Skip to main content

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (13.8.21)



🚩🚩🚩1. မေး- COVID ကူးစက်ခံရပြီး လူနာများ ပထမတစ်ပတ်အတွင်း Favipiravir သောက်ဆေးများ ဆရာဝန်ညွှန်ကြားချက်နှင့်အညီသောက်ကြပါသည်။ ဘေးထွက်ဆိုးကျိုးနှင့် ဆောင်ရန်ရှောင်ရန်များ သတိထားရန်များ သိလိုပါသည်ခင်ဗျ။

မေး- ကိုဗစ်လက္ခဏာ အနည်းငယ် ခံစားရတဲ့သူက antiviral oral ဆေးသောက်လို့ရပါသလား။

ဖြေ- Antiviral ဆေးတစ်မျိုးဖြစ်သော Favipiravir ဆေးသည် ဂျပန်နိုင်ငံ၌ တုပ်ကွေးရောဂါကို ကုသရန် ၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ Toyama Chemical မှထုတ်လုပ်သော ဆေးဖြစ်သည်။ ယခုအခါ ထိုဆေးကို ကိုဗစ်ရောဂါ ကုသရန် ဂျပန်၊ ရုရှား၊ အိန္ဒိယ နှင့် အချို့နိုင်ငံများတွင် စမ်းသပ်သုံးစွဲလျက်ရှိသည်။ Favipiravir ဆေးဖြင့်ကုသရာတွင် ရောဂါလက္ခဏာ နှင့် ဓာတ်မှန်အခြေအနေများ၌ တိုးတက်မှုရှိသည်ဟုဆိုသော်လည်း ရောဂါကြောင့်သေဆုံးနိုင်ချေ လျော့ချခြင်း နှင့် အောက်စီဂျင်လိုအပ်မှုနှုန်းတို့တွင် ကွဲပြားခြားနားခြင်းမရှိဟု ဆိုသည်။ Favipiravir ဆေးဖြင့် ကိုဗစ်ရောဂါကုသခြင်းအား ဆက်လက်လေ့လာနေကြဆဲဖြစ်သည်။

#Favipiravirဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆေးမတည့်ခြင်းကြောင့် သွေးလန့်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အသည်းရောင် အသားဝါခြင်း၊ ဆေးမတည့်ခြင်းကြောင့်ဖြစ်သော အရေပြားပြဿနာ၊ ကျောက်ကပ်ပျက်ခြင်း၊ သွေးဖြူဥနှင့် သွေးဆဲလ်မွှာလျော့နည်းခြင်း၊ ဦးနှောက်အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာဝေဒနာများ ခံစားရခြင်း၊ အူရောင်ခြင်း၊ အရေပြားတွင် အနီကွက် အနီစက်များပေါ်ခြင်း၊ အသည်းအင်ဇိုင်းဓာတ်များ တက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ ပန်းနာရင်ကြပ်၊ ထိပ်ကပ်နာ နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားရခြင်း၊မူးဝေခြင်း၊ အမြင်ဝါးခြင်း၊ မျက်စိနာခြင်း အစရှိသည်တို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

🚩🚩🚩2. မေး-Covid လူနာတွေ ပြန်ကောင်းလာတဲ့အခါ သွေးခဲတတ်တယ်လို့ပြောကြပါတယ်။ လူတိုင်းသွေးကျဲဆေးထိုးဖို့လိုပါသလားခင်ဗျာ။ ဘယ်လိုလက္ခဏာတွေခံစားရလျင် သွေးကျဲဆေးထိုးဖို့လိုအပ်ပါသလဲခင်ဗျာ။သွေးကျဲဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သိပါရစေ ခင်ဗျာ။

ဖြေ- သွေးကျဲဆေးနဲ့ သွေးမခဲဆေး(သွေးခဲပျော်ဆေး) မတူပါ။ အသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ COVID-19 ရောဂါနှင့် #သွေးခဲခြင်းအကြောင်း အမေးအဖြေ video လေးကနေ တဆင့်ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

https://www.facebook.com/104312615254327/posts/125160893169499/

🚩🚩🚩3. မေး- Covid 19 Level Stage 5 ကို

ရောက်နေတဲ့ လူနာ အတွက် ဘယ်လောက်များအသက်ရှင်ဖို့ မျှော်လင့်ချက်ရှိနိုင်လဲ။

ဘယ်နှယောက်က level 5 ကနေ နေကောင်းကျန်းမာသွားလဲ။

ဖြေ- ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ ကိုဗစ်-၁၉ လူနာများအား ပစ္စည်းကိရိယာ မပြည့်စုံသည့် အနေအထားတွင် ပြုစုစောင့်ရှောက်ခြင်း လမ်းညွှန်ချက်အရ covid-19 ရောဂါကို အဆင့်သတ်မှတ်ချက်အနေနဲ့ အပျော့စား၊အလတ်စား၊ ပြင်းထန် နှင့် အလွန်ပြင်းထန် ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ 

လူနာရဲ့ အသက်အရွယ်၊ရောဂါအခံ၊ရောဂါရဲ့ ပြင်းထန် မှု အဆင့် ၊နောက်ဆက်တွဲ ဆိုးကျိုးတွေ အပေါ်မူတည်ပြီး အသက်အန္တရာယ် ရှိပုံခြင်း မတူညီ နိုင်ပါ။ ရောဂါပြင်းထန်စွာ ခံစားရပြီး နေကောင်းကျန်းမာလာ တဲ့ သူတွေ လည်း ရှိပါတယ် ။

#ရောဂါရဲ့အဆင့်သတ်မှတ်ချက်ကို ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ ကိုဗစ်-၁၉ လူနာများအား ပစ္စည်းကိရိယာ မပြည့်စုံသည့် အနေအထားတွင် ပြုစုစောင့်ရှောက်ခြင်း လမ်းညွှန်ချက်ကို အောက်ပါလင့်ခ် တွင် ဖတ်နိုင်ပါသည်။

https://www.facebook.com/ckcmohnugmm/posts/113818450970410 

#CovidTreatment

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...