တရုတ်ပြည် Sinopharm က BBIBP-CorV ဆိုပြီး ပုလင်းပေါ်မှာ CNBG တံဆိပ်နဲ့ထုတ်ပါတယ်။ WHO က အသိအမှတ်ပြုထားပြီပြီလား❓ ပြီးခဲ့တဲ့မေလ ၇ ရက်နေ့တုန်းက အသိအမှတ်ပြုခဲ့ပါတယ်။ ဝမ်းသာစရာပါ။ #ဘယ်အပိုင်းကိုအရင်ဆုံးသိထားသင့်တာလဲ ဘယ်ကာကွယ်ဆေးပဲထိုးထိုး ထုတ်လုပ်မှုအပိုင်းကို #သိကိုသိထားရပါမယ်။ တရုတ်ပြည်ထုတ် Sinoparm, SinoVac နဲ့ အိန္ဒိယပြည်ထုတ် Covaxin တို့ဟာ inactivated vaccine တွေအဖြစ် နည်းပညာတူကြပါတယ်။ အရင်ဆုံး Covid-19 ကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်နမူနာကို အာဖရိကန်မျောက် African green monkey 🐒 ရဲ့ ကျောက်ကပ်ဆဲလ်တွေထဲမှာ အများကြီးရအောင် ပွားများမွေးမြူပါတယ်။ အဲ့ဒီရလာတဲ့ ဗိုင်းရပ်စ်တွေကို filter ဇကာနဲ့ စစ်ထုတ်လိုက်ပြီး BPL bea-propiolactone (ဘီတာပရိုပီရိုလက်တုန်း) ထဲမှာ နှစ်ချလိုက်ပါတယ်။ 🦠 ဗိုင်းရပ်စ်ပိုးတွေ #သေသွားအောင်လုပ်တာပါ။ ပြီးတဲ့အခါမှာ aluminum-based adjuvant နဲ့ရောပါတယ်။ adjuvant ဘာလို့ရောရတာလဲဆိုတော့ ကိုယ်ခန္ဓာရဲ့ ရောဂါခုခံအားတုန့်ပြန်မှုအားပေးစေတဲ့ပစ္စည်းဖြစ်လို့ပါ။ ပြီးရင် excipients ရောလေ့ရှိပါတယ်။ ဆေးထုထည်ပမာဏကိုတိုးစေပြီး မပျက်စီးပဲ တည်ငြိမ်မှုရှိစေဖို့ပါ။ အပေါ်ကနှစ...
Comments
Post a Comment