Skip to main content

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (6.8.21)



🚩🚩🚩1. “For Delta Variant  ----------------- Sinopharm ထိုးထားပြီးသူတွေ တခြားကာကွယ်ဆေး ထပ်ထိုးချင်တယ်လို့ လာပြောကြတာတွေလဲ ရှိပါတယ်။ အဲလိုထိုးလို့ရပါသလားဆို ရတာက ရပါတယ်။ UAE မှာ Sinopharm ၂ ကြိမ် ထိုးပြီးသူတွေကို နောက် ၆ လနေရင် Pfizer ၁ လုံးထိုးဖို့ အကြံပြုထားတာ ရှိပါတယ်။ Sinopharm က Delta Variant ကို ကာကွယ်န်ိုင်စွမ်းနည်းပါးလို့ ဖြစ်ပါတယ်။ Pfizer ကတော့ ၂ ကြိမ်လုံးထိုးပြီးရင် Delta ကို ၈၈% ကာကွယ်ပေးနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ Delta ကို ကာကွယ်ပေးနိုင်မှု အမြင့်ဆုံးဆေးပါ။ လက်ရှိမြန်မာပြည်က ပြည်သူတွေရဲ့ တန်ဖိုးရှိအသက်တွေ ထပ်မံမဆုံးရှုံးစေချင်တဲ့အတွက် ဒီနည်းက လက်ရှိမှာ အဆင်ပြေမယ်လို့ မြင်မိပါတယ်။”

 ဒီဟာလေးရေးထားတာလေးတွေ့လိုပါ သူပြောထားသလို ထိုးလို့ရလား သိချင်ပါတယ်။

 ဖြေ။ Sinopharm ကာကွယ်ဆေး အပါအဝင် ယခုလက်ရှိ အသိအမှတ်ပြုထားသော ကာကွယ်ဆေးများကို ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲများအတွက် ရောဂါပြင်းထန်ခြင်းနှင့် သေဆုံးခြင်းတို့မှ ကာကွယ်နိုင်ရန် ထိုးနှံသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါတယ်။ သို့သော်  Sinopharmကာကွယ်ဆေး၏ ၎င်းမျိုးကွဲများပေါ်၌ အာနိသင်ရှိမှု ပမာဏနှင့် ပတ်သက်၍  လေ့လာနေဆဲ ဖြစ်ကြောင်း ဆိုပါတယ်။ ထို့ပြင် တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံခြင်းနှင့် ပတ်သက်၍ နိုင်ငံများအလိုက် ကာကွယ်ဆေးဆိုင်ရာ မူဝါဒများမှာ အမျိုးမျိုးဖြစ်နိုင်သော်လည်း ကာကွယ်ဆေးမရရှိသေးသည့် ဆင်းရဲသည့်နိုင်ငံများရှိ လူများအား ကာကွယ်ဆေး ဦးစားပေး ထိုးပေးနိုင်ရန်အတွက် တတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုများအား မဆောင်ရွက်သင့်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မေတ္တာရပ်ခံ အကြံပြုထားပါတယ်။ 

🚩🚩🚩2.  ကိုယ်ဝန်ဆောင် နဲ့ Covid vaccine အကြောင်း အသေးစိတ် သိချင်ပါတယ်။ WHO က ဘယ် vaccine ကို recommend လုပ်ပြီး မြန်မာ မှာ ဘယ်မှာ ထိုးလို့ရပါသလဲ။ 

 ဖြေ။ #ကိုယ်ဝန်ဆောင်မိခင်များသည် ကိုဗစ်ရောဂါဖြစ်ပွားပါက ရောဂါပြင်းထန်မှုဖြစ်ပေါ်နိုင်ခြင်းနှင့် ကိုယ်ဝန်နှင့်ဆက်စပ်သော နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ခြင်းတို့ကြောင့် ဦးစားပေးထိုးနှံသင့်ကြောင်း ပညာရှင်များက အကြံပြုထားပါတယ်။ သို့ရာတွင် ကာကွယ်ဆေးအများစု၌ ကိုယ်ဝန်ဆောင်များအတွက် စိတ်ချရသော သုတေသနအချက်အလက်များ မရရှိသေးသဖြင့် ကိုယ်ဝန်ဆောင်များကို ထိုးနှံရာတွင် ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် ကိုဗစ်ကူးစက်ခြင်းရှိပါက ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများကို နှိုင်းဆကာ ကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်၍ ထိုးနှံရမှာ ဖြစ်ပါတယ် ။ 🚨🚨🚨 

ယခုအချိန်အထိ လူအများစုသုံးစွဲရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက #အသိအမှတ်ပြုထားသောကာကွယ်ဆေးများမှာ ဗြိတိန်နှင့်အိန္ဒိယနိုင်ငံတို့မှ ထုတ်လုပ်သော Covishield, ဗြိတိန်မှထုတ်လုပ်သော AstraZeneca, အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော Pfizer/Bion Tech, Moderna, Janssen, တရုတ်နိုင်ငံမှ ထုတ်လုပ်သော Sinopharm (Beijing Institute of Biological Products Co-Ltd), Sinovac တို့ဖြစ်ပါတယ်။ 

၎င်းတို့ထဲမှ AstraZeneca/Covishield နှင့် Janssen တို့၌  သွေးခဲခြင်းဆိုင်ရာ အနည်းငယ်သော ဘေးထွက်ဆိုးကျိုးများရှိကြောင်း ဆိုပါတယ်။ Sinopharm နှင့် Sinovac တို့၌ ကိုယ်ဝန်ဆောင်များပေါ်တွင် သုတေသနပြုလုပ်ထားသည့် ကာကွယ်ဆေး၏ အာနိသင်များနှင့် ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်သည့် အချက်အလက်များ မပြည့်စုံသေးသဖြင့် ကောင်းကျိုး၊ ဆိုးကျိုးများကို နှိုင်းဆကာ ကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်၍ ထိုးနှံကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။  AstraZeneca/Covishield တွင်လည်း ကိုယ်ဝန်ဆောင်ဆိုင်ရာ ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်သည့် အချက်အလက်များ မပြည့်စုံသေးသဖြင့် ရောဂါကူးစက်မှု အန္တရာယ်များသည့် ကိုယ်ဝန်ဆောင်များ (ဥပမာ-ကျန်းမာရေးဝန်ထမ်းများ)၊ ရောဂါကူးစက်ပါက ပြင်းထန်နိုင်သည့် အခြားရောဂါရှိသူများ၌သာ ဆေးမထိုးမီ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ထိုးနှံသင့်ကြောင်း ဆိုပါတယ်။  Pfizer/Bion Tech, Moderna ဆေးတို့အတွက်မူ ယခုအခါ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သည့် အချက်အလက်များ ပိုမိုစုဆောင်းလာနိုင်ပြီး ကြီးမားသောဘေးထွက်ဆိုးကျိုးများ မတွေ့ရှိရကြောင်း သိရပါတယ်။ 

🚩🚩🚩3. နှလုံးစက်ထည့်ထားတဲ့သူ၊ ပင်နစလင်ဆေးနဲ့ မတည့်သူက ကာကွယ်ဆေးထိုးလို့ရပါသလား။ 

 ဖြေ။ ရပါတယ်။ ဆေးမတည့်ခြင်းများ ရှိပါက ကာကွယ်ဆေးမထိုးမီ ဆေးထိုးပေးမည့် ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးရပါမယ်။ ကာကွယ်ဆေးထိုးခြင်းနဲ့ ပတ်သက်တဲ့ ဆောင်ရန်ဆောင်ရန်များကို အောက်ပါပို့စ်၏ မေးခွန်း ၁၀ အဖြေတွင် ဖတ်ပေးပါ။ https://www.facebook.com/ckcmohnugmm/posts/122337093451879 

🚩🚩🚩4. ကိုဗစ်ကာကွယ်ဆေးက ကျောက်ကပ် nephortic syndromeဖြစ်လို့ medixonနဲ့ atocorသောက်နေသူက ထိုးလို့ရပါသလား။ ဘယ်ကာကွယ်ဆေးတွေကရပြီး ဘယ်ဟာတွေက မရပါသလဲ။ 

 ဖြေ။ ရပါတယ်။ သို့ရာတွင် မူလရောဂါ၏ အခြေအနေ၊ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်နှင့် ကာကွယ်ဆေးမထိုးခြင်းကြောင့် ကြုံရနိုင်သည့် အန္တရာယ်များကို ချိန်ဆနှိုင်းယှဉ်ပြီးမှသာ ကာကွယ်ဆေးထိုးသင့်မထိုးသင့်၊ ကိုယ်ခံအားလျော့နည်းစေသောဆေးများ ရပ်သင့်/မသင့် စဉ်းစားရမည် ဖြစ်သဖြင့် ကုသမှုပေးနေသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်လိုပါတယ်။ ကိုယ်ခံအားလျော့နည်းစေသောဆေးများကြောင့် ကာကွယ်ဆေးပေါ်တွင် ခန္ဓာကိုယ်၏ တုံ့ပြန်မှု အားနည်းနေနိုင်သဖြင့် ကာကွယ်ဆေး၏အာနိသင်မှာ လျော့နည်းကောင်းလျော့နည်းနိုင်ပါတယ်။ ထို့ကြောင့် ကာကွယ်ဆေးထိုးပြီးပါကလည်း ရောဂါကူးစက်မှုကို ရှောင်ရှားနိုင်ရန် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာ ၆ ပေခြားနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ခြင်းစသည်တို့ကို မဖြစ်မနေ လိုက်နာရမှာ ဖြစ်ပါတယ်။ 

🚩🚩🚩5. Covishield ကိုဒုတိယတကြိမ် ထိုးရမဲ့ရက်ထက်ကျော်လွန် ပြီးမှထိုးရင် အစကနေပြန်စပြီး နှစ်ကြိမ်ပြည့်အောင် ပြန်ထိုးရမှာလား။  COVISHIELD ကိုသုံးကြိမ်ထိုးမိရင်ကော ဆိုးကျိုးရှိပါလား။ 

ဖြေ။ ကာကွယ်ဆေး၏ အာနိသင်အပြည့်အဝရရှိရန် သတ်မှတ်ထားသော အချိန်အပိုင်းအခြားအတွင်း အကြိမ်ပြည့်ထိုးရန် လိုအပ်ပါတယ်။ Covishield ကာကွယ်ဆေးကို ၄ ပတ်မှ ၈ပတ်အတွင်း ဒုတိယအကြိမ်ထိုးရန် သတ်မှတ်ထားပြီး ၁၂ ပတ်အထိ ဒုတိယအကြိမ်ကို ထိုးနိုင်ကြောင်း အကြံပြုထားပါတယ်။  အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် အကြံပြုထားသော အချိန်ကို ကျော်လွန်သည်အထိ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနိုင်ခြင်း မရှိပါက ကာကွယ်ဆေးကို အကြိမ်ပြည့် ပြန်လည် ထိုးနှံသင့်ပါတယ်။ အထက်ဖော်ပြပါ အခြေအနေကဲ့သို့  Covishield ၃ ကြိမ်ထိုးခြင်းမျိုးတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍ လေ့လာထားခြင်းမျိုးတော့ မရှိသေးပါ။ 

🚩🚩🚩6. Hemoglobin နည်းတဲ့သူ၊ သွေးအားနည်းတတ်တဲ့သူတွေရော ထိုးလို့ရလား။

 ဖြေ။ ထိုးလို့ရပါတယ်။ သို့ရာတွင် ရိုးတွင်းခြင်ဆီအားနည်း၍ဖြစ်သော သွေးအားနည်းရောဂါအတွက်မူ ကာကွယ်ဆေးပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်မှုများ လျော့နည်းနေနိုင်သဖြင့် ကာကွယ်ဆေးအာနိသင် အပြည့်အဝ မရရှိခြင်းများ ကြုံတွေ့နိုင်သောကြောင့် ကုသပေးသူ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။ ထို့အပြင် ကာကွယ်ဆေးထိုးပြီးပါကလည်း ရောဂါကူးစက်မှုကို ရှောင်ရှားနိုင်ရန် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာ ၆ ပေခြားနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ခြင်းစသည်တို့ကို မဖြစ်မနေ လိုက်နာရမှာ ဖြစ်ပါတယ်။ 

#CovidVaccine

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...