Skip to main content

ကိုဗစ်ကူးစက်ခြင်းနှင့်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (24.8.21)



🚩🚩🚩1. ကိုဗစ်ဖြစ်ပီး ရုံးပြန်တက်ရတဲ့ရုံးသမားတွေ ထမင်းစားစဉ် အဲယားကွန်းခန်းထဲမှာဆိုအဲကွန်းလေကတစ်ဆင့်  ပါးစပ်ထဲ ကိုဗစ်ပိုး၀င်နိုင်လား နောက်ပီးရုံးကစုပေါင်းတက်ကြတဲ့ ရုံးသုံးအိမ်သာကို (ဗိုလ်ထိုင်မဟုတ်ပါ) ပိုးကူးစက်မှု နည်းအောင် ဘယ်လို ကာကွယ်မှုလုပ်ပီးတက်ရမလဲ ရှင်။

ဖြေ - 👉 အပူပေးစနစ်၊ လေ၀င်လေထွက်စနစ်နှင့် လေအေးပေးစနစ် (Heating, ventilation, and air conditioning) HVAC system ၏လေဝင်ပိုက်လိုင်းများ၊ လေစစ်များတွင် ကိုဗစ်ပိုး၏ RNA ကိုတွေ့ရှိရသည်ဆိုသော်လည်း ထိုတွေ့ရှိရသောပိုးသည် အသက်ရှင်မှုရှိမရှိကို မသိနိုင်ပါ။ ထို့ကြောင့် HVAC system မှတစ်ဆင့် ကိုဗစ်ပိုးကူးစက်နိုင်ခြေနှင့် ပတ်သက်၍ ယခုအချိန်ထိ တိကျစွာမသိရှိရသေးပါ။ သို့သော် ကိုဗစ်ဖြစ်စေသောပိုးသည် အဆောက်အအုံပြင်ပထက် အဆောက်အအုံထဲတွင် ပို၍ ပမာဏများနိုင်ပြီး ပိုမိုကူးစက်စေနိုင်ပါသည်။ ထို့ကြောင့် အဆောက်အအုံများကို လေဝင်လေထွက်ကောင်းအောင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ 

အဆောက်အအုံများအတွင်း ပိုးကူးစက်မှုလျှော့ချနိုင်ရန် အောက်ပါအချက်များကိုလုပ်ဆောင်နိုင်ပါသည်။

- ပြတင်းပေါက်များ၊ တံခါးများကို ဖွင့်ထားခြင်း

- ပြတင်းပေါက်တွင်တပ်ဆင်ထားသောပန်ကာများ ( window fan )၊ လေထုတ်ပန်ကာများ ( exhaust fan )၊ ခေါင်မိုးပေါ်ရှိလေဝင်လေထွက်ကောင်းစေသောကိရိယာများ ( roof ventilator ) ကိုဖွင့်ထားခြင်း

- ကိုဗစ်ကူးခံရနိုင်ခြေမြင့်သောသူများ ( ဥပမာ - ဆရာဝန်၊ သူနာပြု )၏ အခန်းတွင် high-efficiency particulate air (HEPA) fan/filtration systems များကိုအသုံးပြုခြင်း

- အပူပေးစနစ်၊ လေ၀င်လေထွက်စနစ်နှင့် လေအေးပေးစနစ် (Heating, ventilation, and air conditioning) HVAC system တပ်ဆင်ထားသော အဆောက်အအုံများတွင် လေစစ်များ၏ စစ်ထုတ်နိုင်မှုစွမ်းအားပေါ်မူတည်၍ Minimum Efficiency Reporting Value (MERV) 1 - 16 ရှိရာ MERV မြင့်သော လေစစ်များကို ကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်၍ အသုံးပြုခြင်း ( CDC မှ MERV အနည်းဆုံး 13 ရှိသော လေစစ်များကိုသုံးရန် အကြံပြုထားပါသည် )

- အသုံးပြုမှုနည်းသော အဆောက်အအုံများတွင် HVAC system ကို အသုံးမပြုခင် ၂နာရီနှင့် အသုံးပြုပြီး ၂နာရီကြာဖွင့်ထားခြင်း

- အဆောက်အအုံတွင်း လေဝင်လေထွက်များ၊ လေစစ်များကို ကောင်းမွန်အောင်လုပ်ရန်ခက်ခဲသောအခြေအနေများတွင် ultraviolet germicidal irradiation (UVGI) ကိုအသုံးပြု၍ ပိုးသန့်စင်ခြင်း စသည်တို့ပြုလုပ်နိုင်ပါသည်။

ထိုနည်းလမ်းများသည် ပိုးကူးစက်မှုကို လျှော့ချနိုင်သော်လည်း ၁၀၀% မကာကွယ်နိုင်ပါ။ ထို့ကြောင့် mask ကိုစနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုမကြာခဏဆေးခြင်း၊ ၆ပေခွာနေခြင်းတို့ကိုလည်း လုပ်ဆောင်ရပါမည်။

👉 အိမ်သာကို မျှဝေသုံးစွဲရပါက

- Mask သေချာစွာတပ်ဆင်ရန်

- အိမ်သာအတွင်း အကိုင်အတွယ်များသော မျက်နှာပြင်များအား ထိမိပါက ထိုထိမိသောလက်ဖြင့် မျက်စိ၊ နှာခေါင်း နှင့် ပါးစပ်တို့ကို မထိရန်

- အိမ်သာအသုံးပြုပြီးပါက လက်ကို ရေနှင့်ဆပ်ပြာကိုအသုံးပြု၍သော်လည်းကောင်း၊ alcohol အနည်းဆုံး ၆၀% ပါသော လက်သန့်ဆေးရည်ကို အသုံးပြု၍သော်လည်းကောင်း သေချာစွာဆေးကြောရန်

- အိမ်သာမျက်နှာပြင်များအား ပုံမှန် ဆေးကြောသန့်စင်ရန် အကြံပြုလိုပါသည်။

🚩🚩🚩2. အလုပ်မှာ ငွေကိုင်တဲ့ ကလေးတွေကူးခံရပါတယ်။ covid ကို ပိုက်ဆံက မကူးအောင် ဘယ်လိုကာကွယ်လို့ရပါသလဲ။

ဖြေ - ပိုက်ဆံကိုထိတွေ့စရာမလိုသော digital transcription နည်းလမ်းကို အသုံးပြုနိုင်လျှင်ပိုကောင်းပါသည်။

ထို့သို့ပြုလုပ်ရန် အဆင်မပြေပါက

- ငွေကိုင်သည့်သူသည် mask ကိုသေချာစွာတပ်ခြင်း

- ငွေကိုကိုင်တွယ်ပြီးတိုင်း လက်ကို ရေနှင့်ဆပ်ပြာကိုအသုံးပြု၍သော်လည်းကောင်း၊ alcohol အနည်းဆုံး ၆၀% ပါသော လက်သန့်ဆေးရည်ကို အသုံးပြု၍သော်လည်းကောင်း သေချာစွာဆေးကြောခြင်း

- လက်မဆေးဘဲ ငွေကိုင်ထားသောလက်ဖြင့် မျက်စိ၊ နှာခေါင်း နှင့် ပါးစပ်တို့ကို မထိခြင်း

- လက်အိတ်ဝတ်ဆင်သုံးစွဲပါကလည်း ထိုလက်အိတ်ဖြင့် မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မထိခြင်း။သုံးစွဲပြီးသားလက်အိတ်ကို စနစ်တကျစွန့်ပစ်ခြင်း။

- အပူချိန်ကို 'silk' နှင့် ‘rayon’ setting (~148°C to 190°C) ကြားတွင်ထား၍ ပိုက်ဆံအား မီးပူတိုက်ခြင်း ( အထူးသဖြင့် ရေနွေးငွေ့သုံး၍ မီးပူတိုက်ခြင်း )သည်လည်း ပိုးသတ်နိုင်မည်ဟုယူဆပါသည်။

- Ultraviolet light ကိုအသုံးပြု၍ ပိုးသတ်ခြင်း စသည်တို့ပြုလုပ်နိုင်ပါသည်။

Ref: https://pmj.bmj.com/content/96/1137/427

#CovidTransmission

#ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (24.8.21)

=================================

🚩🚩🚩1. "ကိုဗစ်ရောဂါတွေ နည်းနည်းလျော့သွားပြီဆိုတော့ အပြင်သွားပြီး ပြန်လာရင် ရေတန်းချိုးဖို့တို့ အဝတ်အစားတွေ ရောက်ရောက်ချင်းချွတ်ပြီး လျှော်ဖို့တို့ လုပ်စရာလိုသေးလား ရှင့်?

ဒါမှမဟုတ် လုံခြုံအောင် လုပ်သွားပြီး ပြန်လာရင် လက်ဆေးရုံနဲ့ လုံလောက်လား ဖြေပေးစေချင်ပါတယ် ရှင့် 🙏"

- ယခုအချိန်မှာ ကိုဗစ်ဖြစ်ပွားနှုန်းတွေ လျော့သွားတာ မှန်ပေမယ့် စိုးစဥ်းမျှ #မပေါ့ဆစေလိုပါ။

- သတိဟူသည် ပိုသည်မရှိ ဖြစ်သောကြောင့် အပြင်မှ ပြန်လာတိုင်း ဦးစွာ စနစ်တကျ လက်ဆေးပြီးနောက် ရေချိုး (ခေါင်းလျှော်) လုပ်လျှင် အကောင်းဆုံးသာ ဖြစ်ပါသည်။ (လက်မဆေးဘဲ မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်ကို ထိကိုင်ခြင်း မပြုမိရန် သတိကြီးစွာ ထားရပါမည်)

- အပြင်ဝတ်များကို ချက်ချင်းလျှော်ဖို့တော့ မလိုအပ်ပါ၊ အဝတ်ပေစုသည့် ခြင်းတောင်းတစ်ခုထဲ ထည့်ထားပြီး နောက်ရက်တွင်မှ အခြားအဝတ်များနှင့်အတူ #ပုံမှန်အတိုင်းလျှော်ဖွပ်နိုင်ပါသည်။ (ပို၍ သတိကြီးစွာ ထားသည့်အနေဖြင့်လည်း ရေနွေးသုံးကာ လျှော်ဖွပ်နိုင်ပါသည်)

❌ အပြင်ဝတ်ထားသော အဝတ်အထည်များကို #ဖြန့်ခါခြင်း၊ နမ်းရှိုက်ခြင်း မပြုလုပ်ရပါ။

🚩🚩🚩2. Covid စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုလုပ်ပြီးမှ မြူနီစပယ်အမှိုက်ကားပေါ် လွှင့်ပစ်သင့်ပါသလဲ ခင်ဗျာ?

👉 ကိုဗစ်လူနာရဲ့ အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများကို #အရည်မစိမ့်ထွက်နိုင်သော အိတ်နှင့် သေချာထုပ်ပိုးပြီးမှသာ စွန့်ပစ်ရပါမည်။ လိုအပ်ပါက အိတ် ၂ ထပ်ထပ်ပြီးမှ စွန့်ပစ်ပါ။ ('ကိုဗစ်လူနာစွန့်ပစ်ပစ္စည်း' ဟူ၍ စာကပ်ပြီး စွန့်ပစ်နိုင်ပါက ပိုကောင်းပါသည်)

👉 တစ်ခါသုံး ဆေးထိုးပြွန်နှင့် အပ်များရှိပါက #ပေါက်မထွက်နိုင်သော ရေသန့်ဘူးအလွတ်တစ်ခုအတွင်း ထည့်ပြီးမှ စွန့်ပစ်ခြင်းအားဖြင့် စည်ပင်ဝန်ထမ်းများအတွက် အပ်စူးခြင်း၊ သွေး (သို့) ခန္ဓာကိုယ်အရည်များဖြင့် ထိတွေ့ခြင်းအန္တရာယ် ကင်းစေမှာ ဖြစ်ပါသည်။ (ရောဂါပိုးရှိသူအသုံးပြုသော အပ်စူးမိပါက သွေးမှတစ်ဆင့် ကူးစက်သည့် ရောဂါများဖြစ်သော အသည်းရောင်အသားဝါ ဘီ၊ စီ (Hepatitis B & C)< အိတ်ချ်အိုင်ဗွီပိုး (HIV) နှင့် အခြားသော ကူးစက်ရောဂါများ ကူးစက်နိုင်ပါသည်)

👉 သွေး (သို့) ခန္ဓာကိုယ်အရည်များဖြင့် အလွန်အမင်း ညစ်ပေနေသော တစ်ခါသုံးပစ္စည်းများကို #မီးရှို့ဖျက်စီးခြင်း (သို့) စွန့်ပစ်ခြင်း မပြုလုပ်မီ အနည်းဆုံး မိနစ် ၃၀ ကြာအောင် 0.5% ကလိုရင်းဆေးရည် (1:10 Hypochlorite Solution 5000 ppm) တွင် #စိမ်ပြီးမှစွန့်ပစ်ပါ။ (စွန့်ပစ်ပစ္စည်းများ ကိုင်တွယ်သည့်အခါနှင့် ဆေးရည်ဖျော်စပ်ချိန်တွင် ဓာတုဆေးရည်နှင့် ထိတွေ့မှု အန္တရာယ်၊ ဇီဝရောဂါပိုးမွှားများ ကူးစက်မှုအန္တရာယ်ကင်းစေရန် တစ်ကိုယ်ရည်သုံး အကာအကွယ်ပစ္စည်းများ (personal protective equipment) ဖြစ်သည့် ခေါင်းစွပ်၊ မျက်နှာအကာ (face shield) (သို့) ပလတ်စတစ်အကာအကွယ်မျက်မှန်၊ mask၊ ရင်ကာ (apron)၊ ရာဘာလက်အိတ်၊ လည်ရှည်ဖိနပ်တို့ကို ဝတ်ဆင်ထားရန် မမေ့ပါနှင့်)

❌ ကိုဗစ်လူနာရဲ့ အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများကို ၂၄ နာရီထက်ကျော်လွန်၍ သိုလှောင်သိမ်းဆည်းခြင်း မပြုရပါ။

- စွန့်ပစ်ပစ္စည်း သိုလှောင်ရာနေရာနှင့် အသုံးပြုသော ပစ္စည်းများကို 0.5% ကလိုရင်းဆေးရည်ကို အသုံးပြု၍ #နေ့စဥ်သန့်ရှင်းရေးပြုလုပ်ပြီးပိုးသတ်ပါ။

- အမှိုက်များကို ကိုင်တွယ်စွန့်ပစ်ပြီးတိုင်း လက်ဆေးဖို့ မမေ့ပါနှင့် 🤗

- အောက်ပါပုံများတွင်လည်း လေ့လာနိုင်ပါသည်။

https://www.facebook.com/.../pcb.../136414341961648 

https://www.facebook.com/.../pcb.../137207925215623 

✨✨✨0.5% ကလိုရင်း ပိုးသတ်သန့်စင်ဆေးရည် ဖျော်ပုံကို ဆက်လက် ဖော်ပြပေးလိုပါသည်။

👉 ရေအေး တစ်လီတာ (1 L) တွင် အစွန်းချွတ်ဆေးရည် (5% sodium hypochlorite) လက်ဖက်ရည်ဇွန်း  ၂ ဇွန်း (10 ml) ထည့်၍ နှံ့အောင် မွှေကာ ရေနှင့်ဆေးရည်အချိုး 1:10 ဖြစ်အောင် ဖျော်စပ်ပါ။ ထိုအခါ 0.5% ကလိုရင်းဆေးရည်ကို ရရှိမည် ဖြစ်ပါသည်။ (ဖျော်စပ်ပြီးသားဆေးရည်ကို ဖျော်စပ်ပြီး ၂၄ နာရီအတွင်းသာ အသုံးပြုရန်၊ ၂၄ နာရီကျော်ပါက အာနိသင်လျော့ကျနိုင်ပါသည်)

👉 အစွန်းချွတ်ဆေးမှုန့် (35% calcium hypochlorite) ကို အသုံးပြုပါက ထမင်းစားဇွန်း ၁ ဇွန်းမောက်မောက် (14 gram) ကို ရေအေး တစ်လီတာ (1 L) တွင် ထည့်၍ နှံ့အောင် မွှေပါက 0.5% ကလိုရင်းဆေးရည်ကို ရရှိမည် ဖြစ်ပါသည်။

- ဆေးရည်ဖျော်စပ်ပြီးပြီးချင်း မသုံးရပါ၊ ဓာတ်ပြုစေရန် #အနည်းဆုံးမိနစ်၃၀ခန့်စောင့်ရပါမည်။

🚨🚨🚨 ဆေးရည်ကို မျက်စိနှင့် ပါးစပ်ထဲမဝင်အောင် အထူးဂရုစိုက်ပါ။ ကလိုရင်းဆေးရည်ကို အခြားသော သန့်ရှင်းရေးသုံးဆေးရည်များနှင့် ထပ်မံရောစပ်ခြင်း မပြုရပါ။

#CovidPrevention

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...