Skip to main content

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (13.8.21)



🚩🚩🚩1. ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကိုယ်ဝန်ဆောင်လို့ရလားရှင့်။ 

💉ဖြေ။ ရပါတယ်။ ကိုဗစ်ကာကွယ်ဆေးများသည် ကိုယ်ဝန်ရနိုင်ခြေပေါ်တွင် ထိခိုက်စေနိုင်သည်ဟူသော သက်သေများ မရှိပါ။ ကာကွယ်ဆေးထိုးပြီးနောက်ပိုင်းတွင် ဆိုးကျိုးများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ကိုယ်ဝန်မရအောင် ရှောင်ကြဉ်ရန်လည်း မလိုအပ်ပါ။ ဩစတြေးလျနိုင်ငံတွင် လေ့လာမှုအရ ယခုအချိန်အထိ ကိုဗစ်ကာကွယ်ဆေးကြောင့် သန္ဓေသားနှင့် မျိုးပွားအင်္ဂါများကို ထိခိုက်စေနိုင်သော အထောက်အထားများ မတွေ့ရှိရသေးကြောင်း ဆိုပါတယ်။ ထို့ပြင် ကိုယ်ဝန်ဆောင်နောက်ဆက်တွဲလက္ခဏာများ ဖြစ်ပေါ်စေနိုင်သော အထောက်အထားများ မတွေ့ရသည့်အပြင် ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကိုဗစ်ရောဂါကြောင့် ဖြစ်နိုင်သော ကလေးအသေမွေးခြင်းကို လျော့ကျစေနိုင်သည်ဟု ဆိုပါတယ်။ 

Ref: https://www.abc.net.au/.../covid-19-vaccine-can.../100346746  

https://www.nhs.uk/.../pregnancy-breastfeeding-fertility.../  

🚩🚩🚩2. ART ဆေးသောက်နေရသူတွေ ကာကွယ်ဆေးထိုးလို့ရ၊ မရနှင့်၊ ထိုးသင့်၊မသင့်လေး သိချင်ပါတယ်။ ကျေးဇူး ပြုပြီးဖြေပေးပါနော်။ 

💉ဖြေ။ ကိုဗစ်ကာကွယ်ဆေးအများစုကို အိတ်ချ်အိုင်ဗီရောဂါပိုးကူးစက်ခံရသူ အနည်းငယ်တွင်သာ စမ်းသပ်လေ့လာထားခြင်း ဖြစ်ပါတယ်။ သုတေသနအချက်အလက်များ မပြည့်စုံသေးသော်လည်း ယခုလက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသိအမှတ်ပြုထားသော ကာကွယ်ဆေးများမှာ အိတ်ချ်အိုင်ဗီရောဂါပိုးကူးစက်ခံရသူများအတွက် ဘေးကင်းတယ်လို့ ဆိုပါတယ်။ ထို့ပြင် ကိုဗစ်ကာကွယ်ဆေးများမှာ ဗိုင်းရပ်စ်ပိုးအရှင်ကို အသုံးပြုထားခြင်း မရှိသည့်အတွက် ခုခံအားကျဆင်းနေသူများတွင် ကာကွယ်ဆေးကြောင့် ရောဂါကူးစက်ခံရမည့် အန္တရာယ်မရှိကြောင်း ဆိုပါတယ်။ ကိုဗစ်ကာကွယ်ဆေးနှင့် အေအာတီဆေးများကြားတွင်လည်း အပြန်အလှန်သက်ရောက်မှုများ မရှိခြင်းကြောင့် ကာကွယ်ဆေးထိုးပြီးနောက်တွင်လည်း အေအာတီဆေးများကို ဆက်လက်သောက်သုံးနိုင်ပါတယ်။ သီဝရီအားဖြင့် စီဒီဖိုးပမာဏနည်းနေသည့် ကိုယ်ခံအားနည်းနေသူများတွင် ကိုဗစ်ကာကွယ်ဆေးပေါ် ခန္ဓာကိုယ်ခုခံအားစနစ်၏ တုံ့ပြန်မှု လျော့နည်းနေနိုင်သည်ဟု ဆိုသော်လည်း ၎င်းအချက်နှင့် ပတ်သက်၍ လတ်တလော တွေ့ရှိချက်များ မရှိသေးပါ။ အချို့နိုင်ငံများတွင် စီဒီဖိုးပမာဏ ၂၀၀/ကုဗမီလီမီတာ အောက်နည်းသူများကို ကာကွယ်ဆေးဦးစားပေးထိုးနှံရမည့် စာရင်းတွင် ထည့်သွင်းသတ်မှတ်ထားပါတယ်။ ထိုကဲ့သို့ ခုခံအားနည်းသူများနှင့် အခြားရောဂါအခံရှိသူများတွင် ကိုဗစ်ရောဂါဖြစ်ပွားပါက ပြင်းထန်နိုင်သဖြင့် ကာကွယ်ဆေး ဦးစားပေးထိုးကြဖို့ကို ပညာရှင်များက အကြံပြုထားပါတယ်။ 

Ref: https://www.who.int/.../coronavirus-disease-(covid-19...  

🚩🚩🚩3. ကာကွယ်ဆေးတစ်မျိုးကနှစ်ကြိမ်ထိုးပီးရင်အာနိသင်ဘယ်နှစ်လခံပါသလဲခင်ဗျာ။ 

💉ဖြေ။ အောက်ပါပို့စ်မှ မေးခွန်း ၅ တွင် ဖြေဆိုပြီး ဖြစ်ပါတယ်။ https://www.facebook.com/ckcmohnugmm/posts/124579383227650 

🚩🚩🚩4. ကာကွယ်ဆေးထိုးမယ့်အချိန်မှာ BP ဘယ်လောက်ရှိနေသင့်လဲရှင်။ ၁၆၀/၁၁၀ ပုံမှန်ရှိနေကျသူဆိုထိုးလို့ အဆင်ပြေရဲ့လားရှင်။

💉ဖြေ။ အရွယ်ရောက်ပြီးသူတစ်ဦးအတွက် ပုံမှန် သွေးပေါင်ချိန်မှာ ၁၄၀/၉၀ မီလီမီတာ မာကျူရီထက်မကျော်ရပါ။  ၁၆၀/၁၁၀ မီလီမီတာ မာကျူရီ ပုံမှန်လိုရှိနေပါက ကုသမှု ခံယူရန် အရေးကြီးပါတယ်။ ကာကွယ်ဆေးကြောင့် တိုက်ရိုက် သွေးပေါင်တက်ခြင်း မရှိသော်လည်း ကာကွယ်ဆေးထိုးချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်သွေးပေါင်တက်ခြင်းမျိုးကြုံရနိုင်ပါတယ်။ သွေးတိုးရောဂါခံစားရသူများတွင် ကိုဗစ်ရောဂါခံစားရပါက ရောဂါပြင်းထန်နိုင်သဖြင့် ကာကွယ်ဆေး ဦးစားပေးထိုးသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါတယ်။ ထို့ကြောင့် ကာကွယ်ဆေးထိုးရမည့်အလှည့်နှင့် ကြုံပါက ကာကွယ်ဆေး သွားရောက်ထိုးနိုင်ပြီး ဆေးမထိုးမီ ဆေးထိုးပေးမည့် ကျန်းမာရေးဝန်ထမ်းကို ကြိုတင်ပြောပြရမှာ ဖြစ်ပါတယ်။ သွေးတိုးရောဂါကိုလည်း စနစ်တကျ ကုသမှုခံယူရန် လိုပါတယ်။ 

🚩🚩🚩5. ကိုဗစ်ကာကွယ်ဆေးထိုးရင် ခန္ဓာကိုယ်မှာ အင်ပြင်ထွက်တတ်ပါလားရှင့်။

💉ဖြေ။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးခါစတွင် မပြင်းထန်သော ဘေးထွက်ဆိုးကျိုးအနေဖြင့် ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း၊ နီရဲခြင်းနှင့်ရောင်ယမ်းခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။ အကယ်၍ ကာကွယ်ဆေးနှင့် ဓာတ်မတည့်ခြင်းလက္ခဏာများဖြစ်သည့် သွေးပေါင်ချိန်ရုတ်တရက်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ခန္ဓာကိုယ်အနှံ့ယားယံခြင်း၊ အနီကွက်ထခြင်း၊ အင်ပြင်ထွက်ခြင်း၊ မျက်နှာရောင်ကိုင်းခြင်းစသည်တို့ ပေါ်ပေါက်ပါက အရေးပေါ်ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်။ 

🚩🚩🚩6. ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး မေးချင်ပါတယ်။ မိမိထိုးထားခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးဟာ အာနိသင်ပြည့်မီသောဆေး အစစ်အမှန် ဟုတ်မဟုတ်ဆိုတာကို ဘယ်လိုသိနိူင်မလဲ။ 

💉ဖြေ။ ကာကွယ်ဆေးထိုးခြင်းဆိုသည်မှာ ခန္ဓာကိုယ်ထဲ ရောဂါပိုးမဝင်ရောက်ခင် ထိုရောဂါပိုး (ကူးစက်နိုင်ခြင်းမရှိအောင် ပြုပြင်ထုတ်လုပ်ထားသော) (သို့မဟုတ်) ရောဂါပိုးဗီဇကို ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပြီးနောက် ခုခံအားစနစ်မှ ၎င်းကို ဦးစွာမှတ်မိအောင် ပြုလုပ်ပေးပြီး B cell များမှ ပဋိပစ္စည်း (antibody) ကို အရန်သင့် ထုတ်ထားပေးနိုင်အောင်နှင့် T cell အပါအဝင်ဖြစ်သော ခုခံအားစနစ်ကို အဆင်သင့်ဖြစ်အောင် လေ့ကျင့်ပေးထားခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် နောင်တစ်ချိန် ရောဂါပိုးနှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက် မှတ်မိပြီးဖြစ်သော B cell များမှ ထုတ်လုပ်ထားပြီးဖြစ်သော ပဋိပစ္စည်း (antibody) များနှင့်  မှတ်မိပြီးဖြစ်သော T cell အပါအဝင် ခုခံအားစနစ်အစိတ်အပိုင်းများမှ ရောဂါပိုး မပွားများနိုင်အောင် မြန်မြန်ဆန်ဆန်တိုက်ထုတ်ကာ ရောဂါကာကွယ်မှုကို ဖြစ်စေပါတယ်။ ကာကွယ်ဆေးထိုးပြီးနောက် ကိုယ်ခံအား အပြည့်အဝရရှိမှု ရှိမရှိကို ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သွေးအတွင်းမှ ပဋိပစ္စည်းများကို ဓာတ်ခွဲခန်းတွင် တိုင်းတာစမ်းသပ်နိုင်ပါတယ်။ အချုပ်အားဖြင့်ဆိုရသော် ကိုဗစ်ကာကွယ်ဆေးတစ်ခု အာနိသင်ရှိမရှိဆိုသည်မှာ ခန္ဓာကိုယ်မှ ကိုဗစ်ပိုးကို ခုခံနိုင်သော ကိုယ်ခံအားများကို အပြည့်အဝ ထုတ်ပေးနိုင်ခြင်းအပြင် ကိုဗစ်ရောဂါကူးစက်မှုကို လျော့နည်းစေခြင်း၊ ဆေးရုံတက်ရောက်ရမည့် အခြေအနေ နည်းပါးစေခြင်း၊ ရောဂါဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရမှု မရှိစေခြင်း၊ သေဆုံးမှု လျော့ကျစေခြင်းတို့ ရှိပါက အာနိသင်ရှိသည်ဟု ပြောနိုင်ပါတယ်။ ကာကွယ်ဆေးအစစ်အမှန် ဟုတ်၊ မဟုတ် အသေးစိတ်အချက်များနှင့် ပတ်သက်၍ အောက်ပါပို့စ်မှ မေးခွန်း ၆ တွင် ဖတ်ရှုပေးစေလိုပါတယ်။ https://www.facebook.com/ckcmohnugmm/posts/124579383227650  

#CovidVaccine

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...