Skip to main content

ကိုဗစ်ကူးစက်ခြင်းနှင့်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ ( 10.8.2021)



🚩🚩🚩1. အိမ်မှာ ကိုဗစ်ဖြစ်ပြီး ဆေးရုံကဆင်းလာတဲ့သူ ကားလာပြင်ပါတယ်။ ဆေးရုံဆင်းတာ ၂ ရက်ပဲရှိပါသေးတယ်။ စိုးရိမ်စရာ ရှိလားရှင့်။ ချောင်းဆိုးပြီး တံတွေး လျောက်ထွေးနေလို့ပါ။

ဖြေ - ကိုဗစ်ဖြစ်သူသည် ရောဂါလက္ခဏာစပေါ်သည့်ရက်မှ အနည်းဆုံး ၁၀ရက်အပြင် ရောဂါလက္ခဏာများသက်သာပြီး ကိုယ်ပူကျဆေးမသောက်ဘဲ ကိုယ်ပူမရှိတာ ၂၄နာရီပြည့်လျှင် အခြားသူအားပိုးမကူးစက်စေနိုင်တော့ပါ။ ကိုဗစ်ရောဂါပြင်းထန်သူများနှင့် ကိုယ်ခံအားနည်းသူတို့တွင် ရက်ပေါင်း ၂၀ကျော်သည်အထိ အခြားသူအားကူးစက်စေနိုင်ပါသည်။ 

ယခုဆေးရုံဆင်းလာသူ၏ ဖြစ်ပွားခဲ့သော ရောဂါအခြေအနေနှင့် ဆေးရုံတက်ခဲ့သောရက်အား အတိအကျမသိရသဖြင့် သေချာစွာမဖြေပေးနိုင်ခြင်းအတွက် တောင်းပန်ပါသည်။ ထိုသူနှင့် ၆ပေအကွာတွင်ရှိပြီး မိမိသည် mask သေချာစွာတပ်ထားလျှင် မစိုးရိမ်ရပါ။ တံတွေးထွေးထားသောမျက်နှာပြင်အား သေချာစွာပိုးသန့်စင်ပြီး လက်ကိုသေချာစွာဆေးကြောပါက ပိုးကူးစက်မှုကို ကာကွယ်နိုင်ပါသည်။

ကိုဗစ်ကူးစက်ခြင်းမှကာကွယ်ရန် mask ကိုစနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ သေချာစွာဆေးကြောခြင်း၊ ၆ပေခွာနေထိုင်ခြင်း၊ လက်ဖြင့် မျက်စိ နှာခေါင်း နှင့် ပါးစပ်တို့ကို မထိခြင်း၊ အဆောက်အဦးအား လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ခြင်း စသည်တို့ကိုလုပ်ဆောင်ရန် အကြုံပြုလိုပါသည်။

🚩🚩🚩2. ကိုဗစ်က သွေးကနေတစ်ဆင့် ကူးစက်တတ်ပါသလားဗျ။

ဖြေ - ယေဘုယျအားဖြင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးများသည် သွေးသွင်းခြင်းမှတစ်ဆင့် မကူးစက်တတ်ပါ။ ကိုဗစ်နှင့်ပတ်သက်၍ သွေးသွင်းခြင်းမှတစ်ဆင့် ကူးစက်သည့်ဖြစ်စဉ် #မရှိသေးပါ။

သွေးလှူဒါန်းလိုသူများအတွက် European Center for Disease Prevention and Control ( ECDC )၏ အကြံပြုချက်များမှာ

-  #ကိုဗစ်ဖြစ်သူနှင့်ထိတွေ့မှုရှိခဲ့ဖူးသူသည် ထိတွေ့ခဲ့သည့်ရက်မှစ၍  #၂၁ ရက်အထိ သွေးလှူဒါန်းမှု မပြုရန်

- #ကိုဗစ်ဖြစ်ဖူးသူသည် ရောဂါသက်သာသည့်ရက်မှစ၍ အနည်းဆုံး #၂၈ ရက်အထိ သွေးလှူဒါန်းမှု မပြုရန် တို့ဖြစ်ပါသည်။

#CovidTransmission

#ckc #covid19_knowledge_centre

#nugmoh #covid19

#ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

=================================

🚩🚩🚩1. "virus shut out ကဒ်တွေက တကယ်အလုပ်ဖြစ်ရဲ့လားဗျာ? စျေးကွက်ထဲမှာ ရောက်နေပါပြီ။ ကျန်းမာရေးနဲ့ ညီ/ မညီဖြေပေးပါ ခင်ဗျာ"

❌ Virus shut out ကဒ်ကို လည်ပင်းမှာ ချိတ်ဆွဲထားရုံနဲ့ ကိုဗစ်ရောဂါမှ မကာကွယ်နိုင်ပါ။

- ထိုကဲ့သို့ လူအများ ထင်ယောင်ထင်မှားဖြစ်အောင် ကြော်ငြာရောင်းချနေသောကြောင့် ထိုပစ္စည်းများကို အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးအေဂျင်စီ (US Environmental Protection Agency) က နိုင်ငံတွင်းတင်သွင်းခွင့် #ပိတ်ပင်ထားသော ပစ္စည်းဖြစ်သည်ကို သတိပြုသင့်ပါသည်။

- ကိုဗစ်ပိုးကာကွယ်ရန်မှာ ကာကွယ်ဆေးထိုးခြင်းအပြင် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းသာ ဖြစ်ပါသည်။ #မိမိနေ့စဥ်ဘဝတွင်လိုက်နာပြုမူရမည့်ကာကွယ်ရေးနည်းလမ်းများ အကျယ်တဝင့်ကို ဤတွင် ဖတ်ရှုပေးပါ။

https://www.facebook.com/ckcmohnugmm/posts/111799074505681 

🚩🚩🚩2. ကိုဗစ်ရောဂါပိုးရှိသူများ ၆ နာရီကြာ လိုက်ပါစီးခဲ့သော ကားပေါ်တွင် ရောဂါပိုးက ဘယ်အချိန်ထိ ရှိနေနိုင်ပါသလဲ?

- မျက်နှာပြင်အမျိုးမျိုးပေါ် မူတည်၍ နာရီပိုင်းအတွင်းမှ နာရီအတန်ကြာသည်အထိ ကိုဗစ်ရောဂါပိုး ရှိနေနိုင်ပါတယ်။

- #ကားကိုပိုးသတ်သန့်စင်ပုံကို ဤပိုစ့် မေးခွန်း ၃ တွင် ဆက်လက် ဖတ်ရှုပေးပါ။

https://www.facebook.com/ckcmohnugmm/posts/116394400712815

#CovidPrevention

#ckc #covid19_knowledge_centre

#nugmoh #covid19

#ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

=================================

🚩🚩🚩1. ကိုဗစ်ဖြစ်ပြီး ၂၉ ရက်ရှိပါပြီ ဆေးပြန်စစ်တဲ့အခါ Ferritin နဲ့ CRPLX က High ပြနေပါတယ်ရှင့် အဲဒါ ဘာလက္ခဏာလဲရှင့် ပြီးတော့ ကျွန်မက သားဥအိမ်ကင်ဆာကုထားတာ ၂ နှစ်ရှိပါပြီ အခု ပြန်စစ်ရမဲ့ရောက်လို့ CA 125 ပါထည့်စစ်တော့ ၁၁၉ ဖြစ်နေပါတယ်ကိုဗစ်ကြောင့် ကင်ဆာဆဲလ်မြင့်တက်သွားနိုင်ပါလားရှင့်

ဖြေ။ ကိုဗစ်ကူးစက်ခံရသူများတွင် CRP နှင့် Ferritin ကို ရောဂါမည်မျှထိ ပြင်းထန်နေသည်။ ယခင်ရက်များထက် အဆမတန် များလာလျှင် ရောဂါပြင်းထန်နေသည် စသ

ဖြင့် ဆေးကုသရာတွင် ခန္ဓာကိုယ်မှ ရောင်ရမ်းစေသောအရာများ ထွက်သည့်အခါ မည်မျှ ဆိုးရွားနေသည်ကိုသွယ်ဝိုက်သောနည်းဖြင့်သိရှိရန် စစ်ဆေးကြပါသည်။ CRP level သည် ပြင်းထန်ကိုဗစ်လူနာများတွင် အလွန်မြင့်တတ်နိုင်ပြီးရောဂါအနုစားသာခံစားရသူများတွင် ပုံမှန် သို့မဟုတ် အနည်းငယ်သာ မြင့်တက်နိုင်သည်ဟု လေ့လာမှုများကဆိုပါသည်။ ထို့အတူပင် Ferritin level သည်လည်း ရောဂါပြင်းထန်သူများတွင် ပုံမှန် level

ထက် ၂၅ရာခိုင်နှုန်းကျော်မြင့်တက်နေသည်ကိုတွေ့ရှိရသည်ဟု လေ့လာမှုများကဆိုကြပါသည်။ CRP နှင့် Ferritin တို့သည် သွေးတစ်ခါဖောက်စစ်ရုံဖြင့် မလုံလောက်ဘဲ ရောဂါအတိုးအဆုတ်ကိုလိုက်၍#စဥ်ဆက်မပြတ် စစ်ဆေးကာ ယခင်အဖြေများနှင့် နှိုင်းယှဥ်၍ လိုအပ်သောကုသမှုများပြုလုပ်နိုင်ရန် ဆေးပညာရှင်များမှ inflammatory

marker ( ရောင်ရမ်းမှုပြ ဓာတ်ပစ္စည်း) အနေဖြင့် လူနာအားကုသရာတွင်အသုံးပြုကြပါသည်။ ထိုကဲ့သို့သော ဓာတ်ပစ္စည်းများသည် လူနာနေကောင်းလာသည်နှင့်အမျှ သွေးထဲတွင် အချိန်ကိုလိုက်၍ တဖြည်းဖြည်း လျှော့နည်းလာကြပါသည်။ ထိုသို့ ယခင်ထက် လျော့နည်းလာပါက ရောဂါသက်သာစပြုလာပြီဟု ခန့်မှန်းလို့ရပါသည်။ ယခု ကိုဗစ်ဖြစ်ပီး ဝေဒနာများသက်သာပြီးမှ စစ်ဆေး၍ ပုံမှန်ထက်များလာခြင်းသည် ယခင်ဒီ့ထက်များရာမှ ပြန်လျော့လာသလားသိရှိရန် ရောဂါဖြစ်စဥ်က စစ်ဆေးထားသောအဖြေများနှင့် နှိုင်းယှဥ်ကြည့်ဖို့လိုအပ်ပါသည်။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်လိုအပ်ပါသည်။

အလားတူပင် Ca 125 level အား သားဥအိမ်ကင်ဆာလူနာများတွင်ကင်ဆာရောဂါ၏ အမှတ်အသား၊ကုသပြီးနောက် ကင်ဆာရောဂါအားစောင့်ကြည့်ကုသရာတွင် ကင်ဆာဆဲများပြန်လည် ပွားများမှုရှိမရှိ စသဖြင့် ကင်ဆာလူနာများအားဆေးကုရာတွင်အသုံးပြုပါ

သည်။ ကိုဗစ်ကြောင့် Ca 125 level တက်နိုင်ကြောင်းကို တရုတ်နိုင်ငံတွင်ပြုလုပ်ထားသည့်သုတေသန အရ တွေ့ရှိထားပြီး ကိုဗစ်ရောဂါ ပြင်းထန်ပါက ပုံမှန်ထက် #၃ဆမှ၇ဆ အထိ တက်လာနိုင်သည်ဟုဆိုပါသည်။ ကိုဗစ်ကြောင့်တက်နိုင်သည်ဟု ဆိုသော်လည်း မိမိမှာ ရောဂါကုထားဖူးသူဖြစ်သဖြင့် သားဖွားမီးယပ်အထူးကု သို့မဟုတ် ကင်ဆာဆရာဝန်ကြီးနှင့်တိုင်ပင်၍ #လိုအပ်သောစမ်းသပ်ကုသမှုများခံယူသင့်ပါသည်။

🚩🚩🚩2. ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး တပတ်ကြာ စစ်ဆေးရင် ကာကွယ်ဆေးကြောင့် ကိုဗစ်၁၉ - p- ဖြစ်နိုင်လား

ဖြေ။ ဘယ်လိုစစ်ဆေးတာလဲ အရင်ဆုံးသိဖို့လိုပါသည်။နှာခေါင်းတို့ဖတ်ယူပြီးစစ်ဆေး၍ positive ထွက်ပါက လတ်တလော ကိုဗစ်ပိုးကူးခံရခြင်းဖြစ်ပါသည်။

 ( Current infection )

Antibody Test တွင် သွေးစစ်၍ G မှာပေါ်လျှင် အရင်တုန်းက ကူးခံရတာ ဖြစ်နိုင်သလို မကြာသေးမီက ကူးခံရပြီး ပေါ်တာလည်းဖြစ်နိုင်သည်။

ကာကွယ်ဆေးအောင်မအောင် antibody test #သွေးဖောက်စစ်စရာမလိုပါ။

ကာကွယ်ဆေးထိုးပြီး antibody test စစ်ရန် #ညွှန်ကြားထားခြင်းမရှိပါ။

#CovidInvestigation

#ckc #covid19_knowledge_centre

#nugmoh #covid19

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...