Skip to main content

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (9.7.21)



🚩🚩🚩1. Covishield ကို တစ်ကြိမ်ထိုးပြီးတဲ့ သူအဖို့ နောက်ထပ် အမျိုးအစား မတူတဲ့ vaccine ထိုးလို့ ရပါလားရှင့်? Covishield ကတော့ သူတို့ လက်အောက်မထိုးချင်တော့ပါ၊ ဆေးလည်း မရှိတော့ပါ။
- လတ်တလော နိုင်ငံတကာတွင် လေ့လာမှုများအရ မတူညီကွဲပြားသော ကာကွယ်ဆေးနှစ်မျိုးကို နှစ်ကြိမ် (ပထမအကြိမ်တွင် တစ်မျိုး၊ ဒုတိယအကြိမ်တွင် နောက်တစ်မျိုး) ထိုးပြီးနောက် အခြားကာကွယ်ဆေးတစ်မျိုးဖြင့် ထပ်မံအားဖြည့်ထိုးပါက ခုခံအားပမာဏ ပိုမိုရရှိကြောင်း တွေ့ရှိထားရပါတယ်။
- သို့သော် လေ့လာဆဲ အခြေအနေတွင်ပင် ရှိနေပါသေးတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှလည်း ထိုကဲ့သို့ ကာကွယ်ဆေးထိုးရန် အကြံပြုထားခြင်း မရှိသေးပါ။ 

🚩🚩🚩2. ကာကွယ်ဆေး လက်ရှိ နှစ်မျိုးတွေ့ထားပါတယ်၊ Covishield နဲ့ Covaxin ဆိုပြီးတော့ပါ၊ ဒီနှစ်မျိုးမှာ ဘယ်ဆေးကပိုကောင်းပါသလဲ? ဘာကွာသလဲသိချင်ပါတယ်။
👉 #Covaxin ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ Bharat Biotech ကုမ္ပဏီက အိန္ဒိယနိုင်ငံ ဆေးသုတေသနကောင်စီနှင့် တွဲဖက်ထုတ်လုပ်ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်ပါတယ်။ ၎င်းဆေးဟာ ဗိုင်းရပ်စ်ပိုးကို အစွမ်းမဲ့အောင် (Inactivated virus) ပြုလုပ်၍ ထုတ်လုပ်ထားသော ဆေးတစ်မျိုးဖြစ်ပြီး အပူချိန် ၂ မှ ၈ ဒီဂရီ ဆဲစီးယပ်စ် တွင် ထား၍ အသုံးပြုနိုင်ပါတယ်။
- ပြင်းထန်သော ကိုဗစ်ရောဂါမှ #ကာကွယ်နိုင်စွမ်း_၉၃.၄_ရာခိုင်နှုန်းရှိပါတယ်။ ပထမအကြိမ် ဆေးထိုးပြီး ၂၈ ရက် အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံရမှာ ဖြစ်ပါတယ်။
- Covaxin ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ #အရေးပေါ်အသုံးပြုခြင်းခွင့်ပြုချက်ပေးရန်စိစစ်နေဆဲ ဖြစ်ပါသည်။ 
👉 #Covishield ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ Serum Institute of India Pvt Ltd မှ ထုတ်လုပ်ထားပြီး ဗိုင်းရပ်စ်ပိုး သယ်ဆောင်သောပိုး (viral vector) မှတဆင့် ထုတ်လုပ်ထားသော ကာကွယ်ဆေးဖြစ်သည်။ အပူချိန် ၂ မှ ၈ ဒီဂရီ ဆဲစီးယပ်စ် တွင် ထား၍ အသုံးပြုနိုင်ပါတယ်။
- ပြင်းထန်သော ကိုဗစ်ရောဂါမှ #ကာကွယ်နိုင်စွမ်း_၉၂_ရာခိုင်နှုန်းရှိပါတယ်။ပထမအကြိမ် ဆေးထိုးပြီး ၂၈ ရက်မှ ၄၂ ရက်အတွင်းတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံရမှာ ဖြစ်ပါတယ်။
- Covishield ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှအရေးပေါ်အသုံးပြုခြင်းခွင့်ပြုချက်ထုတ်ပေးပြီး ဖြစ်ပါတယ်။
 
🚩🚩🚩3. "ဆရာတို့ရှင် Covid ကာကွယ်ဆေးတွေ private ဆေးရုံတွေက တင်သွင်းပြီး ပိုက်ဆံပေးပြီး ထိုးလို့ရနေတယ်လို့ ကြားမိပါတယ်၊ အခုအခြေအနေနဲ့ ဝယ်ထိုးသင့်ပါသလား? ဆေးနာမည်တွေက Covaxin, Sinovac လို့သိရပါတယ်ရှင်။"
👉 #Covaxin ဆေးအကြောင်းအတွက် မေးခွန်း ၂ ကို ဖတ်ကြည့်ပေးပါ။ 
👉 #Sinovac ကာကွယ်ဆေးကို တရုတ်နိုင်ငံ ဘေဂျင်း အခြေစိုက် Sinovac ကုမ္ပဏီက ထုတ်လုပ်ထားပြီး  ဗိုင်းရပ်စ်ပိုးကို အစွမ်းမဲ့အောင်(Inactivated virus) ပြုလုပ်၍ ထုတ်လုပ်ထားသော ဆေးတစ်မျိုးဖြစ်ပါတယ်။ 
- ၎င်းဆေးကို  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ #အရေးပေါ်အသုံးပြုခြင်းခွင့်ပြုချက်မကြာသေးမီကထုတ်ပေးထားခြင်း ဖြစ်ပါတယ်။ 
🚨🚨🚨 ကာကွယ်ဆေးများမှာ ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ်စေနိုင်သော်လည်း လုံးဝမကူးစက်အောင် ကာကွယ်နိုင်ခြင်း မရှိသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း လမ်းညွှန်ချက်များကို လိုက်နာသွားရန်မှာ ပိုမိုလိုအပ်လှပါသည်။ 🚨🚨🚨 

🚩🚩🚩4. Covid ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် percent ကာကွယ်ပါသလဲ? Mask တပ်ခြင်းကရော ကာကွယ်ပါသလား? Positive ရှိတဲ့လူနာနဲ့ တစ်အိမ်ထဲ အတူနေသင့်ပါသလား?
- https://www.facebook.com/ckcmohnugmm/posts/108203494865239 မှ မေးခွန်း နံပါတ် ၁ ကို ဖတ်ပေးပါ။
- ကာကွယ်ဆေးများမှာ ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ အတိုင်းအတာတစ်ခုထိ ကာကွယ်စေနိုင်သော်လည်း ရောဂါလုံးဝမကူးစက်အောင် ကာကွယ်နိုင်ခြင်း မရှိသဖြင့် ကာကွယ်ဆေးထိုးပြီးသော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း လမ်းညွှန်ချက်များဖြစ်သည့် မဖြစ်မနေ နှာခေါင်းပါးစပ်စည်း တပ်ခြင်း၊ ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာလက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်းတို့ကို ဆက်လက် လိုက်နာသွားရန်မှာ လိုအပ်ပါသည်။

🚩🚩🚩5. Covid ကာကွယ်ဆေးထိုးပြီး ကူးရင် ဆေးအာနိသင်ကျလို့လား ဘာ့ကြောင့်လဲ သိချင်ပါတယ်၊ ဆရာ။ Covid ကာကွယ်ဆေးထိုးပီးလည်း ကူးလား၊ ဆရာ? နောက်ဆက်တွဲအကြောင်းလည်းသိချင်ပါတယ် ဆရာ။
- အထက်တွင် ဖော်ပြခဲ့ပြီးသော မေးခွန်း နံပါတ် ၄ အဖြေကို ပြန်ရည်ညွှန်းပါသည်။
🚩🚩🚩6. ကာကွယ်ဆေးထိုးထားရင် ကိုဗစ်ပိုးက ခန္ဓာကိုယ်ထဲမှာ ကြာကြာ‌မနေနိုင်ဘူး၊ ဆယ်ရက်အတွင်း ပိုးသေတယ်ဆိုတာ ဟုတ်လား?
- ကာကွယ်ဆေးထိုးခြင်းဆိုသည်မှာ ခန္ဓာကိုယ်ထဲ ရောဂါပိုးမဝင်ရောက်ခင် ထိုရောဂါပိုးကို ခန္ဓာကိုယ်မှ ဦးစွာမှတ်မိအောင် ပြုလုပ်ပေးပြီး ကိုယ်ခံအားစနစ်မှ ပဋိဇီဝပစ္စည်း (antibody) ကို အရန်သင့် ထုတ်ထားပေးနိုင်အောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။
- နောင်တစ်ချိန် ရောဂါပိုးနှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက် ရှိပြီးသား antibody တို့က ရောဂါပိုး မဝင်ရောက်နိုင်အောင် တိုက်ထုတ်ကာ ရောဂါကာကွယ်စေပါသည်။

🚩🚩🚩7. အရင်တစ်ခေါက်ကာကွယ်ဆေးထိုးတုန်းက မထိုးခဲ့ရလို့ပါ၊ အခုတစ်ခေါက်က ဘယ်တော့ထိုးလို့ရမလဲ သိချင်ပါတယ်
- အချိန်အတိအကျ ပြော၍ မရနိုင်သေးပါ၊ ကျေးဇူးပြု၍ ဆက်လက် စောင့်ဆိုင်းပေးပါ။

Source - ကိုဗစ်-၁၉ ဗဟုသုတစင်တာ

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...