Skip to main content

Oxygen therapy

Oxygen therapy ကဒီအချိန်တော်တော်များများစိတ်၀င်စားကြမယ်ထင်တယ်။ရေးတဲ့သူတွေလည်း ရေးပြီးလို့ တော်တော်တော့ဟုန်နေပြီလားမသိဘူး။ဆေးစာတွေကို Medical person ရော၊ Non medical person ရော ဖတ်ရအဆင်ပြေအောင်ရေးရတာ နည်းနည်းတော့ခက်တယ်။အဆင်ပြေအောင်တော့ ကြိုးစားပြီးရေးထား‌‌ပေမယ့် မေ့ဆေးစာအုပ်တွေမှာပါတဲ့ approachနဲ့ဆိုတော့ တစ်ချို့နေရာတွေမှာ ဖတ်ရတာနည်းနည်းထောက်မလားပဲ။ဖတ်ရအဆင်မပြေတာရှိရင် sorry ပါ။အထူးသဖြင့် Non medical person တွေကတော့ ဘယ် device ကို ဘယ် Flow လောက်နဲ့သုံးရမယ်ဆိုတာ သိရင်အဆင်ပြေပါတယ်။
Oxygen therapy ဆိုတော့ oxygen ကိုဘယ်တော့ပေးကြမလဲ‌။ပုံမှန်ရှူနေတဲ့လေထဲမှာ oxygen က 21% လောက်ပဲပါတယ်။အဲ့လောက်နဲ့ကို ကျန်းမာတဲ့လူတွေကအဆင်ပြေနေတယ်။ဒါဆို ဘယ်လိုလူတွေက oxygen ရှူဖို့လိုလာတာလဲပေါ့။
Oxygen ဘယ်တော့လိုမလဲ အကြမ်းဖျဉ်းပြောရရင် Room air ကိုရှူနေတဲ့အချိန်မှာ SaO2 or SpO2 က <90% ဖြစ်နေရင် သို့မဟုတ် PaO2 က <60mmHg ထက်နည်းနေရင်ပေါ့။PaO2 က Arterial  blood gas ဖောက်နိုင်တဲ့ setting မှပဲအဆင်ပြေမယ်။မေ့ထားလိုက်တော့။
အဲ့တော့ အလွယ်ဆုံးသိနိုင်တဲ့နည်းက Pulse oximeter လေးနဲ့တိုင်းလိုက်ရင် ပေါ်လာတဲ့ SpO2 ကိုကြည့်ပေါ့။စာထဲမှာ <90% ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ 94-93 လောက်ဆိုရင်ပဲ စပေးပါပြီ။Nasal prongs လေးနဲ့ဖြစ်ဖြစ်ပေါ့။
Oxygen ပေးတဲ့အခါ Oxygen ဘယ်ကရမလဲဆိုတော့ ဆေးရုံလိုနေရာမှာတော့ oxygen plant တွေရှိတယ်။အဲ့ဒီက wall line တွေကနေ ဆေးရုံနံရံတွေမှာ oxygen လွှတ်ပေးထားတာပေါ့။အိမ်မှာကျဝောာ့ မနေ့ကရေးတဲ့ Oxygen cylinder သုံးရင်သုံး၊oxygen concentrator ဆိုတဲ့ oxygen သန့်စင်ပေးတဲ့စက်လေးတွေသုံးရင်သုံးပေါ့။
ဆိုတော့ အဲ့ဒီ oxygen source တွေကနေ လူနာဆီ oxygen ရောက်အောင် ဘယ်လို Device မျိုးတွေသုံးရမလဲ။တော်တော်များများသိကြတာတော့ nasal prongs တို့ face mask တို့ပေါ့။Device တိုင်းမှာ ပေးနိုင်တဲ့ Flow rate နဲ့ FiO2(oxygen concentration) ကကွာခြားမှုရှိတယ်။အဲ့တော့ လူနာ‌လိုအပ်ချက်ပေါ်မူတည်ပြီး ဘယ် device နဲ့ပေးမလဲရွေးရတယ်။
Oxygen ပေးတဲ့ device တွေကို အုပ်စုနှစ်ခုခွဲတယ်။
1) Low flow or variable performance device 
2) High flow or fixed performance device ဆိုပြီးခွဲတယ်။
Low flow လို့ဘာလို့ခေါ်လဲဆိုဝောာ့ ဒီ device တွေသုံးရင်  oxygen 15L/min အထိပဲ‌ေပးလို့ရတယ်။Variable performance ဆိုတာက ဘာပြောတာလဲဆိုတော့ ဒီ device တွေသုံးပြီး Oxygen ရှူရင် ရတဲ့ oxygen concentration က fixed မဟုတ်ဘူး။ range နဲ့သွားတယ်။လူနာရှူတဲ့အပေါ်မူတည်ပြီး 
Oxygen flow rate အတူတူပဲထားရင်တောင် တစ်ယောက်နဲ့တစ်ယောက်ရတဲ့ oxygen concentration မတူဘူး။လူနာတစ်ယောက်တည်းမှာကိုပဲ တစ်ချိန်နဲ့တစ်ချိန်မတူဘူး။အဲ့ဒါကြောင့် Variable လို့ခေါ်တယ်။
Low flow device တွေက အခုခေတ်အခြေအနေနဲ့ အိမ်မှာပဲအောက်စီဂျင်ရှူဖို့လိုလာတဲ့အခါ Non medical person တွေသိဖို့လိုတယ်။Medical person တွေအနေနဲ့လည်းHospital setting မှာ ICU လိုနေရာကို desaturation နဲ့ consult မလုပ်ခင်ထိဒါတွေနဲ့ပေးရတာဖြစ်လို့ သေချာသိထားဝာာကောင်းတယ်။လူတစ်ယောက် မောနေရင် ပထမ nasal prongs လေးနဲ့ပေးကြည့်မယ်။မရရင် simple mask ပြောင်းမယ်။မရရင် reservoir ပါတဲ့ဟာလေးပြောင်းမယ်။ဒါမှ မရသေးရင် Double source ဆိုပြီး အိုးတစ်လုံးမှာ Nasal prongs နဲ့ဆက်၊နောက်တစ်လုံးမှာ Facemask with reservoir bag နဲ့ဆက်ပြီး ပြိုင်ပေးမယ်။ဘယ် device ကိုဘယ် Flow ထိသုံးလို့ရလဲကတော့ ဇယားမှာပါတယ်။အမြဲတမ်း SpO2 နဲ့ ကြည့်နေမယ်။ကောင်းလာရင်ပြန်လျှော့မယ်ပေါ့။အမြဲတမ်း ဒီအဆင့်အတိုင်းသွားရမယ်လို့ မဆိုလိုဘူး။လူနာအရမ်းမောတယ်ထင်လို့ အကုန်ကျော်ခွပြီး facemask with reservoir နဲ့တန်းပေးလည်းရတယ်။ကိစ္စမရှိဘူး။
(P.S. နောက်ပိုင်းမှာ patient ကိုပေးတဲ့ oxygen concentration ကို FiO2 လို့ပဲဆက်သုံးတော့မယ်နော်။FiO2 means fraction of inspired oxygen. ကိုယ်ရှူတဲ့လေထဲ oxygen ဘယ်လောက်ရာနှုန်းပါလဲပေါ့။ လေထုထဲမှာဆို oxygen 21% ပဲပါတယ်။ဆိုတော့ Fi02 ကို 21% or 0.21 လို့ပြောမယ်။အိုးထဲကထွက်လာတဲ့ ဘာနဲ့မှ မရောတဲ့ oxygen ဆို FiO2 100% or 1 လို့ပြောမယ်ပေါ့)
High flow / fixed performance device ကတော့ patient က oxygen flow ကို 15-20L/min ထပ်ပိုလိုလာတဲ့အခြေအနေမျိုးတွေ၊ FiO2 များလို့မရတဲ့ လူနာမျိုး(eg COPD patient) တွေကိုပေးဖို့လိုရင် သုံးရတယ်။အများအားဖြင့် ဒါဟာ Intensivist တွေကိုင်တွယ်ရတာများတယ်ဆိုတော့ Low flow device လောက်ကို ကျေကျေလည်လည်သိရင်အဆင်ပြေပါတယ်။Low Flow device တွေသုံးပြီးပေးလို့ patient ကအဆင်မပြေတော့ဘူး။Double source နဲ့တောင် SPO2 တက်မလာ‌ဘူးဆိုရင် ICU လိုနေရာမျိုး၊ ED လိုနေရာမျိုးမှာ Ventilator တင်တာတွေလုပ်ကြပါတယ်။ဆိုတော့ ဒါကတော့ သိပ်မသိလည်းဖြစ်တယ်ပေါ့။
Low flow device တွေမှာဘာ‌တွေပါလဲ။
1)Nasal cannula/ prongs
2) Simple facemask
3) Face-mask with reservoir bag (partial rebreathing or non- rebreathing) ဆိုပြီးရှိတယ်။

ဒီဇယားကွက်က အောက်ဆုံးတစ်ကွက်မေ့ထားလိုက်။အပေါ်ကွက်တွေက ဘယ်ပစ္စည်းကို ဘယ် Flow သုံးမယ်ဆိုတာ အလယ် Column မှာပြထားတယ်။ဒီလောက်လေး အချုပ်သိရင် အဆင်ပြေတယ်။
Nasal prongs/cannulas
ဒါကတော့ Oxygen flow rate 1 to 5-6 L/min လောက်ထိပေးလို့ရတယ်။Oxygen အိုးနဲ့ဆက်ထားတဲ့ Flowmeter လေးမှာတိုင်လေးရှိတယ်။အမှတ်လေးတွေပါတယ်။Flow တင်တာ ချဝာာကို ဘေးကခလုတ်လေးကိုလှည့်ရတယ်။အထဲကဘောလုံးလေးရောက်နေတဲ့ အမှတ်ကိုကြည့်ပြီး ဘယ်လောက်ပေးမလဲချိန်တယ်ပေါ့။
FiO2 အများဆုံး 40% or 0.44 ထိရတယ်။ရိုးရိုးလေထဲမှာဆို FiO2 က 21% လောက်ရှိတာကို ဒါနဲ့ဆို 40% လောက်ထိရအောင်ပေးလို့ရတယ်ပေါ့။ Oxygen အိုးထဲကထွက်လာတဲ့လေက လုံး၀ 100% oxygen အသန့်ဖြစ်ရဲ့သားနဲ့ ဘာကြောင့် FiO2 40% လောက်ထိပဲရနိုင်တာလဲ ဆိုဝောာ့ နှာခေါင်းပေါက်ကနေ အသက်ရှူတဲ့အခါတိုင်း Nasal prongsထဲက၀င်လာတဲ့ oxygen အပြင် ဘေးကလေထုထဲကလေတွေပါ၀င်နေလို့ပါ။အဲ့လိုရောသွားတဲ့အခါကျတော့ အိုးထဲကထွက်လာတဲ့ အောက်ဆီဂျင်က 100% ပေမယ့် အရောအနှောဖြစ်သွားတော့ နောက်ဆုံး 40% လောက်ပဲ အောက်ဆီဂျင်ပါတော့တဲ့သဘောပေါ့။
ဆို‌တော့ ပထမပုံက ဇယားမှာကြည့်ရင် nasal prongs နဲ့ပေးတာချင်းတူတူ၊ Flow rate တူတူပဲပေးတာချင်းတူတူ FiO2 က တသမတ်တည်းဖြစ်မနေဘဲ range နဲ့သွားတာ‌တွေ့မယ်။ဥပမာ 4L/min ဆို FiO2 0.31-0.38 ကြားပြေးနေတယ်။ဒါကဘာပေါ်မူတည်လဲဆိုတော့ လူနာရှူတဲ့ပုံပေါ်မူတည်တယ်။ဥပမာ သူကသိပ်မမောသေးဘူး။အေးအေးဆေးဆေးရှူနိုင်သေးတယ်။အဲ့ဒါဆို ဘေးကလေတွေအများကြီး နှာခေါင်းပေါက်ထဲဆွဲပြီးမ၀င်လာဘူး။ဒါဆိုပေးလိုက်တဲ့ Oxygen ကအရောအနှောနည်းမယ်။FiO2 များများရမယ်ပေါ့။ဒါမှမဟုတ် သူကအရမ်းမောနေတယ်။ရှိုက်ရှိုက်ပြီးအများကြီးရှူတယ်။အဲ့ဒါဆို ဘေးကလေထုထဲကလေတွေအများကြီး ဆွဲသွင်းမိမယ်။ပေးထားတဲ့ Flow rate ကမပြောင်းဘူးဆိုရင် အရောအနှောပိုများတယ်။FiO2 နည်းသွားမယ်။ဒီသဘောတရားကို Variable performance လို့ခေါ်တာဖြစ်တယ်။
ဆိုတော့ patient အရမ်းရှူနေရင် Flow rate ကိုတင်လိုက်မယ်လေလို့ပြောစရာရှိတယ်။ရတယ် ဒါပေမယ့် 5-6L/min ဂိတ်ဆုံးပဲတင်။ဒီထက်ပိုတင်လည်း patient discomfort ဖြစ်တာ၊airway trauma ရတာနဲ့ Oxygen တွေအပြင်ပြန်ကန်ထွက်ပြီး waste ဖြစ်တာပဲရှိမယ်။အဲ့တော့ 5-6L/min ထက်ပိုပေးဖို့လိုလာပြီထင်ရင် ဘာလုပ်မလဲဆိုတော့ နောက်တစ်ဆင့်တက်ပေါ့။
Simple facemask or Facemask with reservoir တွေသုံးလို့ရတယ်။
ဒါကတော့ simple facemask ပေါ့။
သူကတော့ Flow rate ကို 5-6 ကနေ 7-8L/min ထိ‌ေပးလို့ရတယ်။ရမယ့် FiO2 က အများဆုံး 60% or 0.6 ထိရမယ်ပေါ့။
သူ့က နှာခေါင်းရောပါးစပ်ရောလုံတဲ့ size ရွေးရမယ်။မေးစေ့မှာလွတ်နေတာဟနေတာမျိုးမရှိတဲ့ fitting ဖြစ်တဲ့ size ကိုရွေးရမယ်။
Mask ရဲ့ ဘယ်ညာဘေးတွေမှာ အပေါက်လေးတွေပါတယ်။အဲ့ဒီအပေါက်လေးတွေကရှူသွင်းတဲ့အခါ ပြင်ပလေ၀င်သလို ရှူထုတ်တဲ့အခါလည်း အဆုတ်ထဲကလေတွေအပြင်ထွက်တယ်။အဝင်ရောအထွက်ရောရတယ်ပေါ့။mask ရဲ့အောက်ဘက်မှာတော့ Oxygen cylinder နဲ့ဆက်ထားတဲ့ပိုက်ကနေ လေတွေ၀င်မယ်။
သူ့ရဲ့အလုပ်လုပ်ပုံလေးကိုနည်းနည်းပြောမယ်နော်။ကိုယ်တွေ အသက်ရှူတဲ့အခါသတိလေးထားကြည့်။ရှူသွင်းတယ်။ရှူထုတ်တယ်။ပြီးရင် ခဏလေးရပ်နေတယ်။အဲ့ဒါကို Expiratory pause လို့ခေါ်တယ်။မယုံရင် ၀င်လေ ထွက်လေလေးမှတ်ပြီး တရားထိုင်ကြည့် ဟိ။
ဆို‌တော့ ခေတ်စကားနဲ့ပြောရရင် အဲ့ဒီ Expiratory pause ကအသက်ပေါ့ 😁။
Expiratory pause အချိန်မှာ လူကရှူသွင်းတာလည်းမလုပ်ဘူး။ရှူထုတ်တာလည်းမလုပ်ဘူး။ငြိမ်နေတယ်။ဒါပေမယ့် mask ထဲမှာ ခုနက ရှူထုတ်လိုက်တဲ့လေတွေ နည်းနည်းကျန်ခဲ့တယ်။ရှေ့ပိုင်းကရှူထုတ်လိုက်တဲ့လေတွေကတော့ အပေါက်တွေကနေအပြင်ကိုထွက်သွားပြီ။အထဲက‌ရှူထုတ်တဲ့ force ရှိတာကိုး။ဒါပေမယ့် Expiratory pause လို နောက်ကတွန်းမယ့် force မရှိတော့တဲ့အချိန်ကျ အဲ့လေတွေက mask ထဲယောင်လည်လည်နဲ့ကျန်ခဲ့တယ်။နောက်တစ်ခါရှူသွင်းတာစရင် အဲ့လေတွေက ကိုယ်ထဲပြန်၀င်သွားမှာ။၀င်သွားတော့ဘာဖြစ်လဲဆိုတော့ ခန္ဓာကိုယ်ထဲကထွက်လာတဲ့လေတွေဖြစ်တဲ့အတွက် CO2 တွေပါနေတယ်။CO2 ဆိုတာခန္ဓာကိုယ်ကနေမလိုလို့တောင် အဆုတ်ကကြိုးစားပြီး အပြင်ထုတ်ပေးလိုက်ဝာာ။ပြန်ရှူမိရင် ဘယ်ကောင်းမလဲ။အဲလိုပြန်ရှူမိတာကို Rebreathing လို့ခေါ်တယ်။
ဆိုတော့ ဒီ simple facemask မှာ အဲ့လေတွေပြန်မရှူမိအောင်ဘယ်လိုလုပ်ထားသလဲ။
Expiratory pause ချိန်မှာ ယောင်လည်လည်နဲ့ mask ထဲကျန်ခဲ့တဲ့ CO2 တွေကို အောက်ကပိုက်ကနေ တက်လာတဲ့ Oxygen တွေကရောက်လာပြီးအပြင်ကိုတွန်းထုတ်လိုက်တယ်။ပြီးတော့ အဲ့ဒီ mask ထဲမှာ သူတို့ကနေရာယူလိုက်တယ်။နောက်တစ်ခေါက်လည်း patient ကပြန်ရှူရော၊ ခုနက ၀င်လာတဲ့ oxygen တွေနဲ့ နောက်ထက်ရောက်လာတဲ့ oxygen တွေကိုရှူမိလျက်သားဖြစ်သွားတယ်ပေါ့။
ဒီသဘောတရားကိုနားလည်ရင် Simple facemask သုံးတဲ့အခါ oxygen flow ကို 5-6 ထက်ပိုနည်းပြီးမပေးသင့်ဘူးဆိုဝာာသဘောပေါက်ပါလိမ့်မယ်။အဲ့ထက်နည်းပြီးပေးရင် သူကနှေးနေတဲ့အချိန် CO2 တွေကိုတွန်းထုတ်ဖို့မမီဘဲ patient ကပြန်ရှူမိ (rebreathing) ရတာနဲ့ ပိုပိုဆိုးလိမ့်မယ်။CO2 တွေပြန်ရှူမိလို့ Hypercapnia ရရင် patient က CNS depression ရသွားပါလိမ့်မယ်။ဆေးရုံမှာဆိုရင်တော့ patient down သွားပြီလို့ပြောတတ်ကြတယ်။ 


ဒါက Partial နဲ့ non rebreathing mask ကိုယှဉ်ပြတာ။အဓိကကတော့ one way valve လေးတွေပေါ့။
Facemask with reservoir ကတော့နှစ်မျိုးရှိတယ်။ ခုနက simple facemask ကိုမှ အိတ်လေးပိုလာတာမျိုး။ သူ့ကို Partial rebreathing mask နဲ့ non-rebreathing mask ဆိုပြီးထပ်ခွဲတယ်။
အိတ်(reservoir) လေးပါတာချင်း တူတူ Partial rebreathing mask နဲ့ non rebreathing mask ကဘာကွာတာလဲဆိုတော့ partial rebreathing mask သုံးရင် ရှူထုတ်လိုက်တဲ့ လေထဲကတစ်ချို့က reservoir ထဲ၀င်ပြီး နောက်တစ်ခေါက်ရှူသွင်းရင် အဲ့ဒီလေတွေပြန်ပါတတ်တယ်။ Non rebreathing mask ကတော့ ရှူထုတ်လိုက်တဲ့လေတွေက အိတ်ထဲမ၀င်ဘူး။အိတ်ထဲမှာက အိုးထဲကလာတဲ့ Oxygen ပဲရှိမယ်။patient ရှူသွင်းရင် oxygen တွေပဲရှူမိမယ်ပေါ့။ဆိုတော့ ချုပ်ပြောရရင် Non rebreathing mask ဆို FiO2 ပိုရနိုင်တယ်ပေါ့။
Partial rebreathing / Non-rebreathing ဖြစ်အောင် ဘာတွေကလုပ်နေတာလဲဆိုတော့ Mask ရဲ့ ဘယ်ညာဘေးမှာ ပါတဲ့အပေါက်လေးတွေမှာရယ်၊ mask နဲ့ အိတ်နဲ့ဆက်ထားတဲ့ကြားမှာရယ် Valve လေးတွေပါတယ်။အဲ့ဒီ Valve လေးတွေက one way ပဲအလုပ်လုပ်တယ်ပေါ့။
ဥပမာ Non rebreathing mask မှာဆို mask ဘေးက အပေါက်လေးမှာပါတဲ့ valve က ရှူထုတ်တဲ့အချိန်မှာပဲပွင့်မယ်။ရှူသွင်းတဲ့အချိန်မှာဆို ပိတ်နေမယ်။ဆိုတော့ ရှူသွင်းတဲ့အချိန်မှာ ပြင်ပလေလာရောတာနည်းတယ်ပေါ့။mask နဲ့ အိတ်ကြားက Valve လေးကျတော့ ရှူထုတ်တဲ့အချိန်မှာပိတ်‌တယ်။ရှူသွင်းတဲ့ အချိန်ပဲပွင့်မယ်။အဲ့တော့ ရှူထုတ်လိုက်တဲ့လေတွေက အိတ်ထဲက Oxygen ကိုလာရောလို့မရဘူး။ဆိုတော့ ရှူသွင်းလိုက်တဲ့အချိန်မှာ Oxygen များများစားစားရတယ်ပေါ့။
Reservoir ပါတဲ့ mask တွေသုံးရင် အရေးကြီးတာက flow rate ကအနည်းဆုံး 7L/min ကနေ 15 ထိထားရတယ်။ 7 ထက်နည်းရင် reservoir အိတ်ပြားမယ်။patient မွန်းလာလိမ့်မယ်။ ကောင်းတာက patient ကိုမပေးခင် reservoir bag ကိုဖောင်းအောင် အရင် oxygen ဖြည့်။ ရှူနေတဲ့တစ်လျှောက်မှာလည်း အိတ်မပြားအောင်၊ခေါက်မနေအောင် ဂရုစိုက်ရမယ်။ Reservoir bag ဟာ CDM ဆရာ၀န်ရဲ့ပိုက်ဆံအိတ်‌လိုပြားမနေသင့် 😂
High flow or Fixed performance device

ဒီထဲကတော့ Venturi mask ဆိုတာလေးပဲ Knowledge အနေနဲ့ပြောတော့မယ်နော်။ကျန်တဲ့ Ventilator တွေဘာတွေကတော့ထားလိုက်‌။ခေါင်းရှုပ်တယ်။မေ့ဆေးတက်နေ‌တဲ့ ကိုယ်တောင်ဂျွမ်းပစ်နေတာ 😂
Venturi mask ဆိုတာကျတော့ ခုနက Simple facemask ပုံစံလေးကိုမှ mask နဲ့ oxygen ပိုက်ဆက်တဲ့ကြားမှာ Venturi device ဆိုတာလေးအပိုပါတာ။ အဲ့ဒီ Device လေးပါရင် FiO2 က Fixed ဖြစ်နေမယ်။Flow rate များများပေးချင်ရင်လည်းသုံးလို့ရတယ်။
Venturi device လေးတွေကို အရောင်နဲ့ခွဲထားတယ်။ဘယ် FiO2 လိုချင်ရင် ဘယ်အရောင်သုံးပေါ့။တင်ရမယ့် Oxygen flow rate ကိုလည်း device ပေါ်မှာရေးထားတယ်။
ဥပမာအနေနဲ့ Venturi mask ကို COPD လိုလူနာမျိုးမှာသုံးတယ်။COPD လိုလူနာတွေအသက်ရှူတာက Hypoxic drive နဲ့သွားနေတာ။ဆိုတော့ သူ့ကို SPO2 အများကြီးရအောင်တင်စရာမလိုဘူး။ကိုယ်ကစေတနာတွေပိုပြီး SpO2 အများကြီးရအောင်တင်လိုက်ရင် သူ့ရဲ့ Hypoxic drive of respiration ကပျက်သွားတယ်။ပျက်သွားရင် သူ CO2 တွေကို wash out မလုပ်နိုင်တော့ဘူး။ပြီးတော့ကိုယ်က ကြည့်တော့လည်း SPO2 ကိုပဲကြည့်နေမိတယ်။Spo2 ကောင်းတယ်ဆိုပြီးပျော်နေတယ်။ဒါပေမယ့် patient ကကျတော့ CO2 တွေ body ထဲပုံပုံလာပြီး down သွားတတ်တယ်။
အဲ့လို FiO2 အများကြီးတက်သွားလို့မရတဲ့သူတွေမှာ ဒီ Fixed performance ဖြစ်တဲ့ Venturi mask နဲ့ပေးလို့ရတယ်။
Venturi device ရဲ့နောက်ကွယ်မှာ Bernoulli's principle ရှိတယ်။အဲ့ဒီ principle ကနားလည်သလောက်ရှင်းပြရရင် Constant flow တစ်ခုရဖို့အတွက် Constriction တစ်ခုကိုဖြတ်ရမယ်ဆိုရင် velocity မြန်လာရမယ်။အပေါက်ကကျဉ်းလေ မြန်မြန်တိုးထွက်ရလေပေါ့။
တစ်ခါ Flow ရှိနေတဲ့ Fluid တစ်ခုမှာ Energy က Constant ဖြစ်ရမယ်။energy ဆိုတာ Kinetic energy ရယ် potential energy ရယ်ပေါင်းတာ။ခုနက Velocity တစ်ခုနဲ့ ရွှိဆိုဖြတ်သွားတာက Kinetic energy ပေါ့။ဘေးမှာသက်ရောက်နေတဲ့ pressure က potential energy။ Constant ဖြစ်ရမယ်ဆိုတော့ velocity များလို့ kinetic energy များလာလေလေ potential energy ဖြစ်တဲ့ pressure ကကျလာလေလေဖြစ်ရမယ်။အဲ့ device ထဲမှာ pressure ကျတော့ဘာဖြစ်သွားလဲဆိုတော့ ဘေးကလေထုထဲလေတွေ ဝုန်းခနဲ၀င်သွားတာပေါ့။
ပြန်ချုပ်ရရင် Venturi device ထဲက အပေါက်ကျဉ်းလေလေ Velocity မြန်လေလေ Kinetic energy များလေလေ Potential energy ဖြစ်တဲ့ pressure ကျလေလေ ဘေးကလေတွေပို၀င်လာလေလေပေါ့။‌ဘေးကလေတွေပို၀င်လာရင် ဘာဖြစ်လဲဆိုဝောာ့ oxygen ကိုလာရောတာနှောတာများတော့ FiO2 ကျတယ်ပေါ့။အလွယ်မှတ်ရင်တော့ Venturi device ထဲကအပေါက်ကျဉ်းလေလေ FiO2 နည်းလေလေ။
သိသာချင်ရင်မတ်တပ်ရပ်ပြီး A4 paper နှစ်ခုကို လက်တစ်ဖက်စီကနေ parallel ကိုင်ထား။ပြီးရင် စာရွက်နှစ်ခုကြားထဲ လေမှုတ်ကြည့်။လေမှုတ်တိုင်း စာရွက်နှစ်ခုကပြေးပြေးကပ်သွားတယ်။အဲ့ဒါ Pressure နည်းပြီးဘေးကလေတွေက တွန်းတဲ့သဘော။မြန်မြန်မှုတ်ကြည့် ပိုတောင်ကပ်သွားဦးမယ် 😁။ဘာတွေခိုင်းနေလဲမသိဘူးနော်
အမလေး အိုင်ပြောနေတာ oxygen အကြောင်းလား Physics တွေလား 🥴
တစ်ခုထူးခြားတာက ဒီ Venturi mask ကိုယ်ထည်မှာပါတဲ့ ဘယ်ညာအပေါက်လေးတွေက CO2 ထွက်ဖို့ပဲဖြစ်တယ်တဲ့။ဘာလို့လဲဆိုတော့ သူက High flow device ဖြစ်တဲ့အတွက် CO2 တွေအကုန်လုံးကို အဲ့အပေါက်ကတေထွက်အောင်တွန်းထုတ်ပြီးသား။ဘေးကလေကအဲ့အပေါက်ထဲကမ၀င်ဘူး။Venturi device က Air လို့ မြားပြထားတဲ့နေရာလေးတွေက၀င်တယ်။ဆိုတော့ Rebreathing မရတတ်ဘူးပေါ့။

ဒါက Venturi device အထဲကိုပြတာ။


ဒါက Venturi device color အလိုက် Flow rate နဲ့ FiO2 ကွာတဲ့ပုံ။

ဒါကလျှာရှည်တာ
Oxygen ပေးရတဲ့ရည်ရွယ်ချက်က Hypoxemia or tissue hypoxia ကို correct လုပ်ဖို့ပေါ့။Oxygen ကျတယ်ဆို hypoxia ဖြစ်တယ်ဆိုပြီး အလွယ်ပြောလိုက်ကြပေမယ့် တကယ်က Hypoxemia (သွေးထဲမှာ အောက်ဆီဂျင်ကျဝာာ) နဲ့ hypoxia (oxygen သုံးမယ့် tissue တွေဆီ oxygen မရောက်ဝာာ) ရယ်မတူဘူး။Hypoxemia ရှိရင် hypoxia ဖြစ်ဖို့သေချာပေမယ့် Hypoxemia မရှိတိုင်း hypoxia မရနေတာတော့ မဟုတ်ဘူး။ရှုပ်သွားလားဝောာ့မသိဘူး။ဥပမာပြောရရင် cyanide toxicity ဖြစ်ရင် သွေးထဲမှာ oxygen မကျပေမယ့် tissue level မှာ oxygen မသုံးနိုင်လို့ hypoxia ဖြစ်တာပေါ့။အဲ့တော့ oxygen ဆိုတာ ကိုယ်ပေးပေမယ့်သူရချင်မှရတာ။ကိုယ်ပေးသော်လည်း ပေးတိုင်းမရတာ အချစ်တစ်ခုတည်းမဟုတ်ဘူး။Oxygen လည်းပါတယ်။
နောက် တစ် Post ကျမှ Oxygen ပေးတယ်ဆိုတာ ဘာလုပ်နေတာလဲ၊ဘာဖြစ်ချင်လို့ပေးဝာာလဲတို့ လျှာရှည်ဦးမယ် 😁


Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (9.7.21)

🚩🚩🚩 1. "Covid ရှိ/မရှိ ကိုယ်တိုင် test kit နဲ့ ဘယ်လိုစစ်လို့ရပါသလဲ? ဘယ်နှကြိမ် ဘယ်နှရက်ခြားစစ်ရပါသလဲ?  - ပုံမှန်အားဖြင့် Antigen test kit များသည် ရောဂါလက္ခဏာ ရှိသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ - လက္ခဏာရှိပြီး test kit အဖြေ positive ထွက်လျှင် သော်လည်းကောင်း၊ test kit အဖြေ negative ဖြစ်ပြီး PCR test တွင် positive ထွက်လျှင် သော်လည်းကောင်း ပိုးတွေ့လူနာအဖြစ် ကုသမှုခံယူရပါမည်။ - Test kit နှင့် PCR negative ဖြစ်သော်လည်း လက္ခဏာရှိနေပါက ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၅ ရက်မှ ၇ ရက် ခြားတစ်ခါ ထပ်မံစစ်ဆေးမှု ပြုလုပ်ရပါသည်။ - လက္ခဏာမရှိသူများ အနေဖြင့် Test kit တွင် negative ပြသော်လည်း ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့မှု ရှိပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၃ရက်ခြားမှ ၇ရက်ခြား တစ်ခါ ထပ်မံစစ်ဆေးနိုင်ပါသည်။ 🚩🚩🚩 2. SD Biosensor က ထုတ်တဲ့ Standard Q test kit နှာခေါင်းထဲ ထိုးတဲ့ဟာနဲ့ စစ်ထားဖူးပါတယ်၊ စစ်ဆေးပုံ မှန်ကန်မှု အတိအကျလေးသိချင်လို့ပါရှင်" - Antigen test kit နှင့် စစ်ဆေးရာတွင် နှာခေါင်းတို့ဖတ်အား ကျန်းမာရေးဆိုင်ရာပညာရှင်မှ ယူပေးပြီးစစ်ဆေးခ...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (24.8.21)

🚩🚩🚩1. သိုင်းရိုက် ရောဂါအခံရှိသူရော အခုထိုးပေးတဲ့ဆေး ထိုးလို့ရပါသလား။  💉ဖြေ။ Pfizer/BioNTech, Oxford/AstraZeneca နှင့် Moderna ကိုဗစ်ကာကွယ်ဆေးများအတွက် သိုင်းရွိုက်ဆိုင်ရာဖော်ပြချက်များကို တွေ့ရသော်လည်း Sinopharm, Sinovac ကိုဗစ်ကာကွယ်ဆေးများနှင့် ပတ်သက်၍ သိုင်းရွိုက်ဆိုင်ရာ ဖော်ပြချက်များကို မတွေ့ရှိရပါ။  အဆိုပါ ဖော်ပြချက်များအရ မိမိကိုယ်ခံအားမှ မိမိအား တန်ပြန်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ရောဂါ (Autoimmune thyroid disease) နှင့် သိုင်းရွိုက်ကင်ဆာကဲ့သို့သော ရောဂါများတွင် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများအား ကောင်းစွာထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိပါက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးမီ မိမိအား ကုသမှုပေးနေသည့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။  Ref: https://www.thyroid.org/.../coronavirus-frequently.../....       https://www.btf-thyroid.org/covid-19-and-vaccines  🚩🚩🚩2. လေဖြတ်ထားတဲ့သူအခုတော့နဲနဲသက်သာနေပါပြီ။ ကာကွယ်ဆေးထိုးလို့ရလားရှင့်ဖြေပေးပါနော်။...