Skip to main content

SARS CoV2 antibody စစ်ဆေးခြင်းနှင့် ပတ်သက်၍ သိသင့်သည့် အချက်များ

ယခု အခါ Covid ဖြစ်ပြီးလို့ပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေး ထိုးပြီးလို့ပဲ ဖြစ်ဖြစ် antibody စစ်တဲ့သူတွေကို အတွေ့များလာပါတယ်။ ဒါကြောင့် ဒီ antibody test တွေနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက် တစ်ချို့ကို မျှဝေလိုက်ပါတယ်။



(၁) Antibody ဆိုတာ ဘာလဲ?

Corona virus လူရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ လူရဲ့ B lymphocyte တွေက ပြန်လည်ခုခံဖို့ ထုတ်တဲ့ Immunoglobulin (Ig) ဆိုတဲ့ ဓါတ်ကို ခေါ်တာပါ။ အစောပိုင်းကာလ အကြမ်းဖျင်း ပထမ ၁၄ ရက်အတွင်း IgM ဆိုတာထွက်ပြီး နောက်ပိုင်းကာလများမှာ IgG ဆိုတာ ထွက်ပါတယ်။ 

(၂) ထွက်တဲ့ IgG ဘယ်လောက်ကြာကြာထိ ရှိနေတတ်လဲ?

ရောဂါပိုးဝင်လို့ ထွက်တဲ့ IgG က ၃ လ မှ ၆လ (တစ်ချို့လည်း ၉ လ) လောက်အထိ သွေးထဲမှာ ရှိနေတတ်ပြီး နောက်ပိုင်း တဖြေးဖြေး နည်းနည်းသွားတယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေး ထိုးလို့ ထွက်တဲ့ IgG ကတော့ ဒီထက်ကြာကြာ ပိုနေတယ်လို့ သုတေသန စစ်တမ်းများအရ သိရပါတယ်။ ဆက်လက် စောင့်ကြည့်နေကြဆဲပါ။

(၃) Ig G ဘယ်နှမျိုး ရှိလဲ?

အဓိက ၂ မျိုး ရှိပါတယ်။

SARS CoV2 virus ရဲ့ အတွင်းအနှစ်ထဲမှာရှိတဲ့ Nuclecapsid protein (N - antigen) ကို ခုခံတဲ့ anti N IgG နဲ့

အပြင်ဆုံးက ဆူးတောင်လေးတွေမှာ ရှိတဲ့ Spike protein (S-antigen) ကို ခုခံတဲ့ anti S IgG ဆိုပြီးရှိပါတယ်။

Spike protein မှာ S1 နဲ့ S2 ဆိုပြီး ၂ နေရာ ရှိပါတယ်။

S1 နေရာမှာ receptor binding protein ဆိုတဲ့ သော့တံလေး ပါပါတယ်။ အဲဒီ သော့တံလေးက လူရဲ့ cell တွေမှာရှိတဲ့ ACE2 receptor ဆိုတဲ့ သော့ကို ဖွင့်နိုင်ပါတယ်။ ဖွင့်လိုက်လို့ သော့ပွင့်သွားတာနဲ့ virus တွေက cell ထဲကို ဒလဟော ဝင်လာတော့တာပါပဲ။ ဒါကြောင့် ဒီ S1 နေရာမှာရှိတဲ့ receptor binding protein ကို ပြန်ခုခံဖို့ ထွက်တဲ့ anti S IgG ( anti RBD IgG )က လူနဲ့ virus တို့ရဲ့ တိုက်ပွဲမှာ အလွန် အရေးကြီးတဲ့ အခန်းက ပါဝင်ပါတယ်။ neutralizing antibody လို့လည်း ခေါ်ပါတယ်။

(၄) Covid ဖြစ်ပြီးသွားရင် ဘာ antibody ထွက်လဲ?

Anti N IgG ရော၊ Anti S IgG ရော ၂ မျိုးလုံး ထွက်ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ Anti N IgG က သိသိသာသာ လျော့နည်းသွားပါတယ်။ Anti S IgG လည်း မလျော့ဘူးလားဆိုတော့ လျော့ပါတယ်။ RT PCR (+) လူနာတွေကို စစ်တမ်းတစ်ခုလုပ်ကြည့်တဲ့အခါ ရက် ၄၀-၁၂၀ အတွင်း anti S IgG ကို ရာနှုန်းပြည့် positive တွေ့ရပြီး၊ ရက် ၁၂၀-၁၈၀ ကြားမှာ ၉၁.၇%၊ ရက် ၁၈၀ ကျော်တဲ့အခါ ၉၀.၉% positive ပြနေသေးတာကိုတော့ တွေ့ရှိထားပါတယ်။

(၅) ကာကွယ်ဆေး Vaccine ထိုးပြီးရင် ဘာ antibody ထွက်လဲ?

ကာကွယ်ဆေးထိုးရတဲ့ ရည်ရွယ်ချက်က neutralizing antibody ထွက်စေဖို့ပါ။ ဒါကြောင့် ကာကွယ်ဆေးတွေဟာ virus ရဲ့ S protein ကို အခြေခံပြီး အန္တရာယ် မဖြစ်အောင် ပြုပြင်ပြောင်းလဲပြီး ဖော်စပ်ထုတ်လုပ်ကြပါတယ်။ ဒါကြောင့် vaccine ထိုးထားသူတွေမှာ Anti S IgG ( Anti RBD IgG ) ထွက်ပါတယ်။

(၆) Anibody ကို စစ်ဆေးသော နည်းလမ်းများ?

သွေးစစ်ပါတယ်။

ဈေးကွက်ထဲမှာ test kit လေးတွေနဲ့ positive/ negative ပြတဲ့ qualitative test နဲ့ ကိန်းဂဏန်း (titre) နဲ့ ထွက်တဲ့ ဓါတ်ခွဲခန်းမှာ စစ်ရတဲ့ quantitative test ဆိုပြီးရှိပါတယ်။ တစ်ချို့ test တွေမှာ Anti S လား၊ Anti N လားဆိုပြီး အသေးစိတ် ထပ်ပါပါတယ်။ တစ်ချို့မှာတော့ မတွေ့ပါ။

(၇) အမေးများသော မေးခွန်း။

တစ်အိမ်လုံး ဖြစ်လို့ ပြန်ကောင်းသွားတဲ့ အခါ qualitative test kit နဲ့ စစ်ကြည့်တော့ တစ်ယောက်တည်း negative ဖြစ်နေပါတယ်၊ ဘာဖြစ်လို့ပါလဲ?

Test တွေရဲ့ သဘောသဘာဝအရ အတည်ပြုသတ်မှတ်ချက်ရပြီး သုံးဖို့ဆိုရင် Validity, Sensitivity, Specificity, Positive Predictive Value, Negative Predictive Value စတာတွေကို စံအဖြစ် သတ်မှတ်ထားတဲ့ test နဲ့ ယှဉ်ပြီး မှတ်ကျောက်တင်ကြည့်ရပါတယ်။ ကျေနပ်ပြီးဆိုမှ သုံးစွဲခွင့် ရကြပါတယ်။ ဒီလို အဆင့်တွေမှာ အားနည်းခဲ့တဲ့ test kit တွေဆို မှားနိုင်ပါတယ်။

နောက်တစ်ချက်က လူရဲ့ သွေးထဲက antibody နဲ့ ထိတွေ့အခါ reaction ဓါတ်ပြုဖို့ test kit မှာ သုံးထားတဲ့ antigen က N protein ဖြစ်နေမယ်။ ကိုယ့် သွေးထဲမှာ ရှိနေတာက S protein ကို ဓါတ်ပြုမဲ့ Anti S IgG ဖြစ်နေမယ်ဆိုလည်း positive မပြနိုင်ပါဘူး။

(၈) Antibody test ကို ဘယ်လို ရည်ရွယ်ချက်နဲ့ စစ်ကြပါသလဲ?

ယခု အချိန်အထိ တစ်ကမ္ဘာလုံး ယေဘူယျ သဘောတူထားကြတဲ့ အချက်ကတော့ ဒီ antibody test တွေကို seroprevalence လို့ခေါ်တဲ့ ဒီရပ်ကွက်၊မြို့၊ရွာ၊ဒေသ တစ်ခုခု အတွင်းမှာ လူဦးရေ ဘယ်နှယောက်လောက်များ SARS CoV 2 virus နဲ့ ထိတွေ့မှု ရှိခဲ့သလဲ စစ်တမ်းကောက်ယူ သုတေသန ပြုကြတဲ့ အခါမှာ သုံးကြပါတယ်။ Well validated qualitative test တွေ အသုံးများပါတယ်။

vaccine တွေ ထုတ်လုပ်ထိုးနှံပြီးကြတဲ့  အခါမှာတော့ booster dose ထိုးအပြီး antibody level အတက်အကျ တွေကို သုတေသနပြုလုပ်ဖို့ Anti S (anti RBD) IgG quantitative test ကို သုံးတာတွေ့ရပါတယ်။

လတ်တလော ရောဂါဖြစ်နေခြင်း၊ မိမိတွင် ခုခံအားရှိနေပြီ ဖြစ်သည့်အတွက် နောက်ထပ် ထပ်ဖြစ်နိုင်ချေရှိ၊မရှိ၊ မိမိမှ တဆင့် အခြားသူများအား ကူးစက်နိုင်ခြေ ရှိ၊မရှိ စသည်တို့ကို အတည်ပြုရန်၊သို့မဟုတ် ငြင်းဆိုရန် အတွက် Antibody test စစ်ဆေးရန် လို၊မလို ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သဘောတူညီချက်တော့ မရရှိထားသေးပါ။ မာယာများလှသော ပိုး၊ မထင်တာတွေ ထထ ဖြစ်တတ်သော ပိုး ဖြစ်သဖြင့် သုတေသနလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြပြီး ရလဒ်များသည်လည်း နေ့စဉ်နှင့်အမျှ ပြောင်းလဲမှုများရှိနေပါသဖြင့် ဆက်လက် စောင့်ကြည့်ကြရဦးမည် ဖြစ်ပါသည်။

References

1. Characteristics of Anti-SARS-CoV2 Antibodies in Recovered COVID-19 Subjects https://doi.org/10.3399/v13040696

2. How can we interpret SARS-CoV-2 antibody test results, Patogens and Disease,79,2021 https://doi:10.1093/femspd/ftaa069

3. Changes in SARS-CoV-2 Spike versus Nucleoprotein Antibody Responses Impact the Estimates of Infection in Population-Based Seroprevalence Studies. Journal of Virology. February 2021. Vol 95. Issue 3. https://doi.org/10.1128/JVI.01828-20


Credit

Comments

Popular posts from this blog

ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ (27.7.21)

1.🚩🚩🚩 အခု covid က 21 ပေ အထိ ပြန့်နိုင်တယ်ဆိုတာ ဟုတ်ပါသလား။ 2.🚩🚩🚩 ခုပိုးကလေထဲကနေကူးနိူင်လားရှင့် တယောက်နဲ့တယောက်ဘယ်လောက်အကွာကနေဆိုစိတ်ချရလဲ ဖြေ - ကိုဗစ်သည် ၂၁ပေအထိ ပြန့်နိုင်သည်ဆိုသည်မှာ #မဟုတ်ပါ။ CDC ၏ ဂျူလိုင် ၂၀၂၀ ထုတ် ဂျာနယ်တစ်ခုတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့၊ Huoshenshan ဆေးရုံတွင်ပြုလုပ်သည့် ဆေးရုံအတွင်း ကိုဗစ်ပြန့်ပွားမှုကိုသိရှိရန် ပြုလုပ်သော လေ့လာမှုတစ်ခုအရ ကိုဗစ်ပိုးသည် လေထဲတွင် ၁၃ပေထိပြန့်နိုင်သည်ဟုခန့်မှန်းကြသည်။ သို့သော် ထိုလေ့လာမှုသည် မျက်နှာပြင်များပေါ်တွင် အသက်ရှင်နေသောပိုးကောင်ရေပမာဏမည်မျှရှိသည်ကိုမရှာဖွေနိုင်သလို ကိုဗစ်ပိုးပြန့်နိုင်သည့် အကွာအဝေး အတိအကျကိုလည်း မပြောနိုင်ပါ။  ကိုဗစ်ကိုကာကွယ်ရန် ယခုအသိအမှတ်ပြုထားသော ခပ်ခွာခွာနေရမည့်အကွာအဝေးမှာ #၆ပေအကွာဖြစ်ပါသည်။ 3.🚩🚩🚩 Positiveဖြစ်ပြီး ကောင်းသွားရင်ရော carrierဖြစ်နိုင်ပါသလားရှင်။ 4.🚩🚩🚩 မင်္ဂလာပါရှင် ကိုဗစ်က ဖြစ်ပီးသွားသူက နောက်တချိန် ထပ်မံကူးစပ်ခံရနိုင်တယ်.. ဒါပေမဲ့ နောက်တကြိမ်ကြရင် ပထမအကြိမ်က ဝေဒနာလောက်မခံစားရတော့ဘူးဆိုတာမှန်ပါသလားရှင်.. သေဆုံးနိုင်တဲ့အထိရော မဖြစ်နိုင်တော့လားသိပါရစေ 5.🚩🚩🚩 အိမ်မှာ တမိသားစုလု

ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (23.7.21)

🚩🚩🚩1. ဆရာဝန်တစ်ယောက်ပြောတာက KN 95 ကို တစ်ယောက်အတွက် 7 ခုလောက် ထုတ်ပြီး တစ်ခု သုံးပြီးတာနဲ့ အလုံပိတ် ဇစ်ပိတ်အိတ်ထဲထည့်ပြီး တစ်ပတ်ပြည့်ရင် ပြန်သုံးလို့ရတယ်လို့ ပြောတာ ဟုတ်လားရှင့်? ပိုးက အလုံပိတ် အိတ်ထဲ သုံးရက်ဆို သေတယ်ဆိုတာ အမှန်လား ရှင့်? - N 95, KN 95 mask များကို အောက်ပါနည်း ၄ ခုဖြင့် ပိုးသတ်သန့်စင်၍ ပြန်လည်အသုံးပြုနိုင်ပါသည်။ 👉 1. ၃ ရက် (သို့မဟုတ်) ၄ ရက်တစ်ခါ N 95 mask များကို #လှည့်သုံးခြင်း - Mask ၄ ခုကို နံပါတ်စဥ် ၁ မှ ၄ တပ်၍ နံပါတ်စဥ်အတိုင်း ၄ ရက်တစ်ခါ လှည့်သုံးနိုင်ပါသည်။ - သုံးပြီးသော mask ကို အခန်းအပူချိန်တွင် ခြောက်သွေ့၍ လေလုံသော စက္ကူအိတ်ဖြင့် သိမ်းနိုင်ပါသည်။ (ပလတ်စတစ်အိတ်နှင့် သိမ်းပါက ရေငွေ့ရိုက် အစိုပြန်နိုင်သောကြောင့် မသိမ်းသင့်ပါ) - ယေဘုယျအားဖြင့် Mask ပေါ်ရှိ ကိုဗစ်ရောဂါပိုးအားလုံးသည် ၃ ရက် ကြာလျှင် သေပြီးဟု ယူဆသောကြောင့် ဤနည်းကို သုံးနိုင်ပါသည်။ 👉 2. N 95 mask များကို အပူချိန် 70⁰C (158⁰F) တွင် မိနစ် ၆၀ ကြာ #စက်ဖြင့်အပူပေးခြင်း - ထိုသို့အပူပေးရန် သီးသန့်စက် (သို့မဟုတ်) ဆေးရုံတွင် စောင်အပူပေးသည့် စက်များ (ရှိလျှင်) သုံးနိုင်ပါသည်။ - သစ်သားတန်းတစ်ခုတွင် mask များ

Oxygen , oxygen therapy နှင့် Covid-19 ( အပိုင်း ၄)

5).  သွေးတွင်း oxygen ကျလျင် ဘယ်လို ကုမလဲ  ၂ ပိုင်း ရှိပါတယ်  1. Oxygen therapy oxygen ပေးခြင်း နဲ့  2. Proper position အနေအထား မှန်မှန် နေခြင်းပါ။ 1   Oxygen therapy  သူ့အကြောင်းတော့ တော်တော်များများ သိပြီးသားပါ။  ဘယ် အချိန်သေချာစစ် ဖို့ လိုလဲ ဆိုတာကို အပိုင်း ၁ မှာ ရေးပြီးပါပြီ။  When - ဘယ်အချိန်စပေး မလဲ ဆိုတော့ - SPO2 - < 93% သေချာ တယ်ဆိုရင် စပေးခိုင်းပါတယ်။ Target -လိုချင်တဲ့ O2 အတိုင်းအတာက SPO2  92-96 % ပါ။  သူ့ထက်နဲတာရော များတာရော မကောင်းပါဘူးတဲ့။  How - ဘယ်လိုပေးမလဲ ဆိုတော့     Nasal cannula ( နှာခေါင်းပိုက်) - တွေကို low flow ပေးချင်ရင် သုံးပါတယ်                                                       - 4-5  L လောက်ထိ သူ့ကို သုံးလို့ရပါတယ်     - အဲ့ ထက်များရင်တော့ ပေးသလောက် လည်းမရောက်သလို နှာခေါင်းကိုလည်း ထိခိုက်စေပါတယ်     Face mask - (oxygen mask ရိုးရိုး ) - 6-10 L  ထိ ပေးလို့ရပါတယ်။    Face mask with reservoir bag ( လေအိတ်ပါတဲ့ O2 mask ) - 10-15 L ထိပေးလို့ရပါတယ်။   Titration - လိုချင်တဲ့ O2 အတိုင်းအတာ ကို ရောက်ဖို့ အတွက် လူနာ အခြေအနေ နဲ့ SPO2 ကိုကြည့်ပြီး Flow rate ( L/mi