Skip to main content

ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ (30.7.21)



🚩🚩🚩1. Day 21 ကျော်လို့ isolated လုပ်ပြီးတဲ့အခါ အပြင်ထွက်ရင် ကိုယ့်ဆီက အခြားသူကိုမကူးတော့ပေမယ့် ကိုယ့်ဆီဝင်ခဲ့တဲ့ပိုးနဲ့မတူဘဲ Covid မျိုးကွဲဆိုလျှင် ထပ်ကူးစက်ခြင်းခံရမလားသိချင်ပါတယ် immunity ရနေနိုင်ပြီလား ကာလဘယ်လောက်အထိခံနိုင်မှာလဲ အဲ့ဒီ immunity ဟာ ကိုယ်တိုင်ကူးစက်ခံရတဲ့ Covid မျိုးကွဲ တစ်ခုတည်းအတွက်သာ ခံနိုင်ရည်ရှိမှာလား ဆိုတာလေးတွေ သိပါရစေရှင်

ဖြေ - ကိုဗစ်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသူများတွင် ပြန်လည်ကူးစက်ခြင်းနည်းသော်လည်း ပြန်လည်ကူးစက်သည့်ဖြစ်စဥ်များရှိပါသည်။ တောင်အာဖရိကတွင်ပြုလုပ်သော လေ့လာမှုတစ်ခုတွင် ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာသူများ၏ ၂% သည် ထိုနိုင်ငံတွင်ဖြစ်နေသော ကိုဗစ်မျိုးကွဲအသစ် ထပ်မံကူးစက်ခံရကြောင်း တွေ့ရှိရသည်။ 

ကိုဗစ်ဖြစ်ပြီးနောက် ထွက်ပေါ်လာသော ကိုယ်ခံစွမ်းအား၏ ကြာချိန်နှင့် ဆောင်ရွက်နိုင်စွမ်းသည် တစ်ဦးနှင့်တစ်ဦးမတူညီပါ။ အများအားဖြင့် ကိုဗစ်ဖြစ်ပြီး ဖြစ်ပေါ်လာသောကိုယ်ခံစွမ်းအားသည် #၆လကြာရှိတတ်သည်ဟုဆိုသည်။ အချို့တွင် လအနည်းငယ်ပဲ ရှိတတ်သည်။ 

ထို့ကြောင့် ကိုဗစ်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသူများသည်လည်း mask တပ်ခြင်း၊ မကြာခဏလက်ဆေးခြင်း၊ ၆ပေခွာနေထိုင်ခြင်း၊ လက်ဖြင့် မျက်စိ နှာခေါင်း ပါးစပ်တို့ကို မထိခြင်း၊ လူထူထပ်သောနေရာ နှင့် အလုံပိတ်အဆောက်အအုံများကို တတ်နိုင်သမျှရှောင်ကြဥ်ခြင်း တို့ကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါသည်။

🚩🚩🚩2. p မိသားစုတွေ အတူနေလို့ရပါသလားခင်ဗျ။လင်မယားနှစ်ယောက်လုံး pဆိုရင် sex ဖြစ်လို့ရပါသလားခင်ဗျ။ဒါက ဗဟုသုတအနေနဲ့မေးတာပါ။

ဖြေ - တစ်အိမ်လုံး ကိုဗစ်ရှိ/ မရှိ #ဓာတ်ခွဲစစ်ဆေးပြီး၍ ကိုဗစ်ဖြစ်တာ သေချာပါက (positive test result) သီးခြား Isolation လုပ်စရာ မလိုဘဲ အတူစုပေါင်း၍ Isolation လုပ်နိုင်ပါသည်။ #သို့သော် mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ၆ ပေခွာ နေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရပါမည်။

- ထိုသို့မဟုတ်ဘဲ တစ်အိမ်လုံးသည် ကိုဗစ်ရှိ/ မရှိ #ဓာတ်ခွဲစစ်ဆေးထားခြင်းမရှိဘဲ ရောဂါလက္ခဏာအရသာ ကိုဗစ်သံသယရှိသူများ ဖြစ်ပါက ဖြစ်နိုင်လျှင် တစ်ဦးချင်း သီးခြား Isolation လုပ်ရပါမည်။

- သင်နှင့် သင့် partner သည် နှစ်ဦးလုံး covid positive ဖြစ်ပါက အတူတူကာမကိစ္စပြုလုပ်လို့ရပါသည်။ ကူးစက်ခြင်းကို ပိုမိုကာကွယ်နိုင်ရန် နှစ်ဦးလုံး mask တပ်ခြင်း၊ နမ်းခြင်းကို ရှောင်ကြဥ်ခြင်း၊ oral-sex ကိုရှောင်ကြဥ်ခြင်း စသည်တို့ ပြုလုပ်ရန် အကြံပြုလိုပါသည်။

🚩🚩🚩3. ရန်ကုန်မြို့မှာ အနည်းဆုံး လူဦးရေ တစ်ဝက်တော့ ကူးစက်သွားပြီ ယူဆရတယ်။ မှန်ပါသလား။ 60%လောက်ကူးစက်ပြီးရင် အင်မြူးရနိုင်ပါသလား။

ဖြေ - ကူးစက်ရောဂါများသည် herd immunity ကို ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာခြင်းမှ လည်းကောင်း၊ ရောဂါကာကွယ်ဆေး (vaccines) ထိုးနှံခြင်းမှ သော်လည်းကောင်း ရရှိနိုင်ပါသည်။ သို့သော် herd immunity ကို ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရရှိခြင်းသည် အကောင်းဆုံးဖြစ်သည်။

- ထို့ကြောင့် herd immunity  ရရန် ကြာချိန်သည်

👉 ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ် အောင်မြင်မှု၊

👉 လူထု၏ ပါဝင်လုပ်ဆောင်မှုအပြင်

👉 အသစ်ထွက်ပေါ်လာသော ကိုဗစ်မျိုးကွဲများ၏ အတားအဆီးများပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

- ထို့အပြင် ကိုဗစ်သည်ကူးစက်မြန်သော ရောဂါဖြစ်သည့်အတွက် လူဦးရေ၏ ၇၀ - ၉၅% ကို ကာကွယ်ဆေးလွှမ်းခြုံနိုင်မှသာလျှင် herd immunity ရရှိနိုင်မည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။

🚩🚩🚩4. ကိုဗစ်ဖြစ်ပီး နေကောင်းအဖျားမရှိပဲ14မှာစစ်တာ negative,ပြပီးအခု18ရက်ရှိပါပီ။ အိမ်ရှိလူတွေကိုထမင်းဟင်းချက်‌ကျွေးလို့ရပီလား အိမ်ထဲ မက်စ် မတပ်ပဲနေလို့ရပီလားရှင် ။တအိမ်ထဲနေသူတွေရော မက်စ်တပ်စရာလိုသေးလား။  ညဘက် အိပ်မပျော်တာ အိပ်ပျော်ဖို့ခက်တာ ဘယ်လိုလုပ်ရမလဲ ။ကျေးဇူးတင်ပါတယ် ရှင့်။

ဖြေ - ရောဂါလက္ခဏာပြသူတွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီပြည့်လျှင် အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။

- ထမင်းဟင်းချက်ကျွေးလို့ရပါသည်။

- မိမိကိုယ်တိုင် သို့မဟုတ် အိမ်သားများသည် ကိုဗစ်ဖြစ်သူ/ကိုဗစ်သံသယရှိသူများနှင့် ထိတွေ့ခြင်းမရှိခဲ့ပါက အိမ်ထဲတွင် mask တပ်စရာမလိုပါ။

- သို့သော် ကိုဗစ်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသူများသည်လည်း အပြင်သွားတိုင်း၊ အတူနေမိသားစုမဟုတ်ဘဲ သူစိမ်းများနှင့် စကားပြောတိုင်း mask တပ်ခြင်း၊ မကြာခဏလက်ဆေးခြင်း၊ ၆ပေခွာနေထိုင်ခြင်း၊ လက်ဖြင့် မျက်စိ နှာခေါင်း ပါးစပ်တို့ကို မထိခြင်း၊ လူထူထပ်သောနေရာ နှင့် အလုံပိတ်အဆောက်အအုံများကို တတ်နိုင်သမျှရှောင်ကြဥ်ခြင်း တို့ကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါသည်။

ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာသူများတွင် နောက်ဆက်တွဲလက္ခဏာအဖြစ် အိပ်မပျော်ခြင်းကိုခံစားရနိုင်ပါသည်။ ကုသမှုအသေးစိတ်နှင့်ပတ်သက်၍ ဆရာဝန်ဖြင့် တိုင်ပင်ရန် အကြံပြုလိုပါသည်။

🚩🚩🚩5. P+ထွက်သူ လူနာကို အနီးကပ်ပြုစုတဲ့ လူနာစောင့်နှင့် pအဖြေမထွက်ခင် ပထမနေ့မှာ အတူတူ ဆိုင်ကယ်တစ်စီးနှင့်ဆေးလိုက်၀ယ်ခဲ့ပါတယ်။ နှစ်ယောက်လုံး mask တပ်ထားပေးမယ့် မနက်ပိုင်း အတူတူရှိနေတာဖြစ်လို့ ကူးစက်နိုင်ပါသလားခင်ဗျ။

ဖြေ - မိမိတပ်ဆင်သော mask အမျိုးအစားပေါ်မူတည်၍ ကာကွယ်နိုင်မှုကွာခြားပါသည်။ မည်သည့် mask မှ ၁၀၀% မကာကွယ်နိုင်ပါ။ ထို့ကြောင့် ကာကွယ်မှုအပြည့်ရရှိနိုင်ရန် mask တပ်ခြင်းအပြင်၊ လက်မကြာခဏဆေးခြင်း၊ ၆ပေခွာနေခြင်း၊ လက်ဖြင့် မျက်စိ နှာခေါင်း ပါးစပ်တို့ကို မထိခြင်း၊ လူထူထပ်သောနေရာ အလုံပိတ်သော အဆောက်အအုံများကို ရှောင်ကြဥ်ခြင်း စသည်တို့ကိုပါလုပ်ဆောင်ရပါမည်။ ကိုဗစ်ရောဂါ ရှိသူနှင့် အချိန်ကြာမြင့်စွာ အနီးကပ်ရှိနေခြင်းသည် ကူးစက်နိုင်ခြေပိုမိုမြင့်တက်စေသည်။

🚩🚩🚩6. COVID-19 ကနှာချေချောင်းဆိုးရာကထွက်တဲ့အမှုန်အမွှားတွေကတစ်ဆင့်ကူးစပ်တယ်ဆိုပေမယ့် ဘာလက္ခဏာမှမပြသေးခင် နှစ်ရက်လောက်ထဲက mask မပါဘဲခြောက်ပေအတွင်းစကားပြောဖူးတဲ့သူကိုကူးနိုင်တယ်ဆိုတော့ အသက်ရှူထုတ်လိုက်တဲ့လေထဲကကူးတာပါလား။ပါးစပ်ကထွက်တဲ့လေကကူးတာပါလား။

ဖြေ - ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အဆိုအရ ကိုဗစ်ရောဂါရှိသူမှ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ စကားကျယ်လောင်စွာပြောခြင်း၊ သီချင်းဆိုခြင်းတို့မှ ထွက်လာသော 5-10 micrometers ထက်ကြီးသည့် အမှုန်အမွှားများမှတစ်ဆင့် ၆ပေအတွင်းတွင်ရှိသောသူ၏ မျက်စိ၊ နှာခေါင်း နှင့် ပါးစပ်တို့ကို ရောက်ရှိပြီး ရောဂါကူးစက်နိုင်ပါသည်။ ကိုဗစ်သည် သာမန်စကားပြောခြင်း၊ အသက်ရှူခြင်းမှထွက်လာသော ပိုမိုသေးငယ်သည့်အမှုန်အမွှား ( 5 micrometers ထက်သေးသော ) များမှတစ်ဆင့်ကူးစက်နိုင်သည်ဆိုသော အဆိုကြမ်းတစ်ခုရှိသော်လည်း လေ့လာနေဆဲဖြစ်သည်။

#CovidTransmission

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...