Skip to main content

ကိုဗစ်ကာကွယ်ခြင်းနှင့်Vaccineမေးခွန်းများ(17.8.21)



🚩🚩🚩1. Covid ကို ကြိုတင်ကာကွယ်ဖို့အတွက် Immune System ကောင်းအောင် သောက်သုံးကြတဲ့ ဆေးဝါးတွေ (ဥပမာ - Cevit, D3, Zinc, Omega-3, etc... ) ရဲ့ တစ်နေ့ကို သောက်သုံးသင့်တဲ့ အများဆုံး mg ဘယ်လောက်ဆိုတာလေး ပြောပြပေးစေချင်ပါတယ်

- အားဆေးများသည် ဖြည့်စွက်ဓာတ်စာသဘောသာ ဖြစ်ပါသည်။ ကိုဗစ်ကာကွယ်နိုင်တယ်လို့ တိတိပပ အထောက်အထား မရှိသောကြောင့် သောက်ခြင်း၊ မသောက်ခြင်းသည် မိမိသဘောသာ ဖြစ်ပါသည်။

- ပုံမှန်အားဖြင့် အစာအာဟာရဓာတ်စုံလင်မျှတစွာ စားနိုင်သူတစ်ယောက်အဖို့ အားဆေးမလိုအပ်ပါ။ သက်စောင့်ဓာတ်ခေါ် ဗီတာမင် (Vitamin) များသည် #နေ့စဥ်စားသောက်နေသည့် အစားအသောက်များထဲ ပါဝင်ပြီး ဖြစ်သည်ကိုလည်း သတိပြုစေလိုပါသည်။ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အာဟာရဓာတ်ချို့တဲ့သူများ၊ ရောဂါကြောင့် အူလမ်းကြောင်းမှ အာဟာရဓာတ် ကောင်းစွာ မစုပ်ယူနိုင်သူများသာ အားဆေးလိုအပ်ပါသည်။

- အားဆေးတံဆိပ်အများအပြားရှိသည့်အလျောက် သောက်သည့်တံဆိပ်အလိုက် #ဆေးအကြိမ်အရေအတွက်ကွာနိုင်ပါသည်၊ မသောက်မီ ဆေးအကြောင်း နားလည်တတ်ကျွမ်းသူ #ဆရာဝန်များနှင့်တိုင်ပင်ပါ။

- ငါးကြီးဆီ (Omega 3) အပါအဝင် အားဆေးဘူးခွံ/ ဆေးကဒ်များတွင် တစ်နေ့လျှင် သောက်ရမည့် ပမာဏရေးထားလေ့ ရှိပါသည်။ ထိုပမာဏအတိုင်းသာ သောက်သုံးသင့်ပါသည်၊ မိမိသဘောနှင့် မိမိအလွန်အကျွံ သောက်သုံးခြင်း မပြုရပါ။

- ဤဆောင်းပါးရှိ ဇယားတွင်လည်း #နေ့စဥ်ဗီတာမင်လိုအပ်ချက်ကို လေ့လာနိုင်ပါသည်။

https://www.webmd.com/.../vitamins-minerals-how-much... 

- RDA (Recommended Dietary Allowance) (သို့မဟုတ်) AI (Adequate Intake) ဆိုသည်မှာ လူတစ်ယောက်အတွက် နေ့စဥ်လိုအပ်သည့် (တစ်နည်း) နေ့စဥ်သောက်ရမည့် ဗီတာမင်ပမာဏကို ဆိုလိုပါသည်။ ကျား/မ၊ အသက်အရွယ်ကို လိုက်၍ လိုအပ်ချက် ပမာဏ အမျိုးမျိုး ကွာခြားနိုင်ပါသည်။

- UL (tolerable Upper intake Level) ဆိုသည်မှာ ဘေးထွက်ဆိုးကျိုးမဖြစ်ဘဲ လူတစ်ယောက် နေ့စဥ်အများဆုံး သောက်နိုင်သည့် ဗီတာမင်ပမာဏကို ဆိုလိုပါသည်။ တန်လျှင် ဆေး၊ လွန်လျှင် ဘေးဖြစ်သည်ကိုတော့ သတိပြုပါ။

- #အားဆေးများနှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာကိုလည်း ဖတ်ရှုစေလိုပါသည်။

 https://www.facebook.com/MoHNUGMyanmar/posts/186140450212236 

🚩🚩🚩2. ကိုဗစ်ကာကွယ်ဖို့ mask တပ်ရာတွင် surgical mask ကို နှစ်ထပ်တပ်ဖို့ လိုအပ်ပါသလား ရှင့်? နှစ်ထပ်တပ်တာ ကာကွယ်နှုန်းပိုပြီး စိတ်ချရပါလား ရှင်? စျေးဆိုင်ဖွင့်ရတဲ့ သူတွေ အတွက် ဘယ်လို mask တပ်သင့်ပါလဲ ရှင့်? ကျေးဇူးတင်ပါတယ် ရှင်။

- ယခုနောက်ပိုင်း အမေရိကန် CDC မှ mask ၂ ထပ်တပ်ရန် အကြံပြုထားသည်ကို တွေ့ရပါသည် (WHO မှ သီးခြားအကြံပြုသည်ကို မတွေ့ရပါ) Mask ၂ ထပ်တပ်ခြင်းသည် ကာကွယ်မှုရာခိုင်နှုန်းအားဖြင့် အနည်းငယ်ပိုများစေသည်မှာ မှန်သော်လည်း ပို၍ အဓိက ကျသည်မှာ မှန်ကန်သော နည်းလမ်းဖြင့် mask တပ်ဆင်ခြင်းနှင့် မိမိမျက်နှာနှင့် အံဝင်ခွင်ကျ (fitting) တပ်ဆင်ခြင်း ဖြစ်ပါသည်။

- Mask ၂ ထပ်တပ်မည်ဆိုပါက အတွင်းတွင် ကျန်းမာရေးဝန်ထမ်းသုံး surgical mask နှင့် အပြင်တွင် အဝတ် mask ဖြစ်ရပါမည်။

- N95 mask ဆိုလျှင်‌တော့ သူ့တစ်ခုတည်းသာ ဝတ်ဆင်ရပါမည်။

- N95 mask ဝတ်ဆင်ရသူများမှာ ဆေးရုံ၊ ဆေးခန်းများ၌ ရောဂါပိုးနှင့် ကင်းကွာ၍မရသော ကျန်းမာရေးဝန်ထမ်းများသာ ဖြစ်ပါသည်။ (ဈေးရောင်းသူအပါအဝင်) သာမာန်ပြည်သူများအနေနှင့် surgical mask (သို့မဟုတ်) #အလွှာသုံးလွှာပါသော အဝတ် mask တပ်ဆင်ရပါမည်။

https://www.facebook.com/ckcmohnugmm/posts/106810351671220 

- အဝတ် mask တစ်ခုတည်း တပ်ဆင်မည်ဆိုပါက သတ်မှတ်ထားသော အလွှာ ၃ လွှာဖြင့် ချုပ်လုပ်ထားသည့် mask ဖြစ်ရပါမည်။ ထိုအလွှာ ၃ လွှာအကြောင်းကို ဤပိုစ့် မေးခွန်း ၃ တွင် လေ့လာနိုင်ပါသည်။

https://www.facebook.com/ckcmohnugmm/posts/113377394347849

🚩🚩🚩3. ရေနွေးကြမ်း အခါးရည် များများသောက်ရင် ကျောက်ကပ် ပျက်စီးထိခိုက်ပါသလား ဆရာ? ကျေးဇူးပြု၍ ဖြေကြားပေးပါ ခင်ဗျာ။

- #တန်ဆေးလွန်ဘေးဆိုသည့် အတိုင်း ယေဘုယျအားဖြင့် ရေနွေးကြမ်းသောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုနိုင်သော်လည်း လွန်ကဲစွာ သောက်သုံးလျှင်တော့ အသည်းနှင့် ကျောက်ကပ်ပျက်စီးခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းစသည်တို့ ဖြစ်နိုင်ပါသည်။

- ပမာဏအားဖြင့် တစ်နေ့လျှင် ရေနွေးကြမ်းသောက်သည့် ခွက်အသေးနှင့် ၁၀ ခွက်အထိ သောက်သုံးနိုင်ပါသည်။

❌ ရေနွေးကြမ်းသောက်ခြင်း/ ရေနွေးပူပူသောက်ခြင်းဖြင့် ကိုဗစ်ရောဂါ မကာကွယ်နိုင်သည်ကိုတော့ သတိပြုပါ။ လည်ချောင်းကို ပူအောင် ထားခြင်းဖြင့် ကိုဗစ်ရောဂါပိုး မဝင်ရောက်နိုင်ဟူသည်မှာ အယူအဆအမှားသာ ဖြစ်ပါသည်။

👉 ကိုဗစ်ရောဂါ ကာကွယ်ဖို့ လက်တွေ့လုပ်ဆောင်ရမည်မှာ mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းသာ ဖြစ်ပါသည်။

#CovidPrevention

#ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (17.8.21)

=================================

🚩🚩🚩1. Covid ကာကွယ်ဆေး မထိုးမီ ဖြတ်ထားရမယ့်ဆေးတွေ သိချင်ပါတယ်။ 

ဖြေ။ အများစုအတွက်မှာမူ မိမိတို့ သက်ဆိုင်ရာရောဂါများအတွက် ပုံမှန်သောက်သုံးနေရသောဆေးများကို ကာကွယ်ဆေးမထိုးမီတွင် အထွေအထူး ဖြတ်ထားစရာ မလိုအပ်ပါ။ သို့ရာတွင် ကိုယ်ခံအားကို လျော့နည်းစေတတ်သော စတီးရွိုက်ဆေးများနှင့် ကင်ဆာဆေးများသောက်သုံးနေရခြင်းများရှိပါက ကာကွယ်ဆေးထိုးပေးမည့် ကျန်းမာရေးဝန်ထမ်းနှင့် ကြိုတင်တိုင်ပင်သင့်ပါတယ်။ ၎င်းဆေးများကြောင့် ကာကွယ်ဆေးပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်မှုများလျော့နည်းစေတတ်ပြီး ကာကွယ်ဆေးအာနိသင် အပြည့်အဝ မရခြင်းမျိုးလည်း ရှိနိုင်ပါတယ်။ သို့သော် ၎င်းဆေးများသောက်ခြင်းကို မိမိသဘောနှင့် မိမိ မရပ်တန့်သင့်ဘဲ ကုသမှုပေးနေသော သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်။ 

🚩🚩🚩2. ရောဂါဖြစ်ပြီးပြီပဲ ဆိုပြီး ကာကွယ်ဆေးမထိုးဘဲ နေသင့်ပါသလား။ 

ဖြေ။ ကိုဗစ်ရောဂါဖြစ်ပြီးပါကလည်း ကာကွယ်ဆေးမထိုးဘဲ မနေသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ရောဂါမှ ပြန်လည်သက်သာလာပြီးနောက်ပိုင်းတွင် ရောဂါကို မည်သည့်အချိန်အထိ ကာကွယ်နိုင်မည်ဆိုသည်ကို အတိအကျမသိနိုင်၍ဟု ပညာရှင်များက ဆိုပါတယ်။ ဖြစ်နိုင်ခြေနည်းသော်လည်း ရောဂါမှ ပြန်လည်သက်သာသူများတွင် ကိုဗစ်ရောဂါပြန်လည်ကူးစက်နိုင်ခြေရှိပါသေးတယ်။ လေ့လာမှုများအရ ကိုဗစ်ရောဂါမှ ပြန်လည်သက်သာလာသူများတွင် ကာကွယ်ဆေးထိုးပါက ရရှိသော ကိုယ်ခံအားမှာ ပိုမိုကောင်းမွန်ကြောင်း တွေ့ရပါတယ်။ 

ကိုဗစ်ရောဂါဖြစ်ပြီးသူများတွင် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ အောက်ပါပို့စ်ရှိ မေးခွန်း (၂) တွင် ဆက်လက်ဖတ်ရှုပေးပါ။  https://www.facebook.com/ckcmohnugmm/posts/113457701006485 

Ref: https://www.cdc.gov/corona.../2019-ncov/vaccines/faq.html.... 

#CovidVaccine

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...