Skip to main content

ရောဂါလက္ခဏာ_ကူးစက်_ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (13.8.21)



🚩🚩🚩1. covid positive ဖြစ်နေတာက လက္ခဏာတွေ မပြရင်ဘယ်လိုသိနိုင်လဲ။ သိချင်ပါတယ်။ အကောင်းချည်းက စကားပြောရင်း သေဆုံးနေတာတွေ တွေ့နေရလို့ပါ။ 

ဖြေ။ ရောဂါလက္ခဏာများ ခံစားရပုံခြင်းမှာ တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိပါ။ ထို့ပြင် ရောဂါလက္ခဏာများ ပြင်းထန်မှု၊ မပြင်းထန်မှုမှာလည်း တသမတ်တည်း မရှိဘဲ အချိန်နှင့် အမျှ ပြောင်းလဲနေနိုင်ပါတယ်။ အများစုမှာ သာမာန်လက္ခဏာများ ခံစားရပြီး ရက်အနည်းငယ်အကြာတွင် သက်သာသွားတတ်ပါတယ်။ အချို့မှာမူ သာမန်လက္ခဏာအနည်းငယ်ခံစားရပြီးနောက်တွင် ရုတ်တရက် ရောဂါပြင်းထန်လာခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ အချို့လူနာများတွင် သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်းများ ရှိနေသော်လည်း ၎င်းနှင့်ဆက်စပ်သည့် လက္ခဏာများဖြစ်သော အသက်ရှူမြန်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် ကနာမငြိမ်ဖြစ်ခြင်း စသည်တို့ ခံစားရခြင်းများ မရှိဘဲ ဖြစ်နေတတ်ပါတယ်။ ၎င်းကို Silent Hypoxia (တိတ်တဆိတ် အောက်ဆီဂျင်ကျဆင်းခြင်း) ဟု ခေါ်ပြီး ကိုဗစ်နိုင်တင်းရောဂါ၏ ထူးခြားသော ဝိသေသတစ်ခုလည်း ဖြစ်ပါတယ်။ ထိုသို့သော အခြေအနေမျိုးတွင် အချိန်လွန်မှ သတိထားခြင်းမျိုးများ ဖြစ်ပေါ်နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်နိုင်ပါတယ်။ 

#CovidClinicalFeatures

#ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ (13.8.21)

=================================

🚩🚩🚩1.ဒီချိန်မှာအမျာကအစားအသောက်တွေမှာစားကြတယ်။အထူးသဖြင့်အသင့်လုပ်ပီးသား အသင့်စားရုံအစားအစာများ။အဲ့မှာရော ပိုးကပါလာနိုင်ခြေရှိလား။စားသင့်လား။ကူးစက်နိုင်သလား သိချင်ပါတယ်။

🚩🚩🚩2.ကိုဗစ်ဖြစ်ထားတဲ့အိမ်မှာရှိနေတဲ့ရေခဲသေတ္တာထဲက အသားငါးတွေကို ချက်ပြုတ်စားသောက်လို့ရပါသလား။ ရောဂါကူစက်နိုင်သလား။ ဘယ်လိုအသုံးပြုစားသောက်လို့ရပါသလဲဖြေပေးပါရှင်။

ဖြေ - ယခုအချိန်အထိ အစားအစာများအား စားသောက်ခြင်း၊ ကိုင်တွယ်ခြင်း၊ အစားအစာထည့်သည့် အထုပ်အပိုးများကို ကိုင်တွယ်ခြင်းဖြင့် ပိုးကူးစက်သည့်ဖြစ်စဉ်မရှိသေးပါ။ 

အစားအစာထည့်ထားသည့် အထုပ်အပိုး၏ မျက်နှာပြင်အား လက်ဖြင့်ကိုင်တွယ်ပြီး ထိုလက်ဖြင့် ပါးစပ်၊ နှာခေါင်း နှင့် မျက်စိတို့ကို ထိမိပါက ကိုဗစ်ပိုးကူးစက်နိုင်ခြေရှိသော်လည်း ကူးစက်နိုင်နှုန်းအလွန်နည်းပါသည်။

ထို့ကြောင့် ဈေးသွားပြီးတိုင်း၊ အစားအစာအထုပ်အပိုးများကို ကိုင်တွယ်ပြီးတိုင်း၊ အစားအစာများကို မကိုင်တွယ်ခင် နှင့် မစားခင်တိုင်း လက်ကို ရေနှင့်ဆပ်ပြာဖြင့် စက္ကန့်၂၀ သေချာစွာဆေးကြောရန်လိုအပ်ပါသည်။ ဆပ်ပြာနှင့်ရေ မရှိပါက အနည်းဆုံး ၆၀% ပါဝင်သော လက်သန့်ဆေးရည်ဖြင့် လက်ကိုဆေးကြောနိုင်ပါသည်။

အစားအစာထုတ်လုပ်သောနေရာတွင် အလုပ်လုပ်သောသူအချို့တွင် ကိုဗစ်ပိုးကူးစက်ခံရသော်လည်း ထိုသူများပြင်ဆင်သော အစားအစာများမှတစ်ဆင့် ကိုဗစ်ပိုးကူးစက်ခြင်း မတွေ့ရကြောင်း တွေ့ရှိရသည်။

ကိုဗစ်သည် ရေမှတစ်ဆင့်လည်း မကူးစက်နိုင်ပါ။

အစားအစာများမှတစ်ဆင့် ကိုဗစ်ရောဂါသာမက အခြားအစာကြောင့်ဖြစ်တတ်သောရောဂါများကိုကာကွယ်ရန် အောက်ပါအချက်များကို လိုက်နာရန် လိုအပ်ပါသည်။

- အသားများ၊ ပင်လယ်စာများ၊ ဥအမျိုးမျိုး နှင့် ပုတ်သိုးလွယ်သောအစားအစာများကို ဝယ်ယူပြီးနောက် ၂နာရီ အတွင်း ရေခဲသေတ္တာကဲ့သို့သော အအေးခံနိုင်သည့်နေရာတွင် သိမ်းဆည်းရန်။

- မာသောမျက်နှာပြင်များအား ပိုးသတ်ရန်သုံးသော ပိုးသတ်ဆေးရည်များ ( ဥပမာ - bleach, ammonia ) ကို အစားအစာထည့်သော အထုပ်အပိုးများတွင် ပိုးသတ်ရန်မသုံးရပါ။

- ပြန်လည်အသုံးပြုနိုင်သော အိတ်များ ညစ်ပေသွားပါက ဆပ်ပြာဖြင့်လျှော်၍ အခြောက်ခံပြီး ပြန်လည်အသုံးပြုနိုင်ပါသည်။

- ဟင်းသီးဟင်းရွက်များနှင့် အသားငါးများကို ဆပ်ပြာ၊ ပိုးသတ်ဆေးရည်၊ alcohol၊ bleach တို့ဖြင့် မဆေးရပါ။

- ဆား၊ ငရုပ်ကောင်းမှုန့်၊ သံပုရာရည် နှင့် ရှောက်ရည် တို့သည် ပိုးသတ်မပေးနိုင်ပါ။

- ဟင်းသီးဟင်းရွက်၊ အသီးအနှံနှင့် အသားငါးများကို ရေဖြင့်သေချာစွာ ဆေးကြောပါ။

- အာလူး၊ သခွားသီး၊ ဖရဲသီးကဲ့သို့သော အသီးများကို သန့်စင်သော brush ဖြင့် ပွတ်တိုက်ဆေးကြောနိုင်သည်။ 

- အစားအစာချက်ပြုတ်ပြင်ဆင်မည့် မျက်နှာပြင်အား ပိုးသတ်ဆေးရည်ဖြင့် ပုံမှန်ပိုးသတ်သန့်စင်ရပါမည်။ ထိုမျက်နှာပြင်ပေါ်ရှိ ပိုးသတ်ဆေးရည်များအား အစားအစာချက်ပြုတ်ရန်အတွက်ပြင်ဆင်မှုမပြုခင် ရေဖြင့်သေချာစွာ ဆေးကြောပေးပါ။

- အစားအစာများအား သက်မှတ်အပူချိန်အတိုင်း သေချာစွာ ချက်ပြုတ်ပါက ပိုးသေပါသည်။

🚩🚩🚩3. ခရီးသွားရာဇဝင်လည်းမရှိဘူး။ ပိုးရှိသူနဲ့လည်းထိတွေ့မှုမရှိဘူး။ အိမ်မှာနေရင်းဘယ်လိုကြောင့်ကူးစက်ခံရတာလည်းဗျ။

ဖြေ - ပိုးရှိနေသောမျက်နှာပြင်အား လက်ဖြင့်ကိုင်မိပြီး ထိုလက်ဖြင့် မျက်စိ၊ နှာခေါင်း နှင့် ပါးစပ်တို့ကို ထိမိပါကလည်း ပိုးကူးစက်နိုင်ပါသည်။ ထို့ကြောင့် အရာဝတ္ထုများအား ကိုင်တွယ်ပြီးတိုင်း လက်ကိုသေချာစွာ ဆေးကြောရန်လိုအပ်ပါသည်။

#CovidTransmission

#ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (13.8.21)

=================================

🚩🚩🚩1. လူနာအဝတ်အစားများကို အဝတ်လျှော်စက်ဖြင့် လျှော်ဖွပ်ပြီးသောအခါ အဝတ်လျှော်စက်ကို ပိုးသတ်ရန်လိုအပ်ပါသလား ခင်ဗျာ?

- လူနာအဝတ်အစားများကို ဆပ်ပြာမှုန့်နှင့် #ရေနွေးပူ (အပူချိန် 60-90⁰C (သို့) 140-194⁰F) အသုံးပြုကာ အဝတ်လျှော်စက်ဖြင့် လျှော်လျှင် အဝတ်အစားများ ပိုးသတ်ပြီးသားဖြစ်သလို အဝတ်လျှော်စက်အတွင်းကိုလည်း ပိုးသတ်သန့်စင်ပြီး ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်၊ ထို့ကြောင့် အဝတ်လျှော်စက်အတွင်းပိုင်းကို ထပ်မံ ပိုးသတ်သန့်စင်ရန် မလိုအပ်ပါ။

- အဝတ်လျှော်စက် အပြင်ဘက် မျက်နှာပြင်နှင့် အထိအကိုင်များသော ခလုတ်နေရာများကိုတော့ အိမ်သုံးပိုးသတ်သန့်စင်ဆေးရည် (သို့မဟုတ်) အဝတ်လျှော်စက်အတွက် သီးသန့်ရည်ရွယ်ထုတ်ထားသော ပိုးသတ်သန့်စင်ဆေးရည်သုံးကာ ပိုးသတ်နိုင်ပါတယ်။

#CovidPrevention

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...