Skip to main content

Oxygen , oxygen therapy နှင့် Covid-19 ( အပိုင်း ၄)

5).  သွေးတွင်း oxygen ကျလျင် ဘယ်လို ကုမလဲ 
၂ ပိုင်း ရှိပါတယ် 
1. Oxygen therapy oxygen ပေးခြင်း နဲ့ 
2. Proper position အနေအထား မှန်မှန် နေခြင်းပါ။

1   Oxygen therapy 
သူ့အကြောင်းတော့ တော်တော်များများ သိပြီးသားပါ။ 
ဘယ် အချိန်သေချာစစ် ဖို့ လိုလဲ ဆိုတာကို အပိုင်း ၁ မှာ ရေးပြီးပါပြီ။ 
When - ဘယ်အချိန်စပေး မလဲ ဆိုတော့ - SPO2 - < 93% သေချာ တယ်ဆိုရင် စပေးခိုင်းပါတယ်။
Target -လိုချင်တဲ့ O2 အတိုင်းအတာက SPO2  92-96 % ပါ။ 
သူ့ထက်နဲတာရော များတာရော မကောင်းပါဘူးတဲ့။ 


How - ဘယ်လိုပေးမလဲ ဆိုတော့ 
   Nasal cannula ( နှာခေါင်းပိုက်) - တွေကို low flow ပေးချင်ရင် သုံးပါတယ် 
                                                     - 4-5  L လောက်ထိ သူ့ကို သုံးလို့ရပါတယ် 
   - အဲ့ ထက်များရင်တော့ ပေးသလောက် လည်းမရောက်သလို နှာခေါင်းကိုလည်း ထိခိုက်စေပါတယ် 
   Face mask - (oxygen mask ရိုးရိုး ) - 6-10 L  ထိ ပေးလို့ရပါတယ်။
   Face mask with reservoir bag ( လေအိတ်ပါတဲ့ O2 mask ) - 10-15 L ထိပေးလို့ရပါတယ်။
  Titration - လိုချင်တဲ့ O2 အတိုင်းအတာ ကို ရောက်ဖို့ အတွက် လူနာ အခြေအနေ နဲ့ SPO2 ကိုကြည့်ပြီး Flow rate ( L/min) ကို အတိုးအ လျော့ လုပ်ရပါတယ်။ 
          Formula မရှိပါ။ 
          အဓိကက ကိုယ်လိုချင်တဲ့  target SPO2 ကို အနဲဆုံး Flow rate နဲ့ ထားဖို့ပါ။ အဲ့ အနဲ ဆုံး Flow rate ကို မိမိ ဘာသာ ချိန်ဆ ညှိယူပါ။ 
          အတိုးအလျော့ လုပ်ပြီးတိုင်း သွေးတွင်း Oxygen ကို SPO2 နဲ့ သေချာတိုင်းပါ။ 
  Oxygen ပေးထားတဲ့ အချိန်အတွင်းမှာ လူနာ အခြေအနေပေါ် မူတည်ပြီး မကြာခဏ တိုင်းကြည့်ဖို့ လိုပါတယ်။ 
  ဘာကို အသုံးပြုပြီး ပေးမှာလဲ - Oxygen အိုး ( Cylinder)  
                                                     Oxygen စက် ( concentrator )  သုံးမလား ဆိုတာနဲ့ သူတို့ အကြောင်းကို အရင် အပိုင်းတွေမှာ ရှင်းပြပြီးပါပြီ။
Flow meter တော်တော်များများမှာ 15 to 20 liter ထိပါလေ့ရှိပါတယ်။အပေါ်မှာပြောထားသည့်အတိုင်းချိန်ဆပါ။ 
Flow meter ကိုရေအမြဲဖြည့်ပါ ရေသန့် နဲ့ဖြည့်ပေးပါ။

2.Proper position 
    အနေအထား မှန်မှန် နေခိုင်းတာပါ။ 
    အဲ့လို နေခြင်း အားဖြင့် အဆုတ်ကို Oxygen ရောက်တာ ပို ကောင်းပါတယ်တဲ့။


       1) Awake Prone Position- မျက်နှာမှောက်ရက် အနေအထား 
           WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကြီးရော တခြား US အပါအဝင် နိုင်ငံ     အများစုရဲ့ guidelines တွေမှာ လုပ်ဖို့ အဆင်ပြေတဲ့ လူနာ တွေကို လုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။ 


      2) High Supported Sitting - ကျောမှီနှင့် မတ်မတ် ထိုင်ခိုင်းတာပါ 
         မျက်နှာမှောက်ရက် အနေအထား နဲ့ မနေနိုင်တဲ့ သူတွေ ထိုင်ဖို့လည်း အဆင်ပြေတယ် ဆိုရင် နေသင့်ပါတယ်။


ဒါကြောင့် oxygen ပေးတဲ့ အခါမှာ 
      ၁) သေချာ နည်းစနစ်မှန်မှန် အလေအလွင့် မရှိပေးတတ်ဖို့လည်း လိုသလို
      ၂) အနေအထား မှန်မှန် နဲ့ ပေးတတ်ရင် ပို အကျိုးရှိပါတယ်။
           ဘာနဲ့ တူလဲ ဆိုတော့ မိုးရွာရင် ခွက်ကို သေချာအနေအထား မှန်မှန် ထားရင် ရေများများ ရသလို ခွက်လည်း မမှောက်သလိုပါပဲ။
           စနစ်တကျ အနေအထားမှန်ထားရင် ရောဂါ ပိုသက်သာတယ်အမောလည်း သက်သာတယ် ပိုမဆိုးအောင်တောင် ကာကွယ်နိုင်တယ်လို့ တချို့ လေ့လာချက်တွေမှာ တွေ့ပါတယ်။ ခိုင်ခိုင်မာမာ လေ့လာဆန်းစစ်ချက်တွေ လိုသေးတယ်လို့လည်း ပြောကြပေမယ့် ကိုယ့် နိုင်ငံ အတွက် အများကြီး အသုံးဝင်ပါတယ်။

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...