Skip to main content

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (27.7.21)



🚩🚩🚩1. ဟုတ်ကဲ့ ကျေးဇူးပါ။ Delta variant ကလေ covid test kit နဲ့ စစ်လည်း False negative ပြတယ်ဆိုတာ တကယ်လားဗျ။ ဓာတ်မှန်ရိုက်မှ တွေ့ရတယ်လို့ fb မှာ ဖတ်နေရလို့ပါ။ ကျနော့် symptom က Delta နဲ့ဆင်နေသလားလို့။ Test kit မှာထားတာ ရောက်ရင် စစ်မလို့ပါ။

ဖြေ။ Delta variant ဆိုသည်မှာ viral mutation ခေါ်  ကိုရိုနာ ဗိုင်းရပ်၏ ဗီဇအသွင်သ

ဏ္ဍန်ပြောင်းလဲ၍အိန္ဒိယ နိုင်ငံတွင် စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်ပါသည်။Delta variant ကူးစက်ခံရခြင်း၏လက္ခဏာမှာ ကိုဗစ် ၁၉ တခြားမျိုးကွဲများနှင့် #ကွာခြားမှုမရှိလှပါ။ False negative ရောဂါရှိလျက်နှင့် negative ပြနိုင်သည်ဟု ယူဆကြသော်လည်း အိန္ဒိယ နိုင်ငံတွင်စစ်ဆေးချက်များအရ RT-PCR ဖြင့်စစ်ဆေးရာတွင် false negative အရေအတွက်မှာ #အလွန်နည်းပါး၍ လက်ရှိစစ်ဆေးနေသော RT PCR နှင့် rapid antigen test kit များဖြင့်ပင် #ဆက်လက်စစ်ဆေးနိုင်သည်ဟုဆိုပါသည်။ WHO အပါအဝင် အမေရိကန် FDA, CDC တို့မှလည်း rapid antigen test kit ဖြင့်စစ်ဆေးခြင်းကို တားမြစ်ထားခြင်းမရှိပါ။ထို့ကြောင့် Rapid Antigen test kit ဖြင့်စစ်ဆေးနိုင်ပါသည်ဟုဖြေကြားလိုပါသည်။လက္ခဏာပေါ်သူများတွင်စစ်ဆေးလျှင် false negative အဖြေမှားမှု ပို၍ နည်းပါးနိုင်ပါသည်။

🚩🚩🚩2. Positive ပြပြီး ထွက်လာတဲ့ antibody ကဘယ်လောက်ကြာကျန်တတ်လဲရှင့် အဲ့ antibody ကုန်သွားတဲ့အခါကျရင်ရော vaccines ထိုးဖို့အဆင်ပြေလားရှင့်

ဖြေ။ ကိုဗစ် ၁၉ ကူးစက်ခံရပြီးနောက် ထွက်လာသော antibody ကြောင့် နောက်ထပ်ကူးစက်မှု မဖြစ်စေရန် #သုံးလမှခြောက်လအထိကာကွယ်နိုင်သည်ဟုဆိုကြပါသည်။သို့ရာတွင် သုတေသနများဆက်လက်လုပ်ဆောင်လျက်ရှိပြီး antibody သည် လူနာထံတွင် အချိန်ဘယ်လောက်ကြာအောင်နေသည်၊ မည်သည့်ပမာဏဆိုရင် ရောဂါကူးစက်မှုကိုကာကွယ်နိုင်သည်၊နောက်တစ်ကြိမ်ကူးစက်ခံရလျှင်မည်မျှအထိအကျိုးသက်ရောက်စေသည် စသဖြင့် ဘုံသဘောတူညီချက် မရှိသေးသဖြင့် သုတေသနပြုမှုများ လုပ်ဆောင်နေဆဲပင်ဖြစ်ပါသည်။ ပညာရှင်များအဆိုအရ ကိုဗစ်ဖြစ်ပြီး ဝေဒနာများမှ သက်သာလာပြီးနောက် isolation  #သီးသန့်နေထိုင်ချိန်ပြီးဆုံးချိန်တွင် ကာကွယ်ဆေးထိုးသင့်သည်ဟုဆိုကြပါသည်။ကာကွယ်ဆေးထိုးခြင်းဖြင့်နဂိုရောဂါကာကွယ်နိုင်စွမ်းပါ မြင့်တက်လာ

သည့်အပြင် ကူးစက်ခံရပါကလည်းရောဂါပြင်းထန်၍ ဆေးရုံတက်ရခြင်းကိုလျှော့ပါးစေသည်ဟုဆိုပါသည်။ Convalescent plasma ခေါ် သွေးရည်ကြည်ဖြင့် ကုသမှု ခံယူပြီးသူများ သို့မဟုတ် monoclonal antibody ခေါ်  Tocilizumab ဆေးဝါးဖြင့်ကုသမှုခံယူထားသူများမှာ မူ ကာကွယ်ဆေးထိုးရန်  #ရက်ပေါင်း၉၀စောင့်ရပါမည်။

🚩🚩🚩3. အိမ်မှာ မိသားစုဝင် 1ယောက်က ရောဂါလက္ခဏာတွေစပြပီးသပ်သပ်ခွဲနေပါတယ် အဲ့အရင်ကတော့တူတူနေကြပါတယ် 5ရက်မြောက်နေ့မှာ တအိမ်လုံး စစ်လိုက်တော့လည်း အဲ့တယောက်ပဲ p ကျန်တဲ့သူN ပါ pသမားကလညိး စဖြစ်ကတည်းက ကိုဗစ်စည်းကမ်းအတိုင်း နေပါတယ် သိချင်တာက 5ရက်မြောက်စစ်တဲ့ Nသမားတွေက Pပြန်ဖြစ်နိုင်သေးပါလားရှင်

ဖြေ။ Positive ထွက်သူများ၏ အနီးကပ်ထိတွေ့သူ အတူနေထိုင်သူများအနေဖြင့် ပဏာမ စစ်ဆေးမှုတွင် negative အဖြေပြသော်လည်း  #၁၄ရက် သီးခြားနေထိုင်သင့်ပါသည်။ ရောဂါလက္ခဏာများမှာ ၁၄ရက်ကြာသည်အထိ ပေါ်ပေါက်နိုင်သောကြောင့်ဖြစ်ပါသည်။ ၁၄ရက်အတွင်း လက္ခဏာပြပါက ထပ်မံစစ်ဆေးနိုင်ပြီး ပိုးတွေ့ပါက positive လူနာကဲ့သို့ ကုသမှုခံယူရပါမည်။

🚩🚩🚩4. positive ထိပီးသား သင်္ဘောသားပါ.ရုံးက Antibody test ပြန်စစ်ရမယ်ပြောပါတယ် IgG IgM IgA ထဲက ဘယ်တခုကို စစ်တာပါလဲခင်ဗျာ...IgG IgM IgA အကြောင်းလည်း သိချင်ပါတယ်ဗျ

ဖြေ။ လက်ရှိစျေးကွက်ထဲတွင် ရှိနေသော antibody test kit များမှာ  #IgGနှင့်IgM ကိုစစ်ဆေးနိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။သွေးနမူနာယူ၍ စစ်ဆေးရခြင်းကြောင့် serology test ဟုခေါ်ပါသည်။ကိုဗစ် ၁၉ပိုး ကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်မှ တုန့်ပြန်သည့်အနေဖြင့်ဖြင့်ထွက်လာသော antibody ကိုစစ်ဆေးခြင်းဖြစ်ပါသည်။

ကိုဗစ် ၁၉ ပိုးဝင်ရောက်ချိန် တွင် လူ့ခန္ဓာကိုယ်မှ antibody ခေါ် တုံ့ပြန်ပစ္စည်းဖြင့် ပြန်လည်တိုက်ခိုက်ရာတွင် ဦးစွာ IgM ထုတ်ခြင်းကိုလုပ်ဆောင်ပြီး ထိုမှတဆင့် IgA နှင့် IgG အဖြစ်သို့ အုပ်စုပြောင်းသွား ( Class switching) ပါသည်။ IgA ကိုမူ #အသက်ရှူလမ်းကြောင်းနှင့်အစာချေလမ်းကြောင်း ( mucosal lining)တလျှောက်တွင်တွေ့ရပြီး ကိုဗစ်လူနာများတွင်သုတေသန ကောင်းကောင်းလုပ်ထားခြင်းမရှိသေးပါ။ ကိုဗစ်အားပြန်လည်တိုက်ခိုက်ရာတွင် နေရာတစ်နေရာမှပါဝင်သည်ဟုဆိုပါသည်။ ရောဂါလက္ခဏာစတင်ချိန်မှစ၍ အကြမ်းအားဖြင့်  #၅ရက်ခန့်အကြာတွင် IgM အား သွေးထဲတွင်တွေ့နိုင်ပြီး ၁၀ရက်မှ ၁၄ရက်ခန့်အကြာတွင်မူ IgG ကိုစမ်းသပ်တွေ့နိုင်ပါသည်။ IgM အား

သွေးထဲတွင်မည်မျှ ကြာသည်အထိရှိမည်ကိုသေချာမသိသော်လည်း IgG မှာမူ 

 #နှစ်လမှသုံးလအထိ တွေ့နိုင်သေးသည်ဟုဆိုပါသည်။လတ်တလော ကိုဗစ်ရောဂါ ရှာဖွေမှုအတွက်အသုံးပြု၍မရသော်လည်း သုတသနပြုရန် ရည်ရွယ်ချက် သို့မဟုတ် ကိုဗစ်ဖြစ်ပွားမှု များသောနေရာများတွင် ကိုဗစ်စစ်ဆေးမှု အလွယ်တကူမပြုလုပ်နိုင်သည့်အခြေအနေမျိုးတွင်  #အထောက်အကူပြုရန်သုံးနိုင်ပါသည်။ ကိုဗစ်မဟုတ်ဘဲ ကိုရိုနာမျိုးနွယ်ဝင် တခြားအအေးမိ ဗိုင်းရပ်ဝင်ဖူးခြင်းမျိုးတွင် positive ဟု မှားယွင်း၍အဖြေထွက်ခြင်းမျိုးလည်း ရှိတတ်ပါသည်။ ကာကွယ်ဆေး ထိုးထားပြီးသူများတွင် antibody test စစ်ဆေးခြင်းကိုမလုပ်သင့်ပါ။

🚩🚩🚩5. Pဖြစ်ပီးပြန်ကောင်းလာရင်မောက်တစ်ကြိမ်ထပ်ပြီးဖြစ်နိုင်ပါသေးလား။နောက်ပီး Pဖြစ်ပီးပြန်ကောင်းလာတဲ့လူနာတိုင်းကိုသွေးခဲတာဖြစ်၊မဖြစ်စစ်သင့်ပါလား။ဘယ်လိုလူနာမျိုးကိုစစ်သင့်ပါလဲ

ဖြေ။ Positive ဖြစ်ပြီးနောက်ကိုဗစ် ပြန်လည်ကူးစက်နိုင်သောဖြစ်စဥ်

မှာ ရှားပါးသော်လည်း #ပြန်ဖြစ်နိုင်သည်ဟုဆိုပါသည်။ တစ်ချို့မှာ ပထမအကြိမ်ကူးစက်ခံရပြီးနောက် သုံးလ မှခြောက်လအတွင်း ထပ်မံမကူးစက်ပါဟုဆိုကြပါသည်။ သွေးခဲစေသော ဓာတ်ပစ္စည်းများကိုစစ်ဆေးမှုများအနက် D Dimer ဟုခေါ်သောပစ္စည်းမှာ ကိုဗစ်ဖြစ်ပြီး နှစ်လကျော်ကြာသည်အထိ သွေးထဲတွင်မြင့်တက်နိုင်ကြောင်းတွေ့ရှိထားပြီး ဘာကြောင့်ဖြစ်ရသည်ကို သုတေသနများဆက်လုပ်နေဆဲ အခြေအနေတွင်ရှိနေပါသည်။ Positive ဖြစ်သော်လည်း အနုစားမှအသင့်အတင့်လက္ခဏာများရှိသူများတွင်နှလုံးရောဂါ၊လေဖြတ်ရောဂါ၊နဂိုကတည်းက ရောဂါအတွက် သွေးကျဲဆေးသောက်နေရသူ၊ မလှုပ်ရှားနိုင်၍ အိပ်ယာထဲလဲနေပြီး သွေးခဲနိုင်ချေရှိသူ မဟုတ်ပါက D dimer အပါအဝင် တခြားသွေးခဲမှုနှင့်ဆိုင်သော အရာများစစ်ဆေးခြင်း ( prothrombin time, platelet count, fibrinogen) ဖြင့်ပိုကောင်းမွန်သည်ဆိုသော #အထောက်အထားမရှိသေးပါဟုဆိုပါသည်။ပြင်းထန်ကိုဗစ်ဖြစ်၍ ဆေးရုံတက်ကုသမှု ခံယူရသောသူများတွင်မူအထက်ပါစစ်‌ဆေးမှုများပြုလုပ်ရသည့်အပြင် သွေးခဲ ကာကွယ်ဆေးကိုဆေးရုံတက်နေစဥ်  အသုံးပြုရပါသည်။လူနာတွင်ရောဂါအခံရှိပါက ဆရာဝန်နှင့်တိုင်ပင်သင့်ပြီး လိုအပ်သောစစ်ဆေးမှုများလုပ်ဆောင်သင့်ပါသည်။

🚩🚩🚩6. "ဖျားနေလို့ ကိုဗစ် စစ်ကြည့်ပါတယ် 

အနံလဲမပျောက်ပါဘူး အရသာလည်း ကောင်းကောင်းရပါတယ်

ချောင်းလဲ မဆိုးပါဘူး လည်ချောင်းလဲ မနာပါဘူး

စစ်ကြည့်တာ အနီး အမှတ် နှစ်ကြောင်းပေါ်နေပါတယ်ဆရာ 

စစ်တာ နည်းမမှန်လို့များလား 

Positive ဖြစ်တာလား

ဖြေပေးစေချင်ပါတယ်"

ဖြေ။ မေးခွန်းပြည့်စုံဖို့လိုကြောင်းအရင်ဆုံးပြောပါရစေ။ ကိုဗစ်စစ်သည်ဟုဆိုရာတွင် Rapid antigen test ( နှာခေါင်းတို့ဖက်ယူရ) စစ်တာလား။ သို့တည်းမဟုတ် antibody test (သွေးနမူနာယူရ) စစ်တာလား သိလိုပါသည်။ ကိုဗစ်ရှိမရှိ စစ်ဆေးရာတွင် PCR နည်းဖြင့်စစ်ဆေးခြင်း( နှာခေါင်းနှင့် အာခေါင်တို့ဖတ်ယူရ) နှင့် Rapid antigen test kit နှင့်စစ်ဆေးခြင်းတို့ဖြင့်သာ စစ်ဆေးရပါမည်။ Antibody test မှာ လတ်တလော ကိုဗစ်ကူးစက်ခံရမှုရှိ မရှိ ရောဂါနာမည်တပ်ရာတွင်အသုံးမဝင်ပါ။ Rapid antigen test kit ဖြင့်စစ်ဆေးပုံကို https://m.youtube.com/watch?v=1-eGUzj0EsA

တွင် ကြည့်ရှုနိုင်ပါသည်ခင်ဗျ။

#CovidInvestigation

Comments

Popular posts from this blog

Oထygen concentrator များနှင့်ပတ်သတ်၍

 Oxygen concentrator တွေကို +positive သမား တစ်ယောက် သုံးထားပြီး သားရူပြီး သား စက် ကိုနောက်ထပ် တစ်ယောက်  ရှု ရင် စက်ကို ပြန် သန့်စင် ဖို့လိုပါသလားဗျ။ စက်သန့်ရှင်းရေး ဘယ်လို လုပ်ရပါသလဲခင်ဗျာ။ နားလည် သူများ တစ်ချက်လောက်ဖြေပေးပါလာခင်ဗျာ။ ဆရာတစ်ယောက် ဖြေပေးထားတဲ့ ဟာ လေးပါ တစ်စုတည်း ဖတ်လို့ရအောင် edit ပေးထားပါတယ်။ Oxygen Concentrator စက်အားပိုးသန့်စင်ခြင်း Oxygen concentrator မှာ ပိုးသန့်စင်ရန်စဉ်းစားဖို့ (၁) စက်အပြင်ပိုင်း၊ (၂) လေစစ်ဇကာ filters များ၊ (၃) mask နဲ့ လေရှုပြွန် cannula and tubing (၄) ရေအိုး water trap humidifiers (၅) စက်အတွင်းပိုင်း ဆိုပြီး (၅) ပိုင်းခွဲစဉ်းစားပါမယ်။ ပထမတစ်ယောက်သုံးပြီး နောက်တစ်ယောက်မသုံးခင်မှာဖြစ်စေ၊ အခြားနေရာကသယ်ယူလာတာဖြစ်စေ #ပိုးသတ်ပြီးမှသုံးစွဲသင့်ပါတယ်။ ပိုးသန့်စင်မယ့်သူဟာ #လူနဲ့ဝေးရာမှာ mask နဲ့လက်အိတ်သေချာဝတ်ပြီးမှ ပိုးသန့်စင်သင့်ပါတယ်။ (၁) စက်အပြင်ပိုင်းကို အစွန်းချွတ်ဆေးမပါတဲ့ဆပ်ပြာရည်စိမ်ထားတဲ့အဝတ်နဲ့သုတ်နိုင်ပါတယ်။ ပြီးတာနဲ့ kitchen tower စက္ကူလိပ်နဲ့ရေပြန်သုတ်နိုင်ပါတယ်။ စက်ကိုအသုံးပြုနေစဉ်မှာ ရေစိုအဝတ်နဲ့သန့်စင်ခြင်း #မပြုလုပ်ပါန...

Management of COVID-19 patients

Symptoms တွေက အားလုံးသိပြီးသားဆိုတော့ အဲ့အတိုင်းပဲ... Isolation Guide (WHO) Symptomatic patients with suspected or confirmed case ဆို symptoms စတဲ့ရက်ကနေ 10 days & အနည်းဆုံး symptoms free 3 days... Family/contact (no symptom) ဆိုရင် 10 days (symptom စခဲ့ရင် ထုံးစံအတိုင်း စတဲ့ရက်ကနေ next 10 days) isolation လုပ်ရမယ်... ခုအနေအထားနဲ့တော့ ကိုယ့်အသိစိတ်နဲ့ကိုယ် Home Q ပါတဲ့... Investigation Optional ပဲ... facilities ရှိရင်လုပ် မရှိရင် မလုပ်နဲ့...လုပ်မယ်ဆိုရင်... Rapid test / PCR CXR (mild ဆို မရိုက်လည်းရ... moderate-severe ဆို ရိုက်သင့်.. ARDS or bacterial pneumonia ဆိုးနေပြီလား သိရအောင်) Basic blood test တွေ FBC RBS CRP Creatinine ဖောက်... Fever ဖြစ်တဲ့အတွက် Malaria & Dengue ကိုလည်း လွတ်မသွားအောင် ထည့်စဥ်းစားသင့် Treatment Mild ဆိုရင် supportive & symptomatic ပဲ... Supportive မှာ nutrition & hydration က အရေးကြီး *highlight နာမည်​ကြီးနေတဲ့ Vitamins အားဆေးတွေ လိုလားဆို... nutrition သာကောင်းရင် မလိုဘူး.. သောက်ချင်လည်း သောက်လို့ရ... no problem... Symptomatic အတွက်က fever cough m...

မှောက်အိပ်တယ်ဆိုတာ

လူကောင်းတယောက် ပက်လက်အိပ်တဲ့အခါ လျှာက အနောက်ဘက်ကို လျှောကျပြီး အသက်ရှုလမ်းကြောင်း ကျဉ်းသွားတယ်။ အဲဒီအခါ ဟောက်သံထွက်လာလို့ ကိုယ်လည်း အသက်ရှုမဝ၊ ဘေးလူလည်း အိပ်မရ ဖြစ်တယ်။  (sleep apnoea) နေမကောင်းတဲ့ နှာစေးချောင်းဆိုးဖြစ်တဲ့အခါ ပက်လက်အိပ်ရင် နှာခေါင်းထဲက အရည်က အတွင်းဘက် အောက်ဖက်ကို စီးကျတယ်။ Posteria Nasal Drop လို့ခေါ်တယ်။ အဲဒီအခါ ချောင်းဆိုးတော့ အိပ်မရပြန်ဘူး။ နေကောင်းသည်ဖြစ်စေ နေမကောင်းသည်ဖြစ်စေ ကျွန်တော်က မှောက်အိပ်တတ်တဲ့ အကျင့် ရှိပြီးသားပါ။ စံနစ်တကျ အိပ်တတ်ရင် အဆင်ပြေပါတယ်။ ခု Covid လူနာကို မှောက်အိပ်ခိုင်းတော့ အဆင်မပြေ မအိပ်တတ် အုန်းလွဲတယ်ဆိုတာတွေ တွေ့ရတယ်။ ခေါင်းအုံးကို ရင်ဘတ်အောက်တည့်တည့် ထားရပါတယ်။ "ဗိုက်နေရာအထိ မရောက်ရပါဘူး'။  ရင်ဘတ်က မြင့်ပြီး ဗိုက်က နိမ့်ရပါတယ်။ ဒါမှ ဝမ်းတွင်းကလီစာတွေဟာ အောက်ဘက်ကို ရွေ့သွားပြီး ရင်ခေါင်းမြှေး Diaphragm ကို အပေါ်ဘက် တွန်းမထားနိုင်တော့ပါ။ အဆုတ်ရဲ့ လွတ်လပ်စွာ ကျယ်ပြန်နိုင်ခွင့် ပိုရပါတယ်။ (ပက်လက်မှာ ကလီစာ viscera တွေဟာ သွေးပြန်ကြောမကြီး inferior vena cava ကို ဖိထားတာမို့ မှောက်ထားရင် ဒီဖိအား သက်သာပါတယ်။) နောက်ခေါင်းအုံးတခုကိုတော့ နဖူးန...