Skip to main content

Oxygen , oxygen therapy နှင့် Covid-19 ( အပိုင်း ၅ )

6). Awake Prone Position- မျက်နှာမှောက်ရက် အနေအထား အကြောင်း 
Position အရေးကြီးတာကို ရှင်းပြပြီးပါပြီ။
အခု အဲ့ထဲက   Awake Prone Position- မျက်နှာမှောက်ရက် အနေအထား အကြောင်း ထပ်ပြောပြပါ့မယ်။
WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကြီးရော တခြား US အပါအဝင် နိုင်ငံအများစုရဲ့ guidelines တွေမှာ လုပ်ဖို့ အဆင်ပြေတဲ့ လူနာ တွေကို လုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
စနစ်တကျ အနေအထားမှန်မှန် လုပ်နိုင်ရင် ရောဂါ ပိုသက်သာတယ် အမောလည်း သက်သာတယ် ပိုမဆိုးအောင်တောင် ကာကွယ်နိုင်တယ်လို့ တချို့ လေ့လာချက်တွေမှာ တွေ့ပါတယ်။
ကိုယ့် နိုင်ငံ အတွက် အများကြီး အသုံးဝင်ပါတယ်။
Contraindications - ဘယ်သူတွေမလုပ်သင့်ဘူးလဲ။
  • (၁)လူနာကမလုပ်လိုရင်မလုပ်သင့်ပါ။
  • (၂) သတိမကောင်းတဲ့သူတွေမလုပ်သင့်ပါဘူး။
  • (၃) သွေးပေါင်ကျနေလျှင်မလုပ်သင့်ပါ။
  • (၄) မကြာခင်ကမှ ဗိုက်ခွဲထားသူများ မလုပ်သင့်ပါ။ 
  • (၅) ခါးရိုးခိုက်မိထားသူများ အရိုးကျိုးထားသူများ လှည့်ပြောင်းရမလွယ်သူများမလုပ်သင့်ပါ။
  • (၆) အစာစား ပြီး ၁ နာရီ အတွင်း မလုပ်သင့်ပါ။ 
လုပ်နည်း - 
စလုပ်ရင် မိနစ်၃၀နဲ့စပြီး ဆက်နေနိုင်ရင်တော့ ၃-၄နာရီနေပြီး 
၁နာရီနား 
ပြီးရင်ပြန်မှောက် 
ပြီးရင်နားနဲ့ 
နိုးနေတဲ့အချိန်တွေမှာလုပ်ရမှာပါ။
စုစုပေါင်း တနေ့မှာ၁၆နာရီထိလုပ်နိုင်ပါတယ်
အောက်က video ကတော့ AYA Center က အစ်မ  Daw Zin Min Phyo Physiotherapist တို့အဖွဲ့ ရဲ့ မှောက်ရက်ထားနည်း အကြောင်း မြန်မာလို ရှင်းပြထားပါတယ် ( Crd AYA Center- Daw Zin Min Phyo Physiotherapist ) 
COVID-19 ကင်းဝေး အောင်နိုင်ကြပါစေ။







Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...