Skip to main content

ကိုဗစ်ရောဂါလက္ခဏာများနှင့်ကုသခြင်းဆိုင်ရာမေးခွန်းများ (24.8.21)



🚩🚩🚩1. ကိုဗစ်မျိုးကွဲ Delta ,Delta plus, lambda တို့အကြောင်းရှင်းပြပေးပါ။

ဖြေ။ ပထမဦးစွာ ကိုဗစ်မျိုးကွဲများနှင့် ပတ်သက်၍ ရှင်းလင်းချက်ကို https://www.facebook.com/ckcmohnugmm/posts/121940573491531 မေးခွန်း (၁) တွင် ကျေးဇူးပြု၍ ဖတ်ပေးပါ။ 

ဩဂုတ်လ ၁၀ ရက်နေ့ အထိ အချက်အလက်များအရ နိုင်ငံပေါင်း ၁၄၂ နိုင်ငံတွင် Delta မျိုးကွဲ ပျံနှံ့လျက် ရှိပါတယ်။ Delta မျိုးကွဲမှာ ယခင်မျိုးကွဲများထက် ကူးစက်မှုနှုန်း နှစ်ဆပိုမိုမြန်ဆန်ကြောင်း ဆိုပါတယ်။ 

Delta plus မျိုးကွဲမှာမူ ဗိုင်းရပ်စ်၏ မျက်နှာပြင်ရှိ ပရိုတိန်းအဖုလေးများတွင် အနည်းငယ်ပြောင်းလဲခြင်းသာ ဖြစ်သဖြင့် Delta မျိုးကွဲ၏ အမည်အောက်တွင်သာ ထည့်သွင်းဖော်ပြထားပါတယ်။ ယခုအချိန်အထိ Delta plus မျိုးကွဲကူးစက်မှုများကို အနည်းငယ်သာ တွေ့ရပါသေးတယ်။ ယခုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ခွင့်ပြုထားသော ကိုဗစ်ကာကွယ်ဆေးအများစုမှာ Delta မျိုးကွဲများကြောင့်ဖြစ်သော ရောဂါပြင်းထန်မှုနှင့် သေဆုံးခြင်းများကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိထားပါတယ်။ 

ယခုအချိန်အထိ ရရှိသောအချက်အလက်များအရ အမေရိကန်နိုင်ငံနှင့် တောင်အမေရိကနိုင်ငံများတွင် Lambda မျိုးကွဲကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိတာကို တွေ့ရပါတယ်။ ၎င်းမျိုးကွဲမှာ Delta မျိုးကွဲထက် ကူးစက်မှု ပိုမိုမြန်ဆန်မည်ဟု ယူဆထားပါတယ်။ ချီလီနိုင်ငံရှိ Lambda မျိုးကွဲကူးစက်မှုများတွင် တရုတ်နိုင်ငံထုတ် Sinovac (Coronavac) ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးပြီးသူ အများအပြား ပါဝင်နေသဖြင့် Lambda မျိုးကွဲမှာ ၎င်းကာကွယ်ဆေးကို ခံနိုင်ရည်ရှိနေမည်ဟု ယူဆရပါတယ်။ ကနဦးလေ့လာမှုများအရ Pfizer နှင့် Moderna ကဲ့သို့သော ကာကွယ်ဆေးများမှာမူ Lambda မျိုးကွဲပေါ်၌ အာနိသင်ရှိကြောင်း တွေ့ရပါတယ်။ 

ရောဂါလက္ခဏာများအနေဖြင့် ဗိုင်းရပ်စ်မျိုးကွဲများအကြား သိသိသာသာ ကွာခြားမှုများ မရှိကြောင်း ဆိုပါတယ်။ 

Ref: https://www.unicef.org/.../what-you-need-know-about-delta... 

       https://www.sciencefocus.com/news/lambda-variant/ 

🚩🚩🚩2. ကိုဗစ်ဖြစ်ပြီး အဆုတ်ကိုဓာတ်မှန်ရိုက်ကြည့်ရမယ်ဆိုတာဟုတ်ပါသလားရှင့်။ အဆုတ်နဲ့ပတ်သက်ပြီး မည်သည့်ဆိုးကျိုးတွေဖြစ်နိုင်ပါလဲရှင့်။ 

🚩🚩🚩 ကိုဗစ်ကြောင့် အဆုတ်ကို ဆိုးဆိုးရွားရွား ထိခိုက်ထားသူတွေအနေနဲ့ အကောင်းအတိုင်း ပြန်ဖြစ်နိုင်ပါလားခင်ဗျာ။ ကိုဗစ်ကြောင့် ပျက်စီးသွားတဲ့ အဆုတ်က ပြန်ကောင်းလာနိုင်ပါလား။

ဖြေ။ ကိုဗစ်ဖြစ်ပွားပြီး သက်သာလာသူတိုင်းတွင် အဆုတ်ဓာတ်မှန်ရိုက်ရန် မလိုအပ်ပါ။ အဆုတ်နှင့် ပတ်သက်သော နောက်ဆက်တွဲ ရောဂါလက္ခဏာများ ခံစားရသူများတွင်သာ ဆရာဝန်၏ အကြံပြုချက်ဖြင့် အဆုတ်ဓာတ်မှန် ရိုက်သင့်ပါတယ်။ 

အဆုတ်ဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ကြာရှည် ချောင်းဆိုးခြင်း၊ မောခြင်း၊ နုံးခြင်း၊ အားစိုက်ရသည့်အလုပ်များ မလုပ်နိုင်ခြင်း၊ အဆုတ်တစ်ရှူးများ ပျက်စီး၍ အမာရွတ်ထင်ကျန်ရစ်ခြင်း၊  နာတာရှည် လေပြွန်ငယ်များ ကျယ်၍ ရောဂါပိုးဝင်ခြင်း၊ အဆုတ်သွေးကြောများ ထိခိုက်၍ သွေးခဲခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ 

ကိုဗစ်ကြောင့် အဆုတ်ထိခိုက်သူများတွင် အဆုတ်တစ်ရှူးများ ပျက်စီး၍ အမာရွတ်ထင်ကျန်ရစ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ၎င်းတို့သက်သာပျောက်ကင်းရန်အတွက် အနည်းဆုံး ၃ လမှ တစ်နှစ်ကျော်ကြာသည်အထိ ကြာမြင့်နိုင်ပါတယ်။ 

Ref: https://www.bmj.com/content/370/bmj.m3001 

       https://www.hopkinsmedicine.org/.../what-coronavirus-does.... 

#CovidClinicalFeatures

#ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (24.8.21)

=================================

🚩🚩🚩1. oxygen supply မပါဘဲ spo2%ဘယ်လောက်ဆိုရင် oxygen ဖြုတ်ပေးလို့ရပြီလည်းသိချင်ပါတယ်။

ဖြေ- ပုံမှန် လူကောင်းတစ်ယောက်မှာတော့ အောက်ဆီဂျင် supply မပါဘဲ အောက်ဆီဂျင်ပမာဏ (SpO2 level on air ) ၉၄-၉၅ရာခိုင်နှုန်းနှင့်အထက် ရှိတတ်ပါတယ်။ 

#အောက်ဆီဂျင်ဖြုတ်ပေးခြင်း (oxygen weaning) နဲ့ ပတ်သက်ပြီး အောက်ပါလင့်ခ်ရဲ့ နံပတ် 7 မေးခွန်းရဲ့ အဖြေကို ဖတ်ပေးပါ။ 

 https://www.facebook.com/ckcmohnugmm/posts/121129120239343

#CovidTreatment

#ckc #covid19_knowledge_centre

#nugmoh #covid19 

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...