Skip to main content

Oxygen , oxygen therapy နှင့် Covid-19 ( အပိုင်း ၂)

2)Target Oxygen level 
Normal oxygen level ဟာ > 94% ဖြစ်ပါတယ်။
တိုင်းတာကတော့ အခု အများစု သုံးနေကြတဲ့ Pulse oxymeter နဲ့ တိုင်းကြပါတယ်။
ဘယ်အချိန် oxygen စပေးရမလဲ ဆိုရင် <  or = 93%  ဆို စပေးခိုင်းပါတယ်။
Target ကတော့ 92-96% ကြား ထားချင်တာပါ။96% ကျော်ရင်လည်း ဆိုးကျိုး ရှိနိုင်ပါတယ်တဲ့။
Oxygen ပေးပုံ ပေးနည်းနဲ့ စက်တွေ အကြောင်း အကြမ်းမျဉ်း သိထားသင့်ပါတယ်။
Oxygen ကို Cylinder Oxygen အိုးတွေနဲ့ Medical grade concentrator oxygen စက်ရယ် ဒီ၂ မျိုးနဲ့ပေးလေ့ ရှိပါတယ်။ဆေးရုံတွေမှာတော့ wall line တွေကတဆင့် ပေးကြပါတယ်။
Oxygen ပေးတဲ့ နေရာမှာ အရေးကြီးတာက 
၁)Oxygen purity နဲ့ 
၂)ပေးတဲ့ နှုန်း L/min ( တမိနစ်မှာ ဘယ်လောက် L ရောက်လဲ )ဆိုတာပါ။
Purity ဆိုတာက ကိုယ်ရူနေတဲ့ အငွေ့ထဲမှာ oxygen ဘယ်လောက် ပမာဏ ပါလဲကို ပြောတာပါ။
လေထဲမှာ 21% လောက်ပဲ ပါပါတယ်။
3) Oxygen cylinder အကြောင်း 
Purity  အလွန် ကောင်းပါတယ် oxygen 99% ထိ ရပါတယ်။
အိုးတွေ အနေနဲ့ size ​ပေါ်မူတည်ပြီး ပါတဲ့ Litres ကွာပါတယ်။
ဒီမှာတော့ ၂ ပေ E size နဲ့ 4 ပေ လောက် ရှိတဲ့ H size တွေများပါတယ်။
ဒီ oxygen အိုးတွေ ဘယ်နှစ်နာရီ ခံလဲ ဆိုတာက သူ့ရဲ့ size အရ ပါတဲ့ oxygen Litres ရယ်။
​လေပေါင်ချိန်/ လေဖိအား  psi ပါ် မူတည်ပါတယ် ( ဆိုလိုတာက အိုးထဲကို အပြည့်ဖြည့်ထားလား ဆိုတာပါ ) 
H size အိုးကို လေပေါင်ချိန် အပြည့် 2200 psi ဆိုရင် 7100 L လောက်ပါပါတယ်။
ဒီမှာက လေပေါင်ချိန် မပြည့်တာများပါတယ် 1000 psi / 1600 psi လောက်ထိပဲ များပါတယ်။
လေပေါင်ချိန်ကို regulator dial ဒိုင်ခွက်လေးမှာ ကြည့်လို့ရပါတယ်။
မြန်မာပြည်မှာ များသောအားဖြင့် သုံးနေတဲ့ Oxygen tank တွေဟာ များသောအားဖြင့် 
Tank D လို့ခေါ်တဲ့ အိုးပု  ၁၆လက်မ (Oxygen ပမာဏ 425 L ဝန်းကျင်) 
Tank E လို့ခေါ်တဲ့ အိုးရှည် ၂ ပေ(Oxygen ပမာဏ 660 L ဝန်းကျင်)
Tank H အိုးအကြီး ၄ ပေ ကျော်ကျော်  ( oxygen 7100 L ) ဝန်းကျင်ပါ 
ဘယ်လောက်ခံမလဲ အလွယ် တွက်နည်း ကတော့ 
၁)စောစောက လေပေါင်ချိန် ကို ဒိုင်ခွက်မှာ ကြည့်ပါ 
၂)Safe Residual Pressure 200 နှုတ်ပါ 
၃)Tank အိုး အလိုက် ကိန်းသေ ရှိပါတယ် အဲ့ဒါနဲ့ မြှောက်ပါ 
၄)ရလာတဲ့ ဟာကို ပေးထားတဲ့ L/min နဲ့စားပါ 
ရလာတဲ့ မိနစ် ( minutes နဲ့ ထွက်ပါတယ် ) ဟာ ကိုယ့် oxygen အိုး ဘယ်လောက်ခံမယ်ဆိုတဲ့ ကြာချိန်ဖြစ်ပါတယ် 
ဥပမာ 
အိုး E အတွက် 
1) Tank pressure ကို ညွှန်ပြတဲ့ လက်တံလေးကို ဖတ်လိုက်, eg. 1200 PSI) 
2) ပြီးရင် ဖတ်လို့ရတဲ့ အဖြေထဲက 200 နုတ်လိုက် (eg. 1200-200 = 1000 PSI) 
3) ပြီးရင် ကိန်းသေနဲ့ မြှောက်ပါ
1000 x 0.28 = 280
4) မြှောက်လို့ရလာတဲ့ အဖြေကို Oxygen flow rate နဲ့ စားလိုက်ပါ (eg. 5 L/min)
280 / 5 = 56 min ပါ 
56 min ပဲ ခံမှာပါ 
ကိန်းသေ တွေကတော့ 
D အတွက် - 0.16
E cylinder  အတွက် 0.28
H အတွက် 3.14               ပါ 
ဒီလောက် ဆို oxygen cylinder တွေ အကြောင်း သိပြီ ထင်ပါတယ် 
Oxygen မပြတ်အောင် ကြိုတင် ပြင်ဆင်ထားနိုင်အောင်လို့ပါ 
အောက်က ပုံလေးတွေ ကြည့်ရင် ပိုရှင်းမယ် ထင်ပါတယ် 
တွက်ပြီးသား ဇယားလေးလည်း ပါပါတယ် 






Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...