Skip to main content

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (27.7.21)



1.🚩🚩🚩 ကျန်တာကတော့မရှိတော့ဘူး စစ်ကြည့်တာ‌တော့ အဆုတ်မှာ virus ၀င်သွားလို့တော့ပြောတယ် Oxygen တော့ပေးထားရတယ် recovery ပြန်ဖြစ်ဖို့ဘယ်လောက်ကြာနိုင်လဲဗျ။ အသက်80ပါ။

2..🚩🚩🚩  Oxygen level ကျတာက ဘယ်လောက်ကြာမှပြန်ပီးပုံမှန်ပြန်ဖြစ်တာလဲသိချင်ပါတယ်။ ဆေးတိုက်ရတာပေါ်မူတည်လား လူနာရဲ့ကိုယ်ခံအားပေါ်မူတည်တာပါလား။

ဖြေ - အောက်စီဂျင်လိုအပ်သော ကိုဗစ်လူနာများတွင် ပြန်လည်ကောင်းမွန်သက်သာလာမည့်အချိန်သည် လူနာ၏ အခြေအနေပေါ်မူတည်၍ မတူညီပါ။

ကိုဗစ်ဖြစ်သောလူနာများတွင် အဆုတ်သည် ကိုဗစ်ပိုးကြောင့် အဆုတ်ရောင်နမိုးနီးယား ( COVID 19 Pneumonia ) ဖြစ်ခြင်း၊ ARDS ဖြစ်ခြင်း၊ သွေးတွင်းကိုဗစ်ပိုးပြန့်ခြင်းကြောင့် အတွင်းအင်္ဂါအစိတ်အပိုင်းများ ထိခိုက်ခြင်း ( Sepsis )၊ ဘတ်တီးရီးယားပိုးထပ်ဝင်ခြင်း တို့ကြောင့် အဆုတ်ထိခိုက်ခြင်းဖြစ်သည်။

ကိုဗစ်ကြောင့် အဆုတ်ထိခိုက်မှု ပြင်းထန်ခြင်း ရှိမရှိသည် အောက်ပါ အချက် ၃ ချက်ပေါ်မူတည်ပါသည်။

( ၁ ) #ရောဂါပြင်းထန်ခြင်းရှိမရှိ - ကိုဗစ်သိပ်မပြင်းထန်သော လူနာများတွင် အဆုတ်တစ်ရှူးများ၌ အမာရွတ် ကျန်နိုင်ခြေနည်းသည်။

( ၂ ) #လူနာ၏ကျန်းမာရေးအခြေအနေ - နာတာရှည်လေပြွန်ကျဉ်းရောဂါ ( COPD ) ရှိသူ၊ နှလုံးရောဂါရှိသူ၊ သွေးချိုဆီးချိုရောဂါရှိသူ၊ အသက်အရွယ်ကြီးရင့်သူ နှင့် အခြား ရောဂါအခံရှိသူတို့တွင် အဆုတ်ပိုမို ထိခိုက်နိုင်သည်။

( ၃ ) #အချိန်မီ မှန်ကန်သော ကုသမှုရရှိခြင်း စသည့်အချက်များပေါ်မူတည်ပါသည်။

3..🚩🚩🚩 စဖြစ်တဲ့ 7 ရက်အတွင်း favipiravir သောက်ရင် ပိုးတွေမပွါးအောင်လုပိပေးနိုင်တယိဆိုတာ ဟုတ်ပါသလားရှင့်

ဖြေ - Favipiravir ဆေးသည် ဂျပန်နိုင်ငံ၌ တုပ်ကွေးရောဂါကို ကုသရန် ၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ Toyama Chemical မှထုတ်လုပ်သော ဆေးဖြစ်သည်။ ယခုအခါ ထိုဆေးကို ကိုဗစ်ရောဂါ ကုသရန် ဂျပန်၊ ရုရှား၊ အိန္ဒိယ နှင့် အချို့နိုင်ငံများတွင် စမ်းသပ်သုံးစွဲလျှက်ရှိသည်။ Favipiravir ဆေးဖြင့်ကုသရာတွင် ရောဂါလက္ခဏာ နှင့် ဓာတ်မှန်အခြေအနေများ၌ တိုးတက်မှုရှိသည်ဟုဆိုသော်လည်း ရောဂါကြောင့်သေဆုံးနိုင်ခြေလျှော့ချခြင်း နှင့် အောက်စီဂျင်လိုအပ်မှုနှုန်းတို့တွင် ကွဲပြားခြားနားခြင်းမရှိဟု ဆိုသည်။ Favipiravir ဆေးဖြင့် ကိုဗစ်ရောဂါကုသခြင်းအား ဆက်လက်လေ့လာနေကြဆဲဖြစ်သည်။

#CovidTreatment

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...