Skip to main content

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (6.7.21)

နောက်တစ်ကြိမ်ကိုဗစ်ဖြစ်/မဖြစ်
======================================
✍✍✍1. ကိုဗစ်-၁၉ ကာကွယ်ဆေး (၂) ကြိမ်ထိုးထားသူများမှာလည်း ပြန်ဖြစ်တတ်တယ်လိုသိရပါတယ်။ ဘာကြောင့်ပါလဲ။
- ကိုဗစ်-၁၉ ကာကွယ်ဆေးဟာလည်း အခြားကာကွယ်ဆေးတွေနဲ့အလားတူပါပဲ။ ကာကွယ်ဆေး ထိုးပြီး ရောဂါကာကွယ်နိုင်တဲ့အခြေအနေရောက်ဖို့အတွက် အနည်းဆုံး (၂) ပတ်ခန့်ကြာမြင့်ပါတယ်။ အကယ်၍ လူတစ်ဦးဟာ ကာကွယ်ဆေးမထိုးခင် (သို့မဟုတ်) ကာကွယ်ဆေးထိုးပြီး (၂) ပတ်အတွင်း ရောဂါပိုးဝင်ရောက်ထားခဲ့လျှင် ကာကွယ်ဆေးထိုးထားသော်လည်း ရောဂါဖြစ်ပွားနိုင်ပါတယ်။
- နောက်တစ်ချက်ကတော့ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးထားသော်လည်း အနည်းစုသောလူတွေ မှာ ရောဂါဖြစ်နိုင်ပါတယ်။ ဒါကို “Vaccine breakthrough cases” လို့ခေါ်ပါတယ်။ မည်သည့် ကာကွယ်ဆေးမဆို ရောဂါကို (၁၀၀) ရာခိုင်နှုန်း မကာကွယ်နိုင်ပါဘူး။ ဘယ်ကာကွယ်ဆေးမဆို လူရဲ့ အသက်အရွယ်၊ ရောဂါအခံရှိ/မရှိ၊ ကိုယ်ခံအားစနစ် စတာတွေအပေါ်မူတည်ပြီး Breakthrough infection တွေရှိတတ်ပါတယ်။
- လေ့လာတွေ့ရှိချက်များအရ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိစေပါတယ်။
👉 ကိုဗစ်-၁၉ ရောဂါကြောင့် ပြင်းထန်စွာနာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းများ လျော့ကျ စေခြင်း၊
👉 ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းနှင့် အခြားသူများကို ကူးစက်စေခြင်းများ လျော့ကျခြင်း၊
👉 ကိုဗစ်-၁၉ မျိုးကွဲများမှ ကာကွယ်ပေးခြင်း၊
Ref: 
UK National Health Service – COVID Vaccine
CDC What You Should Know About the Possibility of COVID-19 Illness After Vaccination (Updated June 25, 2021)

✍✍✍2. ကိုဗစ်-၁၉ က မျိုးဗီဇပြောင်းတယ်လို့ကြားသိရပါတယ်။ ဘယ်နှမျိုးလောက်ရှိပြီလဲဆိုတာ ဗဟုသုတ အနေနဲ့ သိချင်ပါတယ်။
- ကိုဗစ်-၁၉ ရောဂါပိုး (SARS-CoV-2) ဟာ ဗိုင်းရပ်စ်ပိုး (Virus) တစ်မျိုးဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေရဲ့ သဘောသဘာဝအရ စဉ်ဆက်မပြတ်ပြောင်းလဲနေတတ်တဲ့သဘော (Mutation) ရှိပြီး မျိုးကွဲ (New variant) တွေဖြစ်လာတတ်ပါတယ်။ အချို့သောမျိုးကွဲတွေဟာ လျင်မြန်စွာ ကူးစက်တတ်ခြင်း (သို့မဟုတ်) ရောဂါပြင်းထန်တတ်ခြင်းတို့ဖြစ်စေနိုင်တဲ့အတွက် သေသေချာချာ လေ့လာစောင့်ကြည့် ဖို့လိုအပ်ပါတယ်။
- ကိုဗစ်-၁၉ ရောဂါပိုး (SARS-CoV-2) မှာ ယခုလက်ရှိအချိန်အထိ မျိုးကွဲ (၄) ခုရှိပါတယ်။
👉 B.1.1.7 (Alpha): (၂၀၂၀) ခုနှစ်၊ စက်တင်ဘာလတွင် UK ၌ စတင်တွေ့ရှိ၊
👉 B.1.351 (Beta): (၂၀၂၀) ခုနှစ်၊ ဒီဇင်ဘာလတွင် တောင်အာဖရိက၌ စတင်တွေ့ရှိ၊
👉 P.1 (Gamma): (၂၀၂၀) ခုနှစ်၊ နိုဝင်ဘာလတွင် ဘရာဇီးနိုင်ငံ၌ စတင်တွေ့ရှိ၊
👉 B.1.617.2 (Delta): (၂၀၂၀) ခုနှစ်၊ အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိ၊
တို့ဖြစ်ပါတယ်။
- လေ့လာတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ကာကွယ်ဆေးအများစုဟာ မျိုးကွဲတော်တော်များများကို ကာကွယ်ပေးနိုင်ပြီး ကိုဗစ်-၁၉ ကြောင့် ရောဂါပြင်းထန်ခြင်း၊ ဆေးရုံတက်ရောက်ကုသရခြင်းနှင့် သေဆုံးခြင်းတို့ကို လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။
✍✍✍3. ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီး နောက် ၅-၆ လ ကြာရင် ထပ်ထိုးလို့ရလား။
- ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီးနောက် ထပ်မံထိုးနှံရန် လို/မလိုနှင့်ပတ်သက်၍ ပညာရှင်များရဲ့လမ်းညွှန်ချက်မရှိသေးပါဘူး။ ထပ်မံထိုးနှံသင့်တယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ထပ်ထွက်လာရင် အသိပေးချက်တွေ ထပ်ထုတ်သွားပါမယ်။ 
- ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးနောက်တွင်လည်း တစ်ကိုယ်ရည်ကာကွယ်ခြင်းနည်းလမ်းများ ဖြစ်သည့် လက်ဆေးခြင်း၊ Mask ကို စနစ်တကျတပ်ခြင်း၊ Social distancing နည်းလမ်းများ လိုက်နာခြင်းတို့ကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။
✍✍✍4. ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသားသူတွေ ခရီးသွားရင်ဆေးစစ်ဖို့လိုသေးလား။ Quarantine ဝင်ဖို့ လိုသေးပါသလား။
- ခရီးသွားရင် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးကြောင်းအထောက်အထားကို ယူဆောင် သွားဖို့ လိုအပ်ပါတယ်။ 
- ဆေးစစ်ရန်လို/မလို၊ Quarantine ဝင်ရန်လို/မလို စသည့်အချက်များကတော့ မိမိထိုးထားသည့် ကာကွယ်ဆေးအမျိုးအစား၊ မိမိလာသည့်နေရာ၊ မိမိသွားမည့်အရပ်ဒေသ/နိုင်ငံက သတ်မှတ်ထား တဲ့လမ်းညွှန်ချက်များအပေါ်တွင် မူတည်ပါတယ်။

✍✍✍5. ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး နောက်တစ်ကြိမ်ပြန်ဖြစ်နိုင်ပါသလား။ 
- ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးပါက ရောဂါခုခံကာကွယ်နိုင်စွမ်း (Immunity) အထိုက်အလျောက် ကျန်ရှိသော်လည်း အချိန်နှင့်အမျှ ရောဂါခုခံကာကွယ်နိုင်စွမ်းကျဆင်းလာနိုင်ခြင်းကြောင့် ရောဂါ ပြန်လည်ကူးစက်ဖြစ်ပွားနိုင်ပါတယ်။
👉 (လန်ဒန်မြို့ရှိ St George’s Hospital မှ အဏုဇီဝဗေဒပညာရှင်များ၏ လေ့လာချက်အရ ကိုဗစ်-၁၉ ပထမလှိုင်းတွင် ရောဂါကူးစက်ဖြစ်ပွားသူများ၏ (၉၄) ရာခိုင်နှုန်းသည် ဒုတိယလှိုင်းတွင် ရောဂါထပ်မံဖြစ်ပွားမှုမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။)
- သို့သော်လည်း အချိန်နှင့်အမျှ ရောဂါခုခံကာကွယ်နိုင်စွမ်းကျဆင်းလာတတ်ခြင်းကြောင့် ရောဂါ ကူးစက်ဖြစ်ပွားပြီးသော်လည်း တစ်ကိုယ်ရည်ကာကွယ်ခြင်းနည်းလမ်းများ ဖြစ်သည့် လက်ဆေးခြင်း၊ Mask ကို စနစ်တကျတပ်ခြင်း၊ Social distancing နည်းလမ်းများ လိုက်နာခြင်းတို့ကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။

Source - ကိုဗစ်-၁၉ ဗဟုသုတစင်တာ

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

Sinopharm ကာကွယ်ဆေး သိထားသင့်သည့်အချက်များ

တရုတ်ပြည် Sinopharm က BBIBP-CorV ဆိုပြီး ပုလင်းပေါ်မှာ CNBG တံဆိပ်နဲ့ထုတ်ပါတယ်။ WHO က အသိအမှတ်ပြုထားပြီပြီလား❓ ပြီးခဲ့တဲ့မေလ ၇ ရက်နေ့တုန်းက အသိအမှတ်ပြုခဲ့ပါတယ်။ ဝမ်းသာစရာပါ။ #ဘယ်အပိုင်းကိုအရင်ဆုံးသိထားသင့်တာလဲ ဘယ်ကာကွယ်ဆေးပဲထိုးထိုး ထုတ်လုပ်မှုအပိုင်းကို #သိကိုသိထားရပါမယ်။  တရုတ်ပြည်ထုတ် Sinoparm, SinoVac နဲ့ အိန္ဒိယပြည်ထုတ် Covaxin တို့ဟာ inactivated vaccine တွေအဖြစ် နည်းပညာတူကြပါတယ်။ အရင်ဆုံး Covid-19 ကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်နမူနာကို အာဖရိကန်မျောက် African green monkey 🐒 ရဲ့ ကျောက်ကပ်ဆဲလ်တွေထဲမှာ အများကြီးရအောင် ပွားများမွေးမြူပါတယ်။ အဲ့ဒီရလာတဲ့ ဗိုင်းရပ်စ်တွေကို filter ဇကာနဲ့ စစ်ထုတ်လိုက်ပြီး BPL bea-propiolactone (ဘီတာပရိုပီရိုလက်တုန်း) ထဲမှာ နှစ်ချလိုက်ပါတယ်။ 🦠 ဗိုင်းရပ်စ်ပိုးတွေ #သေသွားအောင်လုပ်တာပါ။ ပြီးတဲ့အခါမှာ aluminum-based adjuvant  နဲ့ရောပါတယ်။ adjuvant ဘာလို့ရောရတာလဲဆိုတော့ ကိုယ်ခန္ဓာရဲ့ ရောဂါခုခံအားတုန့်ပြန်မှုအားပေးစေတဲ့ပစ္စည်းဖြစ်လို့ပါ။ ပြီးရင် excipients ရောလေ့ရှိပါတယ်။ ဆေးထုထည်ပမာဏကိုတိုးစေပြီး မပျက်စီးပဲ တည်ငြိမ်မှုရှိစေဖို့ပါ။  အပေါ်ကနှစ...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...