Skip to main content

ကိုဗစ်ကုသခြင်းနှင့်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (20.8.21)



🚩🚩🚩1. Q10, D3, Zinc ဆေးတွေရဲ့  လုပ်ဆောင်ချက်ကလေးတွေ သိချင်လို့ပါ။

ဖြေ- 

၁. #Q10,CoQ10,Coenzyme Q10 ဆိုတာ လူ့ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ဓာတ်တစ်မျိုးပါ။ ကျနော်တို့နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာလည်းပါပါတယ်။ CoQ10 ဟာ #ဓာတ်တိုးဆန့်ကျင့်တဲ့သတ္တိရှိပြီး လူ့ခန္ဓာကိုယ်က #ဆဲလ်တွေပျက်စီးခြင်းမှကာကွယ်ပြီး #ဇီဝရုပ်ဖြစ်ပျက်ခြင်းမှာလည်း အဓိကနေရာက ပါဝင်ပါတယ်။ ကျန်းမာတဲ့လူအများစုမှာ သဘာဝအားဖြင့် CoQ10 ဓာတ် အလုံအလောက်ရှိပါတယ်။ အသက်အရွယ်ကြီးရင့်လာတာ နဲ့ တချို့သောရောဂါတွေကြောင့် CoQ10 ပမာဏလျော့နည်းလာတတ်ပါတယ်။ CoQ10 supplements ဖြည့်စွက်စာ သုံးစွဲခြင်းအားဖြင့် သွေးပေါင်ချိန် အနည်းငယ် ကျစေပြီး နှလုံးရောဂါနှင့် အချို့ နှလုံးနဲ့ဆိုင်တဲ့ ဝေဒနာတွေကို လျော့နည်းစေတယ်လို့ဆိုပေမဲ့ သက်သေအထောက်အထားတွေက မခိုင်လုံသေးပါဘူး။

၂.#D3,Vitamin D3,cholecalciferol ဆိုတာ အဆီမှာပျော်ဝင်တဲ့ vitamin သက်စောင့်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ် မှာ #ကယ်လ်ဆီယမ်(Calcium )နဲ့ဖော့စ်ဖရပ်စ်(Phosphorous )ဓာတ်တွေကိုစုပ်ယူရာမှာ vitamin D က ကူညီပေးပါတယ်။ Vitamin D ရယ် Calcium နဲ့ phosphorous က ခန္ဓာကိုယ်က အရိုးတွေ သန်မာစေဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ အရိုးပျော့ရောဂါကဲ့သို့သော အရိုး ရောဂါတွေ ကို ကုသဖို့နဲ့ ကာကွယ်ဖို့အတွက် vitamin D ကို သုံးပါတယ်။ သဘာဝအားဖြင့် vitamin D ကို နေရောင်ခြည်ရဲ့ အကူအညီနဲ့ အရေပြားကနေတဆင့် ရရှိနိုင်ပါတယ်။ နေကာလိမ်းဆေး (sun cream) လိမ်းသူတွေ အကာအကွယ်အဝတ်အစား ဝတ်တဲ့သူတွေ အသားရောင်ရင့်သူတွေ နေပူထဲ သိပ်မထွက်တဲ့သူတွေ နဲ့ အသက်ကြီးတဲ့သူတွေက vitamin D လုံလုံလောက်လောက် မရရှိနိုင်ပါဘူး။ vitamin D နဲ့ calcium ကို #အရိုးပါးခြင်းအရိုးပွခြင်း ကုသဖို့နဲ့ ကာကွယ်ဖို့အတွက် အသုံးပြုပါတယ်။ တချို့သော ပါရာသိုင်းရွိုက် ရောဂါတွေနဲ့ ကျောက်ကပ်ရောဂါတွေကို လည်း Vitamin D ပေးပြီးကုသပါတယ်။

၃.#Zinc ဇင့် ဓာတ်ကို လူ့ခန္ဓာကိုယ်က ပမာဏအနည်းငယ်ပဲ လိုအပ်တာမလို့ trace element လို့ခေါ်ပြီး ပိုလျှံတဲ့ ပမာဏကို လည်း သိုလှောင်နိုင်ခြင်းမရှိပါဘူး။ နေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာ အနီရောင်ရှိသောအသား (အမဲသား၊ ဆိတ်သား စသည်)၊ ကြက်၊ဘဲ၊ ငါး တို့မှာ zinc ဓာတ်ကြွယ်ဝစွာပါရှိပါတယ်။ ဇင့်ဓာတ် ချို့တဲ့သူတွေမှာ အရပ်ပုတာ အစားအသောက်အရသာပျက်တာ မျိုးပွါးအင်္ဂါ ဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း လျော့ကျတာတွေ ဖြစ်တတ်ပါတယ်။ ဇင့်ဓာတ်ကို #ခန္ဓာကိုယ်ကြီးထွားဖို့အတွက်လိုအပ်သလိုကိုယ်ခံအားကောင်းဖို့အနာကျက်ဖို့နဲ့သွေးခဲစေဖို့သိုင်းရွိုက်လုပ်ငန်းဆောင်တာတွေမှာ ပံ့ပိုးကူညီဖို့ အတွက်လည်း လိုအပ်ပါတယ်။

🚩🚩🚩2. တချို့လူတွေကပြောကြတယ် " ကိုဗစ်ဖြစ်နေရင် အရက်နဲ့ ဘီယာ လုံးဝမသောက်ရပါဘူးတဲ့ အရက်နဲ့ဘီယာမတည့်ဘူး ကိုဗစ်ဖြစ်နေလို့ အဲ့ဒါတွေသောက်ရင် အဆုတ်ကိုထိခိုက်နိုင်ပါတယ် " ဆိုတာ ဟုတ် မဟုတ် ရှင်းလင်းပေးပါလား။

ဖြေ- အရက်က ကိုဗစ်ရောဂါကို မကာကွယ်နိုင်ပါ။ အရက်သောက်ခြင်းက #ကိုယ်ခံအားကျစေပြီး ရောဂါကို မတိုက်ထုတ် နိုင်သလို ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ပိုပြီး ခံစားရနိုင်ပါတယ်။ ကိုဗစ်ကြောင့်ဖြစ်တဲ့ အဆုတ်ယောင် နမိုးနီးယားနဲ့  ဆိုးရွားတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ #နောက်ဆက်တွဲဆိုးကျိုးတွေ ပိုပြီး ခံစားရနိုင်ပါတယ်။ 

🚩🚩🚩3. ၁၄ရက်ပြည့်သွားပါပြီ ကိုဗစ်ဖြစ်တာကော်ဖီသောက်လို့ရလားခင်ဗျ။အနံ့တို့အရသာတို့လည်းပြန်ရပါပြီ။

ဖြေ- ပုံမှန် ကျန်းမာရေးကောင်းတဲ့လူတစ်ယောက်သောက်သင့်တဲ့ ပမာဏထက် ပိုပြီး မသောက်သင့်ပါ။ လေ့လာတွေ့ရှိချက်တွေအရ သာမန်လူတစ်ယောက်မှာ ကဖင်းဓာတ် တစ်နေ့ကို ၄၀၀ မီလီဂရမ် အထိ စိတ်ချစွာ သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါက #ကော်ဖီ၄ခွက်စာနဲ့ ညီမျှပါတယ်။ ကလေးတွေ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေကတော့ ပုံမှန် အောက် လျော့သောက်ဖို့ သင့်ပါတယ်။ တစ်နေ့ကို ကော်ဖီ ၄ခွက်ထက် ပို သောက်မိရင် ခေါင်းကိုက်ခြင်း၊ ညအိပ်မပျော်ခြင်း၊ အစိုးရိမ်လွန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ မကြာခဏဆီးသွားခြင်း၊ ကြွက်သားလှုပ်ခြင်း နဲ့ နှလုံးခုန် မြန်ခြင်း စတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ 

#CovidTreatment

#ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (20.8.21)

=================================

🚩🚩🚩1. အပြင်က ပြန်လာတဲ့အခါ ဖိနပ်ရဲ့ အောက်ခြေတွေမှာ ရောဂါပိုးမွှား ကပ်ပါလာနိုင်သလား ရှင်?

- ဖိနပ်ရဲ့ အောက်ခြေမှာ ကိုဗစ်ရောဂါပိုးအပါအဝင် အခြားသော ရောဂါပိုးများစွာ ရှိနေနိုင်ပါသည်။ သို့သော် ဖိနပ်မှတစ်ဆင့် ကိုဗစ်ပိုးကူးစက်နိုင်ခြေမှာ #အလွန်နည်းသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဆိုထားပါသည်။

👉 လက်တွေ့ပြုလုပ်ရမည်မှာ ဖိနပ်ကို အိမ်အပြင်ဘက် (သို့မဟုတ်) အိမ်အဝင်ဝတွင် ချွတ်ခြင်းဖြင့် ဖိနပ်တွင် ကပ်ငြိနေသော ဖုံ၊ အညစ်အကြေး၊ ရောဂါပိုးများနှင့် ထိတွေ့ခြင်းမှ ကာကွယ်နိုင်ပါသည်။ #အထူးသဖြင့် လေးဘက်ထောက်/ ဝမ်းလျားမှောက်သွားသည့် အရွယ်ကလေးငယ်များ၊ ကြမ်းပြင်ပေါ် ဆော့ကစားလေ့ရှိသော ကလေးငယ်များရှိသည့် နေအိမ်တွင် အထူးဂရုပြုသင့်ပါသည်။

🚩🚩🚩2. ပြင်ပက စားစရာဖြစ်တဲ့ ပြာထုပ်လို ဖက်နဲ့ အစားအစာတွေ ဝယ်စားတဲ့အခါ ရောဂါပိုးမွှားရန်မှ ကင်းဝေးအောင် မျက်နှာပြင် ဘယ်လိုမျိုးသန့်ရှင်းပြီးမှ စားသုံးရမလဲ ရှင်?

- ဖက်မျက်နှာပြင်ကို #အထွေအထူးသန့်ရှင်းဖို့မလိုအပ်ပါ (ရက်ပြန်ဖြန်းခြင်း/ ပိုးသတ်ဆေးဖျန်းခြင်း လုံးဝ (လုံးဝ) မပြုရပါ)

- အစားအစာ မကိုင်မီ လက်ကို ရေနှင့်ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ။ ဖက်ကို ခွာပြီး အစားအစာကို သန့်ရှင်းသော ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပါ။ လက်ပြန်ဆေးပြီးမှ စားသုံးပါ။

- ဖြစ်နိုင်လျှင်တော့ ဖက်နှင့်ထုပ်ထားသော အစားအစာများကို မစားခင် ပူပူနွေးနွေး ပြန်ပေါင်းပြီးမှ စားသုံးပါ။

🚩🚩🚩3. ကိုဗစ်ကူးစက်ပြီး ၂ လ ၃ လ လောက် ပြန်မကူးနိုင်ဘူးဆိုတာ ဟုတ်ပါသလားဗျ?

- ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးပါက ရောဂါခုခံကာကွယ်နိုင်စွမ်း (Immunity) အထိုက်အလျောက် ကျန်ရှိသော်လည်း #အချိန်နှင့်အမျှရောဂါခုခံကာကွယ်နိုင်စွမ်းကျဆင်းလာနိုင်ခြင်းကြောင့် ရောဂါ ပြန်လည်ကူးစက်ဖြစ်ပွားနိုင်ပါသည်။

- ကိုဗစ်-19 ကူးစက်ခံရပြီးနောက် ထွက်လာသော ပဋိဇီဝပစ္စည်း (antibody) ကြောင့် နောက်ထပ်ကူးစက်မှု မဖြစ်စေရန် သုံးလမှ ခြောက်လအထိ ကာကွယ်နိုင်သည်ဟု ယေဘုယျအားဖြင့် ဆိုကြသော်လည်း ရောဂါကူးစက်ပြီးသည့်တိုင် တစ်ကိုယ်ရည်ကာကွယ်ခြင်းနည်းလမ်းများ ဖြစ်သည့် လက်ဆေးခြင်း၊ Mask ကို စနစ်တကျတပ်ခြင်း၊ Social distancing နည်းလမ်းများ လိုက်နာခြင်းတို့ကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

- သို့ရာတွင် #ရောဂါအသစ်ဖြစ်သည့်အလျောက် ကိုဗစ်-19 ရောဂါဆိုင်ရာသုတေသနများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး antibody သည် လူနာထံတွင် အချိန်ဘယ်လောက်ကြာအောင် နေသည်၊ မည်သည့်ပမာဏဆိုလျှင် ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည်၊ နောက်တစ်ကြိမ် ကူးစက်ခံရလျှင် မည်မျှအထိ အကျိုးသက်ရောက်စေသည် စသဖြင့် ဘုံသဘောတူညီချက် မရှိသေးသဖြင့် သုတေသနပြုမှုများ လုပ်ဆောင်နေဆဲပင် ဖြစ်ပါသည်။ (ထို့ကြောင့် ရောဂါဖြစ်ပြီးသူတွင် ၃ လမှ ၆ လအတွင်း #ရောဂါပြန်မဖြစ်နိုင်ဟုတရားသေသတ်မှတ်၍မရပါ)

- ပညာရှင်များအဆိုအရ ကိုဗစ်ဖြစ်ပြီး ဝေဒနာများမှ သက်သာလာပြီးနောက် isolation သီးသန့်နေထိုင်ချိန် ပြီးဆုံးချိန်တွင် #ကာကွယ်ဆေးထိုးသင့်သည်ဟု ဆိုကြပါသည်။ (အကျယ်တဝင့်ကို အောက်ပါပိုစ့် မေးခွန်း ၂ တွင် ဖတ်ရှုနိုင်ပါသည်)

https://www.facebook.com/ckcmohnugmm/posts/113457701006485 

- ကာကွယ်ဆေးထိုးခြင်းဖြင့် #နဂိုရောဂါကာကွယ်နိုင်စွမ်းပါမြင့်တက်လာသည့်အပြင် ကူးစက်ခံရပါကလည်း #ရောဂါပြင်းထန်၍ဆေးရုံတက်ရခြင်းကိုလျော့ပါးစေသည်ဟု ဆိုပါသည်။

#CovidPrevention

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...