Covid Management guideline July 2021 version (NUG_MOH)ထဲကနေ .. အများပြည်သူတွေ သိဖို့လိုတဲ့အချက်လေးတွေ ကောက်နှုတ်ဘာသာပြန်ပေးချင်ပါတယ်ဗျ။
ကိုဗစ်လက္ခဏာတွေကတော့
ဖျား၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာခေါင်းပိတ်၊ အသက်ရှူမဝ၊ နုံး၊ ကြွက်သားနာ၊ ခေါင်းကိုက်၊ ခံတွင်းပျက်၊ ပျို့အန်၊ ဝမ်းလျှော၊ အနံ့ပျောက်၊ အရသာပျောက်၊
အာရုံမစိုက်နိုင် ခေါင်းရှုပ်ထွေး
ကိုဗစ်ဖြစ်ခဲ့ရင် ဒီလူတွေမှာတော့ပိုဆိုးနိုင်ပါတယ်။ (Risk Factors)
-အသက် ၆၀ကျော်
- အခြားရောဂါအခံရှိသူ ၊ သွေးတိုး၊ ဆီးချို၊ နှလုံး ၊နာတာရှည် အဆုတ်ရောဂါ၊ ကျောက်ကပ်၊ လေဖြတ်၊ ကိုယ်ခံအားကျဆေးသောက်နေရသူ ကင်ဆာ ဝေဒနာရှင်များ
-ဆေးလိပ်သောက်သူ
-အဝလွန်သူ
ဖြစ်ခဲ့ရင် --
#Mild case ( အပျော့စား) ဖြစ်တဲ့သူများကတော့
-အပေါ်မှာပြထားတဲ့ လက္ခဏာတွေဖြစ်ပြီး. ( ဖျား၊ ချောင်းဆိုး၊ မောပန်း၊ အသက်ရှုမြန်) ဆိုတဲ့ နမိုးနီးယား လက္ခဏာ ၄ခု တပြိုင်တည်း ပေါ်တဲ့သူကို ခေါ်ပါတယ်။
#Moderate ( အတန်အသင့် ပြင်းထန် တဲ့သူများကတော့
-ဖျား၊ချောင်းဆိုး၊ မောပန်း၊ အသက်ရှူမြန်ဆိုတဲ့ နမိုးနီးယား လက္ခဏာ #ပေါ်တဲ့သူတွေကိုခေါ်ပါတယ်။
#Severe ( ပြင်းထန်တဲ့သူများကတော့
-ဖျား၊ချောင်းဆိုး၊ မောပန်း၊ အသက်ရှူမြန် တဲ့ နမိုးနီးယား လက္ခဏာအပြင်
-အသက်ရှုနှုန်း တစ်မိနစ်ကို 30 ထက်မြန်တာ (သို့မဟုတ်)
- SP02 93% ထက် ကျသွားတာ မျိုးကိုခေါ်ပါတယ်။
( ပုံမှန်အသက်ရှုနှုန်းက နားနေတဲ့အချိန် လူကြီးတွေမှာ တစ်မိနစ်ကို 12 ကြိမ်ကနေ 20 ကြိမ်ပဲရှိပါတယ်။)
#Critical သေရေးရှင်ရေးဖြစ်တဲ့အဆင့်ဆိုရင်တော့ ဆရာဝန်တွေကပဲ သိရှိနိုင်ပါတယ်။
- အသက်ရှုလမ်းကြောင်း ဆိုင်ရာ လက္ခဏာအသစ် တွေပေါ်လာတာ၊ ပိုဆိုးလာတာ၊
- ရင်ဘတ် ဓာတ်မှန်မှာ လက္ခဏာတွေပေါ်လာတာ
- ပြီးတော့ အခြား အရင်ကမရှိတဲ့ လက္ခဏာတွေပေါ်လာတ စသဖြင့် ရှိနိုင်ပါတယ်။
#ကုသနည်း
* အပျော့စားနဲ့ အတန်အသင့်ပြင်းထန်( Mild and moderate) အုပ်စုဝင်တွေကိုတော့ အိမ်မှာပဲ ကုသနိုင်ပါတယ်။ ဒီအဆင့်မှာ ဆရာဝန်တွေက လာရောက်ကြည်ရှု့ပေးနိင်မှာမဟုတ်လို့ ကိုယ်ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုတာ သေချာနားလည်နေဖို့လိုပါတယ်။
*#အပျော့စားCovid (Mild) ဆိုရင်
-ဗိုင်းရပ်စ် ပြန့်တာကို ထိန်းချုပ်ဖို့ ကိုယ့်ကိုယ်ကို သီးသန့်ခွဲထားပါ။ ( ဒီထဲမှာ Mask တပ်တာ၊ ၆ပေခွာ ၊ထိတွေ့မှုမရှိအောင်နေတာ၊ လက်အမြဲဆေးတာတွေကတော့ သိပြီးသားဖြစ်ရမှာပါ)
-ပါရာစီတမောလိုမျိုး ဆေးတွေကို အဖျားကျဖို့နဲ့ ကိုက်ခဲနာကျင်မှုတွေပျောက်ဖို့ သုံးနိုင်ပါတယ်။
-အစာအဟာရဝလင်အောင်စားပါ။ ဗိုက်တာမင်တွေအကြောင်းကိုထည့်မပြောထားပါဘူး ( vitamin မရလို့လည်း အသည်းအသန်လိုက်မဝယ်နေအောင်ပါ)
-မိမိလက္ခဏာတွေ ဘယ်လိုပြောင်းလဲလာတယ်ဆိုတာကို အွန်လိုင်းကနေ ဆရာဝန်တွေကိုပေးသိသင့်၊တိုင်ပင်သင့်ပါတယ်။
-#Azithromycin , #Remdesivir တွေ သောက်ဖို့လုံးဝမလိုအပ်ပါဘူး၊ ကာကွယ်ဖို့အတွက်လည်း သောက်လို့မရပါဘူး။
#အတန်အသင့်ပြင်းထန်Covid (Moderate) ဆိုရင်

-ဗက်တီးရီးယားပိုးဝင်တယ်လို့ သံသယရှိရင် Azithromycin လိုမျိုး ဆေးအပါအဝင် တခြား ပဋိဇီဝဆေးတွေကို အသုံးပြုဖို့လိုလာပါပြီ( ဆေးမတည့်တာတွေရှိလို့ ဆရာဝန်ညွှန်ကြားမှ သောက်သင့်ပါတယ်)
-လူနာကို SPo2 တိုင်းတာ ၊ နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်း၊ အဖျားတိုင်းတာ ၊သွေးပေါင်တိုင်းတာ တွေ အပါအဝင် သေချာစောင့်ကြည့်နေသင့်ပါတယ်။
-အထက်မှာ ပြထားတဲ့ Risk factors ၊ အန္တရာယ်ရှိတဲ့ အုပ်စုထဲပါတဲ့သူတွေဆိုရင်တော့ ဆေးရုံတက်ဖို့ကိုလိုနိုင်ပါတယ်။
-ပိုးသတ်ဆေး , ပဋိဇီဝဆေး ( Augmentin, Azithromycin) တွေကို Xray မှာ ပြောင်းလဲမှုတွေဖြစ်နေသူတွေဆိုပေးလေ့ရှိပါတယ်
#ပြင်းထန်Covid Case (Severe ,Critical တွေမှာဆိုရင်တော့ ဆရာဝန်တစ်ဦးဦးနဲ့တိုင်ပင်ပြီး ညွှန်ကြားတဲ့အတိုင်းလုပ်မှကောင်းပါလိမ့်မယ်။ ဆေးဝန်ထမ်းတွေပဲ ကုသနိုင်တဲ့အခြေအနေမို့ပါ။ (အောက်ပါအချက်တွေကတော့ အကြမ်းဖျဉ်းပဲပြောထားတာပါ။ တကယ်ကဒီထက် လုပ်စရာများပါတယ်။ ဆေးရုံသာတက်ခွင့်ရရင် ဆေးရုံတက်ဖို့လိုပါတယ်။ တက်လို့မရရင် အွန်လိုင်းကနေ ဆရာဝန်နဲ့ချိတ်ဆက်ပြီးလမ်းညွှန်မှုခံယူသင့်ပါတယ်။)
-93% အောက်ရောက်ရင် အောက်ဆီဂျင်စပေးပါတယ်၊ ( နှာခေါင်းပိုက်လေးနဲ့ တမိနစ်ကို 3-5 Litre ပေးရာကနေ
Oxygen မျက်နှာဖုံးနဲ့ တစ်မိနစ်ကို 15 Litre ထိ လိုအပ်သလို တိုးလျှော့ပေးပါတယ်။)
#Dexamethason ကိုခုမှစပေးကြပါတယ် ။ (သကြားဓာတ် တက်တတ်လို့ ဆီးချိုရှီတဲ့သူတွေအတွက် တော့ သတိထားသုံးစွဲရပါတယ်)
-လူနာကို SPo2, Heart Rate, RespiratoryRate, BP, Temperature တို့နဲ့ အဆက်မပြတ်စောင့်ကြည့်နေရပါတယ်။
-Onlineကကုပေးတဲ့ ဆရာဝန် အဖွဲ့တွေနဲ့ ချိတ်ဆက်ထားပြီး. ကုသမှုခံယူနေသင့်ပါတယ်။
#AwakePronePositioning
- လူနာကို နိုးနေတဲ့အချိန်မှာ မှောက်ထားတဲ့ ပုံစံနဲ့ထားသင့်ပါတယ်။ မှောက်တဲ့ပုံကို ပုံနဲ့ပြထားပါတယ်။
၄နာရီမှောက်နေပြီး ၁နာရီနားပေးတာမျိုးလုပ်ရပါတယ်။ အဲဒီ ၁နာရီမှာ အစာစားတာ၊ရေသာက်တာ၊ အပေါ့အပါးသွားတာနဲ့ သက်တောင့်သက်သာ နေနိုင်ပါတယ်။
မှောက်နေချိန်မှာလည်း အောက်ဆီဂျင်ကိုဆက်ပြီးတပ်ထားပါတယ်။ ခေါင်းကိုသက်သာလို ဘယ်ဖက်ကိုလှည့်လှည့်၊ ညာဘက်ကိုလှည့်လှည့်ထားနိုင်ပါတယ်။
အားလုံး ကိုဗစ် တတိယလှိုင်း ကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ပါစေဗျာ။
ဖတ်ပြီး အများပြည်သူ သိသင့်တာကို review လုပ်ပေးတာသာဖြစ်လို့.. ကျနော်ကိုယ်တိုင်မကုပေးပါဘူးခင်ဗျာ။ အခြားကုပေးတဲ့ဆရာဝန်တွေဆီကိုသာ အကူအညီတောင်းဖို့ မေတ္တာရပ်ခံပါတယ်။
Guideline အပြည့်အစုံ

Comments
Post a Comment