Skip to main content

ကိုဗစ်ကူးစက်ခြင်းနှင့်ကုသခြင်းဆိုင်ရာမေးခွန်းများ (6.8.21)




🚩🚩🚩1. Pဖြစ်နေတဲ့လူကနေ တိလေးတွေကိုကူးစက်နိုင်ပါသလား။ ကူးစက်ခံရရင် တိလေးတွေသေဆုံးတဲ့အထိပြင်းထန်ပါသလား။

ဖြေ - ကိုဗစ်သည် လင်းနို့ကဲ့သို့​သော တိရစ္ဆာန်မှ စဖြစ်သည် ဖြစ်​သော်လည်း ​လေ့လာတွေ့ရှိချက် အချို့အရ တိရစ္ဆာန်မှ လူသို့ ကူးနိုင်နှုန်းဟာ အလွန်နည်းပြီး တိကျ​သော သက်​သေများ မရှိ​သေးပါ။

- လူမှတစ်ဆင့်တိရစ္ဆာန်သို့ အချို့အ​​ခြေအ​နေများတွင်ကူးစက်နိုင်ပါသည်။ ဥပမာ - ကိုဗစ်ပိုးရှိသူမှ တိရစ္ဆာန်များနှင့် အနီးကပ် ထိ​တွေ့သည့်အခါ ကူးစက်နိုင်ပါသည်။

- ထို့​ကြောင့် ​​ရောဂါရှိသူများသည် တိရစ္ဆာန်များနှင့် ထိ​တွေ့ခြင်းမှ​ ရှောင်ကြဥ်ရန် CDC (Center for disease control and prevention) မှ အကြံပြုထားပါသည်။

🚩🚩🚩2. D 19 မှာ Antibody မပေါ်ခဲ့ပါဘူး. D 22 မှာ အဖျားတက်ကိုယ်လက်တွေကိုက်ခဲပါတယ်။ D 23 မှာ Antibody ထပ်စစ်တော့လဲ Control ဘဲပေါ်ပါတယ်။ Test kits မှာ Positive ပြန်ပေါ်လာပါတယ်. သီးသန့်ခွဲနေရအုန်းမလား အခြားသူကိုကောထပ်ကူးန်ိုင်လား။ ပြန်ကူးခံရတာလားပြောပြပေးပါအုန်းရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

ဖြေ - ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာသူ အချို့တွင် ရောဂါလက္ခဏာစပေါ်သည့်ရက်မှစ၍ ရက်ပေါင်း ၉၀ထိ ဗိုင်းရပ်စ်အစိတ်အပိုင်းများ  ဆက်လက်ထွက်ရှိခြင်း ( #viral shedding ) ဖြစ်ပေါ်နိုင်သည်။ ထိုသို့ viral shedding ဆက်ဖြစ်နေပါက ပြန်ကောင်းပြီးသည့်နောက်တွင်လည်း PCR test ဖြင့်စစ်လျှင် positive ဖြစ်နိုင်ပါသည်။ PCR test positive သည် ထွက်လာသောဗိုင်းရပ်စ်ပိုးသည် အသေ/အရှင်ဖြစ်ခြင်းကို မပြနိုင်ပါ ( ဆိုလိုသည်မှာ ပိုးသည် ရောဂါဖြစ်စေနိုင်ခြင်း ရှိသည်/မရှိသည်ကို မသိနိုင်ပါ )။ ထို့ကြောင့် PCR test positive ထပ်ဖြစ်သူသည် အခြားသူအား ကူးစက်နိုင်ခြင်းရှိ/မရှိ သိရှိနိုင်ရန် ရောဂါဖြစ်စေနိုင်သောပိုး level ကိုတိုင်းသည့် assays များထပ်စစ်ရန်လိုအပ်ပါသည်။ 

- PCR test positive ပြန်ဖြစ်ခြင်းသည် နောက်ထပ်တစ်ခါ ကူးစက်ခံရခြင်း( #reinfection) ကြောင့်လည်းဖြစ်နိုင်ပါသည်။ 

အမေရိကန်နိုင်ငံတွင် အောက်ပါအချက်များရှိသူကို reinfection အတွက်စစ်ဆေးရန် အကြံပြုထားသည်

- ပထမရောဂါမှ ရက်ပေါင်း #၉၀အကျော်တွင် ရောဂါလက္ခဏာရှိသည်ဖြစ်စေ/ မရှိသည်ဖြစ်စေ NAAT ( PCR ) test positive ထပ်ဖြစ်လျှင်

- ပထမရောဂါမှ #၄၅ - ၈၉ရက်အတွင်း ကိုဗစ်သံသယလက္ခဏာရှိပြီး ( ထိုရောဂါလက္ခဏာသည် အခြားအကြောင်းကြောင့်မဟုတ်ခြင်း သို့မဟုတ် ကိုဗစ်ဖြစ်သူနှင့်ထိတွေ့ခဲ့ပြီးသည့်နောက် ရောဂါလက္ခဏာပေါ်လာခြင်း ) NAAT test positive ထပ်ဖြစ်လျှင်

ပထမဖြစ်သောပိုးနှင့် ဒုတိယအကြိမ်ရောဂါထပ်ဖြစ်စေသောပိုး ကွဲပြားခြင်းရှိ/မရှိကို သိရှိရန် genetic testing လုပ်ပါသည်။

နိုင်ငံတကာတွင် ကိုဗစ်ဖြစ်ပြီးပြန်ကောင်းလာသူများတွင် သံသယရှိပါက PCR test ကိုသာသုံးပြီး၊ ယခု မြန်မာနိုင်ငံတွင် လူအများအသုံးပြုသော test kits ကိုအသုံးမပြုပါ။ ထို့ကြောင့် test kit positive တစ်ခုတည်းနှင့် ရောဂါပြန်လည်ကူးစက်ခြင်းဖြစ်သည်ဟု မပြောနိုင်ပါ။

နေကောင်းပြီးသူတွင် ရောဂါလက္ခဏာထပ်ပေါ်ပါက ထိုရောဂါလက္ခဏာသည် အခြားအကြောင်းကြောင့်လည်းဖြစ်နိုင်ပါသည်။ ( ဥပမာ - ဘတ်တီးရီးယားပိုးဝင်ခြင်း )

 ထို့ကြောင့် ဆရာဝန်နှင့်တိုင်ပင်ရန်လိုအပ်ပါသည်။

🚩🚩🚩3. အိမ်မှာလူ၃ယောက်ရှိပါတယ် ကျွန်မက ၂၅ရက်ရှိပါပြီ ကျွန်မအဒေါ်တစ်ယောက်က၂၁ ရက်ရှိပါပြီ နောက်အဒေါ်တစ်ယောက်က အဲ့နေမှစဖျားပါတယ်ရှင့် အဲ့တာပြန်ကူးနိုင်ပါသလားရှင့်

ဖြေ - ကိုဗစ်ဖြစ်ပြီးပြန်လည်ကောင်းမွန်လာသူများသည် နောက်ထပ် ထပ်မံကူးစက်ခံရနိုင်ခြေ နည်းသော်လည်း ပြန်လည်ကူးစက်ခံရသည့်ဖြစ်စဥ် အနည်းငယ်ရှိပါသည်။ ထို့ကြောင့် ပြန်လည်ကောင်းမွန်လာသူများသည် mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ၆ပေခွာနေခြင်း၊ လက်ဖြင့် မျက်စိ နှာခေါင်း ပါးစပ်တို့ကို မထိခြင်း စသည်တို့ကိုဆက်လက်လုပ်ဆောင်ရပါမည်။

#ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (6.8.21)

=================================

🚩🚩🚩1. မေး-ဖျားနာပြီး ပြန်နေကောင်းလာပြီးသူ တစ်ယောက်ဟာ Vitamin C Vitamin D3 နဲ့ Zinc တို့ကို ဘယ်လောက်ထိ သောက်သုံးသင့်ပါသလဲဟင်... အဲ့ဆေးတွေကနေ side effects  ဘယ်လောက်ထိရနိုင်ပါလဲရှင်..  

ဖြေ- အားဆေးများဖြစ်သော Multivitamin၊ Vitamin C အစရှိသော ဆေးများသည် ဖြည့်စွက်ဓာတ်စာသဘောသာ ဖြစ်ပါသည်။

ပုံမှန်အားဖြင့် အစာအာဟာရဓာတ်စုံလင်မျှတစွာ စားနိုင်သူတစ်ယောက်အဖို့ အားဆေးမလိုအပ်ပါ။ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အာဟာရဓာတ်ချို့တဲ့သူများ၊ ရောဂါကြောင့် အူလမ်းကြောင်းမှ အာဟာရဓာတ် ကောင်းစွာ မစုပ်ယူနိုင်သူများသာ အားဆေးလိုအပ်ပါသည်။

အားဆေးတံဆိပ်အများအပြားရှိသည့်အတွက် တိတိပပတော့ မညွှန်းဆိုနိုင်ပါ။ သောက်သည့်တံဆိပ်အလိုက် ဆေးအကြိမ်အရေအတွက် ကွာနိုင်ပါသည်၊ မသောက်မီ ဆေးအကြောင်း နားလည်တတ်ကျွမ်းသူ #ဆရာဝန်များနှင့် တိုင်ပင်ပါ။ အလွန်အကျွံမသုံးစွဲရန် သတိပြုပါ။ (ဥပမာ - လူကြီးတစ်ယောက်အတွက် Vitamin C 500 mg ပါသော ဆေးပြားဆိုလျှင် တစ်နေ့ တစ်ကြိမ်၊ 100 mg သာ ပါသော ဆေးပြားဆိုလျှင် တစ်နေ့ နှစ်ကြိမ်သောက်လျှင် လုံလောက်ပါသည်) (မှတ်ချက်။ လူကြီးတစ်ယောက်အတွက် နေ့စဥ် Vitamin C လိုအပ်ချက်မှာ 65-90 mg မျှသာ ဖြစ်ပါသည်)

ဖြည့်စွက်သောက်သင့်သည့် ပမာဏထက် ပို၍ နေ့စဉ်ရက်ဆက် စွဲသောက်ပါက ပျို့ခြင်း၊အန်ခြင်း၊အစားသောက်ပျက်ခြင်း၊နုံးချိခြင်း၊အားနည်းခြင်း၊ဗိုက်နာခြင်း၊ဝမ်းချုပ်ခြင်း၊ဝမ်းလျှောခြင်း မှ စ၍ အရိုးကျန်းမာရေးထိခိုက်ခြင်း၊ကျောက်ကပ်ပျက်ခြင်း တို့အထိ ဖြစ်နိုင်ပါသည်။

ကိုဗစ်ရောဂါကူးစက်ခံရသည့်တိုင် ကိုယ်ခံအားကောင်းမွန်သူသည် ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားရသည့်အဆင့်သို့ ရောက်နိုင်ခြေနည်းပါးပြီး ပြန်လည်ကောင်းမွန်ရန် အခွင့်အရေးများပါသည်။

ကိုယ်ခံအားကောင်းစေရန် အိပ်ရေးဝဝအိပ်ပါ၊ အသား၊ငါး၊အသီးအရွက်တို့ကို အာဟာရဓာတ် စုံလင်မျှတအောင် စားပါ၊ ရေများများသောက်ပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ၊ စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ။

🚩🚩🚩2. မေး-ဘီပိုးရှိတဲ့ covidလူနာတွေက ဘာဆေးသောက်ရမလဲ ဘီပိုးဆေးဆက်သောက်သင့်ပါသလား။

ဖြေ- အသည်းရောင်အသားဝါ ဘီပိုးကြောင့်ဖြစ်သော အသည်းရောဂါအတွက် #သက်ဆိုင်ရာဆရာဝန်က ဆေးသောက်တာရပ်ဖို့မပြောမချင်း #ဆေးဆက်သောက်ရပါမယ်။

#CovidTreatment

#ckc #covid19_knowledge_centre

#nugmoh #covid19

#CovidTransmission

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...