ယခု အခါ Covid ဖြစ်ပြီးလို့ပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေး ထိုးပြီးလို့ပဲ ဖြစ်ဖြစ် antibody စစ်တဲ့သူတွေကို အတွေ့များလာပါတယ်။ ဒါကြောင့် ဒီ antibody test တွေနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက် တစ်ချို့ကို မျှဝေလိုက်ပါတယ်။ (၁) Antibody ဆိုတာ ဘာလဲ? Corona virus လူရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ လူရဲ့ B lymphocyte တွေက ပြန်လည်ခုခံဖို့ ထုတ်တဲ့ Immunoglobulin (Ig) ဆိုတဲ့ ဓါတ်ကို ခေါ်တာပါ။ အစောပိုင်းကာလ အကြမ်းဖျင်း ပထမ ၁၄ ရက်အတွင်း IgM ဆိုတာထွက်ပြီး နောက်ပိုင်းကာလများမှာ IgG ဆိုတာ ထွက်ပါတယ်။ (၂) ထွက်တဲ့ IgG ဘယ်လောက်ကြာကြာထိ ရှိနေတတ်လဲ? ရောဂါပိုးဝင်လို့ ထွက်တဲ့ IgG က ၃ လ မှ ၆လ (တစ်ချို့လည်း ၉ လ) လောက်အထိ သွေးထဲမှာ ရှိနေတတ်ပြီး နောက်ပိုင်း တဖြေးဖြေး နည်းနည်းသွားတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေး ထိုးလို့ ထွက်တဲ့ IgG ကတော့ ဒီထက်ကြာကြာ ပိုနေတယ်လို့ သုတေသန စစ်တမ်းများအရ သိရပါတယ်။ ဆက်လက် စောင့်ကြည့်နေကြဆဲပါ။ (၃) Ig G ဘယ်နှမျိုး ရှိလဲ? အဓိက ၂ မျိုး ရှိပါတယ်။ SARS CoV2 virus ရဲ့ အတွင်းအနှစ်ထဲမှာရှိတဲ့ Nuclecapsid protein (N - antigen) ကို ခုခံတဲ့ anti N IgG နဲ့ အပြင်ဆုံးက ဆူးတောင်လေးတွေမှာ ရှိတဲ့ Spike protein (S-ant