Skip to main content

Covid နဲ့ ပိုက်ဆံ

 မြန်မာမှာ အိမ်ထဲက အိမ်‌အပြင်မထွက် တဲ့ ကျွန်တော့် ဆရာကြီး တစ်ဦး positive ဖြစ်တယ်။
ဆရာကြီး ထင်တာကတော့ delivery ကလို့ ထင်တယ်။
ကျွန်တော်တွေးမိတာ အခုမြန်မာပြည်ထဲမှာ အိမ်တိုင်းအားလုံးနီးနီး ဖြစ်ကြရ‌တဲ့ အကြောင်းအရင်း တစ်ခုက Cash ပိုက်ဆံအရွက်လိုက် ကိုင်သုံးရလို့ အဓိက အကြောင်းအရင်း ဖြစ်မယ်။ ဘဏ်မှာ တန်းစီးကြရတုန်းကလည်း ကူးခဲ့ကြ၊ ဖြန့်ခဲ့ကြ။ တစ်ခါ ဘဏ်ကို မယုံတော့ ရှိသမျှ ပိုက်ဆံကိုထုတ်၊ ပိုက်ဆံကို အရွက်လိုက်ကိုင်ကြရ။ ပိုက်ဆံဆိုတာ သူတောင်းစားကနေ ချမ်းသာသူထိ အကုန်လုံးရောက်တာဆိုတော့ အဲကနေပြန့်တာလည်း ဖြစ်နိုင်ချေ အတော်များတယ်။



နိုင်ငံတကာမှာ ကိုဗစ်ဖြစ်တော့ အတော်များများက Cash မသုံးပဲ mobile banking ကို ရာနှုန်းပြည့် လူတိုင်းနီးနီး ပြောင်းသုံးကြတယ်။ ကိုယ်က Cash သွားပေးရင်တောင် မျက်လုံးစိမ်းနဲ့ အကြည့်ခံရတယ်။ ပြီးတော့ သူတို့က လက်နဲ့ မထိဘူး။ ဗူးတစ်ခုပေးထားတယ်။ အဲဗူးထဲ ထည့်ခိုင်းတယ်။ အမ်းရမယ်ဆိုရင်လည်း ကိုယ့်ဘာသာကိုယ် အမ်းငွေကို ဗူးထဲကပဲ ကိုယ်တိုင်ပြန်ယူရတယ်။ ကိုယ်လှည့်ထွက်သွားရင် အဲပိုက်ဆံတွေကို အိတ်ကြီးတစ်ခုထဲ ထည့်ထားလိုက်တယ်။ နောက်တော့ ပိုးသတ်တယ် ထင်ပါရဲ့။
ပိုက်ဆံကနေ ကူးတဲ့ Transmission Model ဟာ မြန်မာပြည်မှာ ဘဏ်တွေ မယုံကြရင်းနဲ့ ကိုဗစ်ကူးစက်မှုကို အားပေးနေတဲ့ အဓိက အကြောင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်မြင်မိပါကြောင်း။
အခုထိလည်း
ဆေးဝယ်ရ
အောက်ဆီဂျင်ဝယ်ရ
ကြက်ဉ အစားအသောက် ဝယ်ရ
Cash in Hand အသုံးပြုနေကြရသေးတော့ ကူးစက်မှုကွင်းဆက် Transmission Chain တစ်ခု ဖြတ်ဖို့ လိုအပ်နေသေးပါကြောင်း ‌ကပ်ရောဂါဗေဒ အမြင်အရ ခန့်မှန်းမိပါကြောင်း ...
သုတေသန စာတမ်းများအရ ပိုက်ဆံက ကူးစက်တာ မပြောပလောက်ပေမဲ့ ပိုက်ဆံကို ကိုင်တဲ့ လက်မှာ ပိုးက ကပ်နေပြီး ပိုက်ဆံကိုင်ပြီး လက်မဆေးမိလို့ အဓိကလို့ ပြောထားပါတယ်။
Credit . Dr win khaing.
ဒါကြောင့် ပိုက်ဆံကို ပိုးသတ်ရမလားလို့ မေးလာရင်တော့ လုပ်နိုင်ရင် လုပ်ပါပဲ ဖြေပါမယ်။
ပိုက်ဆံကို ပိုးသတ်တာထက် ပို အရေးကြီးတာကတော့ ပိုက်ဆံနဲ့ လက်နဲ့ ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ နည်းစနစ်မှန်မှန် ဆေးဖို့က ပိုမို အရေးကြီးကြောင်း သုတေသန စာတန်းများက အတိအလင်း ရှင်းလင်းပြောပြထားပါကြောင်း ...

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...