Skip to main content

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (6.8.21)



🚩🚩🚩1. ကျနော် အသက် ၅၁ နှစ်ရှိပါပြီ Covid ကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့တာ ၁ လ ပြည့်ပါပြီ Antibody ဘယ်လောက်ထွက်တယ်ဆိုတာ သိချင်ပါတယ် ဘယ်လိုလုပ်ရမလဲ ဖြေကြားပေးပါ ခင်ဗျာ

ဖြေ။ Antibody Test သည် မဖြစ်မနေစစ်ရမည့် Test တစ်ခုမဟုတ်ပါ။ Antibody Test သည် ကိုဗစ်ဖြစ်ဖူးသူအများစုတွင် positive ဖြစ်နိုင်ပါသည်။လေ့လာမှုများအရ ကူးစက်ခံရပြီးသူ၏ ၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းခန့်မှာ antibody negative ဖြစ်နိုင်သည်ဟုလည်း

တွေ့ရှိထားပါသည်။ ယခုအချိန်တွင် ဓာတ်ခွဲခန်းအချို့၌ Antibodyပမာဏ မည်မျှ ရှိပြီဟု  အ‌ရေအတွက် နှင့်ဖော်ပြသည့် . .စစ်ဆေးမှုများပြုလုပ်နိုင်သော်လည်း US FDA  နှင့်

 CDC မှထို Test များ  #ပြုလုပ်ရန်အားမပေးပါ။ အဘယ်ကြောင့်ဆိုသော်  Antibody ဘယ်လောက်ထွက်ပါက   ကိုဗစ် ထပ်မံကူးစက်ခံရခြင်းကို  ကာကွယ်ပေးသည်ဟု

သေချာမသိသေးသောကြောင့်ဖြစ်ပါသည်။ ထို့ပြင် Antibody positive ဖြစ်ခြင်းသည်    #ကိုဗစ်အားခံနိုင်ရည်ရှိသွားပြီဟုမပြောနိုင်သလို . ကာကွယ်ဆေးထိုးသင့် မထိုးသင့် #အဆုံးအဖြတ်ပေးသောအရာလည်းမဟုတ်ပါ။ ကိုဗစ်ဖြစ်ပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရမည့်အပြင်  ကာကွယ်ဆေးရရှိပါကထိုးနှံရန်အကြံပြုလိုပါသည်ခင်ဗျာ

🚩🚩🚩2. Antibody Test Kit တွေအကြောင်းသေချာလေးသိချင်ပါ

တယ်။ Antibody ထွက်တာနဲ့ ကိုဗစ်ပျောက်ပြီလို့ယူဆလို့ရပါသလား

ခင်ဗျာ။ P မဖြစ်ဖူးလည်း စစ်လို့ရပါသလား။ ကျေးဇူးတင်ပါတယ်။

ဖြေ။ Antibody test kit များသည် ကိုဗစ် antigen အားအသုံးပြုထားပြီး  စစ်ဆေးခံရသူ၏ ကိုဗစ်ပိုးအား ခန္ဓာကိုယ်မှတုံ့ပြန်ပစ္စည်း(Antibody ) နှင့်ဓာတ်ပြုကာ အနီကြောင်းလေးပေါ်လာပါက positive ဟုခေါ်ပြီး စစ်ဆေးခံရသူတွင် antibody ထွက်ထားသည်ဟု ပြောနိုင်ပါသည်။ လက်ထိပ်မှ သွေးနမူနာယူကာ စစ်ဆေးရခြင်းဖြစ်ပါသည်။ Test kit အများစုတွင် C ၊ G နှင့် M ဟူ၍ပါရှိပြီး မိမိစစ်ဆေးသည့် ရက်ပေါ်မူတည်၍ အဖြေပေါ်သည့် ပုံစံပြောင်းလဲနိုင်ပါသည်။ C တွင်အနီကြောင်းပေါ်မှသာ အဖြေဖတ်လို့ရပါသည်။ C တွင်မပေါ်ပါက #နောက်တစ်ကြိမ်စစ်ဆေးရပါမည်။ M ဆိုသည်မှာ Immunoglobulin M ဟုခေါ်ပြီး လက္ခဏာပေါ်ပြီး ၇ရက်ဝန်းကျင်တွင်ပေါ်နိုင်ပြီး G ဆိုသောImmunoglobulin G မှာ လက္ခဏာပြပြီး ၁၄ရက်ကျော်မှစကာ လပိုင်းအထိ သို့မဟုတ် နှစ် နဲ့ချီ၍ ပေါ်နိုင်သည်ဟုဆိုပါသည်။အဖြေမှာ C တစ်ခုတည်း ပေါ်ခြင်း ၊ C နှင့် G ပေါ်ခြင်း၊ C, G နှင့် Mသုံးခုစလုံးပေါ်ခြင်း စသဖြင့်ဖြစ်နိုင်သည်။ C တစ်ခုပဲ ပေါ်ခြင်းသည်မိမိ၏စစ်ဆေးမှုမှ antibody မတွေ့ရှိဟု သာပြောနိုင်ပါသည်။Antibody မရှိဟုပြောခြင်းမဟုတ်ပါ။ Antibody မှာ ကိုဗစ်ဖြစ်ဖူးလျှင်အချိန်ကာလပေါ်မူတည်၍အနည်းနှင့်အများရှိမည်သာဖြစ်ပါသည်။အချိန်ကြာသည်နှင့်အမျှ antibody level မှာ တဖြည်းဖြည်းနည်းသွားနိုင်သည်ဟုယူဆကြပါသည်။ လေ့လာနေကြဆဲ ဖြစ်ပါသည်။

ကိုဗစ်ကူးစက်ခံရသူများ၏၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းတွင် Antibody စစ်ဆေးပါက  

negativeထွက်ပါသည်ဟုလေ့လာမှုများ ကဆိုကြပါသည်

ကိုဗစ်ပျောက်မပျောက်ကို Antibody #ထွက်မထွက်ဖြင့်ဆုံးဖြတ်၍မရပါ။ ကိုဗစ်ပိုးသည် ဗိုင်းရပ်ပိုး ဖြစ်သောကြောင့် ခန္ဓာကိုယ်မှ ပြန်လည်တိုက်ခိုက်မည်သာဖြစ်ပြီး ခုခံအားကောင်းနေသူများတွင် ဗိုင်းရပ်ပိုးပမာဏ မှာ လက္ခဏာပြပြီး ၁၀ရက်ခန့်တွင် အတော်လျော့နည်းသွားပါသည်။ ကူးစက်ခံရပြီး ရောဂါပြင်းထန်သူ သေဆုံးသူများတွင်လည်း 

Antibody ပေါ်နေနိုင်သည်ကိုသတိပြုစေလိုပါသည်။ကိုဗစ်ပျောက်ကင်းသည်ဆိုသည်မှာ ကိုဗစ်ကြောင့်ဖြစ်သော အဆုတ်ရောင်ခြင်းအပါအဝင်ရောဂါလက္ခဏာများသက်သာလာကာ လတ်တလော အသက်အန္တရာယ် မရှိတော့ခြင်းကိုခေါ်ဆိုခြင်းမျိုး ဖြစ်သင့်ပါသည်။

Antigen test တွင် P ( positive ) ထွက်ပြီး antibody ထွက်ပါက #လတ်တလောကူးစက်မှု ( Recent infection ) ဟု အကြမ်းဖျင်းပြောနိုင်ပြီး P မဖြစ်ဘဲ  စစ်ဆေး၍ positive ထွက်ပါက လတ်တလောကူးစက်မှုလည်း ဖြစ်နိုင်သလို ယခင်ကကူးစက်ဖူးခြင်း ( Previous Infection) လည်းဖြစ်နိုင်ပါသည်။Antibody တွေ့သည် ဖြစ်စေ မတွေ့သည်ဖြစ်စေ ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကိုလိုက်နာရမည့်အပြင် ကာကွယ်ဆေးရရှိပါက ထိုးနှံရန်အကြံပြုလိုပါသည်ခင်ဗျာ။

🚩🚩🚩3. Post Covid ဆေးစစ်ချက်..ဒါမှမဟုတ်..နောက် ၁ လကျော်လောက်ကြာအပြီးမှာ Covid နဲ့ဆက်စပ်နော​က်ဆက်တွဲဆိုးကျိုးတွေကို ရှောင်နိုင်ဖို့ ဆေး..သွေးစစ်ဖို့လိုအပ်ပါသလားရှင်...လိုအပ်ရင် စစ်ရမယ့်အမျိုးအစားများကိုသိချင်ပါတယ်ရှင်..လူကြီး ..လူငယ် စစ်ရမယ့်အမျိုးအစားမတူရင်လဲခွဲပြောပေးပါဦးရှင်..ကျေးဇူးတင်ပါတယ်

ဖြေ။ Positive ဖြစ်ဖူးသော်လည်း ရောဂါမပြင်းထန်သူ အောက်ဆီဂျင်အထောက်အကူယူစရာမလိုသူ၊ ရောဂါခံမရှိသူ၊ လတ်တလော လက္ခဏာမရှိသူများအနေဖြင့် ထူးထွေသောစစ်ဆေးမှုများမလိုအပ်တတ်ပါ။ မိမိစစ်ဆေးလိုပါက #ဆရာဝန်နှင့်တိုင်ပင်ပြီးစစ်ဆေးခြင်းသည်သာအကောင်းဆုံးဖြစ်ပါသည်

🚩🚩🚩4. ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး တပတ်ကြာ စစ်ဆေးရင် ကိုဗစ်၁၉ - p- ဖြစ်နိုင်လား

ဖြေ။ ဖြစ်နိင်ပါသည်။

ကိုဗစ် Antigen Test kit positive ဖြစ်ပါက လတ်တလော ကိုဗစ်ဝင်နေ  ခြင်းကိုပြပါသည်။ ကာကွယ်ဆေး အစွမ်းပြနိုင်ရန် နှစ်ပတ်ခန့်စောင့်ရမည့်အပြင် မည်သည့်ကာကွယ်ဆေးကမှ ရာနှုန်းပြည့်မကာကွယ်နိုင်ပါ။ ထို့ကြောင့် ကာကွယ်ဆေးထိုးဖူးသည်ဖြစ်စေ မထိုးဖူးသည်ဖြစ်စေ P ထွက်ပါက #လတ်တလောကူးစက်ခြင်း ( current infection) ဟုသာ သတ်မှတ်ရပါမည်။

#CovidInvestigation

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...