Skip to main content

Oxygen , oxygen therapy နှင့် Covid-19 ( အပိုင်း ၃ )

4) Oxygen Concentrators 
Oxygen စက် 
 ပတ်ဝန်းကျင်မှာရှိတဲ့ ကျွန်တော်တို့ ရှူနေတဲ့လေထဲမှာ oxygen က 21% လောက်ပဲ ပါတယ်။
Oxygen Concentrator ဆိုတာ အဲ့ဒီ 21% oxygen ပါတဲ့ လေကို 95% ဝန်းကျင် oxygen ပါတဲ့ လေဖြစ်အောင် ပြုလုပ်ပြီးထုတ်ပေးတယ်။
Oxygen Concentrator ကို Power ပေး ခလုတ်လေးဖွင့်ပြီး Oxygen ရှူရုံပါပဲ။
Oxygen Concentrator တွေမှာ အမျိုးမျိုးရှိပါတယ်။
အကြမ်းမျဉ်းခွဲရင် 
Medical  Grade ဆေးဘက်သုံး  နဲ့ 
Non-Medical Grade အရပ်ဘက်သုံးပါ။
ဒီ ၂ မျိုးက ဘာကွာလဲ ဆိုတော့ စောစော ပြောထားတဲ့ purity ပါ။
Medical grade ဆေးဘက်သုံးတွေမှာ Purity ( ထုတ်ပေးတဲ့ လေထဲမှာ Oxygen ဘယ်လောက် ရာခိုင်နှုန်းပါသလဲဆိုတာ ) oxygen ပါဝင်နှုန်းက 93% လောက်ထိ ရှိပါတယ် 
Flow rate ဘယ်လောက် တိုးတိုး 90- 93% လောက်တော့ ပါနိုင်ပါတယ် 
ဒါပေမယ့် Non medical grade အရပ်ဘက်သုံး စက်တွေမှာတော့ 
Flow rate ပါ် မူတည်ပြီး Purity ကွာသွားပါတယ်။
Flow rate (L/min ) များလေလေ purity ကျလေလေ Oxygen ပါဝင်နှုန်း နည်းလေလေပါပဲ။
1L/min မှာ 93% လောက်ပါပေမယ့် 
5L/ min ဆိုရင် 40% လောက်ပဲ ပါပါတော့တယ်။
8L/min ဆိုရင်တော့ 30 % ဝန်းကျင်ပဲ ရှိတော့လို့ လေရှူနေတာနဲ့ သိပ်မကွာတော့ပါဘူး။ 
ဒါကြောင့် non medical grade အရပ်ဘက်သုံး ကို လူနာတွေအတွက် မသုံးခိုင်းပါဘူး။ 
နောက် အရပ်ဘက် သုံး တွေက ရောဂါပိုး ဝင်တတ်ပါတယ်။ 
Black fungus ( mucormycosis ) လို့ ခေါ်တဲ့ အင်မတန် ပြင်းထန်တဲ့ မှိုပိုး ဟာ 
Purity နဲတဲ့ non medical grade concentrator တွေတဲ့ ဆက်စပ်နိုင်တယ်လို့ ဆိုပါတယ် ( India မှာ တအား ဖြစ်နေတာပါ ) 
ဒါကြောင့် ဝယ်တဲ့ အခါ သေချာ မေးစမ်းပြီး ဝယ်ဖို့ လိုပါတယ်။ 
( oxygen concentration ဆိုတာကို ကြည့်ပါ။
Non medical grade တွေက range နဲ့ 30-90 % စသဖြင့် ပြလေ့ ရှိပါတယ် )။ 
Medical grade concentrator တွေမှာ အများစုက အများဆုံး 5L/min ပဲ ပေးလို့ရတဲ့ စက်တွေ ဖြစ်ပါတယ်။ 
10L/min ထိ ပေးလို့ ရတဲ့ စက်တွေလည်း ရှိတော့ ရှိပါတယ်။
အများစုက 5L/min ဖြစ်တဲ့ အတွက် Covid လူနာ နဲ့ သိပ်မကိုက် ပါဘူး။ 
Covid လူနာတွေ oxygen လိုလာပြီ ဆိုရင် တခါတလေ များများ ပေးရတတ်ပါတယ် 7-10 L နောက် အဲ့ထက် ပိုလိုလာတာ လည်း ဖြစ်နိုင်ပါတယ်။ 
ဒါကြောင့် concentrator တွေကို cylinder oxygen အိုး ကုန်ပြီး လဲဖို့ စောင့်နေတဲ့ အချိန်မှာ ပို သုံးကြတယ်။ 
Target oxygen level ( 92-96%) ရောက်ဖို့ အရေးကြီးပါတယ်။ 
Concentrator ပေးလို့ အဲ့ level ရောက်နိုင်ရင် သုံးလို့ ရပြီး 
မရောက်ရင်တော့ မသုံးသင့်ပါဘူး။

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...