Skip to main content

ကိုဗစ်ရောဂါလက္ခဏာများနှင့်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ (20.8.21)



🚩🚩🚩1. ကိုဗစ် ကူးစက်ပီး ရက်အကန့်အသတ်

ဘယ်လောက်တွင် ကျန်းမာရေး စိတ်ချရသူ တယောက်ပြန်ဖြစ်နိုင်ပါသလဲ။ ဥပမာ သွေးခဲခြင်းကဲ့သို့ နောက်ဆက်တွဲရောဂါကြောင့် အသက်အန္တရယ် မဖြစ်နိုင်တော့ဘူး စိတ်ချ ရသူဖြစ်နိုင်ပီ ဟု ဆိုနိုင်ပါသလဲ။ 

ဖြေ။ ကိုဗစ်ရောဂါ ခံစားရသူအများစုမှာ သီတင်းပတ် အနည်းငယ်အတွင်း  သက်သာသွားလေ့ရှိပါတယ်။ နောက်ဆက်တွဲရောဂါလက္ခဏာများ ခံစားရနိုင်မှုကာလမှာ တစ်ဦးနှင့် တစ်ဦး မတူကွဲပြားနိုင်သဖြင့် အတိအကျမပြောနိုင်ပါ။ အချို့မှာ ၃ လခန့်တွင် သက်သာသွားလေ့ရှိပြီး အခြားသူများမှာ ထို့ထက်ပို၍ ကြာနိုင်ပါတယ်။ ထို့ပြင် ရောဂါလက္ခဏာများ ခံစားရပုံခြင်းမှာ တစ်ဦးနှင့် တစ်ဦး တူညီမှု မရှိသကဲ့သို့ နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ရောဂါလက္ခဏာများမှာလည်း အမျိုးမျိုးဖြစ်ပွားနိုင်ပြီး ၎င်းတို့ကို လေ့လာနေဆဲဖြစ်ပါတယ်။ သွေးခဲခြင်းကဲ့သို့ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိ ဆိုသည်မှာ သွေးခဲခြင်းကို ဖြစ်စေနိုင်သော ယခင်ရောဂါအခံများရှိမရှိ၊ ယခုခံစားရသော ကိုဗစ်ရောဂါကြောင့် ခန္ဓာကိုယ်တွင် ထိခိုက်မှု အတိုင်းအတာ၊ သွားလာနေထိုင်မှုအကျင့်စရိုက်စသည်တို့ပေါ်တွင် မူတည်နိုင်မည်ဟု ယူဆရပါတယ်။ ထိုကဲ့သို့ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိကို ဆရာဝန်နှင့် ပြသကာ လိုအပ်သော ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ 

နောက်ဆက်တွဲ လက္ခဏာများနှင့် ပတ်သက်၍ https://www.facebook.com/ckcmohnugmm/posts/119130873772501 မေးခွန်း (၁) တွင် ဆက်လက်ဖတ်ရှုပေးပါ။ 

သွေးခဲခြင်းကို စမ်းသပ်စစ်ဆေးခြင်းများနှင့် ပတ်သက်၍ https://www.facebook.com/ckcmohnugmm/posts/119511960401059 မေးခွန်း (၅) တွင် ဆက်လက်ဖတ်ရှုပေးပါ။ 

🚩🚩🚩2. အနံ့ပျောက်ပြီးတာ၃၅ရက်ရှိပါပြီ...နှာခေါင်းပိတ်ချွဲကပ်သလိုလည်ပင်းထဲတစ်စို့ကြီးဖြစ်ပါတယ်..မနေ့ကဆေးခန်းမှာအဖျားပြန်တိုင်းတော့ အဖျား၁၀၀ရှိနေပါတယ်ကိုယ်လည်းမပူပါဘူး...အဲ့ဒါဘာဖြစ်လို့များပါလဲ။ 

ဖြေ။ ကိုဗစ်ရောဂါ၏ နောက်ဆက်တွဲလက္ခဏာများလည်း ဖြစ်နိုင်သကဲ့သို့ ကိုဗစ်ရောဂါပိုး ထပ်မံကူးစက်ခံရခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နှင့် ဆက်လက်ပြသ၍ စနစ်တကျ ကုသမှု ခံယူပေးပါ။ 

နောက်ဆက်တွဲ လက္ခဏာများနှင့် ပတ်သက်၍ https://www.facebook.com/ckcmohnugmm/posts/119130873772501 မေးခွန်း (၁) တွင် ဆက်လက်ဖတ်ရှုပေးပါ။ 

#CovidClinicalFeatures

#ckc #covid19_knowledge_centre

#nugmoh #covid19

#ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (20.8.21)

=================================

🚩🚩🚩1. ကိုဗစ်လည်းဖြစ်ပါတယ်ရှင့် အနံရောအရသာရောပျောက်တယ်ဖြစ်တာ17ရက်ရှိပါပြီရှင့် ခု Antibody test kitစစ်တာ အဖြေမှ Antibodyမထွက်ပဲ Cပိုးမကူးဘူးပဲပြနေလို့ရှင့်အဲတာဘာကြောင့်ပါလဲ ရှင့်

ဖြေ။ ကိုဗစ် antigen test ဖြင့်  နှာခေါင်းတို့ဖတ်ယူ စစ်ဆေးမှုပြု၍ positive အဖြေ P ထွက်ပြီးဖြစ်ပါက antibody test အား မဖြစ်မနေ စစ်ဆေးရန် #မလိုအပ်ပါ။အကယ်၍ Antibody ထပ်မံစစ်ဆေးလိုပါက ရောဂါလက္ခဏာပေါ်ချိန်မှ  #၂၈ရက်ဝန်းကျင်တွင် ပြန်လည်စစ်ဆေးနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Antibody IgG မှာ ၂၈ရက်ဝန်းကျင်တွင် အများဆုံးဖြစ်သော

ကြောင့် ဖြစ်ပါသည်။ သတိပြုရန်မှာ ပိုးတွေ့လူနာများ၏ ၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်း ခန့်သောသူများတွင် Antibody test negative ဖြစ်တတ်ပါသည်။ အဘယ့်ကြောင့်ထိုသို့ဖြစ်ရသည်ကိုသေချာမသိပါ။ မိမိတွင် Test Kit မှစစ်ဆေးနိုင်သော Antibody ပမာဏ မရှိသေးလျှင်သော်၎င်း Test kit Error ကြောင့်. သော်၎င်း၊ စစ်ဆေးပုံမမှန်ခြင်းကြောင့်သော်၎င်း ဖြစ်နိုင်သည်ဟု ဆိုကြပါသည်။ ရောဂါ ဗေဒ ဖြစ်စဥ်အရ ပိုးတွေ့ကူးစက် မှုဖြစ်ပီးလျှင် Antibody အနည်းနှင့်အများ ရှိမည်သာဖြစ်ပါသည်။ Antibody ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ လက်ဆေး၊ mask တပ် ၊ခပ်ခွာခွာနေရန် လိုအပ်ပြီး ကာကွယ်ဆေးရရှိပါက ထိုးနှံသင့်ပါသည်။

🚩🚩🚩2. ဆရာ ကျနော်က စဖျားတော့ Covid လက္ခဏာတွေနဲ့ဖျားတာဆိုတော့ Covid antigen testမစစ်တော့ပဲ ကိုယ့်ကို Positiveလို့ယူဆပြီး 14 ရက် self-isolate နေပါတယ်။ 14 ရက်ပြီးတော့လည်း အိမ်မှာလည်း Covid positiveဖြစ်တဲ့လူ‌နာ‌ေတွကို ပြုစုရင်းနဲ့ပဲနေတာ။ ဖျားပြီသွားတာဆို အခု Day 27 လောက်ရှိပြီ။ အခု Antibody test kit နဲ့စစ်လိုက်တော့ C တစ်ကြောင်းပဲပေါ်တယ်။ စိတိမသန့်လို့ နှစ်ခါ စစ်တာ နှစ်ခါလုံး C ပဲပြတယ်။ အဲ့ဒါဘာကို ပြောနိုင်လဲ?

ဖြေ။ အကူးမခံရသေးတာလဲ ဖြစ်နိုင်ပါသည်။ ကိုဗစ်ဟုတ်မဟုတ် လက္ခဏာဖြင့်မဆုံးဖြတ်ပါ။ 

#Antigenစစ်ဆေးရန်အရေးကြီးပါသည်။ Antigen test သည် လတ်တလောကူးစက် မှု အတွက် စစ်ဆေးရမည့်အရာဖြစ်ပါသည်။ Antibody test သည် #ယခင်ကူးခံရဖူးခြင်း ( Past infection) ကိုပြပါသည်။ကူးခံရပြီး antibody မပေါ်သည်မှာ ၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းထိရှိပါသည်။Antigen မစစ်ထားသည့်အတွက် ပိုးကူးခံရသော်လည်း antibody မပေါ်တာလား၊ ကိုဗစ်လက္ခဏာနှင့်ဖျားနာခဲ့သော်လည်း ကိုဗစ်ကူးစက်ခံရခြင်းမရှိဘဲ တခြားသောအအေးမိတုပ်ကွေး ဗိုင်းရပ်စ် တစ်ခုခုဝင်၍ covid antibody Negative ဖြစ်တာလား သေချာခွဲခြားမသိနိုင်ပါ။

#CovidInvestigation

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

ကိုဗစ်ကူးစက်ခြင်းနှင့်ကုသခြင်းဆိုင်ရာမေးခွန်းများ (6.8.21)

🚩🚩🚩1. Pဖြစ်နေတဲ့လူကနေ တိလေးတွေကိုကူးစက်နိုင်ပါသလား။ ကူးစက်ခံရရင် တိလေးတွေသေဆုံးတဲ့အထိပြင်းထန်ပါသလား။ ဖြေ - ကိုဗစ်သည် လင်းနို့ကဲ့သို့​သော တိရစ္ဆာန်မှ စဖြစ်သည် ဖြစ်​သော်လည်း ​လေ့လာတွေ့ရှိချက် အချို့အရ တိရစ္ဆာန်မှ လူသို့ ကူးနိုင်နှုန်းဟာ အလွန်နည်းပြီး တိကျ​သော သက်​သေများ မရှိ​သေးပါ။ - လူမှတစ်ဆင့်တိရစ္ဆာန်သို့ အချို့အ​​ခြေအ​နေများတွင်ကူးစက်နိုင်ပါသည်။ ဥပမာ - ကိုဗစ်ပိုးရှိသူမှ တိရစ္ဆာန်များနှင့် အနီးကပ် ထိ​တွေ့သည့်အခါ ကူးစက်နိုင်ပါသည်။ - ထို့​ကြောင့် ​​ရောဂါရှိသူများသည် တိရစ္ဆာန်များနှင့် ထိ​တွေ့ခြင်းမှ​ ရှောင်ကြဥ်ရန် CDC (Center for disease control and prevention) မှ အကြံပြုထားပါသည်။ 🚩🚩🚩2. D 19 မှာ Antibody မပေါ်ခဲ့ပါဘူး. D 22 မှာ အဖျားတက်ကိုယ်လက်တွေကိုက်ခဲပါတယ်။ D 23 မှာ Antibody ထပ်စစ်တော့လဲ Control ဘဲပေါ်ပါတယ်။ Test kits မှာ Positive ပြန်ပေါ်လာပါတယ်. သီးသန့်ခွဲနေရအုန်းမလား အခြားသူကိုကောထပ်ကူးန်ိုင်လား။ ပြန်ကူးခံရတာလားပြောပြပေးပါအုန်းရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ ဖြေ - ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာသူ အချို့တွင် ရောဂါလက္ခဏာစပေါ်သည့်ရက်မှစ၍ ရက်ပေါင်း ၉၀ထိ ဗိုင်းရပ်စ်အစိတ်အပိုင်းများ  ...

Oxygen , oxygen therapy နှင့် Covid-19 ( အပိုင်း ၅ )

6). Awake Prone Position- မျက်နှာမှောက်ရက် အနေအထား အကြောင်း  Position အရေးကြီးတာကို ရှင်းပြပြီးပါပြီ။ အခု အဲ့ထဲက   Awake Prone Position- မျက်နှာမှောက်ရက် အနေအထား အကြောင်း ထပ်ပြောပြပါ့မယ်။ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကြီးရော တခြား US အပါအဝင် နိုင်ငံအများစုရဲ့ guidelines တွေမှာ လုပ်ဖို့ အဆင်ပြေတဲ့ လူနာ တွေကို လုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။ စနစ်တကျ အနေအထားမှန်မှန် လုပ်နိုင်ရင် ရောဂါ ပိုသက်သာတယ် အမောလည်း သက်သာတယ် ပိုမဆိုးအောင်တောင် ကာကွယ်နိုင်တယ်လို့ တချို့ လေ့လာချက်တွေမှာ တွေ့ပါတယ်။ ကိုယ့် နိုင်ငံ အတွက် အများကြီး အသုံးဝင်ပါတယ်။ Contraindications - ဘယ်သူတွေမလုပ်သင့်ဘူးလဲ။ (၁)လူနာကမလုပ်လိုရင်မလုပ်သင့်ပါ။ (၂) သတိမကောင်းတဲ့သူတွေမလုပ်သင့်ပါဘူး။ (၃) သွေးပေါင်ကျနေလျှင်မလုပ်သင့်ပါ။ (၄) မကြာခင်ကမှ ဗိုက်ခွဲထားသူများ မလုပ်သင့်ပါ။  (၅) ခါးရိုးခိုက်မိထားသူများ အရိုးကျိုးထားသူများ လှည့်ပြောင်းရမလွယ်သူများမလုပ်သင့်ပါ။ (၆) အစာစား ပြီး ၁ နာရီ အတွင်း မလုပ်သင့်ပါ။  လုပ်နည်း -  စလုပ်ရင် မိနစ်၃၀နဲ့စပြီး ဆက်နေနိုင်ရင်တော့ ၃-၄နာရီနေပြီး  ၁နာရီနား  ပြီးရင်ပြန်မှောက်  ပ...

Covid နဲ့ အဖျား

 လူနာတွေရဲ့ မဆုံးနိုင်သော complaint က အဖျားမကျဘူးဆိုတာပါပဲ အဖျားတက်ရတယ်ဆိုတာက ခန္ဓာကိုယ်ထဲ ဝင်နေတဲ့ပိုးနဲ့ ကိုယ်ခံအားတို့ တိုက်ကြရာကနေ ထွက်လာတဲ့ ပဋိပစ္စည်းတွေကြောင့် ဖြစ်ရတဲ့ လက္ခဏာပါ။ အဖျားပဲ မဟုတ်ဘူး ချောင်းဆိုးတာ လည်ချောင်းနာတာ ကိုယ်လက်ကိုက်ခဲတာ စတဲ့ လက္ခဏာတွေ အားလုံးက အဲ့ဒါကြောင့်ပဲ ဖြစ်တာ။ ကျနော်တို့သောက်ခိုင်းနေတဲ့ဆေးတွေက အဲ့လက္ခဏာတွေ သက်သာအောင်ပေးတာပါ။ ဥပမာ Paracetamol သည် အဖျားကျဆေးပါ အဖျားပျောက်ဆေး မဟုတ်ပါ ဖျားတဲ့အချိန်သောက်ရင် အဖျားကျပါမယ် ပြီးရင်တော့ ပြန်တက်ပါမယ်။ အချို့တွေက ဆေးထိုးလို့ရလား မေးပါတယ်။ ဟုတ်ကဲ့ ထိုးလိုက်တဲ့အချိန် အဖျားကျပါမယ် ပြီးရင်.ပြန်တက်ပါမယ် ထိုးတာများလွန်းရင် အစာအိမ်နာတာပါ အဆစ်ရပါမယ်။ ထမင်းစားလို့ အဖျားတက်တယ်ဆိုတာလဲ မဟုတ်ပါဘူး။ မယုံရင် ဘာမှမစားပဲနေကြည့်ပါ အဖျားတက်ရမယ့်အချိန်ရောက်ရင် တက်လာပါလိမ့်မယ်။ သူများတွေ ဟိုဆေးဒီဆေးသောက်တာ ပျောက်သွားတယ်ဆိုတာ ဆေးကြောင့် ပျောက်တာမဟုတ်ပဲ သူ့ကိုယ်ခံအားက ကောင်းလို့ ပျောက်တာပါ။ ဆိုတော့ကာ အဲ့လက္ခဏာတွေအားလုံး ဘယ်အချိန်သက်သာမလဲဆိုတော့ ပိုးကို သတ်နိုင်တဲ့ အချိန်မှာ သက်သာပါမယ်။ ကိုဗစ်က ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါဖြစ်တဲ့...