Skip to main content

ရောဂါလက္ခဏာများနှင့်ပတ်သက်သောမေးခွန်းနှင့်အဖြေများ (6.8.21)



🚩🚩🚩1. Menstruation လာရမယ့်အချိန်မှာ covidပိုးဝင်သွားလို့ Menstruationမလာတော့တာ ဆိုင်လားရှင့်။  covidဝင်နေချိန် ဆေးသောက်ရတာများပြီး အသားရေပြောင်းလဲမှုရော ဖြစ်တတ်လားရှင့်။ 

 ဖြေ။ ရောဂါပိုးကူးစက်ခြင်း အပါအဝင် ခန္ဓာကိုယ်တွင် ကြီးမားသော Stress ဖိစီးမှုများ ဖြစ်ပွားသည့်အခါ ဟော်မုန်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်တတ်ပြီး ဓမ္မတာ ရာသီသွေး အပြောင်းအလဲများ ဖြစ်ပေါ်တတ်ပါတယ်။ ကိုဗစ်ရောဂါကြောင့် အရေပြားဆိုင်ရာ လက္ခဏာများလည်း ခံစားရနိုင်ပါတယ်။ အောက်ပါလင့်ခ်တွင် ကျေးဇူးပြု၍ ဖတ်ပေးပါ။ https://www.facebook.com/ckcmohnugmm/posts/113571524328436 

🚩🚩🚩2. Day 21 နောက်ပိုင်းမှာရော အောက်ဆီဂျင်ကျတတ်ပါသလား။ Day 1 to 21 ထိ SpO2 က 99/98 ပါ။ 

 ဖြေ။ ရောဂါလက္ခဏာ ခံစားရမှုများမှာ တစ်ဦးနှင့်တစ်ဦး တူညီမှု မရှိပါ။ ရောဂါပြင်းထန်မှု ရှိမရှိမှာ ကိုယ်ခံအားအခြေအနေ၊ အခြားရောဂါများ ရှိမရှိ၊ ဗိုင်းရပ်စ်ပိုးမျိုးကွဲ၏ သဘောသဘာဝတို့တွင်လည်း မူတည်ပါတယ်။ ရောဂါပိုးကူးစက်ခံရသူ အများစုမှာ လက္ခဏာစတင်ခံစားရချိန်မှစ၍ ၁ ပတ်မှ ၂ ပတ်အတွင်း သက်သာသွားလေ့ရှိပါတယ်။ အချို့သူများမှာ ဒုတိယအပတ်မှစ၍ ပြင်းထန်သောရောဂါလက္ခဏာများကို ခံစားရလေ့ရှိပြီး အသက်အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပါတယ်။  အနည်းငယ်သောသူများမှာ ပြင်းထန်သော ရောဂါလက္ခဏာများကို ၃ ပတ်မှ ၆ ပတ်အထိ ခံစားရလေ့ရှိပြီး နောက်ဆက်တွဲဆိုးကျိုးများနှင့်လည်း ကြုံတွေ့ရနိုင်ပါတယ်။ အဆုတ်ထိခိုက်ခံရသူများ၊ နှလုံးထိခိုက်ခံရသူများနှင့် သွေးခဲခြင်း ပြဿနာရှိသူတို့တွင် သွေးတွင်းအောက်ဆီဂျင် ကျဆင်းမှုများနှင့်လည်း ကြုံတွေ့ရနိုင်ပါတယ်။

🚩🚩🚩3. ငှက်ဖျားနဲ့ ကိုဗစ်အတူတူဖြစ်နိုင်လားရှင်။ ကိုဗစ်ဖြစ်နေတုန်း ငှက်ဖျားပိုးဝင်နိုင်လားရှင်။ 

 ဖြေ။ ကိုဗစ်ရောဂါနှင့် ငှက်ဖျားရောဂါတို့ကို ဖြစ်စေနိုင်သော ရောဂါပိုးများနှင့် ရောဂါကူးစက်မှုကို ဖြစ်စေနိုင်သော နည်းလမ်းများမှာ ကွာခြားပါတယ်။ 

ကိုဗစ် ၁၉ ဟာ SARS-CoV-2ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး ကိုဗစ်ရောဂါပိုးရှိသူမှ နှာချေ ချောင်းဆိုးခြင်း၊ ကျယ်လောင်စွာစကားပြောဆိုခြင်း၊ သီချင်းဆိုခြင်းတို့မှ ထွက်လာသော အမှုန်အမွှားများမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ရောဂါပိုးရှိသူနှင့်အနီးကပ်ထိတွေ့ခြင်း ( နှစ်မီတာအတွင်း ) မှတဆင့်အဓိကကူးစက်နိုင်ပြီး ရောဂါပိုးပါသော အမှုန်အမွှားများကို ရှူမိခြင်း၊ ရောဂါပိုးရှိသောလက်ဖြင့် မျက်စိ၊နှာခေါင်းနှင့် ပါးစပ်တို့ကိုကိုင်မိခြင်းတို့မှတဆင့်လည်း ကူးစက်နိင်ပါတယ်။ ထို့အပြင် ရောဂါပိုးရှိနေနိုင်သော လေဝင်လေထွက်မကောင်းသောနေရာများ၊ လူထူထပ်သောအဆောက်အအုံများတွင် အချိန်ကြာမြင့်စွာနေထိုင်ခြင်းမှလည်း ကူးစက်နိုင်ပါတယ်။

ငှက်ဖျားရောဂါမှာမူ ငှက်ဖျားပိုး ပလက်စ်မိုးဒီးယမ်း (Plasmodium) ပါရာဆိုက်ကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး ၎င်းကို သယ်ဆောင်သော အနောဖလိ (Anopheles) ခြင်ကိုက်ရာမှတဆင့် ရောဂါကူးစက်စေနိုင်ပါတယ်။ ရောဂါပိုးရှိသောသူကို ကိုက်ထားသောခြင်သည် ပလက်စမိုးဒီးယမ်း ရောဂါပိုးသယ်ဆောင်သူဖြစ်လာပြီး ၎င်းမှတဆင့် အခြားသူများကို ကိုက်ခြင်းဖြင့် ရောဂါကူးစက်စေပါတယ်။ 

အထက်ဖော်ပြပါ ရောဂါကူးစက်စေနိုင်သောအခြေအနေများတွင် ရှိပါက ကိုဗစ်ရောဂါနှင့် ငှက်ဖျားရောဂါတို့မှာ အတူတကွ ဖြစ်ပေါ်နိုင်ပါတယ်။ 

🚩🚩🚩4. ကိုဗစ်ဖြစ်ပီး  ၂၇ ရက်မြောက်ရှိပါပြီခင်ဗျ။ အနံ့ပျောက်ပြီး ပြန်ရကာစလိုမျိုး ပြန်ဖြစ်နေလို့ပါဗျ။ အနံ့သေချာမရလို့ပါ။ ဒုတိယအကြိမ်ပြန်ဖြစ်တာလားခင်ဗျ။ 

 ဖြေ။ ကိုဗစ်ရောဂါကြောင့် အနံ့ပျောက်ခြင်းမှာ နှာခေါင်းအတွင်းပိုင်းရှိ အနံ့ခံအာရုံကြောလေးများ ထိခိုက်ခြင်းကြောင့်ဖြစ်တတ်ပြီး အများအားဖြင့် ရက်အနည်းငယ်အတွင်း ပြန်လည်သက်သာလာလေ့ရှိသော်လည်း အချို့သူများတွင် လအနည်းငယ်အထိ ကြာမြင့်နိုင်ပါတယ်။ ကိုဗစ်-၁၉ရောဂါတွင် အနံ့ပျောက်ခြင်းနှင့် ပတ်သက်၍ အောက်ပါပို့စ် မှ မေးခွန်းနံပါတ် ၈ ၏ အဖြေကို ဖတ်ပေးပါ။ https://www.facebook.com/ckcmohnugmm/posts/116753554010233 

#CovidClinicalFeatures

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...