Skip to main content

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (13-7-2021)



🚩🚩🚩1. AstraZeneca ကို ထိုင်းနိုင်ငံမှာ တစ်ကြိမ်ထိုးပြီးပါပြီ။ ဒုတိယအကြိမ်အတွက် အလှည့်စောင့်နေတုန်းပါ၊ AstraZeneca သည် delta အတွက် မကာကွယ်နိုင်ဘူးဆိုတာ ဟုတ်ပါသလား? AstraZeneca နဲ့ Covishield တူပါသလား?
ဖြေ။  ဗိုင်းရပ်စ်ပိုး သယ်ဆောင်သောပိုး (viral vector) မှတစ်ဆင့် ထုတ်လုပ်ထားသော ကာကွယ်ဆေးများဖြစ်သည့် #AstraZeneca နှင့် #Covishield ကာကွယ်ဆေး ၂ မျိုးလုံးကို  AstraZeneca ကုမ္ပဏီနှင့် Oxford တက္ကသိုလ်တို့မှ ပူးပေါင်းဖော်စပ်ထားပြီး  AstraZeneca ဆေးကို  အင်္ဂလန်နိုင်ငံ အခြေစိုက် AstraZeneca ကုမ္ပဏီက ထုတ်လုပ်ပြီး Covishield ဆေးကို အိန္ဒိယနိုင်ငံ Serum Institute of India Pvt Ltd မှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။
👉 လေ့လာမှုများအရ AstraZeneca ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူများ၌ delta မျိုးကွဲ ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရခြင်းကို ၉၂ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း တွေ့ရပါတယ်။ 

🚩🚩🚩2. Covid positive ရယ် Common cold seasonal flu တစ်ခုခုဖြစ်ပီးရင် ကာကွယ်ဆေးထိုးဖို့ အချိန်ယူဖို့လိုပါသလား? လိုရင် ဘယ်လောက်စောင့်ရပါသလဲ သိလိုပါတယ်ရှင်။
🚩🚩🚩လွန်ခဲ့တဲ့၂ ပတ်မှာ ကိုဗစ်လက္ခဏာတွေ ခံစားခဲ့ရပြီး နေမကောင်းဖြစ်ခဲ့ပါတယ် (အနံ့ပျောက်တာ၊ လည်ချောင်းနာတာတော့ မဖြစ်ခဲ့ပါ) တစ်ပတ်အတွင်း ကောင်းစွာ သက်သာခဲ့ပါတယ်၊ 7 လပိုင်း အကုန်လောက်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ အစီအစဉ် ရှိနေပါတယ်၊ ထိုးလို့ရနိုင်မလားခင်ဗျာ?
🚩🚩🚩ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထားပြီး ဘယ်နှရက်ကြာမှ Covid-19 ကာကွယ်ဆေး ထိုးလို့ရလဲ ခင်ဗျ?
ဖြေ။ ကိုဗစ်ရောဂါ ခံစားရသူများတွင် ရောဂါလက္ခဏာများ သက်သာကောင်းမွန်လာပြီး အခြားသူများထံသို့ ရောဂါကူးစက်နိုင်ခြေမရှိသည့်အချိန် -
👉 သာမာန်လက္ခဏာများ ခံစားရသူများ၌ ရောဂါလက္ခဏာစတင်ချိန်မှ ၁၀ ရက်ကြာ + အဖျားကျပြီး နောက်တစ်ရက် (သို့မဟုတ်)
👉 ပြင်းထန်လက္ခဏာများ ခံစားရသူများ၌ ရောဂါလက္ခဏာစတင်ချိန်မှ ၂၀ ရက်ကြာတွင် ကိုဗစ်ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ပါတယ်။
👉 သို့ရာတွင် သွေးရည်ကြည်ကုထုံးဖြင့် ကုသခံရသူများ၌ ရက်ပေါင်း ၉၀ ကျော်ကြာမှသာ ကာကွယ်ဆေးထိုးနှံရမှာ ဖြစ်ပါတယ်။
- Common cold သို့မဟုတ် seasonal flu ခံစားနေရပါက ကာကွယ်ဆေးမထိုးသင့်ပါ။ ရောဂါလက္ခဏာများ သက်သာပျောက်ကင်းပြီးမှသာလျှင် ကိုဗစ်ကာကွယ်ဆေး သွားရောက်ထိုးနှံရမှာ ဖြစ်ပါတယ်။
- ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထားပါက ၇ ရက်ခန့် ခြားပြီးချိန်မှ ကိုဗစ်ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း ကျွမ်းကျင်ပညာရှင်များမှ အကြံပြုထားပါတယ်။ 
🚩🚩🚩3. ကျွန်တော်တို့ ဒီလထဲမှာ Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးရမှာမို့ ဆောင်သင့် ရှောင်သင့်တာလေးတွေ ဘေးထွက်ဆိုးကျိုးလေးတွေ သိချင်ပါတယ်။ 
ဖြေ။ #Sinopharm ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၈ နှစ်အထက် ရှိသူများတွင်သာ ထိုးနှံရပါမယ်။ အသက် ၆၀ နှစ်အထက်ရှိသူများအတွက် သုတေသနအချက်အလက်များ ခိုင်ခိုင်မာမာ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောထားပါတယ်။
- ကိုယ်ဝန်ဆောင်များအတွက် သုတေသနအချက်အလက်များ မရှိသေးသဖြင့် ကိုယ်ဝန်ဆောင်များကို ထိုးနှံရာတွင် ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုး နှိုင်းဆ၍ ထိုးနှံရပါမယ်။ နို့တိုက်မိခင်များတွင် ထိုးနှံနိုင်ပါတယ်။
- ကာကွယ်ဆေးတွင် ပါဝင်သောပစ္စည်းများနှင့် ဓာတ်မတည့်သူများ မထိုးရပါဘူး။ ကိုယ်ပူဖျားနာနေပါက မထိုးရပါ။ 
- ၃ ပတ်မှ ၄ ပတ် ခြား၍ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံရပါမယ်။ 
- ဘေးထွက်ဆိုးကျိုးအနေဖြင့် ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း၊ နီရဲခြင်းနှင့်ရောင်ယမ်းခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။ ဆိုးဆိုးရွားရွား ပျို့အန်ခြင်းနှင့် ရှားရှားပါးပါး ဦးနှောက်အာရုံကြောရောင်ခြင်း ဖြစ်စဥ် ၂ ခု ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။ သွေးခဲခြင်း ဖြစ်စဥ်တစ်ခုလည်း ရှိခဲ့ကြောင်း ဆိုပါတယ်။ 
🚩🚩🚩4. "ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီး ဒုတိယအကြိမ် (4 ပတ်ထက်ကျော်) ထိုးဖို့ ရက်ကျော်သွားပြီး မထိုးလိုက်ရရင် ဆေးမတူတဲ့ ကာကွယ်ဆေးကို ဘယ်လောက်ကြာမှာ ပြန်ထိုးလို့ရလဲ ပြန်ထိုးရင် နှစ်ကြိမ်ထိုးရမလား? ဆေးတူရင်ရော ဘယ်နှကြိမ်ပြန်ထိုးရမလဲ? တစ်ကြိမ်ပဲထိုးရမလား၊ နှစ်ကြိမ်ထိုးရမလား?"
ဖြေ။ ဒုတိယအကြိမ် ဆေးထိုးရမည့် အချိန်အတွက် သတ်မှတ်ရာတွင် ကာကွယ်ဆေးတစ်မျိုးနှင့် တစ်မျိုး မတူညီကြပါ။ အချို့မှာ ၂၁ ရက်တွင် ထိုးရလေ့ရှိပြီး အချို့မှာ ၂၈ ရက်မှ ၄၂ ရက်ကြားတွင် ထိုးရလေ့ရှိပါသည်။ သတ်မှတ်ထားသောရက်အတွင်း ထိုးနှံပါက ကာကွယ်မှု အကောင်းဆုံးရနိုင်ပါတယ်။
- သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ထားသော ရက်အပိုင်းအခြားအတွင်း မထိုးခဲ့ရပါက အနီးစပ်ဆုံး အမြန်ဆုံး ဒုတိယအကြိမ် ထိုးကြဖို့ကို ကျွမ်းကျင်ပညာရှင်များမှ အကြံပြုထားပါတယ်။
- ထိုအတွက် သုတေသနများ ခိုင်ခိုင်မာမာမရှိသေးသော်လည်း ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးနောက် ဆက်လက်မထိုးနှံခြင်းထက် ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံခြင်းက ခုခံအား ပိုမိုရရှိနိုင်မည်ဟု ပညာရှင်များက ယူဆထားကြပါတယ်။ 
- ထို့အပြင် လတ်တလော နိုင်ငံတကာတွင် လေ့လာမှုများအရ မတူညီကွဲပြားသော ကာကွယ်ဆေးနှစ်မျိုးကို သတ်မှတ်ထားသော ရက်အတွင်းတွင် နှစ်ကြိမ် (ပထမအကြိမ်တွင် တစ်မျိုး၊ ဒုတိယအကြိမ်တွင် နောက်တစ်မျိုး) ထိုးပြီးနောက် အခြားကာကွယ်ဆေးတစ်မျိုးဖြင့် ထပ်မံအားဖြည့်ထိုးပါက ခုခံအားပမာဏ ပိုမိုရရှိကြောင်း တွေ့ရှိထားရပါတယ်။ သို့သော် လေ့လာဆဲ အခြေအနေတွင်ပင် ရှိနေပါသေးတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှလည်း ထိုကဲ့သို့ ကာကွယ်ဆေးထိုးရန် အကြံပြုထားခြင်း မရှိသေးပါ။

Source - ကိုဗစ်-၁၉ ဗဟုသုတစင်တာ

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...