Skip to main content

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (3.8.21)



🚩🚩🚩1. ကိုဗစ်စစ်တဲ့ testတွေက တကယ်ကောမှန်လားဗျ

ဖြေ။ RT-PCR test အား ကိုဗစ်စစ်ဆေးရာတွင် gold standard  အဖြစ် သတ်မှတ်ထားပါသည်။ ရောဂါပိုးအားရှာဖွေတွေ့ရှိနိုင်စွမ်းမှာ  #၉၅ရာခိုင်နှုန်းကျော် အထိရှိပါသည်။ Rapid antigen test kit ၏  ရောဂါရှာဖွေနိုင်စွမ်းမှာ လက္ခဏာ ပေါ်သူ များတွင် #၈၈ရာခိုင်နှုန်းအထိရှိပြီး လက္ခဏာမရှိသူများ တွင် /#၇၀ရာခိုင်နှုန်းအထိရှိပါသည်။ ထို စစ်ဆေးချက်နှစ်ခုစလုံးမှာ ကိုဗစ်မရှိလျှင် positive ဟု ပြရန် ရာခိုင်နှုန်း အလွန်နည်းပါးပါသည် ( High specificity - 99%)။ 

🚩🚩🚩2. ကိုဗစ်ကူးစက်ခံရပီးနောက်မှာ စစ်ဆေးဖို့လိုတာလေးတွေ သိချင်ပါတယ်ရှင့် ကူးစက်ခံရပီး ဘယ်လောက်အကြာမှာ စစ်ဖို့လိုအပ်လဲနဲ့ ဘာတွေ စစ်ရမလဲ သိချင်ပါတယ်ရှင့် ကျေးဇူးပါ

ဖြေ။ အောက်ဖော်ပြပါ ပို့စ်၏ မေးခွန်း နံပါတ် ၆ တွင် ဖတ်ရှုပေးပါ

……. ခင်ဗျ။

https://www.facebook.com/104312615254327/posts/121214030230852/

🚩🚩🚩3. နှစ်ချောင်းမြောက်မှာရေးရေးလေးပေါ်ရင် positiveဖစ်နိုင်လားဆရာတို့

ဖြေ။ နှာခေါင်းတို့ဖတ် စစ်တာလား၊ သွေးစစ်တာလား သေချာမသိပါ။များသောအားဖြင့် နှာခေါင်းတို့ဖတ်နမူနာများသည် ထင်ထင်ရှားရှားပြတတ်ပါသည်။ သွေးနမူနာမှာမူ ရောဂါလက္ခဏာစတင်ချိန်မှစ၍ ရေတွက်လျှင် ရက်အလိုက် မှိန်ခြင်း ၊ထင်ရှားခြင်း ဖြစ်တတ်ပါသည်။

🚩🚩🚩4. ကိုဗစ်၁၉ကူးစက်ခံရချင်းရှိမရှိတက်ကစ်နဲ့စစ်မယ်ဆိုရင်ဖျားပြီး၅ရက်အတွင်းစစ်မှအမှန်ပြတယ်ဆိုဟုတ်ပါရဲ့လားဗျ

ဖြေ။ Rapid antigen test kit များသည် ဗိုင်းရပ်ပိုး ခန္ဓာကိုယ်ထဲတွင် ပွားများချိန်ဖြစ်သော လက္ခဏာ မပြမီ  #၂ရက်မှစ၍၅ရက်မှ၇ရက်အတွင်း စစ်ဆေးပါကကိုဗစ် ပိုးရှိလျှင် test kit တွင် positive ပြနိုင်စွမ်း #ပိုမိုမြင့်မားနိုင်ကြောင်း လေ့လာမှုများအရ တွေ့ရှိရပါသည်။  ထို့ထက်ရက်ကျော်၍ စစ်ဆေးလျှင် Test kit မှ ရောဂါ ပိုးရှိသည်ဟု ပြနိုင်စွမ်း ပုံမှန်ထက် လျော့နည်းနိုင်ပါသည်။ လက္ခဏာပေါ်ပြီး negative ပြသူများတွင် PCR testဖြင့်အတည်ပြုစစ်ဆေးရပါမည်။

🚩🚩🚩5. "ဆရာရှင့် Contact personကစစ်လို့ Negativeဖြစ်ခဲ့ရင်လဲ ပိုးမကူးနိုင်တော့တဲ့အခြေအနေ၁၄ရက်ထိQဝင်ရမယ် လို့သိထားပါတယ်ရှင့် Nထွက်ပေမယ့်Qဝင်ရတာက Test kidတွေရဲ့ Sensitivity &Specifityတွေ , အသုံးပြုနည်းမမှန်တာတွေအစရှိတဲ့အရာတွေကြောင့် Result errorပြနိုင်လို့ထင်ခဲ့ပါတယ်ရှင့် 

ရွာဘက်မှာ ပိုးတွေ့လူနာနဲ့ထိတွေ့သူကို ပထမအကြိမ်စစ်တော့Nထွက်ပါတယ်   စစ်တဲ့လူက ထိတွေ့သူကိုရောဂါလက္ခဏာပြနိုင်သေးလို့ Qဝင်ဖို့မှာလိုက်ပါတယ်ရှင့်

သိချင်တာက Teat Kid တွေရဲ့Resultက ရောဂါလက္ခဏာ ပြမပြနဲ့ဆိုင်ပါသလားရှင့် နောက်ပြီး Test Kidတွေရဲ့ResultကViral loadနဲ့ရောသက်ဆိုင်ပါသလားရှင့်"

ဖြေ။ ပုံမှန်အားဖြင့် virus မျိုးပွားချိန် viral load များချိန်တွင် စစ်ဆေးခြင်းက အဖြေမှန်ပိုရစေပါသည်။ Rapid antigen test kit များမှာ virus ၏ antigen  ကိုစစ်ဆေးခြင်းကြောင့်ဖြစ်ပါသည်။ Viral load မှာ ရောဂါလက္ခဏာ မပြမီ ၂ရက်မှစ၍ လက္ခဏာပြပြီး ၅ရက်အတွင်းတွင်အများဆုံးဖြစ်ပါသည်။ ထိစပ်လူနာများအား ထိတွေ့မှုဖြစ်ပီး ပထမအကြိမ်စစ်ဆေးသင့်ပါသည်။အကယ်၍ negative ပြပါကနှစ်ပတ်သီးသန့်နေထိုင်ပီးလက္ခဏာပြချိန် သို့မဟုတ်  ၅ရက် မှ ၇ ရက်ခန့် အကြာ တွင်ပြန်လည်စစ်‌ဆေးသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုဗစ်၏ ရောဂါပျိုးကာလမှာ နှစ်ပတ်ထိကြာနိုင်သောကြောင့်ဖြစ်ပါသည်။

#CovidInvestigation

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...