Skip to main content

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)



🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။

🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။ 

auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။

💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။ 

ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။ 

🚩🚩🚩3. ကိုဗစ်ကာကွယ်ဆေး(Covidschield) first dose ထိုးထားပြီး ဘယ်နရက်လောက်နေရင် ဆေးအာနိသင် စရပါလဲခင်ဗျာ။

💉ဖြေ။ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး ခန္ဓာကိုယ်မှ ခုခံအားထွက်ရန် ကြာချိန်မှာ အများအားဖြင့် ၂ ပတ်ခန့်ရှိနိုင်ပါတယ်။ သို့သော် ၎င်းခုခံအားမှာ အပြည့်အဝမဖြစ်သေးဘဲ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး တစ်ပတ်မှ ၂ ပတ် ကြာချိန်မှသာ ကောင်းမွန်သော ခုခံအားကို ရရှိနိုင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေအသုံးပြု၍ မကြာခဏ ဆေးခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ ခပ်ခွာခွာနေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 


🚩🚩🚩4. "မဂ်လာပါရှင်။ July5ရက်နေ့ကsinophamတချောင်းထိုးပြီးနောက်တချောင်းကိုမထိုးဖြစ်တာပါ။ အခုလကုန်မှာsinophamကိုပဲပြန်ထိုးရင်ရပါသလားရှင်။ တချောင်းပဲထိုးရမှာလား။ နှစ်ချောင်းလုံးပြန်ထိုးရမှာလားရှင်။ ကျေးဇူးတင်ပါတယ်။ ယခုလကုန်ကိုတချောင်းထိုးလျင် နောက်ကျန်တဲ့တချောင်းထိုးဖို့လိုပါသလားရှင်။ နောက်ထပ်နှစ်ချောင်းပြည့်အောင်ထိုးရမှာလားရှင်ကျေးဇူးတင်ပါတယ်ရှင်။ 

💉ဖြေ။ Sinopharm ကာကွယ်ဆေးဒုတိယအကြိမ်ကို ပထမအကြိမ် ဆေးထိုးပြီးချိန်မှ ၃ ပတ်မှ ၄ ပတ်ခြား ထိုးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါတယ်။ အကယ်၍ ဒုတိယအကြိမ် ထိုးရမည့် သတ်မှတ်အချိန်အပိုင်းအခြားကျော်လွန်ပါက ၎င်းဒုတိယအကြိမ်ကို အနီးစပ်ဆုံး အမြန်ဆုံး ထိုးသင့်ကြောင်း တိုက်တွန်းထားပါတယ်။  

ထို့ကြောင့် ကာကွယ်ဆေးထိုးခြင်း အကြိမ်ပြည့်ဖြစ်စေရန်အတွက် နောက်တစ်ချောင်း (ဒုတိယအကြိမ်) ထိုးလျှင် ရပြီဖြစ်ပါတယ်။ နောက်ထပ် အကြိမ်ပြည့် ထပ်မံထိုးစရာ မလိုအပ်ပါ။ 

🚩🚩🚩5. ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် အာရွဲ့သွားတာရှိပါတယ်။ ဘာကြောင့်ပါလဲရှင်။ 

💉ဖြေ။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်လာသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ကာကွယ်ဆေးထိုးပေးသူ ကျန်းမာရေးဝန်ထမ်းထံ သတင်းပို့ရမှာ ဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်များသည် ကာကွယ်ဆေးနှင့် တိုက်ရိုက် သက်ဆိုင်ခြင်း ရှိမရှိကို အထူးအလေးထား ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးနှင့် ပတ်သက်သည့် ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍  https://www.facebook.com/ckcmohnugmm/posts/119303200421935 ရှိ မေးခွန်း (၂ ) နှင့် https://www.facebook.com/ckcmohnugmm/posts/122337093451879 ရှိ မေးခွန်း (၁၀) တို့တွင် ဖတ်ရှုပေးပါ။ 

🚩🚩🚩6. အခုစကစကထုတ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးကို အစာအိမ်ရောဂါအခံရှိသူတွေ အစာစားပြီးတိုင်း ပျို့အန်တတ်သောသူတွေ နှလုံးအားနည်းပြီး သွားတာလာတာ မောတတ်တဲ့သူတွေ ထိုးလို့ရပါသလား။ 

💉ဖြေ။ ထိုးလို့ရပါတယ်။ ကာကွယ်ဆေးမထိုးမီနှင့် ထိုးပြီး ဆောင်ရန်ရှောင်ရန်များကို အောက်ပါပို့စ်ရှိ မေးခွန်း (၁၀ ) တွင် ဖတ်ရှုပေးပါ။ https://www.facebook.com/ckcmohnugmm/posts/122337093451879

🚩🚩🚩7. အသက် ၇၅ပါ။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးလျင်အားဆေးထိုးလို့ရလားရှင့်။

💉ဖြေ။ ကိုဗစ်ကာကွယ်ဆေးများနှင့် အားဆေးများကြားတွင် အပြန်အလှန်သက်ရောက်မှုများ ရှိကြောင်း မတွေ့ရသေးပါ။ 

🚩🚩🚩8. နို့တိုက်မိခင် covid 19ကာကွယ်ဆေးထိုးလို့ရလားသိချင်ပါတယ်။ 

💉ဖြေ။ အောက်ပါပို့စ်ရှိ မေးခွန်း (၁၁) တွင် ဖတ်ရှုပေးပါ။ https://www.facebook.com/ckcmohnugmm/posts/124579383227650

🚩🚩🚩9. ကျမကတစ်နေ့က ကာကွယ်ဆေးထိုးရက်ပါ။ ဒါပေမယ့်နှာရေယိုခေါင်းကိုက်ရှိနေသောကြောင့် တယ်လီကျန်းမာဆရာဝန်ကမထိုးရပါပြော၍မထိုးဖြစ်ပါ။ နောက်တစ်ခုကကျမနှင့်သားငယ်ကိုးနှစ်အရွယ်ကလေးက သူမွေးဖွားစဥ် ရေများမွေးနေတာနှစ်ရက်ကြာ၍ မွေးပြီးချင်း သားအမိနှစ်ယောက်ကိုအဆုတ်ပိုးသတ်ဆေးသွင်းပေးထားပါသည်။ အဲဒါကကောအထောက်အပံ့ဖြစ်ပါသလားရှင့်။ ကာကွယ်ဆေးကတော့ပြန်ထိုးမှာပါရှင့်။ 

💉ဖြေ။ ကိုဗစ်ရောဂါလက္ခဏာများ ခံစားနေရသူများတွင် ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းခြင်းနှင့် ပတ်သက်၍ အောက်ပါပို့စ်ရှိ မေးခွန်း (၂) တွင် ဖတ်ရှုပေးပါ။ https://www.facebook.com/ckcmohnugmm/posts/113457701006485 

အဆုတ်ပိုးသတ်ဆေး (ပဋိဇီဝဆေး) သွင်းဖူးသူများတွင်လည်း ကာကွယ်ဆေးထိုးနိုင်ပါတယ်။ 

#CovidVaccine

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...