Skip to main content

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (3.8.21)



🚩🚩🚩1. ဖြစ်ပြီး 21 ရက် နောက်ပိုင်း Medical check up လုပ်ဖို့ လိုအပ်တာလေးတွေ သိချင်ပါတယ်ရှင့်။

ဖြေ- Medical check up လုပ်တာက အသက်အရွယ်၊ ကျား/မ ၊ရောဂါအခံရှိမရှိ ပေါ်မှာ မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး ။#သက်ဆိုင်ရာဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ check up ပြုလုပ်နိုင်ပါတယ်။

🚩🚩🚩2. သွေးမစစ်ဘဲ သွေးကျဲဆေးထိုးလို့ရလားရှင့်။ သွေးစစ်ဖို့ ခက်ခဲလို့ပါ။ လူနာက oxygen ပေးထားရတာ ၈ ရက်ရှိပါပြီ။ မဖြုတ်ရသေးပါဘူးရှင့်။ နယ်ဆိုတော့ သွေးစစ်ဖို့ ခက်လို့ပါ။ Covid ဖြစ်တာ Day 15 ပါ။သွေးမစစ်ဘဲ ထိုးတာနဲ့ သွေးကျဲဆေးမထိုးဘဲ ထားလိုက်တာ ဘယ်ဟာကပိုအန္တရာယ်ရှိလဲ သိချင်ပါတယ်။

ဖြေ-ဆေးရုံတက်၍ကုသရသော လူနာများနှင့် ပြင်းထန်ကိုဗစ်-၁၉ရောဂါလူနာများအတွက် ရောဂါ၏နောက်ဆက်တွဲ ဆိုးကျိုးများမှ တစ်ခုဖြစ်သော သွေးခဲခြင်းမှကာကွယ်ရန် သွေးခဲပျော်ဆေး တို့ကို ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် အသုံးပြုနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါသည်။ သွေးခဲပျော်ဆေးတို့ကို ပေးရာတွင် #ဆေးမပေးရမည့်အခြေအနေများမရှိခြင်း၊ လိုအပ်သော #သွေးဖောက်စစ်ဆေးမှု (ဥပမာ- D-Dimer အစရှိသည်)တို့ကို စစ်ဆေးခြင်းတို့ ပြုလုက်နိုင်ရင် #သက်ဆိုင်ရာဆရာဝန်၏ညွှန်ကြားချက်ဖြင့်ပေးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ ကိုဗစ်-၁၉လူနာများအတွက် ကုသမှု လမ်းညွှန်ချက်အရ အကြံပြုထားပါသည်။

🚩🚩🚩3. ကိုဗစ်ဖြစ်ပြီးသူ့ရဲ့နောက်ဆက်တွဲလက္ခဏာတွေကိုဘယ်လိုဖြေရှင်းကုသလို့ရပါသလဲ ခင်ဗျ။

ဖြေ- ကိုဗစ်ရောဂါဖြစ်ပြီးတဲ့သူတွေမှာ နောက်ဆက်တွဲ ဝေဒနာတွေ အနည်းနဲ့အများ ခံစားရတတ်ပါတယ် ။ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ၊နှလုံးနှင့်သွေးကြောဆိုင်ရောရောဂါများ၊ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ ပြဿနာများ၊ ကျောက်ကပ်ရောဂါ၊သွေးခဲခြင်း၊ အဆုတ်သွေးခဲပိတ်ခြင်း အစရှိတဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက စ လို့ ချောင်းဆိုးခြင်း၊ မောခြင်း ၊ရင်ဘတ်အောင့်ခြင်း ၊ခေါင်းကိုက်ခြင်း၊အားနည်းခြင်း၊ နုန်းချိခြင်း၊လှုပ်ရှားပြီးနောက် ကိုယ်လက်မအီမသာဖြစ်ခြင်း(PEM) စတာတွေဖြစ်တတ်ပါတယ်။ ဘယ်လိုဝေဒနာတွေ ခံစားရနိုင်ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါဘူး။ #ကျွမ်းကျင်ဆရာဝန်နဲ့တိုင်ပင်ပြီးဖြေရှင်းကုသနိုင်ပါတယ်။

🚩🚩🚩4. ကိုဗစ်ဖြစ်ပြီးရင်ဘယ်နှလလောက်အနားယူဖို့လိုပါသလဲရှင်။

ဖြေ- ကိုဗစ်ရောဂါဖြစ်ပြီးတဲ့သူတွေမှာ နောက်ဆက်တွဲ ဝေဒနာတွေ အနည်းနဲ့အများ ခံစားရတတ်ပါတယ် ။ တချို့ဝေဒနာတွေက #၂လကနေ၆လလောက်အထိ ကြာတတ်ပါတယ်။ ဘယ်လောက် အတိုင်းအတာထိ အနားယူဖို့လိုသလဲ ဆိုတာကတော့ လူ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါ။ ပြင်းပြင်းထန်ထန် လှုပ်ရှား မှုတွေ မပြုလုပ်ဖို့နဲ့ ကိုယ်ရဲ့ #energy_limit ကို သိဖို့ လိုအပ်ပါတယ်။ 

energy limit နဲ့ပတ်သက်ပြီး အောက်ပါလင့်ခ် ရဲ့ မေးခွန်း နံပါတ် ၁ က အဖြေကို ဖတ်ပေးပါ။

https://www.facebook.com/104312615254327/posts/121129120239343/

🚩🚩🚩5. ကိုဗစ်ဖြစ်ပီးတဲ့လူနာက ညောင်းလို့ရှိရင် အနင်းခံလို့ရလား သိချင်ပါတယ်။

ဖြေ- အလွန်အကျွံမဟုတ်ရင် ရပါတယ်။ ရောဂါကြောင့် အိပ်ရာထဲ အချိန်အတော်ကြာ လဲလျောင်းနေခဲ့ရသူတွေမှာ ခြေသလုံး ကြွက်သားတွေကို နှိပ်နယ်ခြင်းက အခန့််မသင့်ရင် သွေးကြောထဲက သွေးခဲလေးတွေ ပြုတ်ထွက်ပြီး အဆုတ်သွေးကြောထဲမှာသွားပိတ်တတ်ပါတယ်။

🚩🚩🚩6. သက်ကြီးရွယ်အိုတွေ Covid ဖြစ်ရင် ဘယ်လို Care လုပ်ရမလဲ? ကာကွယ်ဆေးထိုးလို့ ရလား? ဘာတွေ ကျွေးရမလဲ? ဖြေပေးပါရှင့်။

ဖြေ- ကိုယ်ခံအားကောင်းစေရန် အိပ်ရေးဝဝအိပ်ပါ၊ အသား၊ငါး၊အသီးအရွက်တို့ကို အာဟာရဓာတ် စုံလင်မျှတအောင် စားပါ၊ ရေများများသောက်ပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ၊ စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ။

#ကာကွယ်ဆေးအတွက်က အောက်ပါလင့်ခ်က မေးခွန်း နံပါတ် ၂ကို ဖတ်ပေးပါ။

https://www.facebook.com/104312615254327/posts/120754490276806/

#CovidTreatment

#ckc #covid19_knowledge_centre #nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...