Skip to main content

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (6.8.21)



🚩🚩🚩1. ကျနော် အသက် ၅၁ နှစ်ရှိပါပြီ Covid ကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့တာ ၁ လ ပြည့်ပါပြီ Antibody ဘယ်လောက်ထွက်တယ်ဆိုတာ သိချင်ပါတယ် ဘယ်လိုလုပ်ရမလဲ ဖြေကြားပေးပါ ခင်ဗျာ

ဖြေ။ Antibody Test သည် မဖြစ်မနေစစ်ရမည့် Test တစ်ခုမဟုတ်ပါ။ Antibody Test သည် ကိုဗစ်ဖြစ်ဖူးသူအများစုတွင် positive ဖြစ်နိုင်ပါသည်။လေ့လာမှုများအရ ကူးစက်ခံရပြီးသူ၏ ၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းခန့်မှာ antibody negative ဖြစ်နိုင်သည်ဟုလည်း

တွေ့ရှိထားပါသည်။ ယခုအချိန်တွင် ဓာတ်ခွဲခန်းအချို့၌ Antibodyပမာဏ မည်မျှ ရှိပြီဟု  အ‌ရေအတွက် နှင့်ဖော်ပြသည့် . .စစ်ဆေးမှုများပြုလုပ်နိုင်သော်လည်း US FDA  နှင့်

 CDC မှထို Test များ  #ပြုလုပ်ရန်အားမပေးပါ။ အဘယ်ကြောင့်ဆိုသော်  Antibody ဘယ်လောက်ထွက်ပါက   ကိုဗစ် ထပ်မံကူးစက်ခံရခြင်းကို  ကာကွယ်ပေးသည်ဟု

သေချာမသိသေးသောကြောင့်ဖြစ်ပါသည်။ ထို့ပြင် Antibody positive ဖြစ်ခြင်းသည်    #ကိုဗစ်အားခံနိုင်ရည်ရှိသွားပြီဟုမပြောနိုင်သလို . ကာကွယ်ဆေးထိုးသင့် မထိုးသင့် #အဆုံးအဖြတ်ပေးသောအရာလည်းမဟုတ်ပါ။ ကိုဗစ်ဖြစ်ပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရမည့်အပြင်  ကာကွယ်ဆေးရရှိပါကထိုးနှံရန်အကြံပြုလိုပါသည်ခင်ဗျာ

🚩🚩🚩2. Antibody Test Kit တွေအကြောင်းသေချာလေးသိချင်ပါ

တယ်။ Antibody ထွက်တာနဲ့ ကိုဗစ်ပျောက်ပြီလို့ယူဆလို့ရပါသလား

ခင်ဗျာ။ P မဖြစ်ဖူးလည်း စစ်လို့ရပါသလား။ ကျေးဇူးတင်ပါတယ်။

ဖြေ။ Antibody test kit များသည် ကိုဗစ် antigen အားအသုံးပြုထားပြီး  စစ်ဆေးခံရသူ၏ ကိုဗစ်ပိုးအား ခန္ဓာကိုယ်မှတုံ့ပြန်ပစ္စည်း(Antibody ) နှင့်ဓာတ်ပြုကာ အနီကြောင်းလေးပေါ်လာပါက positive ဟုခေါ်ပြီး စစ်ဆေးခံရသူတွင် antibody ထွက်ထားသည်ဟု ပြောနိုင်ပါသည်။ လက်ထိပ်မှ သွေးနမူနာယူကာ စစ်ဆေးရခြင်းဖြစ်ပါသည်။ Test kit အများစုတွင် C ၊ G နှင့် M ဟူ၍ပါရှိပြီး မိမိစစ်ဆေးသည့် ရက်ပေါ်မူတည်၍ အဖြေပေါ်သည့် ပုံစံပြောင်းလဲနိုင်ပါသည်။ C တွင်အနီကြောင်းပေါ်မှသာ အဖြေဖတ်လို့ရပါသည်။ C တွင်မပေါ်ပါက #နောက်တစ်ကြိမ်စစ်ဆေးရပါမည်။ M ဆိုသည်မှာ Immunoglobulin M ဟုခေါ်ပြီး လက္ခဏာပေါ်ပြီး ၇ရက်ဝန်းကျင်တွင်ပေါ်နိုင်ပြီး G ဆိုသောImmunoglobulin G မှာ လက္ခဏာပြပြီး ၁၄ရက်ကျော်မှစကာ လပိုင်းအထိ သို့မဟုတ် နှစ် နဲ့ချီ၍ ပေါ်နိုင်သည်ဟုဆိုပါသည်။အဖြေမှာ C တစ်ခုတည်း ပေါ်ခြင်း ၊ C နှင့် G ပေါ်ခြင်း၊ C, G နှင့် Mသုံးခုစလုံးပေါ်ခြင်း စသဖြင့်ဖြစ်နိုင်သည်။ C တစ်ခုပဲ ပေါ်ခြင်းသည်မိမိ၏စစ်ဆေးမှုမှ antibody မတွေ့ရှိဟု သာပြောနိုင်ပါသည်။Antibody မရှိဟုပြောခြင်းမဟုတ်ပါ။ Antibody မှာ ကိုဗစ်ဖြစ်ဖူးလျှင်အချိန်ကာလပေါ်မူတည်၍အနည်းနှင့်အများရှိမည်သာဖြစ်ပါသည်။အချိန်ကြာသည်နှင့်အမျှ antibody level မှာ တဖြည်းဖြည်းနည်းသွားနိုင်သည်ဟုယူဆကြပါသည်။ လေ့လာနေကြဆဲ ဖြစ်ပါသည်။

ကိုဗစ်ကူးစက်ခံရသူများ၏၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းတွင် Antibody စစ်ဆေးပါက  

negativeထွက်ပါသည်ဟုလေ့လာမှုများ ကဆိုကြပါသည်

ကိုဗစ်ပျောက်မပျောက်ကို Antibody #ထွက်မထွက်ဖြင့်ဆုံးဖြတ်၍မရပါ။ ကိုဗစ်ပိုးသည် ဗိုင်းရပ်ပိုး ဖြစ်သောကြောင့် ခန္ဓာကိုယ်မှ ပြန်လည်တိုက်ခိုက်မည်သာဖြစ်ပြီး ခုခံအားကောင်းနေသူများတွင် ဗိုင်းရပ်ပိုးပမာဏ မှာ လက္ခဏာပြပြီး ၁၀ရက်ခန့်တွင် အတော်လျော့နည်းသွားပါသည်။ ကူးစက်ခံရပြီး ရောဂါပြင်းထန်သူ သေဆုံးသူများတွင်လည်း 

Antibody ပေါ်နေနိုင်သည်ကိုသတိပြုစေလိုပါသည်။ကိုဗစ်ပျောက်ကင်းသည်ဆိုသည်မှာ ကိုဗစ်ကြောင့်ဖြစ်သော အဆုတ်ရောင်ခြင်းအပါအဝင်ရောဂါလက္ခဏာများသက်သာလာကာ လတ်တလော အသက်အန္တရာယ် မရှိတော့ခြင်းကိုခေါ်ဆိုခြင်းမျိုး ဖြစ်သင့်ပါသည်။

Antigen test တွင် P ( positive ) ထွက်ပြီး antibody ထွက်ပါက #လတ်တလောကူးစက်မှု ( Recent infection ) ဟု အကြမ်းဖျင်းပြောနိုင်ပြီး P မဖြစ်ဘဲ  စစ်ဆေး၍ positive ထွက်ပါက လတ်တလောကူးစက်မှုလည်း ဖြစ်နိုင်သလို ယခင်ကကူးစက်ဖူးခြင်း ( Previous Infection) လည်းဖြစ်နိုင်ပါသည်။Antibody တွေ့သည် ဖြစ်စေ မတွေ့သည်ဖြစ်စေ ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကိုလိုက်နာရမည့်အပြင် ကာကွယ်ဆေးရရှိပါက ထိုးနှံရန်အကြံပြုလိုပါသည်ခင်ဗျာ။

🚩🚩🚩3. Post Covid ဆေးစစ်ချက်..ဒါမှမဟုတ်..နောက် ၁ လကျော်လောက်ကြာအပြီးမှာ Covid နဲ့ဆက်စပ်နော​က်ဆက်တွဲဆိုးကျိုးတွေကို ရှောင်နိုင်ဖို့ ဆေး..သွေးစစ်ဖို့လိုအပ်ပါသလားရှင်...လိုအပ်ရင် စစ်ရမယ့်အမျိုးအစားများကိုသိချင်ပါတယ်ရှင်..လူကြီး ..လူငယ် စစ်ရမယ့်အမျိုးအစားမတူရင်လဲခွဲပြောပေးပါဦးရှင်..ကျေးဇူးတင်ပါတယ်

ဖြေ။ Positive ဖြစ်ဖူးသော်လည်း ရောဂါမပြင်းထန်သူ အောက်ဆီဂျင်အထောက်အကူယူစရာမလိုသူ၊ ရောဂါခံမရှိသူ၊ လတ်တလော လက္ခဏာမရှိသူများအနေဖြင့် ထူးထွေသောစစ်ဆေးမှုများမလိုအပ်တတ်ပါ။ မိမိစစ်ဆေးလိုပါက #ဆရာဝန်နှင့်တိုင်ပင်ပြီးစစ်ဆေးခြင်းသည်သာအကောင်းဆုံးဖြစ်ပါသည်

🚩🚩🚩4. ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး တပတ်ကြာ စစ်ဆေးရင် ကိုဗစ်၁၉ - p- ဖြစ်နိုင်လား

ဖြေ။ ဖြစ်နိင်ပါသည်။

ကိုဗစ် Antigen Test kit positive ဖြစ်ပါက လတ်တလော ကိုဗစ်ဝင်နေ  ခြင်းကိုပြပါသည်။ ကာကွယ်ဆေး အစွမ်းပြနိုင်ရန် နှစ်ပတ်ခန့်စောင့်ရမည့်အပြင် မည်သည့်ကာကွယ်ဆေးကမှ ရာနှုန်းပြည့်မကာကွယ်နိုင်ပါ။ ထို့ကြောင့် ကာကွယ်ဆေးထိုးဖူးသည်ဖြစ်စေ မထိုးဖူးသည်ဖြစ်စေ P ထွက်ပါက #လတ်တလောကူးစက်ခြင်း ( current infection) ဟုသာ သတ်မှတ်ရပါမည်။

#CovidInvestigation

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

Sinopharm ကာကွယ်ဆေး သိထားသင့်သည့်အချက်များ

တရုတ်ပြည် Sinopharm က BBIBP-CorV ဆိုပြီး ပုလင်းပေါ်မှာ CNBG တံဆိပ်နဲ့ထုတ်ပါတယ်။ WHO က အသိအမှတ်ပြုထားပြီပြီလား❓ ပြီးခဲ့တဲ့မေလ ၇ ရက်နေ့တုန်းက အသိအမှတ်ပြုခဲ့ပါတယ်။ ဝမ်းသာစရာပါ။ #ဘယ်အပိုင်းကိုအရင်ဆုံးသိထားသင့်တာလဲ ဘယ်ကာကွယ်ဆေးပဲထိုးထိုး ထုတ်လုပ်မှုအပိုင်းကို #သိကိုသိထားရပါမယ်။  တရုတ်ပြည်ထုတ် Sinoparm, SinoVac နဲ့ အိန္ဒိယပြည်ထုတ် Covaxin တို့ဟာ inactivated vaccine တွေအဖြစ် နည်းပညာတူကြပါတယ်။ အရင်ဆုံး Covid-19 ကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်နမူနာကို အာဖရိကန်မျောက် African green monkey 🐒 ရဲ့ ကျောက်ကပ်ဆဲလ်တွေထဲမှာ အများကြီးရအောင် ပွားများမွေးမြူပါတယ်။ အဲ့ဒီရလာတဲ့ ဗိုင်းရပ်စ်တွေကို filter ဇကာနဲ့ စစ်ထုတ်လိုက်ပြီး BPL bea-propiolactone (ဘီတာပရိုပီရိုလက်တုန်း) ထဲမှာ နှစ်ချလိုက်ပါတယ်။ 🦠 ဗိုင်းရပ်စ်ပိုးတွေ #သေသွားအောင်လုပ်တာပါ။ ပြီးတဲ့အခါမှာ aluminum-based adjuvant  နဲ့ရောပါတယ်။ adjuvant ဘာလို့ရောရတာလဲဆိုတော့ ကိုယ်ခန္ဓာရဲ့ ရောဂါခုခံအားတုန့်ပြန်မှုအားပေးစေတဲ့ပစ္စည်းဖြစ်လို့ပါ။ ပြီးရင် excipients ရောလေ့ရှိပါတယ်။ ဆေးထုထည်ပမာဏကိုတိုးစေပြီး မပျက်စီးပဲ တည်ငြိမ်မှုရှိစေဖို့ပါ။  အပေါ်ကနှစ...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...