမည့်အပြင် ကာကွယ်ဆေးထိုးရန်ကိုပါ အကြံပြုလိုပါသည်။

🚩🚩🚩6. Covid ဖြစ်ထားပြီး သူများအတွက် နောက်ဆက်တွဲ လက္ခဏာတွေကို ကာကွယ်နိုင်ဖို့ စစ်ဆေးကြည့်ထားရမှာတွေကို အကြံပြုပြောကြားပေးစေလိုပါတယ်။ကျေးဇူးတင်ပါတယ်။

ဖြေ။ ကိုဗစ်ရောဂါ ခံစားရသူအများစုမှာ သီတင်းပတ် အနည်းငယ်အတွင်း သက်သာသွားလေ့ရှိပါတယ်။ နောက်ဆက်တွဲရောဂါလက္ခဏာများ ခံစားရနိုင်မှုကာလမှာ တစ်ဦးနှင့် တစ်ဦး မတူကွဲပြားပါတယ်။ အချို့မှာ ၃ လခန့်တွင် သက်သာသွားလေ့ရှိပြီး အခြားသူများမှာ ထို့ထက်ပို၍ ကြာနိုင်ပါတယ်။ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များမှ ၎င်းတို့နှင့် ပတ်သက်၍ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါမှ သက်သာလာသော်လည်း အောက်ပါလက္ခဏာများကို #တစ်လနှင့်အထက်  ခံစားရပါက ဆရာဝန်နှင့် တိုင်ပင် ပြသသင့်ပါတယ်။ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ခံစားရတဲ့ လက္ခဏာတွေအနေနဲ့ အလွန်အမင်း နွမ်းနယ်ခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် တင်းကြပ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အိပ်မပျော်ခြင်း၊ ရင်တုန်ခြင်း၊ ခေါင်းမူးခြင်း၊ ခြေလက်များ ကျဉ်ခြင်း၊ အဆစ်အမြစ်များ ကိုက်ခဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်လှုပ်ရှားမှုများခြင်း၊ နားထဲမှ လေထွက်ခြင်း၊ နားကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်ပူတက်ခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့နှင့်အရသာ ခံစားမှု ပြောင်းလဲခြင်း၊ အရေပြားတွင် အနီကွက်များထခြင်းနှင့် အမျိုးသမီးများတွင် ဓမ္မတာရာသီစက်ဝန်းပြောင်းလဲခြင်းတို့ ခံစားရနိုင်ပါတယ်။ 

ရောဂါပြင်းထန်စွာ ခံစားခဲ့ရသူတချို့တွင် နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အရေပြားနှင့် ဦးနှောက်စသည့် ကိုယ်တွင်းအင်္ဂါများစွာ ထိခိုက်ခြင်းနှင့် မိမိကိုယ်ခံအားကြောင့် မိမိအားတန်ပြန်ထိခိုက်ခံရခြင်းရောဂါများ ဖြစ်ပေါ်နိုင်ပါတယ်။ ထိုကဲ့သို့သော အခြေအနေများကြောင့် ယခင်က မဖြစ်ဖူးခဲ့သော နှလုံး၊ သွေးတိုး၊ ဆီးချို စသည့် ရောဂါများ ခံစားလာရနိုင်ပါတယ်။အောက်ပါလင့်၏ မေးခွန်း နံပါတ် ၁ တွင်ကြည့်ရှုပါ။

https://m.facebook.com/story.php?story_fbid=119130873772501&id=104312615254327 

မိမိခံစားရသည့်ဝေဒနာပေါ်မူတည်၍ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး

ပြီးမှ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများလုပ်ဆောင်သင့်ပါသည်။

🚩🚩🚩7. ကိုဗစ်စစ်တာနာခေါင်းတဖက်ထိုးပြီနောက်တဖက်ထိုးတာနောက်တဖက်ကထိုးတန်တဝက်တင်ထိုးမရဘဲသွေးထွက်လာလို့ သွေးစပါသွားတယ်စစ်လိုက်တာ နှစ်ကြောင်း  ဖြစ်နေလို့အဲတာမှန်လားဗျ။

ဖြေ။ လက်ရှိစျေးကွက်တွင် အများစုအသုံးပြုနေသော rapid antigen  test kit မှာ nasopharyngeal swab ခေါ် နှာခေါင်းအတွင်းပိုင်းထိ ယူရသောကြောင့် ကျန်းမာရေးဝန်ထမ်းမှ swab ယူခြင်းကအကောင်းဆုံးဖြစ်ပါသည်။သာမန် လူများ swab ယူပါက မလုံလောက်သော swab များရရှိနိုင်သည့်အပြင် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရ၍ သွေးထွက်ခြင်းမျိုးဖြစ်နိုင်ပါသည်။ သွေးပေသွားသော နှာခေါင်းတို့ဖတ်နမူနာအား သုံးလို့ရမရ သေချာမပြောနိုင်ပါ။ထိုအဖြေ မှန်မမှန်လည်း သေချာမပြောတတ်ပါ။ ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်၍ နောက်တစ်ကြိမ် swab ပြန်ယူသင့်ပါသည်။

🚩🚩🚩8. Vaccineလည်းနစ်ကြိမ်ထိုးပြီးတာ၂လကျော်ရှိပါပြီဗျ test kit နဲ့သွေးဖောက်စစ်ကြည့်တော့cနဲ့gမှာပေါ်နေပါတယ်ဗျ mမှါတေါ့မပေါ်ပါဘူးတခြားမည်သည့် covidလက္ခဏာမှခံစားရခြင်းမရှိပါ ပုံမှန်အတိုင်း အားလုံးကောင်းပါတယ်ဗျ တပတ်ကျော်ပါပီ cနဲ့gမှာပေါ်ရင်positiveလို့လည်းပြောတယ် antibodyလို့လည်းပြောကြတယ် 14ရက်qနေပီးထပ်စစ်လို့cနဲ့gမှာပဲပေါ်မယ်ဆိုရင် ဘယ်လိုအဖြေကိုယူဆုံးဖြတ်ရမလဲဗျ

ဖြေ။ ကိုဗစ်ကူးစက်ခံရဖူးသူများတွင်Antibody test စစ်ပါက positive ဖြစ်တတ်ပါသည်။ကူးစက်ခံရသော်လည်း antibody စစ်ဆေး၍ ရလောက် အောင်

မပေါ်သည့်သူများလည်းရှိပါသည်။ M ဟုခေါ်သော IgM မှာ ပျှမ်းမျှအားဖြင့် ရောဂါလက္ခဏာပေါ်ပြီး ၅ရက်ခန့်တွင် သွေးထဲတွင်တွေ့ရတတ်ပြီး #၁၀ရက်မှ၁၄ရက်ခန့်မှစ၍ နောက်ပိုင်းတွင်IgG ကိုတွေ့ ရတတ်ပါ သည်။ ထို IgG ၏ သက်တမ်းနှင့်ပတ်သတ်၍အချိန်အတိအကျသေချာမသိသော်လည်းကူးစက်ခံရပြီးနောက် ၃လ မှ ၆လ ထိ ရှိနိုင်သည်ဟုဆိုပါသည်။ကိုဗစ်ကာကွယ်ဆေးထိုးထားသူများတွင်မူ antibody test မှာ ပေါ်ချင်မှ ပေါ်မည်ဖြစ်သည်။ Antibody test မှ မည်သည့် antibody ကိုစစ်ဆေးနိုင်သည်ဟူသော အချက်ပေါ်မူတည်သည်ဟုဆိုပါသည်။ထို့ကြောင့် CDC နှင့် FDA မှ ကာကွယ်ဆေးအပြည့်ထိုးဖူးသူများအား antibody test စစ်ခြင်းကိုအားမပေးပါ။ တချို့ကာကွယ်ဆေးများသည် mRNA နည်းပညာကိုအသုံးပြုထား၍ သဘာဝအတိုင်းကူး

စက်ခံရမှသာ antibody ထုတ်ပေးမည်ဖြစ်ပြီး မကူးစက်ခံရသေးသူများတွင် antibody ကိုစစ်ဆေးတွေ့ရှိမည်မဟုတ်ပါ။ အချို့ကာကွယ်ဆေးများမှာ ကိုဗစ် ၁၉ ၏ spike protein ခေါ် S protein အပေါ်တွင် အကျိုးသက်ရောက်မှု ရှိသည့်အတွက် S protein အတွက်သီးသန့်ပြုလုပ်ထားသည့် antibody test များဖြင့်သာ စမ်းသပ် တွေ့ရှိနိုင်ပါသည်။ မေးခွန်းရှင် အနေဖြင့် မည်သို့သော test kit အမျိုးအစား အသုံးပြုသည်ကို သေချာမသိရသည့်အတွက် vaccine ကြောင့် C နဲ့ G ပေါ်တာလား၊ လတ်တလော ကူးစက်မှုကြောင့် C နဲ့ G ပေါ်တာလား ဆိုတာကို သေချာပြော၍မရပါ။Antibody အား ကိုဗစ်တွင် လက်တွေ့အသုံးချရန် သုတေသနများ အတည်ပြုချက် များ #လုပ်ဆောင်နေဆဲပင် ဖြစ်ပါသည်။


Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...