ကိုဗစ်ရဲ့ အရေးကြီးချိန် Happy Hypoxia (Silent Hypoxia) အကြောင်း (အောက်စီဂျင် ကျသော်လည်း သိပ်မမောခြင်း) ဒီအဖြစ်အပျက်လေးကို အရင်ဆုံးလေ့လာကြည့်ပါ။ ကျမတို့ ဆရာဝန်တွေအားလုံး နေ့စဉ်တွေ့နေရတဲ့ အဖြစ်တွေပါ။ လူနာက Viber Video Call ဖြင့် ကုသမှု ခံယူနေပါတယ်။ အိမ်သားတစ်ယောက်က ပြောတယ်။ "ဆရာမရေ လူနာက ကိုဗစ် ပေါ့စတစ် ဖြစ်တာ ၁ ပတ်ရှိပြီ။ အခု အောက်စီဂျင်တိုင်းထားတာ ၈၀ လောက်ထိပဲ ကျသေးတယ်။ မောလည်း မမောဘူး ဆရာမ။ ပုံမှန် စားနိုင်တယ်။ စကားလည်းပြောတယ်။ အိမ်သာထသွားပြီးမှ အရမ်းမောသွားတယ်။ သိပ်တော့ မဆိုးသေးပါဘူးနော်။" ဒီဘက်က ဆရာဝန်ကတော့ အရမ်းကိုစိတ်ပူနေရပြီ။ သူတို့ကတော့ အရှေ့မှာ ဂျောက်ကြီးကြီး တစ်ခု ဘွားကနဲ ပေါ်လာလိမ့်မယ် ဆိုတာ လုံးဝမသိရှာဘူး။ "ဒါကို "Happy Hypoxia" or Silent Hypoxia"လို့ခေါ်ကြတယ်။ ဆိုလိုတဲ့ Happy အဓိပ္ပါယ်က မမောလို့၊ မစိုးရိမ်သေးဘဲ "အေးအေးဆေးဆေး ပျော်နေတုန်း"........ သို့သော်လည်း ဆရာဝန်က Happy မဖြစ်နိုင်ဘဲ စိုးရိမ်စိတ် အရမ်းဖြစ်နေရပြီ။ နောက်ကျနေပြီလို့ မပြောရက်ပါဘူး။ ပိုဆိုးတာက ဘယ်ဆေးရုံ တက်ခိုင်းရမလဲ။ ဘယ်လို ညွှန်ကြား ပေးရမလဲ။ ဒါဟာ ကိုဗစ်ရဲ့ ထူးခြ...