Skip to main content

Covid နဲ့ အဖျား

 လူနာတွေရဲ့ မဆုံးနိုင်သော complaint က အဖျားမကျဘူးဆိုတာပါပဲ
အဖျားတက်ရတယ်ဆိုတာက ခန္ဓာကိုယ်ထဲ ဝင်နေတဲ့ပိုးနဲ့ ကိုယ်ခံအားတို့ တိုက်ကြရာကနေ ထွက်လာတဲ့ ပဋိပစ္စည်းတွေကြောင့် ဖြစ်ရတဲ့ လက္ခဏာပါ။
အဖျားပဲ မဟုတ်ဘူး ချောင်းဆိုးတာ လည်ချောင်းနာတာ ကိုယ်လက်ကိုက်ခဲတာ စတဲ့ လက္ခဏာတွေ အားလုံးက အဲ့ဒါကြောင့်ပဲ ဖြစ်တာ။
ကျနော်တို့သောက်ခိုင်းနေတဲ့ဆေးတွေက အဲ့လက္ခဏာတွေ သက်သာအောင်ပေးတာပါ။
ဥပမာ Paracetamol သည် အဖျားကျဆေးပါ အဖျားပျောက်ဆေး မဟုတ်ပါ ဖျားတဲ့အချိန်သောက်ရင် အဖျားကျပါမယ် ပြီးရင်တော့ ပြန်တက်ပါမယ်။
အချို့တွေက ဆေးထိုးလို့ရလား မေးပါတယ်။
ဟုတ်ကဲ့ ထိုးလိုက်တဲ့အချိန် အဖျားကျပါမယ် ပြီးရင်.ပြန်တက်ပါမယ် ထိုးတာများလွန်းရင် အစာအိမ်နာတာပါ အဆစ်ရပါမယ်။
ထမင်းစားလို့ အဖျားတက်တယ်ဆိုတာလဲ မဟုတ်ပါဘူး။
မယုံရင် ဘာမှမစားပဲနေကြည့်ပါ အဖျားတက်ရမယ့်အချိန်ရောက်ရင် တက်လာပါလိမ့်မယ်။
သူများတွေ ဟိုဆေးဒီဆေးသောက်တာ ပျောက်သွားတယ်ဆိုတာ ဆေးကြောင့် ပျောက်တာမဟုတ်ပဲ သူ့ကိုယ်ခံအားက ကောင်းလို့ ပျောက်တာပါ။
ဆိုတော့ကာ အဲ့လက္ခဏာတွေအားလုံး ဘယ်အချိန်သက်သာမလဲဆိုတော့ ပိုးကို သတ်နိုင်တဲ့ အချိန်မှာ သက်သာပါမယ်။
ကိုဗစ်က ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါဖြစ်တဲ့ အတွက် အရပ်ထဲမှာပေးနေတဲ့ ပိုးသတ်ဆေးတွေနဲ့ ပျောက်မှာမဟုတ်ပါဘူး။
( ပိုးသတ်ဆေးသုံးသင့်တဲ့အချိန်တော့ရှိပါတယ် အဲ့ဒါကိုတော့ ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ် ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေ မသောက်ပါနဲ့)
ပိုးသတ်ဆေးတွေ လျှောက်သောက်ရင် ပါးစပ်ပျက်ပြီး အစားမဝင်ပါ ဖြစ်တတ်ပါတယ် အဲ့ဒီအခါကျရင် ပိုအားနည်းပြီး အန္တရာယ်ရှိပါတယ်။
ဗိုင်းရပ်စ်ကိုက ကိုယ်ခံအားကပဲ သတ်နိုင်မှာဖြစ်တဲ့အတွက် ကိုယ်ခံအားကောင်းအောင် အာဟာရရှိတဲ့ အစားအစာတွေစားပါ။
အရည်များများသောက်ပါ။
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
သွေးပူလေ့ကျင့်ခန်းလေးတွေ လုပ်ပါ။
စိတ်ဖိစီးမှုကိုလျှော့ချပါ။
ခံစားနေရတဲ့ လက္ခဏာတွေသက်သာဖို့ ဆရာဝန်ညွှန်းတာကိုသာ သောက်ပါ လူတိုင်းညွှန်းသမျှလိုက်မသောက်ပါနဲ့။ ဘာလို့ဆို အချို့တွေက နှာစေးပျောက်ဆေးကိုပဲ သုံးမျိုးလောက် သောက်နေတာမျိုးတွေ တွေ့ရလို့ပါ။
နောက်ဆုံးပြောချင်တာကတော့ ကိုဗစ်မှာ ဘာလက္ခ ဏာပဲ ခံစားရ ခံစားရ အစိုးရိမ်မလွန်ကြပါနဲ့
ကြောက်ရမှာ တစ်ခုတည်းပါ အဲ့ဒါက အောက်ဆီဂျင် ကျမှာကိုပါပဲ။
ကျန်တာတွေက ကိုယ်ခံအားသေချာပြန်တက်လာရင် သက်သာသွားမှာပါ။

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...