🚩🚩🚩1. Covishield ကာကွယ်ဆေးထိုးပြီးသားပါ။ ရောဂါခုခံအား ထွက်/မထွက် Antibody test kit နဲ့ စစ်လို့ ရနိုင်မလား ခင်ဗျ?
ဖြေ။ မရပါ။ ကာကွယ်ဆေးထိုးပြီး ရရှိနိုင်သည့် ခုခံအားအခြေအနေကို သိရှိနိုင်ရန် Antibody Test kit ဖြင့် တိုင်းတာခြင်းကို ကျွမ်းကျင်ပညာရှင်များက အကြံပြုထားခြင်း မရှိပါ။ ၎င်း Antibody Test kit များကို ယခင်က ကိုဗစ်ရောဂါ ဖြစ်ဖူးခြင်း ရှိ/မရှိအတွက်သာ အသုံးပြုလေ့ရှိပါတယ်။
ဖြေ။ မရပါ။ ကာကွယ်ဆေးထိုးပြီး ရရှိနိုင်သည့် ခုခံအားအခြေအနေကို သိရှိနိုင်ရန် Antibody Test kit ဖြင့် တိုင်းတာခြင်းကို ကျွမ်းကျင်ပညာရှင်များက အကြံပြုထားခြင်း မရှိပါ။ ၎င်း Antibody Test kit များကို ယခင်က ကိုဗစ်ရောဂါ ဖြစ်ဖူးခြင်း ရှိ/မရှိအတွက်သာ အသုံးပြုလေ့ရှိပါတယ်။
🚩🚩🚩2. မိမိမှာ ကိုဗစ်ပိုး ရှိနေမှန်းမသိပဲ ကိုဗစ်ကာကွယ်ဆေး ထိုးမိရင် ဘာတွေဖြစ်နိုင်ပါသလဲ ခင်ဗျ? ကျေးဇူးပါ။
ဖြေ။ လက်ရှိ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရစဥ်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးမိပါက လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်ရောဂါကူးစက်ခြင်းပေါ် ခန္ဓာကိုယ်မှ အပြည့်အဝ ခုခံနိုင်မှုမရှိခြင်း ဖြစ်စေနိုင်ပါတယ်။
- ထို့ပြင် ကိုဗစ်၏ ရောဂါလက္ခဏာများ ဖြစ်သည့် ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နာကျင်ကိုက်ခဲခြင်းစသည်တို့ကို ကာကွယ်ဆေးထိုးပြီးခါစသူများတွင်လည်း ခံစားရနိုင်သဖြင့် ကိုဗစ်ရောဂါကြောင့်ဖြစ်ပေါ်ခြင်းနှင့် ကာကွယ်ဆေးကြောင့် ဖြစ်ပေါ်ခြင်းကြား ခွဲခြားမရနိုင်သည့် အခက်အခဲမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။
- အကယ်၍ မိမိ၌ ကိုဗစ်လက္ခဏာများ ခံစားနေခြင်းရှိပါက ကာကွယ်ဆေးထိုးရမည့် အကြံပြုချက်ကို https://www.facebook.com/ckcmohnugmm/posts/113457701006485
ပို့စ်တွင် ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။
🚩🚩🚩3. တားဆေးကဒ် သောက်နေရင် ကိုဗစ်ကာကွယ်ဆေး ထိုးလို့ရပါလား? ဆေးထိုးပြီး ဘယ်အချိန်မှ ဆေးပြန်သောက်ရမလဲ?
ဖြေ။ အချို့ကာကွယ်ဆေးများတွင် သွေးခဲစေသော ဖြစ်စဥ်အချို့ရှိကြောင်း လေ့လာမှုများအရ တွေ့ရပါတယ်။ ယူကေနိုင်ငံတွင် ပြုလုပ်သော သုတေသနအရ သန်း ၂၀ သော ကာကွယ်ဆေးထိုးသူများတွင် ၇၉ ယောက်မှာ သွေးခဲခြင်းများ ကြုံတွေ့ရပြီး ၎င်းတို့ထဲမှ ၁၉ ယောက် သေဆုံးခဲ့ကြောင်း တွေ့ရပါတယ်။
- ကာကွယ်ဆေးနှင့် မသက်ဆိုင်ဘဲ တားဆေးကဒ်သောက်သူ အမျိုးသမီးများ၌လည်း သွေးခဲခြင်း အန္တရာယ် အနည်းငယ်ရှိကြောင်း တွေ့ရပါတယ်။ တားဆေးကဒ်မသောက်သူ အမျိုးသမီးများ၌ သွေးခဲခြင်း ဖြစ်နိုင်ခြေမှာ အယောက် ၁၀,၀၀၀ တွင် ၂ ဦးခန့်ရှိပြီး တားဆေးကဒ်သောက်သူ အမျိုးသမီးများ၌မူ အယောက် ၁၀,၀၀၀ တွင် ၅ ဦးမှ ၁၀ ဦးခန့်ရှိကြောင်း တွေ့ရပါတယ်။ ၎င်းလေ့လာမှုများမှာ ကိုဗစ်-၁၉ ရောဂါတွင် တွေ့ရှိထားခြင်းများ မဟုတ်ပါ။
- ယေဘုယျအားဖြင့် တားဆေးကဒ်သောက်သုံးသူ အမျိုးသမီးများ၌ ကိုဗစ်ကာကွယ်ဆေး #ထိုးနှံနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက အကြံပြုထားပါတယ်။ သို့သော်လည်း တားဆေးကဒ်သောက်သုံးနေသူ အမျိုးသမီးများအနေဖြင့် ဆေးမထိုးမီ ကာကွယ်ဆေး၏ ဆိုးကျိုးနှင့် ကောင်းကျိုးကို ဆေးထိုးနှံပေးမည့် ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ဆွေးနွေးသင့်ကြောင်း အကြံပေးလိုပါတယ်။
🚩🚩🚩4. သွေးကျဲဆေးသောက်နေရင် ကာကွယ်ဆေးထိုးလိုရသလား?
ဖြေ။ Clopidogrel, Aspirin (Aspilet) ကဲ့သို့သော သွေးကျဲဆေးများ သောက်နေပါက ကာကွယ်ဆေးထိုးနိုင်ပါတယ်။
- Warfarin ကဲ့သို့သော သွေးကျဲဆေးများ သောက်နေပါက သွေးခဲခြင်းကို #ကောင်းမွန်စွာထိန်းချုပ်နိုင်သော အခြေအနေတွင် ရှိပါက ကာကွယ်ဆေးထိုးနိုင်ပါတယ်။
- ဆေးမထိုးမီ ထိုကဲ့သို့သော သွေးကျဲဆေးများ သောက်သုံးနေကြောင်းကို ဆေးထိုးနှံပေးမည့် ကျန်းမာရေးဝန်ထမ်းကို ကြိုတင်ပြောကြားဖို့ လိုပါတယ်။
🚩🚩🚩5. Covid ကာကွယ်ဆေး first dose တစ်ကြိမ်ထိုးပြီး ၃ ရက်အကြာမှာ positive တန်းဖြစ်ပါတယ်... positive ပေမဲ့ သေချာဂရုစိုက်လိုက်တော့ ၁ ပတ်အကျော်မှာ negative ပြန်ဖြစ်ပါတယ်...second dose ထိုးလို့ရသေးလား သိချင်ပါတယ်။
ဖြေ။ second dose (ကာကွယ်ဆေး ဒုတိယအကြိမ်) ထိုးနိုင်ပါတယ်။ အကယ်၍ မိမိ၌ ကိုဗစ်လက္ခဏာများ ခံစားနေခြင်းရှိပါက ကာကွယ်ဆေးထိုးရမည့် အကြံပြုချက်ကို https://www.facebook.com/ckcmohnugmm/posts/113457701006485 ပို့စ်တွင် ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။
🚩🚩🚩6. ကိုဗစ်ကာကွယ်ဆေးက ဘယ်လိုလူမျိုးတွေ ထိုးသင့်လဲ? နှလုံး၊ B ပိုး C ပိုး ရှိတဲ့လူတွေရော ထိုးလို့ရပါသလား? ဖြေကြားပေးပါ၊ ကျေးဇူးတင်ပါတယ်။
ဖြေ။ ကိုဗစ်ကာကွယ်ဆေးကို
👉 ရောဂါကူးစက်မှု အများဆုံးဖြစ်နိုင်သည့် ကျန်းမာရေးဝန်ထမ်းများ
👉 ကိုဗစ်ဖြစ်ပွားပါက ရောဂါပြင်းထန်နိုင်သူများ (အသက်အရွယ်ကြီးရင့်သူများ၊ အခြားရောဂါများ ရှိသူများ) တို့တွင် ဦးစားပေးထိုးနှံရန် ကျွမ်းကျင်ပညာရှင်များက အကြံပြုထားပါတယ်။
- အသေးစိတ်ကို https://www.facebook.com/ckcmohnugmm/posts/114728104212778 တွင် ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။
🚩🚩🚩7. Covishield နဲ့ Sinopharm, Sinovac တို့ ဘယ်ဟာ ထိုးသင့်ပါသလဲ?
ဖြေ။ ကာကွယ်ဆေးအများစုမှာ ပြင်းထန်သော ကိုဗစ်ရောဂါမှ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။ ၎င်းကာကွယ်ဆေးများအကြောင်းကို https://www.facebook.com/ckcmohnugmm/posts/114728104212778 ၊ https://www.facebook.com/ckcmohnugmm/posts/113457701006485 နှင့် https://www.facebook.com/ckcmohnugmm/posts/110519997966922 တို့တွင် ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။
🚩🚩🚩8. Sinopharm နဲ့ Sinovac ရဲ့ side effects တွေ သိချင်ပါတယ်။
ဖြေ။ Sinopharm အကြောင်းကို ကျေးဇူးပြု၍ https://www.facebook.com/ckcmohnugmm/posts/113457701006485 တွင် ဖတ်ပေးပါ။
👉 #Sinovac ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၈ နှစ်အထက် ရှိသူများတွင်သာ ထိုးနှံရပါမယ်။ အသက် ၆၀ နှစ်အထက် ရှိသူများအတွက် ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ခိုင်ခိုင်မာမာ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောထားပါတယ်။
- ကိုယ်ဝန်ဆောင်များအတွက် သုတေသနအချက်အလက်များ မရှိသေးသဖြင့် ကိုယ်ဝန်ဆောင်များကို ထိုးနှံရာတွင် ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုး နှိုင်းဆ၍ ထိုးနှံရပါမယ်။ နို့တိုက်မိခင်များတွင် ထိုးနှံနိုင်ပါတယ်။
- ကာကွယ်ဆေးတွင် ပါဝင်သောပစ္စည်းများနှင့် ဓာတ်မတည့်သူများ မထိုးရပါဘူး။ ကိုယ်ပူဖျားနာနေပါက မထိုးရပါ။ ကိုဗစ်ရောဂါပိုး လက်ရှိကူးစက်ခံနေရသူနှင့် ရောဂါလက္ခဏာရှိနေသူများ မထိုးရပါ။
- ၂ ပတ်မှ ၄ ပတ် ခြား၍ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံရပါမယ်။
- ဘရာဇီးနိုင်ငံတွင် ကနဦးစမ်းသပ်မှုအရ Sinovac ကိုဗစ်ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံပြီးပါက ဒုတိယအကြိမ် ဆေးထိုးပြီး ၁၄ ရက်မှစတင်၍
👉 ရောဂါလက္ခဏာများခံစားရနိုင်ခြေ ၅၁ ရာခိုင်နှုန်း
👉 ပြင်းထန်သောရောဂါဖြစ်ပွားနိုင်ခြေ ၁၀၀ ရာခိုင်နှုန်း
👉 ဆေးရုံတက်ရောက်ကုသခံရနိုင်ခြေ ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။
👉 ရောဂါကူးစက်မှုမှ ကာကွယ်ပေးနိုင်စွမ်းနှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များ မတွေ့ရှိရသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။
- ဘေးထွက်ဆိုးကျိုးအနေဖြင့် ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း၊ နီရဲခြင်းနှင့်ရောင်ယမ်းခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် ဝမ်းပျက်ခြင်းစသည်တို့ ခံစားရနိုင်ပါတယ်။ အများစုမှာ မပြင်းထန်ဘဲ ၂ ရက်ကျော်လျှင် သက်သာသွားလေ့ရှိကြောင်း တွေ့ရပါတယ်။
🚩🚩🚩9. Covid ကာကွယ်ဆေး Vero Bio က တရုတ်က ထုတ်တဲ့ဆေးလား ဆရာ? ကာကွယ်နှုန်းကရော ဘယ်လောက်ရှိပါလဲဆရာ
ဖြေ။ Vero Bio ဟု မခေါ်ဘဲ Sinopharm အမည်ဖြင့် တရုတ်နိုင်ငံမှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ၎င်းဆေး၏ ကာကွယ်နိုင်စွမ်းကို
https://www.facebook.com/ckcmohnugmm/posts/114728104212778 တွင် ကျေးဇူးပြု၍ ဖတ်ပေးစေလိုပါတယ်။

Comments
Post a Comment