Skip to main content

ကိုဗစ်ရောဂါလက္ခဏာများနှင့်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ (20.8.21)



🚩🚩🚩1. ကိုဗစ် ကူးစက်ပီး ရက်အကန့်အသတ်

ဘယ်လောက်တွင် ကျန်းမာရေး စိတ်ချရသူ တယောက်ပြန်ဖြစ်နိုင်ပါသလဲ။ ဥပမာ သွေးခဲခြင်းကဲ့သို့ နောက်ဆက်တွဲရောဂါကြောင့် အသက်အန္တရယ် မဖြစ်နိုင်တော့ဘူး စိတ်ချ ရသူဖြစ်နိုင်ပီ ဟု ဆိုနိုင်ပါသလဲ။ 

ဖြေ။ ကိုဗစ်ရောဂါ ခံစားရသူအများစုမှာ သီတင်းပတ် အနည်းငယ်အတွင်း  သက်သာသွားလေ့ရှိပါတယ်။ နောက်ဆက်တွဲရောဂါလက္ခဏာများ ခံစားရနိုင်မှုကာလမှာ တစ်ဦးနှင့် တစ်ဦး မတူကွဲပြားနိုင်သဖြင့် အတိအကျမပြောနိုင်ပါ။ အချို့မှာ ၃ လခန့်တွင် သက်သာသွားလေ့ရှိပြီး အခြားသူများမှာ ထို့ထက်ပို၍ ကြာနိုင်ပါတယ်။ ထို့ပြင် ရောဂါလက္ခဏာများ ခံစားရပုံခြင်းမှာ တစ်ဦးနှင့် တစ်ဦး တူညီမှု မရှိသကဲ့သို့ နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ရောဂါလက္ခဏာများမှာလည်း အမျိုးမျိုးဖြစ်ပွားနိုင်ပြီး ၎င်းတို့ကို လေ့လာနေဆဲဖြစ်ပါတယ်။ သွေးခဲခြင်းကဲ့သို့ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိ ဆိုသည်မှာ သွေးခဲခြင်းကို ဖြစ်စေနိုင်သော ယခင်ရောဂါအခံများရှိမရှိ၊ ယခုခံစားရသော ကိုဗစ်ရောဂါကြောင့် ခန္ဓာကိုယ်တွင် ထိခိုက်မှု အတိုင်းအတာ၊ သွားလာနေထိုင်မှုအကျင့်စရိုက်စသည်တို့ပေါ်တွင် မူတည်နိုင်မည်ဟု ယူဆရပါတယ်။ ထိုကဲ့သို့ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိကို ဆရာဝန်နှင့် ပြသကာ လိုအပ်သော ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ 

နောက်ဆက်တွဲ လက္ခဏာများနှင့် ပတ်သက်၍ https://www.facebook.com/ckcmohnugmm/posts/119130873772501 မေးခွန်း (၁) တွင် ဆက်လက်ဖတ်ရှုပေးပါ။ 

သွေးခဲခြင်းကို စမ်းသပ်စစ်ဆေးခြင်းများနှင့် ပတ်သက်၍ https://www.facebook.com/ckcmohnugmm/posts/119511960401059 မေးခွန်း (၅) တွင် ဆက်လက်ဖတ်ရှုပေးပါ။ 

🚩🚩🚩2. အနံ့ပျောက်ပြီးတာ၃၅ရက်ရှိပါပြီ...နှာခေါင်းပိတ်ချွဲကပ်သလိုလည်ပင်းထဲတစ်စို့ကြီးဖြစ်ပါတယ်..မနေ့ကဆေးခန်းမှာအဖျားပြန်တိုင်းတော့ အဖျား၁၀၀ရှိနေပါတယ်ကိုယ်လည်းမပူပါဘူး...အဲ့ဒါဘာဖြစ်လို့များပါလဲ။ 

ဖြေ။ ကိုဗစ်ရောဂါ၏ နောက်ဆက်တွဲလက္ခဏာများလည်း ဖြစ်နိုင်သကဲ့သို့ ကိုဗစ်ရောဂါပိုး ထပ်မံကူးစက်ခံရခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နှင့် ဆက်လက်ပြသ၍ စနစ်တကျ ကုသမှု ခံယူပေးပါ။ 

နောက်ဆက်တွဲ လက္ခဏာများနှင့် ပတ်သက်၍ https://www.facebook.com/ckcmohnugmm/posts/119130873772501 မေးခွန်း (၁) တွင် ဆက်လက်ဖတ်ရှုပေးပါ။ 

#CovidClinicalFeatures

#ckc #covid19_knowledge_centre

#nugmoh #covid19

#ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (20.8.21)

=================================

🚩🚩🚩1. ကိုဗစ်လည်းဖြစ်ပါတယ်ရှင့် အနံရောအရသာရောပျောက်တယ်ဖြစ်တာ17ရက်ရှိပါပြီရှင့် ခု Antibody test kitစစ်တာ အဖြေမှ Antibodyမထွက်ပဲ Cပိုးမကူးဘူးပဲပြနေလို့ရှင့်အဲတာဘာကြောင့်ပါလဲ ရှင့်

ဖြေ။ ကိုဗစ် antigen test ဖြင့်  နှာခေါင်းတို့ဖတ်ယူ စစ်ဆေးမှုပြု၍ positive အဖြေ P ထွက်ပြီးဖြစ်ပါက antibody test အား မဖြစ်မနေ စစ်ဆေးရန် #မလိုအပ်ပါ။အကယ်၍ Antibody ထပ်မံစစ်ဆေးလိုပါက ရောဂါလက္ခဏာပေါ်ချိန်မှ  #၂၈ရက်ဝန်းကျင်တွင် ပြန်လည်စစ်ဆေးနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Antibody IgG မှာ ၂၈ရက်ဝန်းကျင်တွင် အများဆုံးဖြစ်သော

ကြောင့် ဖြစ်ပါသည်။ သတိပြုရန်မှာ ပိုးတွေ့လူနာများ၏ ၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်း ခန့်သောသူများတွင် Antibody test negative ဖြစ်တတ်ပါသည်။ အဘယ့်ကြောင့်ထိုသို့ဖြစ်ရသည်ကိုသေချာမသိပါ။ မိမိတွင် Test Kit မှစစ်ဆေးနိုင်သော Antibody ပမာဏ မရှိသေးလျှင်သော်၎င်း Test kit Error ကြောင့်. သော်၎င်း၊ စစ်ဆေးပုံမမှန်ခြင်းကြောင့်သော်၎င်း ဖြစ်နိုင်သည်ဟု ဆိုကြပါသည်။ ရောဂါ ဗေဒ ဖြစ်စဥ်အရ ပိုးတွေ့ကူးစက် မှုဖြစ်ပီးလျှင် Antibody အနည်းနှင့်အများ ရှိမည်သာဖြစ်ပါသည်။ Antibody ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ လက်ဆေး၊ mask တပ် ၊ခပ်ခွာခွာနေရန် လိုအပ်ပြီး ကာကွယ်ဆေးရရှိပါက ထိုးနှံသင့်ပါသည်။

🚩🚩🚩2. ဆရာ ကျနော်က စဖျားတော့ Covid လက္ခဏာတွေနဲ့ဖျားတာဆိုတော့ Covid antigen testမစစ်တော့ပဲ ကိုယ့်ကို Positiveလို့ယူဆပြီး 14 ရက် self-isolate နေပါတယ်။ 14 ရက်ပြီးတော့လည်း အိမ်မှာလည်း Covid positiveဖြစ်တဲ့လူ‌နာ‌ေတွကို ပြုစုရင်းနဲ့ပဲနေတာ။ ဖျားပြီသွားတာဆို အခု Day 27 လောက်ရှိပြီ။ အခု Antibody test kit နဲ့စစ်လိုက်တော့ C တစ်ကြောင်းပဲပေါ်တယ်။ စိတိမသန့်လို့ နှစ်ခါ စစ်တာ နှစ်ခါလုံး C ပဲပြတယ်။ အဲ့ဒါဘာကို ပြောနိုင်လဲ?

ဖြေ။ အကူးမခံရသေးတာလဲ ဖြစ်နိုင်ပါသည်။ ကိုဗစ်ဟုတ်မဟုတ် လက္ခဏာဖြင့်မဆုံးဖြတ်ပါ။ 

#Antigenစစ်ဆေးရန်အရေးကြီးပါသည်။ Antigen test သည် လတ်တလောကူးစက် မှု အတွက် စစ်ဆေးရမည့်အရာဖြစ်ပါသည်။ Antibody test သည် #ယခင်ကူးခံရဖူးခြင်း ( Past infection) ကိုပြပါသည်။ကူးခံရပြီး antibody မပေါ်သည်မှာ ၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းထိရှိပါသည်။Antigen မစစ်ထားသည့်အတွက် ပိုးကူးခံရသော်လည်း antibody မပေါ်တာလား၊ ကိုဗစ်လက္ခဏာနှင့်ဖျားနာခဲ့သော်လည်း ကိုဗစ်ကူးစက်ခံရခြင်းမရှိဘဲ တခြားသောအအေးမိတုပ်ကွေး ဗိုင်းရပ်စ် တစ်ခုခုဝင်၍ covid antibody Negative ဖြစ်တာလား သေချာခွဲခြားမသိနိုင်ပါ။

#CovidInvestigation

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...